Songs Revealing Inner Heart
နေညိုချိန်လမ်းလေးပေါ် ရီဝေနေတဲ့အကြည့်တွေ
တို့အတွက်နောက်ဆုံး လက်ဆောင်များလား
နီးစပ်ဖို့လည်း မလွယ်တော့ဘူး ဝေးသွားဖို့လည်း
မခံနိုင်ဘူး
တွဲလက်ကလေး လွတ်ခါသွားချိန်
ကိုယ်စီစိတ်ကူးလေးတွေ လေဟာနယ်ထဲလွင့်ပြီး
အပိုင်းအစတွေဘဲ တို့အတွက်ကျန်ခဲ့ပြီ
နီးစပ်ဖို့လည်း မလွယ်တော့ဘူး ဝေးသွားဖို့လည်း
မခံနိုင်ဘူး
တွဲလက်ကလေး လွတ်ခါသွားချိန်
ဒို့နှစ်ယောက် နှုတ်ဆက်ချိန်လေးတွေ မြင်ယောင်နေမိတယ်
အတိတ်က ဒို့အဖြစ်တွေလည်း အိပ်မက်လိုဘဲ
အချစ်နှင့်ပေးဆပ်ချင်လည်း ယူဆောင်မသွားနိုင်တော့
တို့ရဲ့ အချစ်တွေဟာ ဆောင်းအိပ်မက်လိုပါပဲ ကွာ။
မျှော်လင့်ချက်များစွာနှင့် အလိုချင်ဆုံးဆန္ဒ
တောင့်တဖို့မလွယ်ဘူး .. ကြယ်စင်များဆီမှာ
အိုး .. ဒါအလွမ်းရဲ့ည။
ကိုယ်ချစ်တဲ့ လမင်းရယ် မင်းအနားမှာ အမြဲ
ခိုလှုံချင်တယ် အိပ်စက်ပြီး
မှောင်သောညတွေရယ်
အထီးကျန်ရင်း ၀မ်းနည်း၊
သန်းခေါင်ယံညထဲ မင်းပါကလေးရယ်
ဘာမဆိုကိုယ်အမြဲ တိုင်တည်ပြီးထားခဲ့
အလိုချင်ဆုံးဆန္ဒ
တောင့်တဖို့မလွယ်ဘူး အချစ်ရယ်.. ကြယ်စင်များဆီမှာ
အိုး .. ဒါအလွမ်းရဲ့ည။
နှလုံးသားသံစဉ်တွေရဲ့
ဦးတည်ရာမဲ့
ကောက်နှုတ်ချက်
ဝေဖြိုး ( မတ် ၄ ရက် ၂၀၀၆ ၊ နံနက် ၁း၁၅ )