Picked up a busy life !
အလုပ်တွေသိပ်ရှုပ်နေတယ်ဗျာ။ Assignments တွေလည်း မပြီးသေးဘူး။ Macbook ပြန်ရကတည်းက ကိစ္စတွေနှင့် လုံးနေရတယ်။ Blog အသစ်ကိုလည်း သေချာပြီးအောင် မဆောက်ရသေးဘူး။ server/hosting ၁ခု ကောင်းကောင်း ၀ယ်ပြီး မှပဲ ဆက်လုပ်ရင်ကောင်းမယ်ထင်တယ်ဗျာ။ Wordpress ကို Theme Change၊ Code အသစ်ထည့်၊ Flash banner, ဘာညာ လုပ်ရမှာ အချိန်ကို မရှိဘူး။ ... စာကတော့ ရေးမြဲ ရေးဆဲပါ။ မတင်ထားရသေးတဲ့ ပို့စ်တွေလည်း အများကြီး ဖြစ်ကုန်ပြီ။ ဟိုနေ့က ဖြစ်ပျက်တဲ့ ကိစ္စကြီးတောင် ၀င်မပွားလိုက်ရဘူး။ ဖတ်ပဲဖတ်ပြီး ဖာသိဖာသာဘဲနေလိုက်တယ်။ အင်း ငါပြောလည်း ဘာတတ်နိုင်မှာလဲလို့။ လူတိုင်းသာကျုပ်ပြောတဲ့စကားနားထောင်မယ်ဆိုရင်။ ဟိးဟိး ..... ပြီးနေဦးမယ်။ ကိစ္စတွေက။ အဲ့ စကားစပ်လို့ ပြောရဦးမယ်။
ကျွန်တော် ကံကောင်းသွားသဗျ။ နို့မို့ဆို Debate ကြီးထဲပါသွားဦးမယ်။ အဲ့ဒီ ကိစ္စ မတိုင်ခင် ဆိုက်ကို အရောင်ချိန်းထား ပေလို့ပဲ။ အင်း ကျွန်တော်က အနက်ရောင်ကို 2004 ဆိုက် စထောင်ကတည်းက သုံးတာ၊ Cbox၊ ဘာဘောက်စ် ညာဘောက်စ်တွေ ဆိုတာလည်း ထွက်ထွက်ခြင်းလားတောင် မသိ၊ စမ်းသုံးလေ့ရှိတဲ့သူပါခင်ဗျာ။ ကျွန်တော့် ဆိုက်ကိုတော့ ချမ်းသာပေးကြပါ။ အပြောခံလိုက်ရတဲ့ ကျွန်တော့် သူငယ်ချင်းတွေ ကိုလည်း စိတ်မကောင်းပါ။ ရန်မဖြစ်ကြပါနှင့်လို့ ။ Odeo ဆိုတာလည်း ကျုပ်က Oreo Chocoloate လောက်တောင် ဂရုမစိုက်ပါဘူး။ ဘယ်သူဘာပြောပြော Ignorance ကိုကောင်းကောင်းထားပေးလိုက်တယ်။ သူငယ်ချင်းတစ်ယောက်က ဆွပေးတယ်၊ ဟေ့ကောင် မင်းလဲဝင်ဖဲ့လေတဲ့။ ဟားဟား၊ အင်းအင်းလို့ပြောပြီး ကျွန်တော် မအားတာနှင့် ဘာမှမရေးလိုက်ရဘူး။ Inner Dialogue ကဘာပြောမလဲစောင့်နေတာနှင့်ပဲ။ နောက်ကျသွားသဗျို့။ =P ...... Hmm... ကျွန်တော့်ဘလော့ခ်လေးပဲ ကျွန်တော်ရေးပြီ၊ သူများကို ဝေဖန်ဖို့ အချိန်လေးများ မရှိပါ။ ပိုရင်ရောင်းပေးကြပါ။ ဦးဦးဒေါ်ဒေါ်၊ ကိုကိုမမတို့ရယ်။
အင်းနောက်တော့လည်း ကြားပါတယ်။ ကျီစားကြတာပါတဲ့။ အတော်ဆိုး တဲ့လူတွေပဲ။ ဒေါသ၊ မောဟ၊ မီးလေးတွေနှင့် ကစားကြတာ ပျောဖို့ကောင်းတယ် ထင်သဗျ။ -) အိမ်ကကောင်တွေကတော့ အခုထက်ထိ အခဲမကြေသေးဘူးဆိုပဲ။ ဥုံဖွဥုံဖွ ဟိုအစ်မကြီးက ကလိကလိဖြစ်အောင် စတာပါတဲ့။ ရှိတ်မရှိုးပါနှင့်တဲ့။ စိတ်လျှော့၊ သူငယ်ချင်း စိတ်လျှော့ .........
အဲ့ ...... ဒီနေ့တော့ဒီလောက်ပဲ၊တော်ပြီဗျာ။ ကောင်မလေး MRTမှာမျှော်နေလောက်ပြီ။ နောက်နေ့ မှပဲ ဆက်ဖောတော့မယ်။
သဗ္ဗေသတ္တာ ကမ္မသကာ
ဝေဖြိုးကျော် @ Edwardwitten =P