Site Relocation
Showing posts with label nargis. Show all posts
Showing posts with label nargis. Show all posts
Monday, May 12, 2008
Friday, May 09, 2008
Nargis News, Facts - Sources
နာဂစ် ဆိုးရွားချက်က အသောမသတ်နိုင်အောင်ပါပဲ။ ကျွန်တော်တို့ အားလုံး ဘယ်လိုမှစိတ်မအေးနိုင်ဘဲ နေ့စဉ်ရက်ဆက်ပူပင်နေရပါတယ်။ သတင်းမီဒီယာတွေ အင်မတန်ပြန့်နှံ့နေပြီး ဖတ်စရာသတင်းလေးတွေရှိတာကိုတော့ ကျေးဇူးတင်ရမှာပါ။ ကွန်ပျူတာသမားမဟုတ်သော၊ သတင်းတွေရှုပ်လွန်းလို့ ဘယ်ကဖတ်ရမှန်းမသိ စိတ်ညစ်နေသော အကိုတို့အမတို့ အများဆုံး သတင်းတွေရနိုင်တဲ့နေရာတွေ ပြောရမယ်ဆိုရင် -
1# Twitter - သင့်အကောင့်၁ခုကို အခုချက်ခြင်း ဖရီးသွားယူလိုက်ပါတော့။ ပြီးရင်၊ ဂျီတော့ခ်ထဲမှာဖြစ်ဖြစ် Twitter bot ထည့်ပြီး "Track burma","Track Myanmar","Track Nargis" လုပ်ထားလိုက်ပါ။ မြန်မာသတင်း၊ နာဂစ်သတင်း၊ အကုန်တွေ့ရမှာပါ။ မိနစ်ပိုင်းအမျှ ချက်ခြင်း အပ်တူဒိတ်ဖြစ်နေပါတယ်။
2# Google News - ပြောစရာမလိုပါဘူး၊ သူလည်း အပ်ပဒိတ်ဖြစ်ပါတယ်။ Twitter မလုပ်ချင်သေးရင်၊ အဲ့ဒီမှာ သွားကြည့်နိုင်ပါတယ်။
3# Channel News Aisa မြန်မာအတွက် သီးသန့် follow လုပ်နေတဲ့ ဆိုင်ကလုန်း စာမျက်နှာပါ။ အသုံးဝင်ပါလိမ့်မယ်။
4# AP.org , Reuters.com အစရှိတဲ့ သတင်းဌာနကြီးတွေလည်း စိတ်ချရပါတယ်။ ကျွန်တော်ကတော့ personally ယူကေ သတင်းဌာနတွေဖြစ်တဲ့ Sun, Daily Telegraph, Mail တို့ကို မယုံပါဘူး =) ခဏခဏ ယုန်တောင်ပြေး ခွေးမြောက်လိုက် တလွဲတွေကြီး ပြောနေလို့ပါ။ အင်း.. ဒီလောက ကလည်း ဒီလိုပါပဲဗျာ။
ဘာပဲဖြစ်ဖြစ် twitter မှာစောင့်ကြည့်တာ အကောင်းဆုံးဖြစ်ပြီး၊ မျက်စိ နောက်မခံနိုင်တဲ့လူတွေကတော့ သပ်သပ်ရပ်ရပ် #2,#3,#4 နေရာတွေမှာ စောင့်ကြည့်နိုင်ပါတယ်။ တတ်နိုင်သလောက် ကူညီတာပါဗျိုး။ Volunteer အလုပ်တွေလည်း စီစဉ်နေပါတယ်။ မောင်သန့်ဇင်တို့နှင့်။
-WaiPK
Saturday, May 03, 2008
Nargis devastated Yangon - Damn!
