Site Relocation

Moved to waiphyok.com
Showing posts with label macbook pro. Show all posts
Showing posts with label macbook pro. Show all posts

Saturday, October 18, 2008

Macbooks - Finally they are out!



စောင့်ခဲ့ရတာ ၇လ ၈လလောက်ရှိတော့မယ်။ အခုမှပဲ မက်ဘွတ်ခ် အသစ်တွေထွက်တော့တယ်။ ကျွန်တော့်မှာတော့ ... အဲ့ဒီကောင်တွေ ထွက်မလားထွက်မလား စောင့်ရင်း ရှိတဲ့ .. ပိုက်ဆံလေး ကုန်သွားတယ်။ ကြားထဲမှာ ၀ယ်လိုက်တဲ့ Compaq တစ်လုံးနှင့် သောင်တင်ပြီး ကျန်ခဲ့တာပဲ အဖတ်တင်တယ်။



အသစ်ထွက်တဲ့ .. မက်ဘွတ်ခ်တွေ အကြောင်းကို ကျွန်တော် detail မရေးတော့ပါဘူး။ ( နောက်ပိုင်း ဘယ်သတင်းမှ အသေးစိတ်မရေးတာ အကောင်းဆုံးပဲ၊ ကျွန်တော့်ရဲ့ ပေါက်ကရဘာသာပြန်ကို ဖတ်မဲ့အစား ဘိလပ်လိုရေးထားတဲ့ သတင်း အော်ရီဂျင်နယ်ကိုသာ အားပေးသင့်ပါတယ်။ ) ပိုပါး .. ပိုမြန်၊ ဂရပ်ဖစ် မဟားဒယား ပိုကောင်းလာပြီး၊ Benchmark တွေအရ အကောင်းဆုံး ဂိမ်းကစားနိုင်တဲ့ Laptop လို့တောင် ပြောနေတာကို တွေ့ရပါတယ်။ အလျူမီနီယမ်ကို အပြည့်အ၀ ... တစ်သားတည်း ဖြစ်အောင် အင်ဂျင်နီယာ ကောင်းကောင်းနဲ့ တည်ဆောက်ထားလို့ ခိုင်ခန့်ပြီး .. သူ့ရဲ့ Glass "LED" Display ကလည်း နဂိုကထက် ပိုမို လင်းလက် တောက်ပြောင်နေပါတယ်။ Multi-Touch တပ်ခ်ျပဒ် ... ကလည်း ပြောစရာမလိုအောင် အသုံးဝင်ပါတယ်။ အသစ်ထွက်မဲ့ Snow Leopard ရဲ့ OpenCL, GrandCentral စတဲ့ အဆင့်မြှင့် ... API တွေ.. Code Base တွေနှင့် ပေါင်းစပ်လိုက်ရင် .. အကောင်းဆုံး Laptop တစ်လုံးလို့တောင် ပြောလို့ရနေပါပြီ။ ... Firewire မပါတာ၊ Glass ကြောင့် အနည်းငယ်ပိုလေးသွားတာ၊ အစရှိတဲ့ ပန်းသီးရဲ့ ထုံးစံအတိုင်း အူကြောင်ကြောင် ပြဿနာတွေကိုတော့ လက်ခံပေးနိုင်ရပါမယ်။



ကျွန်တော် ကတော့ လက်ရှိကာလ မွဲသွားတဲ့အတွက် ဘာမှမ၀ယ်နိုင်သေးပါဘူး။ ကျောင်းက ငွေချေးပြီး ၀ယ်ရင်ကောင်းမလားလို့တော့ စဉ်းစားနေပါတယ်။ ကြည့်ကြသေး တာပေါ့ဗျာ။ သေချာတာတစ်ခုကတော့ မက်ဘွတ်ခ်တစ်လုံး အတော်လေး လိုအပ်နေတယ်ဆိုတာပါပဲ။



