Site Relocation

Moved to waiphyok.com
Showing posts with label opinions. Show all posts
Showing posts with label opinions. Show all posts

Sunday, December 30, 2007

Bye 2007 + Products and Services I like



New Year မတိုင်ခင် ပို့စ်တစ်ခုတော့ တင်သင့်တယ် ထင်လို့တင်လိုက်ပါတယ်။ ၂၀၀၇ ခုနှစ်ဟာ နည်းပညာပိုင်းဆိုင်ရာ အသစ်အဆန်းတွေ ထွက်ခဲ့ပြီး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တဲ့နှစ်လို့ ဆိုရပါမယ်။ အခုဆို ဘလော့ခ်ဆိုက်ကြီး တော်တော်များများမှာလည်း ၂၀၀၇ အတွက် သူတို့ အကောင်းဆုံးလို့ ထင်တဲ့ နည်းပညာဆိုင်ရာ ဆော့ဖ်ဝဲ၊ ၀ဗ်၊ ဟာ့ဒ်ဝဲတွေကို ရွေးချယ်ကောက်နှုတ်ထားတာတွေ ရှိပါတယ်။

ကျွန်တော်ကတော့ ၂၀၀၇ခုနှစ်ရဲ့ ကျွန်တော်အကြိုက်ဆုံး အသုံးဖြစ်ဆုံး အအောင်မြင်ဆုံး Products and Services တွေကို အခုလို ရွေးချယ်တင်ပြလိုက်ပါတယ်။

- အွန်လိုင်းအကြောင်းပြောမယ်ဆိုတော့ အကောင်းဆုံး Browser ကစရပါမယ်။ ဒီနေရာမှာ ကျွန်တော်မပြောလဲ Firefox ဆိုတာသိမှာပါ။ ဒါပေမယ့် နှစ်ကုန်ခါနီးမှာ ယိုယွင်းလာတဲ့ သူ့ရဲ့ Build တွေဟာ ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ Safari, Opera တို့က အတော်လေးပြန်ပြီး နေရာယူလာပါတယ်။

- Email & Clients တွေကို ကြည့်မယ်ဆိုရင် Gmail + Thunderbird ကတော့ အကောင်းဆုံးပါ။ Mac အတွက်တော့ Leopard Mail ကို ကျွန်တော် ကရွေးပါမယ်။

- Operating System က Leopard ပါ။

- Office Application Suite ကို MS Office 2007 ကို ရွေးပါမယ်။ ပန်းသီးရဲ့ Pages, Keynote တွေက ကောင်းပေမယ့် Numbers တွေက ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။

- Online office suite မှာ Zoho ကို ရွေးလိုက်ပြီး၊ Word Processing သီးသန့်ဆိုရင် Buzzword ပါပဲ။

- Instant Messaging က Gtalk ဖြစ်ပြီး၊ အအောင်မြင်ဆုံးဖြစ်လာခဲ့တဲ့ messaging service ကတော့ Twitter ပါ။ သူ့နောက်က Tumblr လိုက်ပါတယ်။

- Notes တွေမှတ်တဲ့နေရာမှာ JJot နှင့် Springnote ကို အကြိုက်ဆုံးပါ။

- မျက်စိ အနောက်ဆုံး Social Networking က Facebook ပါ။ စိတ်ဝင်စားဆုံးက LinkedIn ဖြစ်ပြီး။ Yahoo! Kickstart က ပျောက်ဆုံးသွားပါတယ်။ MySpace က ငြိမ်နေပြီး Virtual World တွေရဲ့ effect ကတော်တော်ကြီးလာပါတယ်။ SecondLife ကို ဥပမာကြည့်ပါ။

- Advertising network မှာ Adsense က ဆက်လက်ကောင်းနေဆဲဖြစ်ပြီး Adpinion, Ads-click, Adverlets, Bidvertiser, AdBrite, Nuffnang စတဲ့ personal level network တွေကိုလည်း သဘောကျမိပါတယ်။ စိတ်ဝင်စားတဲ့ နောက်တစ်ခုက Fluc ဖြစ်ပြီး ဘယ်လောက်အောင်မြင်နိုင်မလဲ စောင့်ကြည့်ရပါမယ်။

- သီချင်း ကို အွန်လိုင်းမှာ နားထောင်အဖြစ်ဆုံးနေရာက Skreemr ပါ။ Last.fm, Deezer, Pandora, Napster တို့ကတော့ ဒုတိယလိုက်ပါတယ်။