update: May 4 '08
ဖုန်းလိုင်းတွေ တစ်ချို့များ ပြန်ကောင်းနေလေရော့။ သူငယ်ချင်းတစ်ယောက်က ခေါ်ကြည့်တော့ အဆင်ပြေနေတာကို တွေ့ရတယ်တဲ့။
22, some 24x, 38, 70, 52, some 68x, အိုကေတယ်လို့ ပြောတာပဲ။ ကျွန်တော့် ဟန်းဖုန်းနှင့် ၂၄ အိမ်ဖုန်းတော့ အဆင်မပြေသေးပါဘူး။ 29 တွေလည်း မရပါဘူး။ တစ်ချို့ပြောတော့ ခဏခဏခေါ်ရင် ၀င်သွားတယ်ဆိုပဲ။ IDD 018 နှင့်သာ စမ်းကြည့်ကြပေရော့ဗျို့။
ဟိုကနေဆက်ရင် ၁မိနစ် ၃၅၀၀ ဆိုပဲ။ ဖရား ဖရား။
death toll ကတော့ ၃၅၁ ဖြစ်သွားပြီတဲ့။ ဆိုးရွား။
နာဂစ်ကြီး ဆော်သွားတာ အင်မတန်ပြင်းထန်လွန်းပါတယ်။ ကျွန်တော်အိမ်ကို မနေ့ည ၁၀နာရီလောက် ဖုန်းဆက်ပြီး သတိပေးတော့ "လူတိုင်းတော့သိကြပါတယ်။ ဒါပေမဲ့ ဘာမှမပြင်ဆင်ထားဘူး" ဆိုခဲ့ကြပါတယ်။ ဆိုးရွားစွာ စိတ်မကောင်းစရာဘဲ ည ၁၁နာရီခွဲလောက်က စပြီး ၁နာရီ မိုင် ၁၂၀-၁၅၀ လောက်ရှိတဲ့ လေလုံးတွေက အကုန်လုံးကို ရက်ရက်စက်စက် ဖျက်ဆီးသွားတာ ဒီကနေ့စနေနေ့ နေ့လည်ခင်း မွန်းလွဲကျော်ထိပါပဲ။
- ခွေးတစ်ကောင် ကြောင်တစ်မြီး လမ်းပေါ်မှာ မကျန်ပါဘူးတဲ့။
- သစ်ပင်တွေ၊ ဓါတ်တိုင်တွေ အမြစ်ကကျွတ်ထွက်ပြီး ဖုန်း၊ လျှပ်စစ်မီး၊ စလောင်း အကုန်နီးပါးပြတ်သွားပါပြီ။
- တဲတွေ တစ်စစီဖြစ်၊ မှန်တွေ လေထဲဝဲကုန်ပါတယ်။
- တိုက်တွေတော့ ပြိုတယ်လို့ မကြားမိပေမဲ့ လူဒဏ်ရာအနာတရတွေရှိတယ်လို့ ဆိုကြပါတယ်။ =(
- မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ ပုသိမ် ကုန်သွားပြီလို့ စိတ်မကောင်းစရာကြားရပါတယ်။
- ဖုန်းအိတ်ချိန်းကို နားလည်တဲ့သူငယ်ချင်းကိုမေးတော့ ပုဇွန်တောင်၊ မရမ်းကုန်း အကုန်ပါသွားတဲ့အတွက် အင်တာနေရှင်နယ် call တစ်ခုမှမရဘူးဆိုပါတယ်။
- မောင်သန့်ဇင် အင်မတန်ကံကောင်းစွာဖြင့် 38xxx နံပါတ်ဖြစ်တဲ့ သူ့အိမ်ကို ခေါ်တာရပါတယ်။ သေချာစမ်းသပ်ပြီးတဲ့ သကာလမှာ Internet, Cellular, GSM, 24xxx, 20xxx, 29xxx, 66xxx, နံပါတ်တွေ မရပါဘူး။ 38xxx ကတော့ smooth အများအားဖြင့် ရပါတယ် ဒါပေမဲ့ သူငယ်ချင်းတစ်ချို့က မရဘူးလို့လည်း ပြောနေကြပါတယ်။
- စင်္ကာပူမှ ဗမာများ 1818, Hello, အစရှိသော ဖုန်းကဒ် ပေါက်ကရများနှင့် ဆက်ဖို့ကြိုးစားမနေပါနှင့်၊ တစ်ခုမှမရပါဘူးဗျာ။ 018 နှင့်သာ ခေါ်ပါ။ သင့်ပိုက်ဆံတွေ မစားသွားပါဘူး။ အဲ့ဒီ ကဒ်တွေကသာ အကုန်စားသွားပါလိမ့်မယ်။
... ကျွန်တော်တို့ သိင်္ဂုတ္တရကုန်းရှိရင် ဘေးမကပ်ဘူးလို့ ဆိုပြီးများ ပေါ့ခဲ့လေရော့သလား။ အခုတော့ ကုန်ရှာပြီ။ အကုန် Ground Zero ဖြစ်မသွားတာဘဲ အကောင်းမြင်စရာရှိပါတော့တယ်။
ကျွန်တော်နှင့် သန့်ဇင်ဦးကတော့ အင်မတန်ကံကောင်းစွာ [ပြောရတာလုံးဝစိတ်မကောင်းသော်လည်း] နှင့်ပဲ ဖုန်းတစ်ချက်ခေါ်နိုင်ခဲ့ပါတယ်။ တစ်ဆင့်ကြားသိရတာကတော့ [ကျွန်တော်လည်း စကားမပြောရသေးပါဘူး] အမေက ချောလဲသွားတယ်ဆိုပဲ။ ဒဏ်ရာမပြင်းထန်ဘူးဆိုလို့ စိတ်အနည်းငယ်သက်သာရပါတယ်။ ... အားလုံး 38 နံပါတ်တွေကို ခေါ်ကြည့်ကြဖို့လည်း တိုက်တွန်းပါတယ်။ ကျွန်တော်တို့အားလုံး ဆုတောင်းနေကြပါတယ်။ တက်နိုင်တာရှိရင် ကူညီဖို့လည်း ကြိုးစားနေကြပါတယ်။
အသစ်တွေ ထပ်သိရရင်လည်း ချက်ခြင်း update လုပ်ဖို့ကြိုးစားပါဦးမယ်ဗျာ။ ...
စိတ်မကောင်းစွာဖြင့်..
ဝေဖြိုးကျော်
Posted by
Wai Phyo
at11:47 PM
0 comments