ဈေးကတော့ စလုံး ၁၉၀၀ ၀န်းကျင်ကနေ ... ၃၈၀၀ လောက်ထိရှိပါတယ်။ ဘာညာ discount တွေ ရှာဝယ်ပေါ့ဗျာ။ =x


Cheers,
-W

Thursday, August 28, 2008

Macless Syndrome


ကျွန်တော့်ကို မက်ခ် သတင်းတွေ၊ ဆောင်းပါးတွေ မရေးလို့ ... စောင့်နေကြတဲ့ ( perhaps ) .. စာဖတ်သူတွေ အတွက် သတင်းဆိုး၁ခုရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော့်မှာ မက်ခ်ကင်းတော့်ခ်ျ ကွန်ပျူတာမရှိတော့တာ ၃လ ပြည့်ပါတော့မယ်။ အဲ့လို ကွန်ပျူတာမဲ့ဘ၀ရောက်သွားရတဲ့ အကြောင်းအရင်းကိုတော့ ဖွင့်ဟမပြောလိုတော့ပါဘူး။

သေချာတာကတော့ ကျွန်တော်အခု ပီစီ ၁လုံး ယာယီသုံးနေတယ်ဆိုတာပါပဲ။ Brand ကတော့ ကွန်းပက်ခ်ပါ။ HP ရဲ့ လက်အောက်ခံဆိုပါစို့။ အခုလို စက်တင်ဘာကာလ .. ပန်းသီး ကွန်ပျူတာတွေ ဈေးချတဲ့အချိန်မှာ ဘာလို့ ကျွန်တော် ... မက်ဘွတ်ခ်ပရို.. ၁လုံး ပြန်မ၀ယ်ဖြစ်လိုက်လဲဆိုတဲ့ မေးခွန်းကို ဖြေကြားမျှဝေချင်ပါတယ်။ =x

- 1 - တစ်ခုက .. အခုလက်ရှိ မက်ဘွတ်ခ်ပရိုတွေဟာ နည်းနည်း အောက်ဒိတ်ဖြစ်နေပါပြီ။ ... ဒီဇိုင်းအားဖြင့်လည်း အရင် PowerBook နှင့် ချွတ်စွတ်တူနေတာ နှစ်ပေါင်းမနဲတော့ပါဘူး။ ပရိုဆက်ဆာတွေ ချစ်ပ်စဲတ် တွေဟာလည်း ... သူများတွေနဲ့ယှဉ်ရင် နောက်ရောက်နေတယ်လို့ထင်ပါတယ်။ ဥပမာ Fujitsu, Acer, Dell တို့အားလုံး Montevina သုံးနေကြတဲ့အချိန်မှာ သူတို့က .... အရင်ဟာတွေပါပဲ။

- 2 - စက်တင်ဘာကာလ နောက်ဆုံးပတ်လောက်ထိအောင် ရှိနေတဲ့ Back To School ပရိုမိုးရှင်းဟာ အင်မတန် တန်၊ ဈေးသက်သာသော်လည်း တစ်ဖက်ကကြည့်ရင် အဟောင်းတွေ အကုန်.. stock ရှင်းလိုက်တာပါပဲ။ ကျွန်တော်ကတော့ personally လွန်ခဲ့တဲ့၂နှစ် .. ဒီလိုအကွက်ကောင်းမျိုးနဲ့ ၀ယ်ဖူးတော့.. သိနေပါပြီ။ နောက် ၁လ ၂လ ကြရင် .. ပစ္စည်းအသစ်တွေ ထွက်တော့မယ် ဆိုတာ။ ဒီနေရာမှာ ... Cost-sensitive customers တွေအတွက်တော့ ရွေးချယ်စရာ နှစ်ခွဖြစ်မနေလောက်ပါဘူး။ ပရိုမိုးရှင်းကြိတ်လိုက် ပြီးရောဆိုပြီး .. တွေးနေမယ်ထင်ပါတယ်။