- ၂၀၀၇ ခုနစ်ဟာ Internet TV, Video တွေ အရမ်းအားကောင်းခဲ့တဲ့နှစ်ပါ။ Server to client streaming, user generated content တွေထဲမှာ YouTube ကိုပဲ ရွေးပါတယ်။ P2P Demand မှာ Joost ကို ရွေးပါတယ်။ Livestation, Babelgum, Zatto, VeohTV တို့ကို ဒုတိယ သတ်မှတ်လိုက်ပါတယ်။ P2P Live မှာတော့ Sopcast ကိုပဲ အကောင်းဆုံးလို့ထင်နေပါသေးတယ်။ အသုံးဝင်လို့ပါ။




- Podcasts တွေကို iTunes Podcast Directory က အကောင်းဆုံးဖြန့်ချီပေးနေတယ်လို့ မြင်ပါတယ်။

- Mash ups ပိုင်းဆိုင်ရာမှာ ဆိုရင် Yahoo Pipes က အောင်မြင်ခဲ့ပြီး၊ MS ရဲ့ Popfly လည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ Google Mashups တွေလည်း သုံးကြပါတယ်။

- Online storage ကိုတော့ Mediafire ကိုပဲ ကြိုက်ပါတယ်။ Pipebytes က အလားအလာကောင်းပြီး၊ ဒီမားကတ်က အတော်ကျယ်ပြန့်နေပါသေးတယ်။

- အကောင်းဆုံး Gadget က iPhone ပါ။

- အကြိုက်ဆုံး လက်ပတော့က MacbookPro နှင့် Sony Vaio series ပါ။

- အညံ့ဆုံး gadget က Palm ရဲ့ Mobile Computer လေးပါ။ အမေဇုန်ရဲ့ Kindle လည်း တယ်ဖျင်းပါတယ်။

- တိုးတက်မှု အကောင်းဆုံး gadget က Zune ပါ။ Flashbased MP3 Market ကို တော်တော် လုယူလိုက်ပါတယ်။

- အကောင်းဆုံး Search engine က Google ပဲ ဖြစ်နေသေးပြီး။ Hakia, Peekyou တို့ကို ရံဖန်ရံခါသုံးပါတယ်။

- Goonernews မှာ Arsenal Blog တွေကို နေ့စဉ်ဖတ်ပြီး။ Originalsignal မှာ နည်းပညာသတင်းတွေဖတ်ပါတယ်။ ကမ္ဘာ့ သတင်းတွေကိုနားထောင်ရာမှာ BBCWorld ကို အကြိုက်ဆုံးအဖြစ်ရွေးလိုက်ပါတယ်။ မြန်မာဘလော့ခ်တွေထဲမှာတော့ မောင်သန့်ဇင်ရဲ့ ဘလော့်ခ်ကအကောင်းဆုံးပါ။ =P

- API တွေထဲမှာ အဟော့ဆုံးဖြစ်သွားတာက Android နှင့် Open Social ပါ။ iPhone SDK ကနောက်လမှာလာပါမယ်။ Developer tools တွေထဲမှာ Eclipse ကို၊ VS 2008 (orcas) နှင့်အတူ ပူးတွဲအကောင်းဆုံးပေးလိုက်ပါတယ်။

- ပရဟိတပရောဂျက်တွေထဲမှာ Wikipedia နှင့် Kiva ကို ရွေးပါတယ်။

- အကြိုက်ဆုံးဂိမ်းက PES 2008 ပါ။

- ၀င်းဒိုးအတွက် အထွေထွေTool တွေ အနေနဲ့ Avast Antivirus, Spyware Terminator, Comodo Firewall, JKDefrag, CCleaner, Screenshot Captor, JustColorPicker, Notepad++, Paint.NET, Adobe Reader (not foxit :P), WinRar (not 7-Zip :P), Launchy, Picasa, Xecutor တို့ကို သုံးဖြစ်ပါတယ်။

- မက်ခ်အတွက်တော့ သူ့ရဲ့ ပါပြီးသား ဆော့်ဖ်ဝဲတွေက တော်တော်လေးလုံလောက်နေပေမယ့် ကျွန်တော် ကြိုက်မိတာကတော့ Twitterfic, iCyclone, VMWare, Toast!, MainMenu, Adium, Transmit, Superduper, iDefrag, Miro တို့ ဖြစ်ပါတယ်။

ဒါအကုန်ပဲထင်ပါတယ်။ ဆန္ဒရှိမယ်ဆိုရင် အောက် Comments မှာ ထပ်ထည့်ပေးပါ။ ထပ်မံရှယ်တော့ အားလုံးဗဟုသုတရပါတယ် ။ =D

( ကျွန်တော် ရွေးတာတွေ သိပ်များသွားတယ်ထင်ပါတယ်။ လင့်ခ်တွေကို နောက်တော့မှ ထပ်ထည့်ပါမယ်။ ခုတော့ အချိန်ရသလောက် အမြန်တင်လိုက်ခြင်းပါ။ )

Regards,
WaiPK


Thursday, November 29, 2007

Steve - Most Powerful in Fortune - Deserve?


