IT Guys: Bachelors-gonnabes!
ဒီလိုပဲ မနေ့ကပေါက်ကရလျှောက်စဉ်းစားမိတာပါ။ ကောင်မလေး ၁ ယောက်နှင့် ချတ်နေတယ် ( ထုံးစံအတိုင်း ) ။ ဒါပေမယ့် ကျွန်တော်က SPMSC ( Singapore Polytechnic Myanmar Students Community ) က ခိုင်းထားတဲ့ Flyers Design ကို စဉ်းစားရင်းနှင့် နေးတစ်မြန်မာက Technical ပို့စ်လေးတွေ ဖတ်နေတာ။ ဟီးဟီး ဟိုဖက်မှာ ချတ်နေတာ လုံးဝမေ့သွားတယ်။ ဒါမျိုးတစ်ခါလည်း မဟုတ်ဘူး။ ခဏခဏပဲ။ “ ဟိတ် အိပ်ပျော်သွားပြီလား။ ” “ ရေခဲတုံးကြီး စကားပြန်ပြောဦး ” တွေကော ဘာတွေကော ရှုပ်နေတာပဲ။ ခေါ်နေတာ။ သူတို့နားလည်ပေးဘူးဂျာ။ ကွန်ပျူတာ သမားတွေရဲ့ ဘ၀ကို၊ အစဉ်အမြဲလေ့လာသင်ယူနေတဲ့ လူ့အဖွဲ့အစည်းမှာ ကျွန်တော်တို့က အထူးငါးနှစ်၊ ဆယ်နှစ် စဉ်ဆက်မပြတ်အမဲဖျက်တဲ့ စနစ်နှင့် တွေ့ခဲ့ရတဲ့ ကျောင်းသားတွေဆိုတော့၊ အခု ဒီမှာ မီးလေးလာတုံး၊ ကွန်နက်ရှင်းလေးရှိတုံး သင်ရတာပါ။ အဲ့ဒါကို မိန်းကလေးတွေက ကွိုင်တယ်ဂျာ။ နည်းနည်းလေး တော့ နားမလည်ပေးဂျဘူး။ ဘာပြောတယ်မှတ်လဲ တစ်ချို့ဆို။ အိုင်တီ သမား မယား တဖားဖား ဆိုပဲ။ တစ်ရွာသားရည်းစားလုပ်ရင် လွမ်းရတယ်၊ အိုင်တီ သမား ရည်းစားလုပ်ရင် (ဘ၀လေး) နွမ်းရတယ်။ မျောက်သာအမြီးဖြတ်ယူမယ်၊ ကွန်ပျူတာ သမားနှင့် တော့ လင်မလုပ်ဘူးတဲ့။ အဟင့် ကျွန်တော်တို့ ဘ၀က .. ဆိုးပ။ အိုင်တီသမားလင်လုပ် စာခြောက်ရုပ် ( အဲ့လို လယ်ထဲမှာ မတ်တပ်ရပ်နေရအောင် မွဲသွားတာ )။ စိတ်ကိုညစ်ရောဗျိုး။ ပြောတော့လည်းမကြိုက်ကြဘူးကွယ် တစ်ချို့တွေကဒေါသကြီးတယ်။ စိတ်ပိန်လို့ ဒီနေရာလေးမှာ လာအော်ကြည့်တာပါဗျာ။
ဝေဖြိုး
ဧပြီလ ၆ ရက် ၂၀၀၆ ခုနှစ်
~~~~~~ သဗ္ဗေသတ္တာ အဗျာပစ္ဇျာ ဟောန္တု ~~~~~~