- 3 - ဒါနဲ့ ကျွန်တော် ပထမ လမ်းစဉ်ဖြစ်တဲ့ .. စောင့်ဆိုင်းရမဲ့ လမ်းကို ရွေးလိုက်တယ်။ (ကျောင်းက ပိုက်ပိုက်ချေးမယ်ဆိုတော့ .. ပျော်ပျော်ပါးပါးကြီးစောင့်တာပေါ့ဗျာ ) ၂လ ရှိပြီ ပေါ်မလာသေးဘူး။ အောက်တိုဘာလဆန်းမှထွက်မယ်လို့လည်း ကြားတယ်။ နောက်ဆုံးအဲ့လောက်ကြာနေတဲ့အဆုံး ကျွန်တော် ကွန်ပျူတာတစ်လုံး ယာယီဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။

- 4 - အပေါတကာ့အပေါဆုံးတွေ လိုက်ရှာတာပေါ့။ eBay, Y! Auctions, Hardware Zone အပါအ၀င် .. Sim Lim က ဆိုင်တွေအဆုံးလိုက်ရှာတာ တွေ့သင့်သလောက်တော့ တွေ့သဗျ။ ကျွန်တော်က ၈၀၀ တန် လက်ပတော့လိုက်ရှာတာ။ ပြီးတော့ ပရောဂျက်တွေ၊ အလုပ်တွေလုပ်ဖို့လည်း ... ကိုက်အောင်ဆိုပြီး Requirements ကလည်း မြင့်သေးတယ်။ အဲ့တော့ လွယ်လွယ်နဲ့တော့ မရလိုက်ဘူး။ နောက်ဆုံးဖြစ်ချင်တော့ သုံးမျိုးသွားတွေ့တယ်။ EEE pc 1000h, Acer Extensa 4620, Lenovo, Compaq ဆိုပါစို့။

- 5 - နောက်ဆုံး .. build လည်းကောင်း၊ ပစ္စည်းလည်းစုံ၊ အသစ်ချပ်ချွတ် HP က ကိုယ်တိုင်ရောင်းတဲ့ .. လက်ပတော့ဖြစ်တဲ့ Compaq ၁လုံးရလိုက်တယ်။ ... ဟို ပလက်စတစ်သားနဲ့ Acer ကိုတော့ ဖယ်လိုက်တယ်။ စိတ်ဝင်စားရင် လူပါရိုက်သတ်လို့ရတဲ့ Lenovo လည်း ရှောင်လိုက်တယ်။ ပရိုဆက်ဆာမြန်သော်လည်း အလုပ်မတွင်တဲ့ EEE pc လေးကို ဖယ်လိုက်တယ်။ ( ပိုက်ဆံရှိရင်တော့ အဲ့ဒါမျိုးတစ်လုံး ၀ယ်ထားသင့်တယ်။ အရမ်းပေါ့ပြီး အဆင်ပြေတယ်ဗျာ။ )

အဲ့ဒါနဲ့ ... သွားတာ့တာပဲ .. ကျွန်တော့်မှာ လောလောဆယ် Vista Premium ကြီးနဲ့ stuck ဖြစ်။ ဒိုမိန်းလည်း ဂျွိုင်းမရ ဘာမရနှင့်၊ အင်း.. နောက်ဘယ်၂လလောက်ထပ်ပြီး စောင့်ရမလဲမသိဘူး။ အိုင်ဖုန်းကလည်း SingTel ပြုသမျှ ခံနေရတော့ .. သွားမလျှောက်ချင်ဘူး။ .. iFlexi ဆိုတဲ့ ပလန်တွေက .... iBankrupt လို့တောင် ပြောလို့ရတယ်။ .. ကြောက်ဖို့ကောင်းလောက်အောင် ဈေးကြီးတယ်ဗျိုး ... ။