မနေ့က ထွက်တဲ့ Fortune ရဲ့ ကမ္ဘာ့ အတော်ဆုံး၊ စွမ်းရည်အမြင့်ဆုံး စီးပွားရေး သမား ၂၅ ယောက်စာရင်းဖြစ်ပါတယ်။ ခင်ဗျားတို့၊ ကျွန်တော်တို့ သိတဲ့လူတွေ တော်တော်များများပါပါတယ်။ =P ဒါပေမယ့် အဲ့ဒီစာရင်းကို ထိပ်ဆုံးကနေ ယူထားတာတော့ ကျွန်တော်တို့ရဲ့ စတီးဂျော့ဗ်ကြီးဖြစ်ပါတယ်။ Brent Schlender ရဲ့ ဆောင်းပါးကို အင်္ဂလိပ်လိုဖတ်ရမှာ ပျင်းတဲ့လူတွေအတွက် ကျွန်တော် အနှစ်ချုပ်ရေးလိုက်ပါတယ်။ ဒါဆိုရင် ဒီလူကြီး စတိဗ်ဟာ ဘာလို့ ထိပ်မှာရပ်နေရသလဲ ဆိုတာ စာဖတ်သူတို့ နည်းနည်းတော့ သဘောပေါက်မိပါလိမ့်မယ် လို့ထင်ပါတယ်။

steve jobs


စတိဗ်ကို စီမံခန့်ခွဲမှု ပညာရှင်ကြီး ဂျင်မ်က 'စီးပွားရေးရဲ့ ဘီသိုဗင်' ကြီးလို့ပြောပါတယ်။ ဘာလို့ မိုးဆက် မဖြစ်လဲမသိ။ စတိဗ်ရဲ့ ခေါင်းဆောင်စွမ်းရည်၊ စိတ်ဓါတ်ပျင်းပြမှု၊ အဲ့ဒီ ပလတ်စတစ်တွေ၊ စီဒီပြားတွေနှင့် ကွန်ပျူတာတွေထုတ်ပြီး လူတွေကို ဘယ်လိုရောင်းရမယ်ဆိုတဲ့ အမြင်တွေကို ဂျင်မ်က ချီးကျူးနေပါတယ်။ နောက်ပြီး Suppliers, Partners တွေ၊ ၀ယ်တဲ့လူတွေကို သူ့ဘက်ပါအောင် ပြောနိုင်ဆွယ်နိုင်တဲ့ စိတ်ပညာကြီးကလည်း အတော်ကြီးပါတယ်တဲ့။

ပန်းသီး ကုမ္ဗဏီဟာ Fortune 500 မှာ အဆင့် ၁၀၀ကျော်ပါတယ်။ Dell တို့ HP တို့တောင် အဆင့် ၁၀ ကနေ ၃၀ ကြားပါပေမယ့် ပန်းသီးကတော့ အတော်နိမ့်ပါတယ်။ ဒါပေမယ့် ဒီလူကြီး စတိဗ်ကတော့ ခုဒီစာရင်းမှာ နံပါတ် ၁ဖြစ်ပါတယ်။ ဘာလို့လဲဆိုတာ ကျွန်တော်တို့ ကြည့်ကြရအောင်။

သူဟာ ကွန်ပျူတာလောကကြီး ၁ခုလုံးကို ၂ကြိမ်တိုင်တိုင် ဂယက်ရိုက်ခဲ့ပါတယ်။ လူတွေက မိန်းဖရိမ်ဆာဗာကြီးတွေ၊ မီနီကွန်ပျူတာကြီးတွေနှင့် ကျေနပ်နေကြတဲ့အချိန်မှာ စတိဗ်က ပန်းသီးကနေပြီး ၁၉၇၇ မှာ PC ဆိုတာကို စခဲ့ပါတယ်။ သန်းချီပြီး အောင်မြင်သွားပြီး industry ၁ခုလုံးကို personal computer တွေနှင့် လှုပ်နိုးခဲ့ပါတယ်။ နောက်တစ်ကြိမ်ဖြစ်တဲ့ ၁၉၈၄ ကတော့ ပိုပြီး ကြီးမားတဲ့ ဂယက်၁ခုပါ။ ကျွန်တော်တို့ ဒီကနေ့ မြင်နေရတဲ့ Graphical User Interface ဆိုတာကို သူက စပြီးအကောင်အထည်ဖော်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ဒီကနေ့ မြင်နေရတဲ့ အိုင်ကွန်လေးတွေ၊ ဖိုလ်ဒါလေးတွေရှိလာတာပေါ့။ Xerox ကနေ သွားခိုးတယ်လို့ ပြောချင်ပြောပါမယ်။ ဒါပေမယ့် အကောင်အထည်ဖော်နိုင်တဲ့ စွမ်းရည်ကလည်း မသေးပါဘူး။ မိုက်ခရိုဆော့ဖ်ဆိုတဲ့ အဖွဲ့ဟာ အဲ့ဒီတုံးက သေးသေးလေးပါ။ သူက နောင်တစ်ချိန် ပန်းသီးစီးပွားပျက်ချိန်မှာ စတိဗ်ဆီက OS ကို ပြန်ဝယ်လိုက်နိုင်ခဲ့ပြီး၊ ခုခင်ဗျားတို့ သိပ်ချစ်တဲ့ Windows တို့ရဲ့ ဘိုးအေကို ထုတ်ခဲ့ပါတယ်။

