YourFreedom on OSX
ကျွန်တော်တို့ မြန်မာတွေ သိပြီးသားလည်း ဖြစ်လောက်မှာပါ။ ဒါပေမယ့် မနေနိုင်လို့ ရေးလိုက်တယ်။
YourFreedom ကို ကျွန်တော်လွန်ခဲ့တဲ့ ၄နှစ်လောက်က စသုံးပါတယ်။ သူ့ရဲ့ Features တွေကို အတော်လေး သဘောကျတယ်။ ပေးရတဲ့တန်ဖိုးနှင့် ရတဲ့ အကျိုးကလည်း တော်တော် တန်တယ် ( လို့ ထင်တယ် ) ။ ကဲပါထားပါတော့။
ကျွန်တော်က စင်္ကာပူ မှာဖြစ်ပြီး ဘာလို့ YF လိုလည်း ဆိုတော့ - ကျောင်းကြောင့်ပါ။ ကျောင်းက IM Clients တွေ ပေး မသုံးဘူးမဟုတ်ဘူး၊ ပေးသုံးပါတယ်။ ဒါပေမယ့် Mac OS X အတွက်တော့မဟုတ်ဘူး။ MSN က Widows XP ( via school proxy ) မှာ ရပြီး Official MSN Messenger for Mac OS X က တော့ သုံးမရဘူး။ ဒီ့ အပြင် iChat ကိုလည်း Port တွေ ပိတ်ထားသေးတယ်။ ဘယ့်နှယ့် လူနည်းစုသုံးတဲ့ Ports တွေကို ဘာလို့ ပိတ်ထားမှန်းနားကိုမလည်ဘူးဗျာ။ ခွဲခြား ခွဲခြား .... .... နှင့် .. !
အဲ့ဒါနှင့် ကျွန်တော်လည်း မနေ့ က မှ YF Site ကို ပြန်သွားပြီး ရှာကြည့်တော့ JRE Version ၊ Mac Version ရယ် ၂ခုတွေ့တယ်။ JRE ကို ပဲ ဒေါင်းလုပ်လုပ်ပြီး စမ်းသုံးကြည့်တယ်။ Zip File ကို Extract လုပ်လိုက်တာနှင့် freedom.jar ကို တွေ့လိုက်မယ်။ Run လိုက်တာနှင့် OS X ရဲ့ Java Emulator က Auto-Run သွားပါလိမ့်မယ်။ EMSGUI ဆိုတဲ့ ဆော့ဖ်ဝဲ ၀င်းဒိုးလေး Apple Task Bar မှာ ပေါ်လာပါလိမ့်မယ်။ နောက်ပိုင်း Steps တွေကတော့ ကျွန်တော်တို့ Windows မှာ လုပ်နေကျ အတိုင်းပဲ Wizard သုံးပြီး ဖြစ်ဖြစ် ၊ Manually Key in ပဲ ဖြစ်ဖြစ် Server Settings တွေ၊ Proxy တွေ ရိုက်ထည့် လိုက်ပါ။ ပြီးရင် Start Connection လုပ်ပြီးရင် သုံးလို့ရပါပြီ။ ...အဲ့ ၀င်းဒိုးကို မပိတ်ရပါ။ မျက်စိနောက်နေရင် Apple Key + H နှိပ်ပြီး Hide ထားလိုက်ပါ။ -)
ကျွန်တော်ပဲ ပိန်းတိန်းကျလို့လားတော့ မသိဘူး။ Google မှာ အချိန်အတော်ကြာ ပေးပြီး Anonymity Surfing Software တွေ ရှာလိုက်သေးတယ်။ YF မှာ ဒီလောက်လွယ်တဲ့ Version ရှိ တာကို ... =)
အချိန်ရရင် စမ်းကြည့်ပါ။ ဘာပဲပြောပြော ပျော်ဖို့ ကောင်းပါတယ်။ ... ဟီး....
Regards,
Wai Phyo Kyaw