Valentine's Crushes
ယုံကြည်နေရင်းနှင့် အဝေး ဝေးပြီဟေ့။ ..... ကျွန်တော်ဘယ်ဆီကို ရောက်ရောက် အတွေးထဲ အမြဲဝင်နေတယ်။ ပတ်ဝန်းကျင်နှင့်ဘာမှ မဆိုင်တဲ့ ကျွန်တော့ အဖြစ်ကို ဘယ့်သူဘယ်သူမှပုံမချ ချင်ဘူး။ ဒီဘ၀ဒီမျှသာ ရှိပါစေတော့ဆိုပြီး ..... ကျွန်တော်လေ ရူးသွပ်တဲ့ညတိုင်း ...... အို လွမ်းနေအုံးမှာပဲ။
ကျွန်တော်ချစ်တယ်ဆိုတာ .. ခင်ဗျားပျော်ရွှင်စေဖို့ပါ မိန်းကလေး။ .. ယုံကြည်မှု လွန်ကဲတဲ့ ကိုယ့် ဘ၀ကိုယ် စိတ်ကုန်မိပြီ။ ခင်ဗျား ရဲ့ ညာချစ်၊ မျက်ရည်တု တွေကို ကျွန်တော် ခဏလောက်တော့ လစ်လျူရှု ချင်ပြီဗျာ။ .. သံယောဇဉ်ဆိုတာ မထားကောင်းဘူးဆိုတဲ့ သဘောတရားလေးကိုတောင် ကျွန်တော်နားမလည်ခဲ့တော့ . ... သြော် .. ခုတော့ တိမ်တိုက်တွေလည်း အရောင်ပြောင်း . အခြေအနေတွေလည်း သွေပြောင်းခဲ့ပြီ။ အဆုံးသတ်မှာ ရလဒ်ကတော့ အနှုတ်ဘက်ပါပဲ။ ..
ခင်ဗျားကို ဒေါသထွက်ချင်ပေမဲ့ ... နှလုံးသားကလက်မခံတော့ဘူး။ အပြစ်တင်ချင်ပေမဲ့ .. အင်အားကဘယ်မှာမို့လို့လဲ။ ဒေါင်ချာစိုင်းနေတဲ့ ခြေလှမ်းတွေကို ခင်ဗျားကိုပြရတာ ရှက်ဖို့ကောင်းပါလိမ့်မယ်။ ... နင့်ဘာသာနင် ရှည်တာ သေပေါ့။ ငါနှင့်ဘာမှဆိုင်ဘူး။ ဆိုပြီး ပျစ်ပျစ်နှစ်နှစ် စကားတွေကို ဘယ်သူမှ မပြောဘဲ မျှော်လင့်ထားပါတယ်။ .. စိတ်ဓါတ်က ကျဆင်းနေတာ မဟုတ်ဘူး။ နှလုံးသား တစ်စုံက အားခန်းသွားတာ။
ကျွန်တော်လုပ်စရာရှိတာတွေ အများကြီးပါ။ ... ကိုယ့်ဘ၀အတွက်၊ ကိုယ့်သူငယ်ချင်းတွေအတွက်၊ မိဘအတွက်၊ တိုင်းပြည်နှင့်လူမျိုးအတွက် သြော် ... နည်းနည်းလေးမဟုတ်ပါဘူး။ ( ခင်ဗျားအတွက် ဆိုတဲ့ အစိတ်အပိုင်းလေးကိုတော့ ကျွန်တော့ ဦးနှောက် ဆင်ဆာလေးနှင့် ခဏ ဖယ်ထားပါရစေ။ ) ... အချိန်ရဲ့ ကုစားမှုကြောင့် လုံးဝသတိမရတာတောင်မှ အသိဥာဏ်ဆိုတာရှိနေသေး သရွေ့ ဘယ်လိုမေ့နိုင်မှာလဲဗျာ။ Individual Amnesia ဆိုတာ ဖြစ်နိုင်မယ်ဆိုရင်တော့....
အို.... သဗ္ဗေသတ္တာ ကမ္မသက္ကာ .... မိမိပြုခဲ့သမျှ အမှုတို့ သာလျှင် ကိုယ့်အခုဘ၀ အကြောင်းတွေပါပဲ။ ...