Site Relocation

Moved to waiphyok.com

Tuesday, April 29, 2008

iMac refreshed | Boring Yahoo deal | Kindle Kindle


အများခန့်မှန်းထားတဲ့အတိုင်း ဒီနေ့မနက် ပန်းသီးစတိုးခဏဒေါင်းသွားပြီးတဲ့ သကာလမှာ iMac အသစ်တွေ ထွက်လာပါပြီ။ ပျင်းစရာကောင်းမှာဆိုးလို့ ကျွန်တော်ဒီမှာ system ကို အသေးစိတ် မရေးတော့ဘူး၊ ဂရပ်ဖစ်ကဒ်တွေ၊ မမ်မိုရီတွေ၊ ဟာ့ဒစ်စ်ဆိုက်တွေ မတော်မတရားတိုးမြှင့်လိုက်တာကို တွေ့ရပါတယ်။ နောက် ၄လလောက်တော့ ထပ်ပြီး Refresh မဖြစ်လောက်တော့ဘူးလို့ ကျွန်တော်ထင်တယ်။ Design ပိုင်းလည်း ၆လ ၈လ အတွင်းမှာ ထွက်ဖို့မမြင်ဘူးဗျ။ ဒါပေမယ့် မက်ခ်ဘွတ်၊ မက်ခ်ဘွတ်ပရိုအသစ်တွေတော့ ဒီဇိုင်းပိုင်းချိန်းဦးမယ်လို့ ကောလဟာလကြားပါတယ်။ နောက်ဆုံး အိုင်ဖုန်း 3G ကတော့ ဇွန်လ ၉ရက် WWDC Keynote မှာ ကြေငြာမယ်လို့ ပြောနေကြတာ မျက်စိတောင်နောက်စရာပဲ။ ဟိုတလောက ၀ယ်လိုက်တဲ့လူများတော့ အဟဲအဟဲ။ တရီးဂျီရတော့ဝူး။

နောက် ရာဟူးကိစ္စက တော့ နားကိုညီးနေတော့တာပဲ။ သတင်းစာဖတ်မလား၊ အွန်လိုင်းကြည့်မလား၊ ခင်ဗျားတို့တော့မသိဘူး။ တဖြည်းဖြည်း ဇာတ်ရှိန်တက်လာတာ ရှုပ်ယှက်ကိုခက်လာတယ်။ မိုက်ခရိုဆော့ဖ်က လာမယ့်ရက်ပိုင်းအတွင်းမှာ အပြီးဖြတ်မယ်လို့ပြောနေတယ်။ ဘယ်လိုဖြတ်မလဲဆိုတော့ -
၁၊ Shareholders တွေကိုအတင်းပိုက်ပိုက်ထိုးပေးပြီး အကုန်အပြီးဝယ်လိုက်မလား။ Hostile Takeover!! =(
၂၊ ယာဟူးဘုတ်ကို လူအကုန်နှင်ထုတ်ပြီး သူတို့လူတွေနှင့် အစားထိုးလိုက်မယ်ဆိုလား။
၃၊ ဈေးတိုးပေးပြီး ခေါင်းမာနေတဲ့ လက်ရှိဘုတ်ကို ဆွယ်မယ်။
၎၊ တခါတည်း မိုက်ခရိုဆော့ဖ်က အပျိုလေးလို ခေါင်းခါ ရှက်ရမ်းရမ်းပြီး ထွက်သွားမယ် ... (အဲ့ခါဆို ယာဟူးစတော့ခ်တွေတော့ လုံးဝကျပြီ၊)
စသည် စသည်နှင့် ပုံပြင်တွေ သိပ်များနေတယ်။ ဘာဖြစ်မလဲဆိုတာတော့ ကျွန်တော်တို့ နောက်တစ်ပတ်လောက်မှာ ထပ်ကြည့်ကြတာပေါ့ဗျာ။



