JBuilder on OS X - Help me!
လုပ်ကြပါဦးဗျာ။ JBuilder သွင်းလို့လည်းမရဘူး။ ပြောတော့ Multi-Platform Support တဲ့ ခပ်တည်တည်နှင့် ဒေါင်းလုပ်တွေလည်း ပေးထားသေးတယ်၊ ပြီးတော့ Install လုပ်ရတာလည်း ရတဲ့ အခါမှရ၊ သွင်းပြီးရင်လည်း သုံးမရနှင့် ဒုက္ခအမျိုးမျိုးပေးနေပြီဗျ။ အွန်လိုင်းမှာ ရှာကြည့်တော့ Apple Scripts လိုလို၊ Unix Shell Commands တွေလိုလို အရာတွေတော့ တွေ့ပါတယ်။ ပြောတဲ့ အတိုင်း Run ကြည့်တော့လည်း မရ၊ နဂိုကတည်းကရတဲ့လူက ခပ်နည်းနည်းရယ်နှင့်။ အရေးထဲ ကျွန်တော်က J2SE 5.0 Update 9.0 သွင်းထားတော့ Apple ရဲ့ JDK 1.4.2 နှင့် လည်း Clash ဖြစ်ချင်သလိုလိုလုပ်နေလို့ မနည်းရုန်းလိုက်ရတယ်။ နာရီ အနည်းငယ်ကြာအောင်လုပ်ပြီးတဲ့အခါမှာလည်းဘာမှ မအောင်မြင်လိုက်ပါဘူး။ အဲ့ဒါနှင့် နှစ်ရက်လောက်ကြာတော့လည်း ထပ်စမ်းတယ်။ လင့်ခ်အသစ်ကလေးတွေတွေ့လို့ ရဘူးဗျာ။ တကယ်လို့ အောင်မြင်ထားတဲ့လူရှိရင်ပြောစမ်းပါ။ ကျောင်းက JBuilder သုံးတော့ ကျွန်တော်က တခြား IDE သုံးရင် လာရစ်နေမှာစိုးလို့။ Eclipse IDE ဆိုတာလည်း ရှိပေမယ့် မသုံးရဲဘူးဗျ။ ရှိထားတဲ့ Files လေးတွေ ပျက်သွားမစိုးလို့ဗျာ။
....sigh..... *x*
Wai Phyo Kyaw _ \n
@ eddie