နောက်နှစ် အနည်းငယ်ကြာတော့ စတိဗ်က စာစီစာရိုက်လုပ်ငန်းကြီးကို ပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်တို့ သိနေတဲ့ ပရင်တာဆိုတာတွေ သူက စပြီးမိတ်ဆက်ပါတယ်။ WYSWIG  ဆိုတာကို စပြီး ကြေညာခဲ့ပြီး Laser Printer ဆိုတာကို ကမ္ဘာနှင့် မိတ်ဆက်ပေးခဲ့ပါတယ်။ ပြီးတော့ Internet စပေါ်ခါစမှာ သူက PC networks တွေကို လည်း ကမကထနှင့် လိုက်လံ ခေါင်းဆောင်ခဲ့ပါသေးတယ်။

နောက်တော့ ကြားထဲမှာ အလုပ်ထွက်သွားပြီး Pixar ကို ထောင်ပါတယ်။ အဲ့ဒါဟာ ကျွန်တော်တို့ ဒီကနေ့ မြင်နေရတဲ့ 3D Animation ကာတွန်းကားတွေရဲ့ အစပါပဲ။ ကာတွန်းရုပ်ရှင်လေးတွေ ကြည့်လို့ကောင်းတိုင်း ကျွန်တော်ကတော့ ဒီလူကြီးပြေးမြင်ပါတယ်။ Disney က စာရွက်ပေါ်မှာ ဟိုခြစ်ဒီခြစ်နှင့် ကာတွန်းရေးစားနေရတဲ့အချိန်မှာ စတိဗ်က Toy Story နှင့် လမ်းပြခဲ့ပါတယ်။


နောက်တော့သူ ပန်းသီးကို ပြန်လာပြီး Newton ကို စထုတ်ပါတယ်။ ကျွန်တော်တို့ ခုသိနေတဲ့ PDA ဆိုတာပေါ့ဗျာ။ အဲ့ဒါ အဲ့ဒီကစတာပဲ။ သူက စလုပ်ပြခဲ့ပြီး နောက်တော့ အဲ့ခေတ်က ဘယ်သူမှ မသုံးတဲ့အတွက် ဈေးကွက်ကို Palm ကို လက်ဆောင်ပေးလိုက်တယ်ဗျာ။

နောက်အကောင်းဆုံးပြကွက်က iPod ပဲဗျ။ ဂျပန်မှာ စွာကျယ်နေတဲ့ ကျွန်တော်တို့ရဲ့ Sony ကြီးကို သူက နောက်ကောက်ချခဲ့တယ်။ ဒီအကြောင်းကို နောက်ကျွန်တော် Sony Case Study ကျမှပဲ ရေးတော့မယ်ဗျာ။ Walkman တွေများ လမ်းဘေးရောက်သွားတာ သနားစရာပါပဲ။ ခုတော့ အိုင်ပေါ့တွေက သန်း ၁၅၀ကျော် ရောင်းခဲ့ရပြီ။ ဒါက personal audio industry ကို ပြတာဗျ။

နောက်တော့ သူက ဟောလီးဝုဒ်ကို သွားတယ်။ music industry တွေနှင့် ညှိတယ်။ ပြီးတော့ ပြောတယ်။ ခင်ဗျားတို့ ခွေတွေကို အဲ့လို ကူးကူးပြီး ရောင်းစားနေမယ့်အစား ကျွန်တော်က ရောင်းပေးပါရစေ။ Digital Age ဗျ။ အင်တာနက်ဆိုတာ ရှိတယ်ဆိုပြီး။ အင်တာနက်ခေတ်ကို ကောင်းကောင်းအသုံးချကာ သီချင်းတွေ၊ ရုပ်ရှင်တွေရောင်းခဲ့လေရဲ့။ ခုဆို iTunesဟာ ကမ္ဘာ့အကြီးဆုံး သီချင်းစတိုးကြီး ဖြစ်နေတာကိုတွေ့ရမှာပါ။