Kindle Kindle ဆိုပြီး အမေဇုန်ကလည်း ဒီနေ့ကြုံးဝါးနေတာကို တွေ့ရတယ်။ (သူက အီးဘွတ်ခ်ဖတ်လို့ရတဲ့ စက်ပစ္စည်းလေးပါ ) လူတွေ စာရွက်မရှိတော့တာကို သတိမထားမိလောက်အောင် ဖြစ်သွားစေရမယ်ဆိုပြီး သူတို့ရဲ့ ပရောဒတ်ကို ဂုဏ်ယူနေတာဗျ။ အခု Out of Stocks ဖြစ်သွားလို့ အရမ်းပျော်နေလေရဲ့၊ ရေလည်ရောင်းကောင်းတယ်ဆိုပြီး။ စင်္ကာပူမှာ သိပ်မတွင်ကျယ်သေးလို့ မတွေ့ရသေးဘူး။ ပြဿနာက စလုံးတွေစာဖတ်အားကလည်း ရထားပေါ်မှာဆိုရင် ကျိုးတိုကျဲတဲပဲတွေ့ရတာဗျ။ အင်း.. သံသယတော့ရှိစရာပဲ။ နီးနီးနားနားမှာ သုံးတာတွေ့ရင် ကပ်ရှိုးကြည့်လိုက်ပါဦးမယ်၊ သူများတွေပြောသလို တကယ်ကောင်းရဲ့လားဆိုတာ။

အခုတော့ အိပ်ချိန်တန်လို့ လစ်ဦးမယ်ဗျိုး။

-WaiPK

Sunday, April 27, 2008

Skimming iPhone SDK


သတင်းအထွေအထူးမရှိသော ကာလဖြစ်၍ ကျွန်တော်တနေ့တနေ့ အိုင်ဖုန်း SDK ပဲ ထိုင်ဖတ်နေပါတယ်။ ပန်းသီးရဲ့ desktop အတန်းအစား operating system ၁ခုလုံးကို မိုဘိုင်းထဲထည့်ပေးလိုက်နိုင်တာ အင်ဂျင်နီယာတွေကို ချီူးကျူးပါတယ်။ လွယ်တယ်မပြောပါနှင့် Windows Mobile 6 ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံးအသိပဲ မဟုတ်ပလား။ =D

အဲ့ဒီ iPhone OS ကို ထုံးစံအတိုင်း အလွှာတွေ အများကြီးနှင့်တည်ဆောက်ထားပါတယ်။ များတယ်လို့ပြောပေမယ့် တကယ်တမ်း အဓိကပိုင်းခြားကြည့်လိုက်ရင် လေးခုပဲရှိပါတယ်။ အောက်ဆုံးက Core OS ကြီးပါ။ Thread, Kernal, IO, File System, BSD Sockets တွေကိုထိန်းတဲ့နေရာပေါ့ဗျာ။ သူ့အပေါ်မှာ Core Services တွေရှိပါတယ်။ SQLite, XML, DNS Hosts တွေကို resolve လုပ်ချင်သလား၊ Security ကိစိပိစိတွေကို ထိန်းချုပ်ချင်သလား၊ ဒီနေရာမှာလုပ်နိုင်ပါတယ်။ ပင်ဂွင်းသမားတွေကတော့ Shell တွေလို့ခေါ်ချင်ခေါ်နိုင်ပါတယ်။ သူ့အပေါ်မှာကတော့ လှပတဲ့ Media လေယာရှိပါတယ်။ ဒီကောင်က ကျွန်တော်တို့ မြင်နေရတဲ့ အလှအပအနုအရွ လှုပ်ရှားမှုတွေကို ခြယ်မှုန်းတဲ့နေရာပေါ့။ OpenGL, OpenAL စတဲ့ ဖောင်ဒေးရှင်း framework တွေရှိတဲ့အပြင် open source နည်းပညာတွေ သုံးထားတဲ့အတွက် သင်အဲ့ဒီ Media Layer အတွက်ရေးပြီးတဲ့ ကုဒ်တွေကို တခြား open စနစ်တွေ support လုပ်တဲ့ platform တွေမှာလည်း ပြန်သုံးလို့ရပါတယ်။ နောက်ဆုံး အပေါ်ဆုံးမှာကတော့ Cocoa Touch ဆိုတာရှိပါတယ်။ .. ဒါနှင့် Cocoa ဆိုတာ ပန်းသီး OS X ရဲ့ ကုဒ်ရေးတဲ့ Framework ကိုခေါ်တာပါ။ ဒီအိုင်ဖုန်းအတွက်ကတော့ Touch လို့ရလို့ Cocoa Touch ပေါ့။ ပုံမှန် ကျွန်တော်တို့ Application တွေရေးရင် အဲ့ဒီလေယာနှင့်ပဲ သုံးသင့်ပါတယ်။ သူ့မှာရှိသမျှ function call တွေ အကုန်နီးပါး ထည့်ပေးထားလို့ Camera, Accelormeter, Vibration စတဲ့ hardware feature တွေတောင် ထိန်းချုပ်လို့ရပါတယ်။ အဲ့တော့ ဒီလေယာက အသက်လို့ခေါ်ရပါမယ်။ အလွယ်ဆုံးနှင့် ပရိုဂရမ်ရေးဖို့ အမြန်ဆုံးပါ။ ... အဲ့နောက်ဆုံး စိတ်မကျေနပ်လို့ ဟိုး Core OS ကိုပါ ထိန်းချင်တယ်ဆိုလည်း အဆင်ပြေအောင် လုပ်ထားပေးပါတယ်။ လုပ်ချင်သလိုသာ လုပ်ပါတဲ့။



