Site Relocation

Moved to waiphyok.com

Saturday, April 26, 2008

Study Abroad


ပျင်းဖို့အလွန်ကောင်းသည်။ နွေရာသီ ဒီအချိန်ဆိုလျှင် ရန်ကုန်က ကလေးများ အနားယူနေကြလောက်ပြီ။ တချို့လည်း ကိုရင်ဝတ်၊ ကျူရှင်တက်ဖြင့် အလုပ်ရှုပ်နေကြပေဦးမည်။ ကျွန်တော့်ညီ ဒီနှစ်ဆယ်တန်းဖြေပြီးသဖြင့် မေးလာသော မေးခွန်းများကို ဖြေရင်း ဒီစာကိုရေးဖြစ်ခြင်းဖြစ်ပါသည်။ အခုခေတ်တွင် ပြိုင်ဆိုင်မှုတွေက ပိုများလာကြသည်။ ကျောင်းပြီးတာနှင့် အိုလယ်ဗယ်၊ အေလယ်ဗယ်တွေ အပြိုင်တက်နေတာကို တွေ့ရသည်။ ရှိရှိသမျှ standardized tests တွေကို ဖြေမယ်ဆိုပြီး ကြုံးဝါးထားသော လူများလည်း မနည်းပေ။ ထိုအထဲမှာမှ ပြဿနာတစ်ချို့ကို ကျွန်တော်ပြောချင်နေတာ အခုပိုဆိုးလာသဖြင့် ကြုံတုံး ဆရာလုပ်ခွင့်ပြုပါရန် ပဏာမ ခွင့်တောင်းပါသည်။

ကျေးဇူးပြုပြီး ဒီအချက်များကို နားထောင်ကာ ၃မိနစ်မျှ စဉ်းစားပေးစေလိုပါသည်။

၁။ ကျောင်းသားတိုင်းသည် နိုင်ငံရပ်ခြားကို သွားချင်ကြသူမဟုတ်၊ သူများသွားတိုင်း လိုက်မသွားစေလိုပါ။ ဒီအချက်အရမ်းအရေးကြီးပါသည်။ ဒါဟာ ဖက်ရှင်တစ်ခုမဟုတ်ပါ။ ကလေးကစားစရာမဟုတ်ပါ။ Risk တစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ ပြောပြောနေတဲ့ Right Match ဆိုသည်မှာ ဒီအရာကို ဆိုလိုသည်ဟု ပြောချင်ပါသည်။ လူသည် သူအသင့်တော်ဆုံး၊ အကောင်းဆုံးဖြစ်သည့်နေရာတွင် အကောင်းဆုံးစွမ်းရည်ကိုထုတ်ကာ ဆောင်ရွက်နိုင်ပါသည်။ ကျွန်တော့် ဘော်ဒါများထဲတွင် အောင်မြင်နေကြသူများမနည်းပင်။ ဒီကိစ္စပြောရခြင်းမှာ မိဘကို ဒုက္ခပေးကာ နိုင်ငံခြားထွက်လာသော ကျောင်းသားများသည် စိတ်မပါတပါနှင့် ပျက်စီးသွားသဖြင့် အားလုံး အဆိုးဖက်ကိုသာ ဦးတည်ခဲ့ကြသည်ကို ကျွန်တော်တို့တွေ့ခဲ့ရသည်။ စိတ်တကယ်ပါမှ တကယ်လုပ်သင့်ကြောင်း ပြောလိုပါသည်။ တစ်ဖက်ကကြည့်လျှင် မိဘများအတင်း ထွက်ခိုင်းရင်လည်း ပြန်လည်ခေါင်းချင်းဆိုင် ဆွေးနွေးသင့်ပေသည်။

