iTunes Plus + 7.2 + Fair Use = Kick out DRM
Apple ရဲ့  မေ ၃၀ update က စိတ်ဝင်စားဖို့ကောင်းပါတယ်။ iTunes 7.2 ပါ။ QT security flaw တွေကို ပြင်ထားပြီး ......... iTunes Plus ကို ဒိုက်ရိုက် Support လုပ်ပါပြီ။ iTunes Plus ကို မတိတေးတဲ့လူတွေ အတွက်ကတော့ ..... ဟမ်း. ..... iTunes Plus ဆိုတာ Apple ရဲ့  နောက်ဆုံး DRM - Free ကို Support ထားတဲ့ Music store ဖြစ်ပါတယ်။ ပုံမှန် iTunes က သူ့ အတိုင်းရှိနေပါမယ်။ တချိန်ထဲမှာပဲ iTunes Plus ကလည်း သီချင်းတွေ ရောင်းပါမယ်။ DRM free ပါ။ အဲ့ဒီက ၀ယ်ပြီးရင် ဘယ်စက်မှာမဆို ကော်ပီတင်ကူးလို့ နားထောင်လို့ရပါမယ်။ အရင်တုံးကလို အိုင်ပေါ့တစ်လုံး၊ ကွန်ပျူတာတစ်လုံး ဆိုတဲ့ ကန့်သန့်ချက်တွေ မရှိတော့ပါဘူး။ Fair Play လို့ခေါ်ခဲ့တဲ့ အဲ့ဒီ restriction ကြီးကိုဖျက်ပြီး Fair Use ဆိုပြီး ကင်ပွန်းတပ်ပါတယ်။ တခြား MSN music, AOL music တွေ၊ သီချင်းရောင်းတဲ့လူတွေကတော့ DRM နှင့် ဆက်နှိပ်စက်နေတုံးမှာ Apple က သူ့သီချင်းတွေအားလုံးကို DRM-Free ဖြစ်ဖို့လုပ်နေပါတယ်။ အခုဆို iTunes Plus ကနေလည်း ၀ယ်လို့ရပါပြီ။ ၁ပုဒ်ကို ၁.၂၉ ဒေါ်လာ ထက် နည်းမယ်ဆိုပဲ။ အဲ့.. အဲ့.. အရင်တုံးက iTunes က ၀ယ်ထားတဲ့ သီချင်းတွေရှိရင်လည်း ၁ပုဒ်ကို ပြား ၃၀ ပေးပြီး ပြောင်းလို့ရပါတယ်။ DRM-Free musics တွေ ဟာ ကွာလတီ အားဖြင့်လည်း ကောင်းပါတယ်။ ၂၅၆ ဘစ် ရှိတဲ့ AAC တွေပါ။ =) ကျွန်တော်တော့ iTunes Singapore လာမှပဲ ၀ယ်တော့မယ်ဗျာ။
Rgds,
WaiPK
Rgds,
WaiPK