Regards,
-W

Thursday, June 05, 2008

BTS Promo | WWDC | 10.6



ဘလော့ခ် တစ်ခါတစ်ခါရေးဖို့ အင်မတန် ခက်ခဲလာသဗျိုး။ အချိန်ရတုံး မရေးထားရင် ရေးဖို့စီစဉ်ထားတဲ့ List သာ တဖြည်းဖြည်းကြီးထွားလာမယ်။ ဘာမှမတင်နိုင်ဘူး။

ကွန်ပျူတာဝယ်လိုသူများအတွက် သတင်းကောင်း ၁ခု ရှိပါတယ်။
Apple က သူ့ရဲ့ Back to School Promotion ကို ဒီနှစ်အတွက် ပြန်ဖွင့်လိုက်ပါပြီ။ ကျောင်းသား၊ကျောင်းသူများအတွက် 150 ~ 300 အထိဈေးလျှော့ပေးထားပြီး အိုင်ပေါ့တစ်လုံး (ဒီနှစ်ဆို iPod Touch တောင်ပါတယ်) အလကားပေးနေပါတယ်။ အရမ်းတန်တယ်လို့ဆိုရပါမယ်။ လွန်ခဲ့တဲ့ ၂နှစ် ဒီအချိန်က ကျွန်တော့် Macbook လေးကို ၀ယ်ဖြစ်တာပါ။ အင်မတန် အသုံးဝင်၊ အကျိုးပြုခဲ့ပါတယ်။ အခုလည်း အဲ့စက်ကို ညီတစ်ယောက်ကို ပေးလိုက်လို့ ကျွန်တော် အသစ်တစ်လုံးဝယ်ဖို့ အကြောင်းဖန်လာပြန်ပါပြီ။ စလုံးမှာ ဈေးကြီးတော့ ဒီလိုဈေးသက်သာတုံး ၀ယ်မှ ကိုက်မှာဗျ။

နောက်တစ်ခုကတော့ WWDC ပါ။ တင်္နလာနေ့မှာ ကျင်းပမဲ့ ဒီပွဲကို လူတော်တော်များများက စောင့်ကြည့်နေကြပါတယ်။ လက်မှတ်တောင် အစောကြီး ရောင်းကုန်သွား တာကိုသာ ကြည့်တော့။ စတိဗ်ဂျော့က ဖွင့်ပွဲနေ့မှာ keynote ပြောမှာဖြစ်ပြီး အိုင်ဖုန်း 3G အပါအ၀င် ထူးထူးဆန်းဆန်း ပစ္စည်း၁ခု၁ခုကို မိတ်ဆက်မယ်လို့ ပြောနေကြပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာက ၂၀၀၉ ဇန်န၀ါရီမှာ အသစ်ထွက်မဲ့ Mac OS X 10.6 ပါ။ Features အသစ်တွေ မပါရင်တောင် အခုလက်ရှိကျန်နေသေးတဲ့ PowerPC / Carbon API တွေကို ရှင်းထုတ်လိုက်ပြီး Cocoa Pure, 64 bit နှင့် ပိုပြီး မြန်ဆန် လုံခြုံတဲ့ စနစ်တစ်ခုဖြစ်လာမယ်လို့ဆိုပါတယ်။ OS အသစ်၁ခု တစ်နှစ်တစ်ခါထွက်မယ်လို့ ကတိပေးထားတဲ့အတိုင်း တကယ်လိုက်ထုတ်နိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။

ဆောင်းပါးကောင်းတစ်ခု ဖတ်ချင်တဲ့လူများအတွက် CultOfMac မှာ Macintosh - Next OS - OSX တစ်ဆင့်ပြီးတစ်ဆင့် ဆယ်စုနှစ်တစ်ခုလုံးလုံး စတိဗ်ဂျော့ ပြောင်းယူလိုက်ရပုံကို ညွှန်းချင်ပါတယ်။ သူ့ရဲ့ လွန်ခဲ့တဲ့ ၁၀နှစ်က အင်တာဗျူး စာပိုဒ်လေးကို ကျွန်တော် သဘောကျလို့ ဒီမှာ paste လုပ်ပါရစေ။