၂။ စာမေးပွဲများကို စွတ်တရွတ်မဖြေသင့်ပါ။ သင်ဘယ်နိုင်ငံတွင် ပညာဆက်သင်ချင်လဲဆိုသည်ကို ပထမအွန်လိုင်းတွင်လေ့လာကြည့်သင့်ပါသည်။ အေးဂျင့်များသည် Consulting ကောင်းသော်လည်း ပါးပါးလှီးတတ်သဖြင့် ကျွန်တော့်တုံးက ဆိုလျှင် ကွန်ပျူတာနှင့် အင်တာနက်သာ အဓိကအားကိုးရာဖြစ်ခဲ့ပါသည်။ တချို့များ စိတ်မကောင်းစရာဖြင့် ပေါင်နှံလိုက်ရသည်မှာ ကလေးက ဟိုဖက်ကမ်းတောင်မရောက်လိုက်ရ။ အခုနေပြန်ပြောကြရင် ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ရီမောရသော အဖြစ်များပင်။ ကိုယ်တွေလည်း ခံခဲ့ရသူတွေပဲလေ။ အဲ့ခေတ်က အင်တာနက် သိပ်မဖွံ့ဖြိုးသေးသောကာလတွင်ပင် တော်တော်လေး ထက်သော ကျောင်းသားများလည်းရှိခဲ့ပါသည်။ (မိဘ မချမ်းသာပါ။) ကျွန်တော့်ကိုယ်ကျွန်တော် အင်တာနက်ကြည့်ပြီး ဘယ်ကျောင်းကောင်းလဲ ရွေးချယ်နေသည်ကို တော်လှပြီဟု လေထဲမြှောက်နေခိုက်တွင် သူတို့သည် ကမ္ဘာလုံးကို ဟိုဖက်ဒီဖက်လှည့်ပြီး ကန်၊စလုံး၊မလေး၊ထိုင်း ကတော့ဖြင့် ပိုက်ဆံချေးငွေဖြင့်တက်လို့ရသည်။ ဘိလပ်၊အော်ဇီ၊အန်ဇီ ကတော့ဖြင့် ကျောင်းလွယ်ပြီး တိုင်းပြည်ကိုဘယ်လိုဝင်ရခက်သည်၊ လူမျိုးရေးဘယ်နိုင်ငံက ဘယ်လိုခွဲခြားပြီး ဈေးဘယ်လောက်ရှိသည်ကို အမ်မယ်.. ကွင်းကွင်းကြီး သိနေတာဗျာ။ ပြောချင်သည်ကတော့ များများဖတ်ပါ။ ဒီနေရာတွင်လည်း ကိုယ်နှင့်ကီးကိုက်မဲ့ အရာကိုစဉ်းစားကြစေလိုပါသည်။

၃။ အပေါ်ကအချက်ကို ပြောရင်းနှင့် စာမေးပွဲကိစ္စကိုတောင်ကျော်သွားပြီ။ သူများ အက်စ်အေတီလုပ်တိုင်း လိုက်လုပ်စရာမလိုပါ။ မှတ်သားထားဖူးသလောက် အိုလယ်ဗယ်သည် ဘိလပ်သွားချင်သူများအတွက် လိုအပ်သော်လည်း တခြားကျောင်းတွေမှာ ကျွန်တော်တို့ ဆယ်တန်းကို ရှယ်အသိအမှတ်ပြုပါသည်။ ကိုယ်ကဆယ်တန်း အမှတ်ကောင်းနေရင် ဘာမှကြောက်စရာမလို။ အချိန်ကုန်ခံပြီး နှစ်ခါထပ်မဲ့ အလုပ်တွေသည် သင့်ဖွတ်ကလိဒင်္ဂါးသာ ပြားချပ်ချပ်ဖြစ်သွားနိုင်ပါသည်။ ဒါပေမယ့် အင်္ဂလိပ်စာကတော့ အရေးကြီးပါသည်။ တိုဘဲဖယ်ဖယ် .. အိုင်ပဲယက်ယက် ကြိုက်တဲ့ဟာသာ လုပ်ထား စကားမပြောတတ်ရင် နားမလည်ရင် ဘာမှလုပ်မရပါဘူး။ တိုင်းပြည်၊ region ကိုရွေးပါ။ ငွေနှင့်အချိန် အလကားကုန်မဲ့အတန်းတွေ မတက်ပါနှင့်။ ကိုယ်နှင့်သင့်တော်တဲ့ အတန်းတွေသာ တက်လိုက်ပါ။ နောက်ပြီး တစ်ချက်အွန်လိုင်းတွင်လေ့လာပြီး ကျော်လွှားဖို့ စဉ်းစားပါ။ SAT လုပ်မရလို့၊ ACT ပြောင်းလုပ်လိုက်ချင်းသည် strategic move ၁ခုလိုပါပဲ။ တစ်ခုမအိုကေရင် ၃နှစ်လောက်လဲ ဖိမလုပ်နေပါနှင့် ဆရာတို့။ ကိုယ်အားသန်သော စာမေးပွဲကို ကောင်းကောင်းမြန်မြန် ဖြေနိုင်မှသာ သင်တက်ချင်သော ကျောင်းကို ချက်ကောင်းခွပ်ပြီး မြန်မြန်ရောက်ပါလိမ့်မယ်။