Operating System မှာလည်း OSX ဟာ အငြင်းပွားဖွယ်ရာဖြစ်ပေမယ့် အကောင်းဆုံး OS ဆိုတာကို ပညာရှင်တွေ လေ့လာသူတွေကိုယ်တိုင်က လက်ခံခဲ့ရပါတယ်။ Software မှာလည်း လူတွေ ဘာကြိုက်တတ်လဲဆိုတာကို သူလုပ်ပြခဲ့ပါတယ်။ မိုက်ခရိုဆော့ဖ်ကြီးကတော့ ဘာမှမပြောပါဘူး။ အဓိကက သူတို့ပစ္စည်းတွေ ရောင်းရဖို့ပဲ သူတို့ OS ပိန်းတာက အဓိကမဟုတ်ဘူးလေ။ ဟုတ်ဘူးလား။

နောက်တော့ Retailing ဈေးကွက်ကိုလည်း ကောင်းကောင်းသင်ပြခဲ့တယ်။ ပစ္စည်းတွေကို ဘယ်လိုရောင်းရမလဲ၊ Deliver လုပ်ရမယ်ဆိုတာကို ပညာပေးသွားတယ်။ Dell ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အွန်လိုင်း retail store, computer shop လို့ဆိုကြတယ်။ ဒါပေမယ့် ခင်ဗျားတို့သိလား။ သူတို့ သုံးနေတဲ့ စနစ်က ပန်းသီးရဲ့ WebObjects ပါတဲ့ဗျာ။ အခုတော့ ပြောင်းရင်ပြောင်းသွားလောက်ပြီ။ ကိစ္စမရှိတော့ပါဘူး။ Dell sales ကထိုးကျနေတာ သိသိသာသာကြီးဗျ။ မသုံးလို့များ ကျသွားလေရော့သလား။

နောက်တော့ သူကအဲ့လို ဇုန်အကြီးကြီးတွေမှာ Mastero ဖြစ်ခဲ့ပြီးတော့ ခု ဆယ်လူလာမားကတ်ကိုလည်း ရောက်လာပြန်ပြီဗျ။ မကြိုက်တဲ့လူတွေက ဘာပဲပြောပြော လူတွေက ခုလည်း အိုင်ဖုန်းမှ အိုင်ဖုန်းဖြစ်နေပါပြီဗျာ။ နည်းပညာတော်လှန်မှု ကို လှလှပပလေး ကူးသွားခဲ့တာပဲ။ အဲ့ဒိ အလူမီနိယမ်ပြားလေးတွေဟာ လူတွေကို တော်တော် အကျိုးပေးနေ/ပေးလာတော့မှာက သံသယဖြစ်စရာမရှိပါဘူး။


အကျဉ်းလေး တစ်ချက်ပြန်ကြည့်မယ်ဆိုရင် စတိဗ်ဟာ ကွန်ပျူတာ၊ ဟောလီးဝုဒ်၊ တေးဂီတ၊ retailing၊ မိုဘိုင်းဖုန်း တွေကို ပြောင်းလဲခဲ့တဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ တခြား စွမ်းရည်တွေဖြစ်တဲ့ လူတွေကို ပြောသမျှနားထောင်စေ၊ စည်းရုံးနိုင်တာတွေလည်း ရှိပါသေးတယ်။ ပန်းသီးက နောက်ပြီး ရုပ်ရှင်ရိုက်ကူးရေး၊ အသံသွင်းခြင်း၊ ဓါတ်ပုံတည်းဖြတ်ခြင်း စတာတွေမှာလည်း ဆရာ၁ဆူဖြစ်ခဲ့ပါတယ်။ အခုဆို Steve Jobs ဟာ Walt Disney ရဲ့ အကြီးဆုံး ရှယ်ယာဝင်ဖြစ်နေပါပြီ။ သူ့လိုမျိုး စီးပွားရေးလောကမှာ Influence ကြီးတာ ဘယ်သူမှ မရှိသေးပါဘူးဆိုပြီး Fortune Editor က မှတ်ချက်ချပါတယ်။

အခုချိန်မှာ ပန်းသီးကို အဖက်ဖက်က တိုက်ခိုက်နေတာတွေလည်း ရှိပါတယ်။ သူတို့လည်း ပြန်ဖိုက်နေရတာတွေလည်း အများကြီးပေါ့ဗျာ။ အဓိကကတော့ ပါဝါကြီးလို့တဲ့။ ဒါပေမယ့် စတိဗ်ကပြောပါတယ်။