ကွန်ပျူတာ လောကကြီးက အသစ်အဆန်းတွေ မတိုးနိုင်သလောက်နီးပါး သေသွားပါပြီ။ မိုက်ခရိုဆော့ဖ်က လုံးဝ သိမ်းယူလိုက်ပြီး .. ကျွန်တော်တို့ ရှုံးသွားပါပြီ။ ကွန်ပျူတာလောကကြီးကတော့ တန့်နေပါတယ်။ အမှောင်လောကထဲမှာ နောက်ဆယ်စုနှစ်၁ခုစာလောက်တော့ အနည်းဆုံး နေနေပါလိမ့်မယ်။ မိုက်ခရိုဆော့ဖ်လည်းပဲ တစ်ချိန်မှာ သူ့ရဲ့ ဆရာကြီးဘ၀ကို ကျေနပ်နေတာနှင့် သူများတွေက ကျော်သွားပါဦးမယ်။ ဒါတွေက ဖြစ်ရိုးဖြစ်စဉ် သဘောတရားတွေပါ။ အဲ့ဒီအချိန် မတိုင်ခင်ကတော့ ကျွန်တော်တို့ ရှုံးနေပါတယ်။ စီးပွားရေး ဌာနတွေ၊ ကျောင်းတွေအကုန်လုံး မိုက်ခရိုဆော့ဖ် လွှမ်းခြုံထားပြီး အထူးတလည် အသစ်အဆန်းတွေ ထွက်ဖို့ အလားအလာသိပ်မရှိပါဘူး။ ဒါပေမဲ့ နောက်ဆယ်နှစ်အကြာလောက်မှာတော့ (အခုကတည်းက အစပြုနေပြီဖြစ်တဲ့) ၀ဗ်၊ အွန်လိုင်းတွေ အရမ်းတိုးတက်လာပါလိမ့်မယ်။ နေရာတကာမှာ အွန်လိုင်းဆက်သွယ်မှုတွေ ဆော့ဖ်ဝဲတွေအားကောင်းလာမှာဖြစ်ပြီး အသစ်အဆန်းတွေ အပြိုင်အဆိုင်နေရာယူလာပါလိ့မ်မယ်။ မိုက်ခရိုဆော့်ဖ်လည်းပဲ ဘာလုပ်ရမှန်းမသိအောင်ဖြစ်နေပြီး သူ့ရဲ့လွှမ်းခြုံထားတဲ့ အရိပ်မည်းကြီး အားပျော့လာတာကို တွေ့ကြုံပါလိမ့်မယ်။ အဲ့အချိန်ဟာ တကယ်ပြောင်းလဲမဲ့အချိန်ပါပဲ။

မှန်မမှန် ...ပေတံတစ်ချောင်းသာ ယူပြီးတိုင်းကြည့်ပေရော့ဗျာ။ အခုလို open standards တွေ၊ simpler, faster, securer စနစ်တွေ၊ ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေ တနေ့တခြားတိုးနေတာ ဆရာကြီး MS လည်း ဗျာများနေရပါပြီ။ အောင်မြင်တဲ့လူတွေရဲ့ စကားဟာ ဗေဒင်ဟောတတ်ဆရာမလိုဘူး၊ နောက်ဆယ်နှစ် လှမ်းပြီး တွတ်လိုက်တာ မှန်နေတယ်ဆိုတာ သဟာမျိုးထင်ပါရဲ့။

.. ဒီနေ့တော့ ဒီလောက်ပဲရေးနိုင်တယ်ဗျိုး .. ကွန်ပျူတာမရှိတော့ အလုပ်မတွင်ဘူးဗျာ ။..

