iPhoneုကီး တရားစွဲခံလိုက်ရပြီ
ကျွန်တော်တို့က ဒီမှာ လှလို့ ၊ ကောင်းလို့ ကျေနပ်ပြီး ချီးကျူးနေယုံရှိသေးတယ်။ Apple ကတော့ New York District Court မှာ ရုံးတင်ခံလိုက်ရပြီ။ သူများနာမည်ယူသုံးတယ်ဆိုပဲ။ ဘယ်လိုဖြစ်လဲဆိုတော့ Networking Giant ကြီး Cisco ရဲ့ ၂၀၀၀ခုနစ်ကတည်းက Linksys phones တွေအတွက် မူပိုင် ယူထားတဲ့ နာမည်ကို မျက်နှာပြောင်တိုက်ပြီး ယူသုံးလို့ခင်ဗျ။ Steve Jobs က သိသိကြီးနှင့် မိုက်တာပါဗျာ။ အဲ့ဒီနေ့ Macworld Conference မတိုင်ခင်ကတည်းက မဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက အဲ့ဒီကိစ္စကို အကြိတ်အနယ်ဆွေးနွေးလာခဲ့ကြတာကို သူက မိုက်တီးမိုက်ကန်းနှင့် Cisco လိုကောင်မျိုးကြီး ကိုပြဿနာသွားရှာတယ်ဗျာ။ အင်း အခုတော့ Lawsuit တွေဗရပွနှင့် လုံးနေရပြီ။ နာမည်လည်းပြန်ပြောင်းမယ် ဆိုပဲ။ ဘာတွေဖြစ်လာမလဲမသိဘူး၊ စောင့်ကြည့်ကြတာပေါ့ဗျာ။
ကျွတ်ကျွတ်ကျွတ်စ် …..
Regards,
Wai Phyo K..