ကျွန်တော်တို့မှာ ပိုက်ဆံရှိလို့ ပါဝါကြီးနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့က သုံးစွဲတဲ့လူတွေ လိုအပ်တဲ့ ပစ္စည်းတွေ ကောင်းကောင်းထုတ်ပေးလို့ customers တွေက ပျော်ရွှင်ကြိုက်နှစ်သက်ကြတာပါ။ ဒီအရာကမှ ကျွန်တော်တို့ရဲ့ အဓိက ပါဝါဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကြိုက်သလို သူတို့လည်း ကြိုက်နှစ်သက်စေချင်ပါတယ်။


ကဲဒီတော့ ခင်ဗျားတို့ကော ဘယ်လိုမြင်သလဲ။ သူ ပထမနေရာရသွားတာ တရားပါ၏လား။
Sound off in Comments ! =D

Rgds,
WaiPK


Friday, November 09, 2007

WiMax : Bright Future?


ဆောင်းပါးတစ်ခုဖတ်ပြီး ဟိုတလောက ရန်ကုန်ပြန်တုံးကတွေ့လိုက်တဲ့ WiMax ကြော်ငြာကို သတိရလို့ပါ။ အဲ့ဒီတုံးက ကျွန်တော် ပြန်ပြောပြတော့ သန့်ဇင်ဦးက ယုံတောင်မယုံဘူး။ ဟုတ်ပါ့မလားတဲ့။ ထွက်တာသိပ်မကြာသေးတော့ အခြေခိုင်ပါ့မလားဆိုပြီး။ ဒါနှင့် ကျွန်တော်သူ့ကို သေချာရှင်းပြလိုက်ပါတယ်။ ဒီလိုဒီလိုပဲလို့။ ဘာပဲပြောပြော ကျွန်တော်ကတော့ ဒါဟာ ကောင်းတဲ့ နည်းပညာတစ်ခုဆိုတာကိုတော့ လက်ခံပါတယ်။ သဘောကျလို့ အောက်မှာ သိသလောက်လည်း မျှဝေလိုက်ပါသည်။

ကျွန်တော်တို့ WiMax (Worldwide Interoperability Microwave Access) အကြောင်းပြောရင် Intel ကို ကျေးဇူးတင်ရမှာပါ။ ဒီကနေ့ Wi-Fi လို့ခေါ်တဲ့ ကွန်ယက်ချစ်ပ်စ်တွေကို အင်းတဲလ်က သူ့ရဲ့ ကွန်ပျူတာ ပရိုဆက်ဆာတွေထဲမှာ ထည့်ပြီး အကောင်အထည်စဖော်ကာ ၀ိုင်ယာလက်စ် လောကကို စပြီးတည်ထောင်ခဲ့ပါတယ်။ ဒါက ကနဦး ပဲရှိပါသေးတယ်။ ၂၀၀၂ ခုနစ် မှာ အင်းတဲလ် ကုမ္မဏီ ကသူ့ရဲ့ နည်းပညာတွေကို တိုးချဲ့ရန်အတွက် အစည်းအဝေးခေါ်ပြီး ဆွေးနွေးခဲ့တယ်။ Fibre Optic တွေ အရမ်းခေတ်စားနေတဲ့ အချိန်ဆိုတော့ အဲ့ဒီအချိန်က CEO ဖြစ်တဲ့ Andrew Grove က သူ့ရဲ့ လက်ထောက် Maloney ကို အဲ့ဒီ ဖိုင်ဘာတွေ လေ့လာခိုင်းလိုက်တယ်။ အမေရိကန်မှာ ဖိုင်ဘာကေဘယ်တွေ သွယ်ဖို့ဆိုရင် တစ်အိမ်ထောင် ဒေါ်လာ၁ထောင်ကျော်ကုန်မယ် ဆိုတာလည်း တွေ့ရော Maloney ၁ယောက်လန့်ဖျတ်ပြီး Broadband လိုင်းပြောင်းသွားလေရဲ့။ ချက်ခြင်းပဲ Broadband Man ဆိုတဲ့ အင်္ကျီကြီးကောက်ဝတ်ပြီး ၀ိုင်ယာလက်စ်ကွန်ယက် နှင့်ပတ်သက်တာတွေ စလုပ်ပါတော့တယ်။ အဲ့ဒီမှာ သူ ၀ိုင်မက်စ်ကို စတွေ့တာပဲ။

