Finally ... Over ! MS Cup!
ပြိုင်ပွဲနေ့သို့ ...
ဒီလိုနှင့် နောက်ဆုံး၁ရက်ပဲကျန်တယ်။ မနက်ဖြန်ဆိုပဲ ပရီဆန်တေးရှင်းရောက်ပြီ။ အဆင်သင့် မဖြစ်သေးဘူး။ ၃ ခါလောက် Revamp လုပ်လိုက်ရတဲ့ Prototype ကို ၀ရုန်းသုန်းကားလုပ်ရတာဆိုတော့ ... ကြားထဲ Ms Blend က ၀င်နှောက်လိုက်သေးတယ်။ နောက်ဆုံး Integration ပိုင်းမှာလည်း ကျွန်တော်တို့ ခေါင်းဆောင်ကြီးက လုပ်တာ အဆင်မပြေဖြစ်နေတယ်။ ထားတော့၊ ဆရာ ပရီဆန်တေးရှင်းပဲလုပ်၊ ကျွန်တော်တို့ အင်တီဂရေးရှင်းဆက်လုပ်လိုက်မယ်ဆိုပြီး။ အဲ့ စကားမစပ် စိတ်ဝင်စားဖို့ကောင်းတာ ၁ခုကြုံတယ်။ ဆရာမက ကျွန်တော်တို့ကို သကြားလုံး ၁မျိုးကျွေးတဲ့အကြောင်းပါ။ က ကြီးကလာတာတဲ့။ ဂျင်ဆင်းကနေ Extract ထားတာဆိုပဲ။ ကျွန်တော်တို့က အိပ်ငိုက်လို့ ကော်ဖီသောက်ဖို့စဉ်းစားနေတဲ့အချိန်မှာ။ ဗိုက်ဆာဆာနှင့် အဲ့ဒါစားလိုက်တယ်။ ဟိုက်ရှားပါး။ ထူပူသွားပြီး လူက ချက်ခြင်းလန်းသွားတယ်။ ကြည့်လိုက်တော့ Blood Circulation ကို မြန်စေတဲ့ သကြားလုံးလေးဆိုပဲ။ တချို့ နုတဲ့လူတွေဆို လူတကိုယ်လုံးအပူရှိန် မြင့်လာတတ်တယ်တဲ့။ စမ်းစားကြည့်ကြစမ်းပါ။ ချို၏။ မွှေး၏။ ပူ၏။
မနက် ၄ နာရီ ( ပြိုင်ပွဲ နေ့ )
ဝမ်းသာစရာပဲ။ ကျွန်တော် Lightbox ရဲ့ ညီတော် Thickbox ကို ရအောင် Integrate လုပ်နိုင်လိုက်တယ်။ မှန်းထားတဲ့ အချိန် ( မနက် ၅ နာရီ ) ထက် ၁ နာရီ စောပြီးသွားတယ်။ Fully Drag & Drop, Intuitive, Desktop Style Social Networking Web App ၁ ခုကို ပြည့်ပြည့်၀၀ မြင်လိုက်ရတာ အိပ်ချင်စိတ်တောင်ပျောက်သွားတယ်ဗျာ။ ကျန်နေတဲ့ XHTML validation လေးတွေ ပြီးအောင်ညှိ။ CSS errors တွေ အချောသတ်ပြီးတဲ့ အချိန်မှာတော့ ကောင်းကောင်းအိပ်လိုက်ပြီ။ မိုးလင်းတော့ ၁၁ နာရီ မိုက်ခရိုဆော့ဖ် စလုံး ဌာနချုပ်ကို ရောက်အောင် မမှီ မှီအောင် ပြေးရတာ တယ်မလွယ်ဘူးဆရာ။
ဌာနချုပ်တွင် ....