၎။ နောက် ကိုယ်တစ်သက်လုံး လုပ်စားမဲ့အရာကို လည်း မမေ့ပါနှင့်။ ကိုယ့် profession ကို ဘယ်တော့မှ လွယ်လွယ်နှင့် အပျောက်မခံသင့်ပေ။ ကျောင်းရတိုင်းထွက်လိုက်ပြီး အဆင်မပြေရင် သင်နှင့် သင့်မိသားစုတစ်ခုလုံး စိတ်ဆင်းရဲရပါလိမ့်မယ်။ ကျွန်တော့်ဘ၀တွင် မိဘနှင့် အတိုက်အခံပြောခဲ့ရဖူးသည်။ ကိုယ်က ကွန်ပျူတာစိတ်ဝင်စားသည်။ နောက်တစ်ယောက်တည်းအေးအေးနေပြီး တကိုယ်ရေတကာယ၊ ကမ္ဘာပတ်ခြေရှည်ကာ လိုက်ပြီးပညာသင်ကျက်စား ( ရပင့်ကို အထူးသတိပြု ) ရသည်ကို သဘောကျသည်။ လောင်းရိပ်အောက်တွင်နေရသည်ထက် ကိုယ့်ဘာသာ လျှောက်လုပ်ပြီး Risks ယူရသည်ကို ပိုကြိုက်သဖြင့် အိမ်က ပေးသော Option ကို ကြောက်အားလန့်အား ရုန်းကန်ငြင်း ဆွေးနွေးကာ၊ ဒီမှာစာလာဖတ်သည်။ အဲ့တော့ ကိုယ့်ကို Suit ဖြစ်သော အလုပ်လုပ်ရသဖြင့် ဘယ်တော့မှ စိတ်မညစ် ခိုလိုမညည်းနေတော့ပေ။ မယုံရင် စမ်းကြည့်ပါ။

ကျွန်တော်က ပြင်ဆင်မှုအပိုင်းတွေဘဲပြောတာပါ။ အားလုံးအိုကေပြီဆိုရင် ကျောင်းတွေဘာတွေလျှောက်ပေါ့။ အေးဂျင့်တွေနှင့် မလုပ်ချင်ဘူး၊ အလုပ်မဖြစ်ဘူးထင်ရင်လည်း ၀ဗ်ဆိုက်များတွင်တစ်ချက်ကြည့်ပါ။ တပြားမှမကုန်ဘဲ အလကားလည်း လျှောက်လို့ရပါတယ်။ deadlines တွေဟာလည်း အရေးကြီးဆုံးအရာတွေထဲမှာပါပါတယ်။ ဒါတွေက တကဏ္ဍတွေပါ။ အကုန်လုံးပြောဖို့ဆိုရင် အေးဂျင့်တွေနှင့် ရန်ဖြစ်ရပါလိမ့်မယ်။ အဟီး။ အီးမေးပို့ပြီး မေးချင်ရင် သန့်ဇင်ဦးကိုမေးပါ။ (သူကသဟာမျိုးတွေ ပိုကျွမ်း xD )။

အမ်း.ကျွန်တော်ကတော့ ကျွန်တော့်ညီကို သူလုပ်ချင်တဲ့ဟာသာ တက်ပလေ့စေလို့။ နံပါတ်၁ အချက်သည် အလွန်အရေးကြီးပါသည်။ ပြီးမှ တငိုငိုတရီရီနှင့် ဟိုရမ်းဒီရမ်း ယစ်မူးပျော်ပါးနေလျှင် ကျွန်တော်တို့ သူငယ်ချင်းများ၊ မိဘဆွေမျိုးများလည်း စိတ်ဆင်းရဲရပါမယ်။ ကိုယ်နေချင်သော နေရာတွင်လုပ်ပြီး အကောင်းဆုံးတွေ လုပ်နေခြင်းကို ဘယ်သူမှ တားနိုင်မှာမဟုတ်တာ အမှန်ပါ။

Rgds,
-Wai