အမေရိကန်မှာ ဆယ်လူလာနက်ဝက်ခ်တွေ၊ အရမ်းခေတ်စားတာမှ Frequency တွေ ရှုပ်ယှက်ကိုခတ်နေတာပဲ။ Die Hard series တွေကြည့်ရင် သိနိုင်ပါတယ် =) မယ်လိုနီတစ်ယောက် ဒါကို သတိထားမိပြီး အဲ့ဒီ လှိုင်းတွေအသုံးချကာ တစ်တိုင်းပြည်လုံးသုံးနိုင်တဲ့ အင်တာနက်ကို စတင်အကောင်အထည်ဖော်ပါတော့တယ်။ သာမန် ၀ိုင်ဖိုင်တွေဟာ ကြိုးမဲ့စနစ်တွေဖြစ်ပေမဲ့ ကိုက်အနည်းငယ်သာရပါတယ်။ လူများလာရင် နှေးလည်းနှေးသွားပါသေးတယ်။ ၀ိုင်မက်စ်ကတော့ အဲ့လိုမဟုတ်ပါဘူး။ မိုင်၃၀ကို အသာလေး လွှမ်းခြုံထားပေးနိုင်ပါတယ်။ တစ်မြို့လုံးဒီစနစ်တစ်ခုထဲ သုံးတဲ့အတွက် အသုံးပြုသူတွေလည်း ခုကွန်ယက်တစ်ခု၊ တော်ကြာတစ်ခု လျှောက်ပြောင်းနေစရာ မလိုတော့ပါဘူး။ အရှိန်အဟုန်ဖြင့် မောင်းနေတဲ့ကားတွေပေါ်ကတောင် သက်တောင့်သက်သာသုံးနိုင်ပါတယ်။ မြန်နှုန်းအားဖြင့်လည်း အဆ ၅၀ပိုမြန်တဲ့အတွက် ၀ိုင်မက်စ်ဟာ ပိုကောင်းတဲ့ နည်းပညာတစ်ခုဆိုတာကို မယ်လိုနီက ယုံကြည်လိုက်ပါတယ်။ တစ်နိုင်ငံလုံး ဖြန့်ဖို့အတွက် ဆယ်လူလာတိုင်တွေကို လည်း အသုံးချမယ်လို့ ဆိုပါတယ်။

တစ်ချိန်ထဲမှာပဲ သူက ၀ိုင်မက်စ်အောင်မြင်ရန် အလို့ငှာ တခြားကုမ္ဗဏီကြီးတွေနှင့် သဘောတူညီမှုတွေရယူရပါတယ်။ ၀ိုင်မက်စ်ကို ဝေဖန်တဲ့လူတွေ အတော်ဝေဖန်ပေမယ့် မယ်လိုနီကံကောင်းသွားစေတဲ့အချက်တွေရှိခဲ့ပါတယ်။ ၀ိုင်မက်စ်ဘာလို့ သတ်သတ်မှတ်မှတ် ဖြစ်သွားရလဲဆိုတော့ ပထမ အင်တဲလ်ရဲ့ ချစ်ပ်စ်တွေကို မိသားစုသုံး ကွန်ပျူတာတွေပေါ်မှာ ဖြန့်ချင်တဲ့ ဗျူဟာကြောင့်ပါ။ ဒုတိယအနေနှင့် Samsung က နက်ဝက်၊ ကွန်ယက်ပစ္စည်းဈေးကွက်ကို ၀င်ချင်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ တတိယအချက်ကတော့ Nokia ကလည်း သူ့ရဲ့ နောက်ဆုံးပေါ်ဖုန်းတွေကို ဘယ်လိုထုတ်ရမလဲ၊ သုံးစွဲသူတွေကို ဘယ်လိုဆွဲဆောင်ရမလဲ ချိန်နေတဲ့ အချိန်လဲဖြစ်တယ်။ စတုတ္ထနှင့် နောက်ဆုံးအချက်ကတော့ Sprint ပါ။ သူက တယ်လီဖုန်းအော်ပရေတာတွေထဲမှာ အားအနည်းဆုံးဖြစ်နေတော့ AT&T တို့၊ T-Mobile တို့နှင့် အပြိုင်ဖိုက်ဖို့ ပိုပြီးကောင်းတဲ့ အင်တာနက်တစ်မျိုးကို လိုချင်နေတဲ့အချိန်ပါ။

