Woots - Fat Apple's Fiscal Year 07 Ended
မနေ့က ပန်းသီးကုမ္ပဏီက သူ့ရဲ့ ကြွယ်ဝမှုကို ထုတ်ပြပါတယ်။ စက်တင်ဘာ ၂၉ ကတည်းက ပြီးသွားတဲ့ Fiscal year's Fourth Quarter မှာ သူဘယ်လောက်မြတ်လဲ ကြေညာပါတယ်။ ၀င်ငွေ ၆.၂၂ ဘီလီယမ်ရှိပြီး အသားတင်မြတ်ငွေ သန်း ၉၀၄ သန်းရှိပါတယ်တဲ့။ ပြီးခဲ့တဲ့ နှစ်တုံးက သန်း ၅၀၀ ကျော်သာ မြတ်တာနှင့် ယှဉ်ရင်တော်တော်လေး ရလိုက်ပါတယ်။
တစ်နှစ်လုံး အတိုင်းအတာအရ ၂၄ ဘီလီယမ်ဝင်ပြီး ၃.၅ ဘီလီယမ်မြတ်လိုက်တဲ့ စတီးဂျော့ဗ်ဟာ မျက်နှာကြီးကိုဖြီးနေတာပါပဲ။ ကိန်းဂဏန်းတွေ မျက်စိနောက်စရာကောင်းသလို ဓါးပြ၀င်တိုက်ချင်စရာလည်း ကောင်းပါတယ်။
၂၀၀၈ မှာ အိုင်ဖုန်းကို ၁၀သန်းရအောင်ရောင်းပါ့မယ့်အကြောင်းလည်း ထပ်ပြောသွားပြီး နောက်နှစ်မှာထွက်မဲ့ OS X 10.6 ... ဘာညာတွေလည်း အမှီရအောင်ထုတ်ပါမယ့်အကြောင်းပြောပါတယ်။ နောက်ဆိုရင် ၁နှစ် ၁ခါ OS အသစ်ထုတ်မယ်လို့ပြောပါတယ်။ ကျွန်တော်တို့ redmond က အကိုကြီးတွေကတော့ Windows 7 ဟာ လာမယ့် ၂၀၁၀ မှာတောင် မသေချာပါဘူးလို့ပြောပါတယ်။
မြန်မြန်နှင့် မှန်မှန်ပြင်တဲ့ Relentless Driving Efficiency စနစ်ကို မိုက်ခရိုဆော့ဖ်က သိပ်အသုံးမချပါဘူး။ ကျွန်တော်တို့ တိုယိုတာ အောင်မြင်ခဲ့တဲ့ အချက်မှာလည်း အဲ့ဒါပါပါတယ်။ မူလီ၁လုံး ၂လုံးက အစ ကားရဲ့စွမ်းရည်ကျမယ်ထင်ရင်၊ ဒါမှမဟုတ် အချိန်အကန့်အသတ်၁ခုကို ရောက်လာပြီဆိုရင် ပိုပြီးကောင်းတဲ့ ပစ္စည်း၁ခုနှင့် အစားထိုးခဲ့ပါတယ်။ Shorter Turnaround Time ဟာ Better Efficiency ကို ပိုပြီးဖြစ်စေတယ်ဆိုတာ Operations သင်ဖူးတဲ့ အကိုတွေအမတွေ သိမှာပါ။ ဘာပဲပြောပြောဗျာ နောက်ဆုံးနောက်နှစ်ထွက်တဲ့ OS က သိပ်မဆန်းရင်တောင်မှ တစ်ဆင့်တက်တက်သွားမယ်ဆိုတော့ သုံးရတာပိုကောင်းလာမှာ အမှန်ပါပဲဗျာ။
Rgds,
WaiPK
Ref: Apple Press