Rgds,
WaiPK





Monday, December 31, 2007

New Year Refurb Watch - Singapore Apple Store



နှစ်ကူးမှာ အိုင်ပေါ့အသစ် ကွန်ပျူတာအသစ်ဝယ်ချင်သူများ Refurbished Apple Products တွေကို မမေ့ပါနှင့်။ Apple Deals! Singapore Apple Store က အခု Refurbished item တွေ ထပ်ဖြည့်လိုက်ပြန်ပါပြီ။ ပြီးခဲ့တဲ့ ၂ရက်က မောင်သန့်ဇင်ကတော့ အိုင်ပေါ့ ပထမမျိုးဆက် 2GB ကို SGD 88 နှင့် ၀ယ်လိုက်ပါတယ်။ အဲ့ဒီနေ့ပြီး နောက်တစ်ရက်မှာ တော်တော်များများကုန်သွားခဲ့ပြီး ဘာမှ ထပ်ဝယ်လို့မရတော့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာ Apple Store က ထပ်ပြီး stocks တွေကို replenish လုပ်လိုက်ပါတယ်။ အခု ရောင်းနေတဲ့ Refurbished Products တွေကတော့




Refurbished iPod(s)
- iPod Video 5.5 Generation 30GB @ SGD 288
- iPod Nano Previous (2nd) Generation 4GB Silver/Green @ SGD 158
- iPod Nano 1st Generation 2GB White/Black @ SGD 88
- iPod Nano 1st Generation 1GB White/Black @ SGD 68
- iPod w/Color Display 60GB @ SGD 218
- iPod w/Color Display 30GB @ SGD 179
- iPod w/o-Color Display U2 Edition 20GB @ SGD 118
- iPod Shuffle (current design) 1GB Orange/Pink/Silver @ SGD 79

Refurbished Mac(s)
- Macbook Pro 17inch, 2.4GHZ Intel Core 2 Duo, 2GB RAM, 160GB Hdd, Nvidia 8600M GT with 256MB GDDR3 ... @ SGD 3838 (cheap!)
- Macbook 13inch, 2.16GHz Intel Core 2 Duo (White), 1GB RAM, 120GB Hdd, GMA 950 ... @ SGD 1568 (real cheap!)

ဒါကတော့ ဒီစာရေးတဲ့အချိန်ထိ လိပ်တက်ဈေးနှုန်းတွေပါ။ Stocks ကျန်မကျန်တော့ အာမမခံနိုင်ပါဘူး။ Free shipping ပါ။ နေ့ချင်းရပါတယ်။

Refurbished ပစ္စည်းတွေအကြောင်းကိုမသိသေးတဲ့လူတွေကို နည်းနည်းရှင်းပြရမယ်ဆိုရင် ... အဲ့ဒါတွေဟာ စက်ရုံကိုပြန်ပြီး အပ်ခံရတဲ့ ပစ္စည်းတွေပါ။ ဒါပေမယ့် အတွင်းပစ္စည်းတွေ ပြဿနာဖြစ်လို့သာ ပြန်လာတာများပြီး အကုန်သန့်ရှင်းပြီးသားပါ။ လုံးဝအသစ်ပါပဲ။ ကျွန်တော့်ကြည့်ခိုင်းရင်တောင် မခွဲနိုင်ပါဘူး။ ဒါ့အပြင် Warranty ကလည်း ပစ္စည်းအသစ်တွေနှင့် အတူတူပါပဲ။ ဈေးလည်း သက်သာတယ်ဆိုတော့ ၀ယ်မဲ့စိတ်ကူးရှိရင်၊ မော်ဒယ်နည်းနည်းဟောင်းတာတွေကို လက်ခံနိုင်ရင် Refurbished items တွေကို ၀ယ်သင့်ပါတယ်လို့ အကြံပြုပါရစေ။

Merry New Year peeps, with new gadgets!

Regards,
WaiPK