Zawgyi Keylayout for Mac OS X : Why i am busy ? :P
ကျွန်တော်ပျောက်ဆုံးသွားတာ ကြာလှပေါ့။ ဘလော့ခ်လည်းမရေးနိုင်ဘူး။ စာမေးပွဲတွေကရှုပ်၊ဟိုဟာလုပ်၊ ဒီဟာလုပ်နှင့်။ ကိုယ့်ဘလော့ခ်တောင် ကိုယ်ပြန်မဖတ်ဖြစ်ဘူး။ အဓိကအကြောင်းရင်းကတော့ ကျွန်တော့်ရဲ့ မက်ခ်ဘွတ်ခ်လေးကြောင့်လည်းပါတယ်။ ကျွန်တော် ၀င်းဒိုးစ်ကို ခေါက်ထားပြီး Mac OS X သုံးနေတာ ၁လလောက်ရှိပြီ။ ဘလော့ခ်လည်း ရေးလို့ မရ ဘာမရနှင့် အတော်ဒုက္ခရောက်တယ်။ လိုက်ရှာကြည့်တော့လည်း မြန်မာလိုရေးလို့ ရတဲ့ အင်ပွတ်ကို ဘယ် Developer မှ မရေးကြဘူး။ အတော်စိတ်ညစ်ဖို့ ကောင်းတယ်။ အဲ့ဒါနှင့် မနေ့ ကမှ စိတ်ပေါက်ပေါက်နှင့် ကဲ ဘယ်သူ့ မှမရေး၊ ငါရေးလိုက်မယ်ဆိုပြီး ထလုပ်လိုက်တာ ဇော်ဂျီလေးအောက်လေး ပြီးသွားတယ်။ အဟီး စာမေးပွဲရှိတာ စာတောင်မကျက်လိုက်ရဘူး .. ကဲ ထားပါတော့။ အောက်မှာ ကျွန်တော့် အောင်မြင်မှုလေး ကိုကြွားပါရစေ။ =)
ပထမဆုံးကျွန်တော်မရေးခင် စဉ်းစားတယ်။ ဒီကိစ္စကလွယ်ပါ့မလားလို့ ။ နောက်တော့ ကျွန်တော် မြစေတီ လေးအောက်ကိုလည်း ၀င်းဒိုးစ်အတွက် ၁ခါ Revamp လုပ်ဖူးတာပဲ။ MSKLC သုံးပြီးတော့။ အဲ့ဒါကို သတိရတယ်။ ဒါနှင့် Mac OS X အတွက်ရှာလိုက်တယ်။ Documentations တွေ ဘာတွေ ရှာဖတ် ကြည့်ပြီးတော့ Ukelele ဆိုတဲ့ ဆော့ဖ်ဝဲ ၁ခုတွေ့ တယ်။ Makelele နှင့်တော့ ဘာမှ မသက်ဆိုင်လောက်ပါ။ လေ့လာ ကြည့်တော့ အချိန် အတော်ကုန်မယ်ဆိုတာ သိလိုက်တယ်။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ သုံးချင်တော့လည်း လုပ်ရတာပေါ့။ ဒါနှင့် စာလုံးတွေ Glyph တွေကို ၁လုံးချင်း အကွက် ချဖို့ သူငယ်ချင်းတွေကို Gtalk ကနေ မြန်မာလို ရိုက်ပြီး ပို့ ခိုင်းရတယ်။ ကျွန်တော့်ဆီမှာ Unicode အကွက်တွေ မှ မရှိဘဲ။ ဒါနှင့် ကျွန်တော့် iChat ကနေ စာလုံး ၁လုံးချင်း ခက်ခက်ခဲခဲနှင့် Key Space တွေထဲ Map ပြန်လုပ်ရတယ်။ ဒီ Process ကြီး ၁ခုလုံး ကို ကြည့်ရင် ဘာပညာမှ မပါဘူး။ အပင်ပန်းခံပြီးလုပ်ရုံပါပဲ။ အဲ့ဒါနှင့် ၂ နာရီလောက် လုပ်ပြီးတော့ လူက အတော် ငြီးငွေ့လာတယ်။ အဆင်လည်း မပြေဘူး။ iChat ကနေ စာလုံးတွေကို Character Block ထဲကောက်ထည့် ရတာက ကြည့်တော့သာ လွယ်တယ်။ နေရာ အကျမတော်ရင် Space တွေပါပြီး မြန်မာစာလည်း ရိုက်ရော နေရာတွေခြားပြီး ဒုက္ခတွေ များရော။ ၀ ဆွဲ ရိုက်ရင် Space ၃ နေရာလောက် ခြားပြီး ဘာမှ အလုပ်မဖြစ်ဘူးဖြစ်နေတယ်။
အဲ့ဒါနှင့် လူလည်းအတော် စိတ်ဓါတ်ကျနေပြီ။ ကူညီပေးတဲ့ သူငယ်ချင်း ၂ ယောက် ( သန့်ဇင် နှင့် ပြည်စိုး ) တို့ ကလည်း အိပ်ချင်နေပြီ။ အဲ့ချိန်မှာ ကျွန်တော် Mac Character Palette ကို သတိရတယ်။ Character Map ( in Windows ) လိုပဲ အဲ့ကောင်က။ အစက မစမ်းကြည့်ဖူး၊ သိပ်မသိတော့ မလုပ် ကြည့်လိုက်ဘူး။ နောက်တော့မှ အဲ့ဒါကို တွေ့တာ။ ဒါနှင့် လာလရော့ အပ်ချလောင်းဆိုပြီး အပြင်းအထန် ... Characters တွေ ၁ လုံးပြီး ၁လုံး ကူးလိုက်တာ လေးအောက်ကြီး မနက် ၃နာရီ လောက်မှာ Base alphabets ( Normal & SHift + Keys ) တွေ အကုန်ပြီးသွားတယ်။ အဲ့မှာ စာလေးဆက်ကျက်ပြီး အိပ်လို်က်တာ။ မိုးလင်းတော့ စာမေးပွဲအတွက်စာကျက်မယ်ဆိုပြီး ထတာ၊ အဲ့ကောင်ရဲ့ Bugs တွေကို ရှင်းနေရတာနှင့် ကောင်းကောင်းတောင် မကြည့်သွားရဘူး ။ တော်သေးတာပေါ့။ 95% လောက်တော့ ဘာမေးထားလဲသိလို့ Faint ကောင်းကောင်းနှင့်ဖြေခဲ့တယ်။
စာမေးပွဲပြီးတော့ ၅ နာရီလောက် အိမ်ပြန်လာတယ်.... အဲ့ ခုန်ဆွခုန်ဆွနှင့်ပေါ့။ ဒါနှင့် ခဏကြာတော့ ကောင်မလေးကမုန့်သွားစားမယ်ဆိုပြီး ချိန်းထားလို့ သူ့ ကိုစောင့်နေတဲ့ အချိန် နာရီဝက်ရတယ်ဗျာ ကံကောင်းချင်တော့။ ရတဲ့အချိန် မထူးပါဘူးဆိုပြီး အိမ်မှာ ကျန်နေတဲ့ ပါဒ်ဆင့်တွေကို ပြီးအောင် ဆက်လုပ်လိုက်တယ်။ ဒီမှာ စိတ်ဝင်စားစရာ ၁ခုကတော့ Windows မှာ Original Zawgyi က Ctrl + Alt သုံးတယ် ... ၥ ၦ ၱ ၷ ၼ ၡ ..... စတဲ့ စလုံးတွေ အတွက်။ ကျွန်တော့် Mac OS X မှာက Ctrl + Alt တွဲ နှိပ်လို့ မရလို့ ၊ Alt 1 ခုပဲ သုံးလိုက်တယ်။ ... အဲ့ထိုနည်းတူစွာ .... Ctrl + Alt + Shift အတွက် Shift + Alt ပဲ သုံးလိုက်တယ်။ ဘာပဲပြောပြော အားလုံးအဆင်ပြေသွားပါတယ်။ နောက်ဆုံး ၅ နာရီခွဲလောက်မှာ အားလုံးပြီးသွားပါပြီ။ ကျွန်တော့်ကီးဘုတ်ခ်က Zawgyi ကပေးတဲ့ လေးအောက် အတိုင်းပါပဲ။ ၀င်းဒိုးမှာရိုက်သလိုပဲ ရိုက်လို့ ရပါမယ်။
ဇော်ဂျီကလည်း သူ့ရဲ့ Products တွေရဲ့ ရည်ရွယ်ချက်က မည်သူမဆိုလွတ်လပ်စွာ မြန်မာဘာသာကို အသုံးချနိုင်စေရေးလို့ ဆိုထားတော့ ကျွန်တော်လည်း လက်မနှေးပဲ အမြန်လုပ်လိုက်တာပါ။ အခု Intel-macs တွေ ခေတ်ထလာတဲ့ အချိန်မှာ လူတော်တော်များများလည်း Mac OS ပြောင်းသုံးနေ ကြပါပြီ ။ ကျွန်တော်တောင် Developing IDE တွေအတွက်ပဲ Windows ကိုသုံးတော့တယ်။ ထားပါတော့။ အဲ့တော့ အားလုံးအဆင်ပြေအောင်ဆိုပြီး ဇော်ဂျီကို Keylayout ကို အရင်လုပ်လိုက်တယ်။ နောင်မှာ တခြား Unicode တွေ အတွက်လည်း ဆက်လုပ်မှာပါ။ အချိန်ကုန်တာက လွဲပြီး ဘာမှ အပန်းမကြီးပါဘူး။ အရင်က ဘာလို့ မရှိလဲဆိုတော့ ကြည့်ရတာ မြန်မာပြည်မှာ Mac ဆိုရင် ဟိုဘာနေ့ ညာနေ့ အထိမ်းအမှတ် ပိုစတာပြိုင်ပွဲ၊ပန်းချီ ပြိုင်ပွဲတွေ မှာသာ သုံးသလိုထင်နေရတော့ လူတွေ သိပ်မသုံး ကြဘူး။ ကျွန်တော့်ရဲ့ လက်ရှိ Macbook ကတော့ Intel Chips ကိုသုံးထားတော့ အတော်လေး ကောင်းနေပါပြီ။ RISC , CISC Restrictions တွေ မရှိတော့လို့ WIndows XP Pro လည်းတင်ပြီး သုံးနေပါတယ်။ -) ဂွတ်ရှယ်ပဲ။
ကဲ..အိုကေ။ အဲ့တော့ကာ ကျွန်တော့်ရဲ့ ကီးဘုတ်ကို သုံးချင်းတဲ့လူတွေအတွက် ကျွန်တော် ၁ နေရာမှာ တင်ဖို့ ကြိုးစားပါ့မယ်။ ကြားထဲမှာ အရမ်းလိုချင်တယ် ဆိုရင်တော့ ကျွန်တော့် အီးမေးလ်ကိုပို့ပြီး တောင်းလိုက်ပါ။ ပို့ လိုက်ပါ့မယ်ဗျာ။ အဲ့ သောက်ညင်ကတ်လို့ ကိုယ့်ဘာသာကိုယ် လုပ်ပြီး သုံးမယ်ဆိုရင်လည်း အဲ့ဒီ Ukelele ကိုသာ ရှာပြီး လုပ်လိုက်ပါလို့ ။ အကျိုးမျှော်၍ နှိုးဆော်လိုက်ပါတယ်။
Screenshots လေးတွေလည်း ကြည့်သွားပါဦး။ =P
This album is powered by
BubbleShare