Graduate - Davos & Demo - Crunches
သုံးနှစ် သုံးမိုးကြာပြီးတဲ့ သကာလ Graduate တော့ ဖြစ်သွားပါပြီ။ အကောင်းဆုံးကြိုးစားခဲ့တဲ့ အတွက် ရခဲ့တဲ့ အောင်မြင်မှုတွေကို ကြည့်ပြီး ပီတိဖြစ်ရပါသည်။ သို့သော် ဆက်လှမ်းရမည့် ဌာနေတွေကို မျှော်၍လည်း ခေါင်းစားရပေသည်။
အလုပ်ကို (ယာယီ၆လ) မ၀င်ခင် ဒီကြားကာလမှာ ကျွန်တော် အနည်းငယ် အားနေပေမဲ့ ဘလော့ခ်လည်း မရေးဖြစ်ပါ။ စာရေးရမှာ အင်မတန် ပျင်းသွားသောကြောင့်ဖြစ်သည်။ သတင်းတွေ ဆောင်းပါးတွေ ဖတ်ဖြစ်သော်လည်း အားတက်စရာ ၁ခုမှ မတွေ့ပါ။ ဒါကြောင့် တနေ့တနေ့ (နောက်အပတ်တွင်ရှိသော) စာမေးပွဲအတွက် စာဖတ်လိုက်၊ အားကစားသွားလုပ်လိုက်၊ နည်းပညာပိုင်းဆိုင်ရာ ဆောင်းပါးများ၊ ကမ္ဘာ့သတင်းများကို ဖတ်ရှုမှတ်သားပြီး နားနားနေနေ ထိုင်နေပါသည်။ နောက်တစ်ချက်က ကျွန်တော့် ဘလော့ခ်ကို ဆာဗာ ပြောင်းဖို့ စဉ်းစားနေပြီး လိုအပ်သည်များကို ဟိုခြစ်ဒီခြစ်လုပ်နေခြင်းလည်း ပါပါသည်။
ကမ္ဘာ့စီးပွားရေး ထိုးကျနေချိန်မှာ စလုံးနှင့် အာရှ ကုမ္ဗဏီတွေကတော့ အနည်းနှင့် အများ အလုပ်ဖြစ်နေပါတယ်။ စလုံး ကုမ္ဗဏီများက အချောင်ရတုံး ကြိတ်နေကြပါတယ်။ ဒီနေရာမှာ ကမ္ဘာ့စီးပွားရေးထက် အမေရိကန်စီးပွားရေးလို့ ဆိုလျှင် ပိုမှန်မည်ထင်ပါသည်။ Mortgage ဈေးကွက်ကနေ စပြီး လှိုက်စားလာလိုက်တာ အခုဆို တော်တော်ထိခိုက်နေပါပြီ။ Presidential Elections မှာ အမေရိကန်လူမျိုးတွေက စီးပွားရေးကို ပထမဦးစားပေးထားပြီး အီရတ်ကိစ္စကို အောက်တစ်ထစ် လျှော့ချလိုက်ပါသည်။ တရုတ်က ကြားက ဖြတ်ခုတ်ရမလားဆိုတော့လည်း သူ့တိုင်းပြည်မှာ လူသန်း၂၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်တဲ့ ကပ်ဆိုက်နေတော့ ကမ္ဘာ့စီးပွားရေးသွားပြီလားဆိုပြီးတောင် ပြောနေကြတယ်။ ဒါပေမယ့် နှစ်စဉ်ကျင်းပနေမြဲဖြစ်တဲ့ Davos ဆွေးနွေးပွဲကြီးကိုတော့ အောင်အောင်မြင်မြင်ကျင်းပ ပြီးစီးသွားပါသည်။ ကမ္ဘာကြီးရဲ့  စီးပွားရေး အခြေအနေအရပ်ရပ်ကို နိုင်ငံတကာက ပညာရှင်တွေဆွေးနွေးတဲ့ ထိုပွဲရဲ့  နောက်ဆုံးပိတ်ပွဲလေးကို CNN ၏ Hala Gorani အင်တာဗျူးတာကို တွေ့လိုက်ရပါတယ်။ ပညာရှင်တွေက ပြောပါတယ်၊ အမေရိကန် စီးပွားရေး ထိုးကျသွားတဲ့ အတွက် အိမ်ခြံမြေတွေ လူတွေ ဒုက္ခရောက်ကုန်ပါတယ်တဲ့။ ရေနံဈေးကွက်လည်း မတည်မငြိမ်ဖြစ်ကုန်ပြီး၊ Decoupling တောင်ဖြစ်သွားနိုင်ပါတယ်ဆိုပဲ။ Decoupling ကို သူဆိုလိုတာက ယခင် အမေရိကန်မှ ကမ္ဘာ့ဈေးကွက်တော်တော်များများကို