Site Relocation

Moved to waiphyok.com
Showing posts with label future. Show all posts
Showing posts with label future. Show all posts

Friday, November 09, 2007

Languages & Skillsets for Future - Your Choice?


စီးပွားရေး မဂ္ဂဇင်းတစ်ခုရဲ့ ဆောင်းပါးမှာဖြစ်ပါတယ်။ မေးတဲ့လူက အခုလို မေးပါတယ်။

မေးသူ -

ကျွန်တော် အခု စီးပွားရေးလုပ်ဖို့ ဘာသာစကားနှင့် ပတ်သက်ပြီး သင်ယူရာမှာ ဆုံးဖြတ်ရခက်နေတယ်။ လောလောဆယ်တော့ ပေါ်တူဂီစကားကို လျာထားတယ်ဗျ။ နောက်တခြားဘယ်ဟာတွေ ကောင်းသေးလဲ ဖြေကြားပေးစေချင်ပါတယ်။ နောက်ပြီး နောင်တစ်ချိန်မှာ ဘယ်အရာတွေ တိုးတက်လာပြီး ဘယ်နည်းပညာတွေ ခေတ်စားလာမလဲဆိုတာလည်း အရိပ်အမြွက်ရှင်းပြပေးစေချင်ပါတယ်။


ဖြေကြားသူ -

အခုလို မေးမြန်းတဲ့အတွက် ၀မ်းသာပါတယ်။ ကနဦးအနေနှင့် ပေါ်တူဂီဘာသာသင်ယူမယ်ဆိုတာကို ကြိုဆိုပါတယ်။ ဒါဟာ တောင်အမေရိကနှင့် အာဖရိက နိုင်ငံတစ်ချို့မှာ အတော်အသုံးဝင်ပါတယ်။ အဲ့ဒီဈေးကွက်တွေမှာ စီးပွားရေးလုပ်မယ်စိတ်ကူးရှိရင်တော့ ပေါ်တူဂီစကားဟာ အတိုင်းထက်အလွန်ပါပဲဗျ။ နောက်ပြီး စပိန်ဘာသာစကားကိုလည်း မမေ့စေချင်ပါဘူး။ လက်တင်အမေရိက၊ မြောက်အမေရိက စတဲ့ဒေသတွေမှာ စပိန်ဟာလည်း လူပြောအများဆုံးထဲက ၁ခုပါ။ ဥရောပမှာလည်း ပြင်သစ်၊ဂျာမန်စတာတွေနှင့် အပြိုင်အသုံးဝင်ပါတယ်။

အခုလိုပြောနေလို့ ကျွန်တော်တို့ရဲ့ တရုတ်ကြီးကိုလည်း မေ့ထားလို့မရပါဘူး။ ဗျူဟာကျကျ ဆုံးဖြတ်မယ်၊ သင့်ပိုက်ပိုက်များများဝင်ချင်တယ်ဆိုရင် တရုတ်ကိုရွေးပါ။ လူဦးရေ သန်းထောင်ကျော်ရှိတဲ့အတွက် ၁ကျပ်တန်ပစ္စည်းလေးတွေ ရောင်းရင်တောင် ပေါက်သွားရင် ဘီလျံနာဖြစ်နိုင်တယ်နော်။ အဲ့တော့ အရှေ့တိုင်းမှာဆို တရုတ်စကားသာ ကောင်းကောင်းသင်ပါလေ့။

နောက်ဘယ်နည်းပညာတွေ၊ စကေးတွေသင်ရမလဲဆိုတာကတော့ အရမ်းကြီး ယေဘူယျကျလွန်းတယ်ဗျ။ စကေးအားဖြင့်ဆိုရင် ဒီဘက်ခေတ်ကြီးထဲမှာ သင်နိုင်သလောက် သင်ထားတာအကောင်းဆုံးပဲ။ အားလုံးက အကျိုးရှိတာတွေကြီးပဲ။ ဒါပေမယ့် ဈေးကွက်အရပြောရမယ်ဆိုရင် Nanotechnology (ချစ်ပ်စ်အမှုန်အမွှားတွေထုတ်တာတွေ၊ အိုင်ဖုန်းလိုမျိုးပစ္စည်းတွေရဲ့ အခြေခံအစိတ်အပိုင်းတွေ), Biotechnology (သက်ရှိဇီဝလေးတွေသုံးပြီး လူနေမှုဘ၀ကို မြှင့်တင်ပေးတာတွေ), Information Technology (သတင်းအချက်အလက်နှင့် အဆင့်မြင့် ဆက်သွယ်ရေးအစိတ်အပိုင်းတွေ) ... ဗျူဟာကျတဲ့ သုံးနေရာ၊ အဲ့ဒါတွေကို သေချာစောင့်ကြည့်ပါ။ တနေ့ထက်တနေ့ အပြိုင်တက်လာနေသလို လူသားတွေအတွက် အကျိုးရှိမဲ့ နည်းပညာတော်လှန်မဲ့ အရင်းအမြစ်တွေပါ။ ပေါက်သွားရင်လည်း အပြီးဗျာ။ ကဲ၊ ဒီလောက်ဆိုရင် ကျွန်တော် ဖြေကြားတာ ခင်ဗျားမေးခွန်းတွေအတွက် လုံလောက်မှုရှိမယ်ထင်ပါတယ်။ =)


အဟင့် ကျွန်တော်သင်နေတဲ့ ပြင်သစ်စကားကိုကျတော့ ထည့်မပြောသွားဝူး။ ကွိကွိ။

Rgds,
WaiPK