နကန်းတလုံး မပြင်ဆင်လာတဲ့ ကျွန်တော်တို့ Presentation ကို အဲ့ဒီကြမှ စလုပ်ရတယ်။ Rehearsal ဆိုပါစို့။ တစ်ဖွဲ့ကို သီးသန့် အခန်း၁ခန်းစီ ပေးထားတယ်။ Judges တွေက နောက် ၁နာရီဆိုရောက်မယ်တဲ့။ နေသာသလိုနေဆိုပဲ။ .. ဟာသ ၁ခုလည်းဖြစ်သွားသေးသဗျာ။ ကြားထဲမှာ။ ကျွန်တော်တို့ အဖွဲ့ ဗိုက်ဆာလို့ သူတို့ရဲ့ အသင့်ပေးထားတဲ့ Refreshment Lounge ကိုသွားတဲ့အချိန်မှာပေါ့။ သူငယ်ချင်းတွေက ကော်ဖီသောက်နေတယ်။ ကျွန်တော်က အဲ့မှာ ပေးထားတဲ့ ထမင်းတွေ၊ ဟင်းတွေ၊ ကြက်ကင်တွေ အကုန်ယူစားလိုက်တယ်။ ကျွန်တော်စားတာမြင်တော့ သန့်ဇင်လည်း စားချင်တယ်ထင်ပ။ သွားနှိုက်တယ်။ အဲ့မှာ ၀န်ထမ်း ၁ယောက်က ရောက်လာတယ်။ အဲ့ဒါ ကျုပ်တို့အတွက် မဟုတ်ဝူးတဲ့။ Judge တွေအတွက်တဲ့ ။..စားနေတာ နင်သွားတာပေါ့ဗျာ။ But BS ! , I don't care. လာပြိုင်တဲ့လူတွေကို ဘာမှ မကျွေးတာတော့ လွန်သပေါ့ဗျာ။ ဂရုမစိုက်ဘူး။ မကျွေးချင်ရင် အစကတည်းက စာကပ်ထား။ ပြောတော့ မင်းတို့သွားစားလို့ရတယ်ဆိုပြီး။ .. အဲ့ဒါနှင့် ပရီဆန်တေးရှင်း အချိန်ကို ရောက်လာပါပြီ။
ပရီဆန်တေးရှင်းတွင် ....
နန့်ယန်း ပိုလီက အင်ဂျင်နီယာကျောင်းရဲ့  ကျောင်း director, တီ မာဆတ် ပိုလီက အိုင်တီ ဒါရိုက်တာ ကြီးရယ်၊ မိုက်ခရိုဆော့ဖ် ရဲ့  Regional Edu Head စတန်လေ နဲ့ တဲ့တဲ့ တိုးပါလေရော။ သူမေးတဲ့ မေးခွန်းတွေကို ကျွန်တော်နဲ့ ခေါင်းဆောင်ကြီး ၂ ယောက် နပန်းလုံးပြီးဖြေလိုက်ရတယ်။ ဆရာသန့်ဇင်က လူလည်။ ခပ်တည်တည်နှင့် ငြိမ်နေတယ်။ ဘာမှလည်း ၀င်ပေါဝူး။ ဒီလိုနဲ့ ကျက်သရေ မရှိလှတဲ့ ပြိုင်ပွဲကြီးရဲ့  အဆုံးကိုရောက်သွားတယ်။
ပွဲအပြီး ..
ဆရာမက ၀မ်းသာလို့ ။ ဒီလောက် အချိန်လေးမှာ ဒီလောက်လုပ်ပေးတာ ကျေးဇူးတင်တယ်တဲ့။ ကျွန်တော်ကတော့ အဲ့ဒီ့ ပရောဒတ်ကို ဘယ်လိုမှ ကောင်းတယ်လို့ မမြင်ဘူး ။ i mean , features-wise. Innovation အပိုင်းမှာဆိုရင်တော့ User Friendliness ကို Center ထားပြီး လုပ်ထားတဲ့ အတွက် အဲ့ဒါ ၁ခုတော့ ဂုဏ်ယူစရာရှိတယ်။ ဒါပဲ။ .. နောက်တော့ ပျော်တာပေါ့။ ငါတို့တော့ ပြုတ်ပြီဆိုပြီး ။ ကျွန်တော့်ရဲ့  ၁ပတ်လောက်နားထားတဲ့ Office ကို ပြန်သွားပြီး အလုပ်သွားလုပ်တယ်။ အေးဆေး။
စနေနေ့ (ပြိုင်ပွဲက သောကြာနေ့ပါ။)