ဒီလိုနှင့် WiMax ကို IEEE က အတည်ပြုတဲ့ အဆင့်ထိရောက်လာခဲ့တယ် ဆိုပါတော့ဗျာ။ ဒါတောင်လွယ်လွယ်နှင့် မဟုတ်ခဲ့ပါဘူး။ မယ်လိုနီခမျာ တောင်ကိုရီးယား ဆိုးလ်ကို သွား၊ ဆမ်ဆောင်းက ဥက္ကဌ ကြီးကို ၀ိုင်တိုက်၊ ထမင်းကျွေးလုပ်ခဲ့ရသေးတယ်။ Helsinki ပြေး နိုကီယာ ဌာနချုပ်မှာလည်း အကျိတ်အနယ် ဖြားယောင်းခဲ့ရတာလည်းရှိခဲ့တယ်။ အဆိုးဆုံးက Qualcomm နှင့် ဖိုက်တာပဲ။ Qualcomm က ဒီကနေ့ ကျွန်တော်တို့ သုံးနေတဲ့ ဖုန်းတော်တော်များများရဲ့ ချစ်ပ်စ်တွေထုတ်တဲ့ကောင်ပေါ့ဗျာ။ 2G, 3G, 3.5G ဘာညာတွေပေါ့။ တကယ်လို့ အဲ့ဒီ ၀ိုင်မက်စ်ကြီးသာ အောင်မြင်သွားရင် လူတွေက VOIP ( Skype လိုမျိုး ) ဖုန်းတွေသာ သုံးတော့မှာကို သိလို့ Qualcomm က IEEE က အဆုံးအဖြတ်ပုဂ္ဂိုလ်တွေကို ပိုက်ဆံပေး ပယ်ချခိုင်းပါတယ်။ ကြာကြာတော့မခံပါဘူး။ နောက်ဆုံးတော့လည်း အဲ့ဒီလုတွေ မရှိတော့မှ ၀ိုင်မက်စ်လည်း အတည်ပြုခွင့်ရသွားပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ၀ိုင်မက်စ်က သိပ်အရေးပါပါတယ်။ ဥပမာ ကျွန်တော်တို့ နိုင်ငံမှာဆိုရင် မြို့ရဲ့ ဖွဲ့စည်းပုံ အနေအထားအရ ဖိုင်ဘာတွေ၊ မြန်နှုန်းမြင့် ကြိုးလိုင်းတွေအသစ်ချဖို့ဆိုတာ တော်တော်ခေါင်းစားစရာပါ။ ဈေးလည်းပိုကြီးပါတယ်။ အဲ့တော့ ၀ိုင်မက်စ်ထောင်၊ တစ်မြို့လုံးသုံး ဒါက ပိုကိုက်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ အမေရိကန်မှာတော့ ဒီအပြောင်းအလဲက တော်တော်ခက်မှာပါ။ အစိုးရအဆောက်အအုံတွေ၊ စီးပွားရေးဌာနေတွေ အားလုံးက ကြိုးတွေနဲ့သာ ချိတ်ဆက်သုံးနေကြတုံးပါ။ ဟဲဟဲ ကျွန်တော်တို့ သာသွားပြီ။...

ဘယ်လိုပဲဖြစ်ဖြစ် Intel ရဲ့ နည်းပညာ တွန်းလှန်မှုကို လိုက်မိတဲ့ Sprint က တော့ပြန်လမ်းသိပ်မရှိပါဘူး။ ၁နှစ်ကို ၁၈ရာခိုင်နှုန်းလောက် ထိုးကျသွားတဲ့ စတော့ခ်တွေကို ပြန်ပြီး အဖတ်ဆယ်ရပါမယ်။ ၀ိုင်မက်စ်ကို ကောင်းကောင်းအောင်မြင်အောင်လုပ်ပြီး Customer များများ ဆွယ်နိုင်ရင် ဆွယ်နိုင်၊ မဟုတ်ရင်တော့ သေပြီပဲ။ သူနှင့် ပေါင်းလုပ်တဲ့ Nextel လည်း တော်တော်ခံစားသွားရပါလိမ့်မယ်။ အင်တဲလ်မှာလည်း ကောင်းတယ်လို့တော့ မထင်ပါနဲ့။ စီအီးအို အသစ် Otellini က ကြိမ်းထားပါတယ်။ မယ်လိုနီ ၅နှစ်တိတိ ဘီလီယမ်ပေါင်းများစွာ အကုန်အကျခံ လုပ်ထားတဲ့ ဒီနည်းပညာကို အားလုံးကစောင့်ကြည့်နေကြပါတယ်။ ၂၀၀ဂမှာ ကျွန်တော်တို့ လက်တွေ့ ကြည့်ကြတာပေါ့၊ Standard တွေကတော့ ထွက်သွားပါပြီ။ ဖြန့်ဖြူးပးမယ့် နိုကီယာ၊ ဆမ်ဆောင်း၊ စပရင့်တို့ လက်ထဲမှာ အနာဂတ်ရှိနေပါမယ်။ ဗမာပြည်မှာလည်း သိပ်အသုံးဝင်မယ့် နည်းပညာဖြစ်တာမို့ ကျွန်တော်ကတော့ မယ်လိုနီ ကြီးတစ်ယောက် အောင်မြင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ဗျိုး။


(မဟားဒယား)ရေးသားလျှက်
WaiPK

Ref: Wiki , BusinessWeek, Intel