ကြီးစိုးထားရာမှ အခု တရုတ်၊ ဂျပန်တို့အတွက် အခွင့်အရေးကောင်းတွေ ပေါ်ထွက်လာနိုင်ပါတယ်တဲ့။ နောက် အရှေ့အလယ်ပိုင်းက Gaza တို့ ဖြစ်သွားတဲ့ ဥပမာကို ပြောကြပါတယ်။ ဒီအချက်တွေအားလုံးကို ထည့်စဉ်းစားရပါမယ်တဲ့။ ဒီအချိန်မှာ တရုတ်ကဆရာကြီးက၀င်ပြောပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာက တော့ ခိုင်မာပါတယ်။ တကယ်လို့ Export လုပ်မရလည်း ကိစ္စမရှိဘူး၊ demographic အနေအထားကိုက ပြည်တွင်း Consumption အကြီးကြီးရှိတဲ့ အတွက် ကိုယ့်တိုင်းပြည်မှာကိုယ် ပတ်ရောင်းချနေလည်း အလုပ်ဖြစ်ပါတယ်ဆိုပဲ။ ကောင်းလှချေလား။ ထားပါတော့ ဒီလိုဒီလိုနှင့်ပဲ ပြီးသွားပါလေသည်။
ကျွန်တော်မြင်တာတစ်ခုက ဒီလိုဟိုရမ်းဒီရမ်း ခြုံလိုက်ရိုက်နေတဲ့ စစ်ပွဲတွေကို မရပ်မခြင်းလည်း အမေရိကန် စီးပွားရေးကတော့ တက်ဖို့မရှိပါဘူး။ Stimulus Package တွေ Tax Cut တွေ ဘယ်လောက်လုပ်လုပ် အစကတည်းက မရှိသင့်ခဲ့တဲ့ ဒီအီရတ် ဘာညာ စစ်ပွဲတွေကို ပြန်ရှုတ်မသိမ်းမခြင်း တော့ ဘာမှဖြစ်ထွန်းဖို့မရှိပါဘူး။ အကြမ်းဖက်မှုဆိုတာ ကမ္ဘာ့ရန်သူပါ။ သူတစ်ယောက်တည်းရဲ့  ရန်သူမဟုတ်ပါဘူး။ အဲလိုသာ လိုက်ဖြဲနေမယ်ဆိုရင် စီးပွားရေးမှာ ဗရုန်းသုန်းကားတွေဖြစ်ကုန်တော့မှာပဲ။ အခုတောင် ပန်းသီး စတော့ခ် ၁၃၀ ပဲရှိတော့တယ်။ ၀ယ်အုထားလိုက်ရင် ကောင်းမလား ကွယ်ရို့။
နောက်သတင်းက DEMO ’08 ပါ။ PC World လိုပဲ ကုမ္ဗဏီဖြစ်တဲ့ ဒီမိုရဲ့ နှစ်တိုင်းကျင်းပတဲ့ ပွဲတစ်ခုပါပဲ။ နည်းပညာအသစ်အဆန်းတွေ ပြကြပြီး အပြိုင်အဆိုင် ရောင်းချကြပါသည်။ အကြိုက်ဆုံးက Blist အွန်လိုင်း ဒေတာဘေ့စ်ဖြစ်ပါတယ်။ သူက Spreadsheet ဆော့်ဖ်ဝဲတစ်ခုပါ။ တခြားစိတ်ဝင်စားစရာတွေက SkyFire ရဲ့ မိုဘိုင်းလ် browser ပါ။ Opera Mini နှင့် ပြိုင်မဲ့ကောင် ဖြစ်ပါတယ်။ PC Mobilizr ကတော့ သင့်ရဲ့ ပီစီကို Blackberry ကနေထိန်းချုပ်နိုင်အောင် လုပ်ပေးလိုက်ပါသည်။ နောက်တစ်ခု နည်းနည်းနာမည်ကြီးသွာတဲ့ ပစ္စည်းကတော့ Widget တွေ အွန်လိုင်း ဆောက်လို့ရတဲ့ Sprout Builder ပါပဲ။ နောက်ကလေးတွေ ကြိုက်မဲ့ဟာက LeapFrog ရဲ့ Tag Reader ဖြစ်ပါတယ်။ အင်မတန် ကောင်းတဲ့ အိုင်ဒီယာတစ်ခုဖြစ်ပြီး စာအုပ်ပေါ်မှာ ထောက်လိုက်တာနှင့် အသံထွက်ဖတ်ပြတယ် ဆိုပါတယ်။ ဘောပင် အရွယ်လေးသာရှိပြီး ၄နှစ်မှ ၈နှစ် ကလေးတွေအတွက် ရည်ရွယ်ပါသည်။ အားလုံး လေ့လာကြည့်ကြပါ။
အခုတော့ ဗိုက်ဆာလို့ လစ်ရဦးမယ်ဗျာ။
Rgds,
-W