တခြား member ၂ ယောက် က ဌာနချုပ်ကို ထပ်သွားရတယ်။ အောင်စာရင်းထွက်မယ်ဆိုလို့။ ... ၃နာရီကျတော့ဖုန်းလာတယ်။ ကျက်သရေကို နှောက်တာပဲဗျာ။ ဒီလောက် ကျောင်းတိုင်းကျောင်းတိုင်းက ဆရာတွေ၊ ဂျွတ်တွေကို မရွေးဘူ။ ကျွန်တော်တို့ နောက်ဆုံး ငါးသင်းထဲ ပါတယ်တဲ့။ ခွီးထဲမှပဲ။ ဒီလောက်စုတ်ပဲ့အောင် လုပ်ထားတာကို ဘာကြိုက်သလဲမသိ။ Windows Presentation FOundation တွေ Silverlight တွေ စကားကြီးကြီးကျယ်ကျယ် ပြောမိလို့ထင်ပါတယ်။ ... ကျွန်တော်တော့ ဘုရားတ တာပဲ။ နောက်ဆုံး သုံးသင်းထဲ မပါပါစေနှင့်လို့။ အလကား ပြုတ်မယ်ဆိုတာ သိနေတာကို ထပ်ပြီး ၁လလောက် အချိန်ပေးရဦးမယ်။ ပါသွားရင် ကိုရီးယားမှာ အီတလီ တို့၊ ပိုလန် တို့က ကောင်တွေနှင့် တွေ့ပြီး အရှက်ကွဲမခံနိုင်ဘူး။ ဖိုင်နယ် အောင်စာရင်း က တနင်္လာနေ့ထွက်မယ်ဆိုပဲ။
တနင်္ဂနွေ၊ တနင်္လာ၊ ဇာတ်သိမ်းပါ။
တနင်္ဂနွေ၊ ဖုန်း အသစ်သွားဝယ်တယ်။ O2 O2 ... hehe. တနင်္လာနေ့လည်း ရောက်ရော၊ ရင်တမမနှင့်ပေါ့။ နောက်ဆုံး အောင်ဂါထာ ( ဇယစက္ကော .... ) အရွတ်ကောင်းလို့ ပြုတ်ပြီဟေး ဆိုတဲ့ သတင်းကြားမှပဲ ရင်ထဲက အလုံးကြီးကျသွားတော့တယ်။ သွားလရော့ မိုက်ခရိုဆော့ဖ်ရယ်။ .. ဆရာမတွေ၊ ဆရာတွေက တော့ ဘာမှသိပ်မပြောတော့ဘူး။ Nvm. ကျွန်တော်တို့ ကျောင်းက ဖိုင်နယ် ၅ သင်းကို ၂ သင်းတက်တယ်။ ၃သင်းကို ၁ သင်းတက်တယ်။ သူတို့ကို ကျွန်တော်တို့ ဒီထက်ပိုပြီး ပေးဆပ်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ နောက်ဆုံး ဒါရိုက်တာကတော့ ပြောတယ်။ မုန့်လိုက်ကျွေးပါ့မယ်တဲ့ ။ သားတို့ ဒီလောက် အချိန်နဲ့ ဒီ အဆင့်ရောက်အောင် လုပ်ပေးတာ။ အရေးထဲ ဆရာ၁ယောက်က လာပြောသေးတယ်။ မင်းတို့ ဘာလို့ အစောကတည်းက မပြိုင်လဲတဲ့။ အဲ့ဒါဆို ဖိုင်နယ်ပဲတဲ့။ ကျွန်တော်တို့ ၂ ယောက်လုံး စိတ်မ၀င်စားပါ။ ပြိုင်ပွဲ စီစဉ်ပုံက ညံ့။ အရမ်းကို စီးပွားရေးဆန်။ ခုတမျိုး တော်ကြာတမျိုး ပြောတဲ့ အဖွဲ့အစည်းကို အလုပ်အကျွေးပြုဖို့ရာဝယ် ထည့်စဉ်းစားရမယ့် အချက်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ကျောင်းသားဘ၀မှာ ဒီပြိုင်ပွဲကို နှစ်တိုင်းဝင်ပြိုင်လို့ရတယ်။ But! , အိုင်ဒီယာ မကောင်းတဲ့ ပစ္စည်းကို ခရီးရှည်သယ်သွားပြီး ပြိုင်ဖို့ရာဝယ်တော့ အလုပ်မဟုတ်ပါ။ စိန်ခေါ်မှုဆိုတာ ကို ကျွန်တော် ခုံမင်တယ်။ လက်ခံတယ်။ ကြိုက်တယ်။ ဒါပေမယ့် ကိုယ့်ကို ထိခိုက်စေမယ့် စိန်ခေါ်မှုကိုတော့ မယူသင့်ဘူးလို့ ကျွန်တော်ယုံကြည်ထားတယ်။ စိတ်ဓါတ်မပါရင် Redmond သွားသွား Seoul ပဲ သွားသွား အလကားပဲ မလုပ်ဘူး။ Confidence & Passion ကို အရင်းတည်မှ Business idea ၁ခုကို ဒီလောက် Demand များတဲ့ လူတွေ အရှေ့မှာ ပြနိုင်မှာ၊ ပြချင်စိတ်ရှိမှာ မဟုတ်ပလား ။ ...
အဲ့တော့၊ ပြီးပါပြီ။ ကိစ္စက၊ ဘလော့ခ်ပြန်ရေးတော့မယ်။ နောက်နှစ် WWDC 08 ကို ၀င်ပြိုင်ဖို့လည်း စဉ်းစားနေပါတယ်။ သန့်ဇင် စိတ်ဝင်စားမယ်ဆိုရင်။ Chris ကိုလည်း တိုက်တွန်းထားတယ်။ =D aheee...
Rgds,
WaiPK