အားလုံးကောင်းနေပေမယ့် အဓိက အတားအဆီးက Objective-C ပါ။ ကျွန်တော် C မိသားစုဝင်တွေကို သင်ယူခဲ့ဖူးပေမယ့် ဒီလဒကတော့ မပါပါဘူး။ တော်ရုံ Developer က မအားတဲ့ကြားကနေ ဘာသာစကား နောက်တစ်ခုထပ်သင်ဖို့ဆိုတာ အလုပ်အင်မတန်ရှုပ်ပါတယ်။ Sun က Java ကို native ရေးပေးလိုက်ရင်တော့ ဒီကိစ္စတွေက တစ်မျိုးတမည်ဖြစ်လာမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ J2ME မှာလုပ်သလို .. ဥပမာ .. ဂိမ်း package တွေဆိုပါစို့။ အဲ့ဒီက keypad တွေကို ထိန်းတဲ့ methods တွေဟာ အိုင်ဖုန်းမှာ သုံးမရပါဘူး။ သူ့မှာ ခလုတ်မှမရှိပဲ။ အဟီး CLDC (connected limited device profile) 1.1 လက်ရှိကို ... 1.5 လောက်ထိ မြှင့်လိုက်မလားပဲ။ =P ဒါမှမဟုတ် .. MIDP 2.0 ကို ... 3.0 လောက်ထပ်တင်ပြီး သီးသန့်ရေးရမယ်ထင်တယ်။ ကြည့်ကြတာပေါ့ဗျာ။ Java ပဲ လုပ်ထားကွဆိုပြီး ဟစ်နေရမလိုပဲ။ =D

လောလောဆယ်တော့ ဆက်ဖတ်ဆဲပဲဗျာ။ အဓိကက ကီးဘုတ်ပဲ မဟုတ်လား။ အမြန်ရေးရမယ်လေ။ Tsk tsk tsk.

-WaiPK

Bootcamp 2.1 Problems - Bad Bad!


အသစ်ထွက်တဲ့ Bootcamp 2.1 ကို အင်စတောလုပ်ရာမှာ လူတော်တော်များများ အခက်တွေ့နေတာကိုတွေ့ရပါတယ်။ ဟောဒီ ပန်းသီး thread ကို ဥပမာကြည့်ပါ။ ကျွန်တော်လည်း ဘယ်လိုမှ သွင်းမရဘူးဖြစ်နေပါတယ်။ ယေဘုယျအားဖြင့် Error ၂ မျိုးတက်ကောင်းတက်နိုင်ပါတယ်။ ၁ခုက Preparing Install ပြီးရင် ပျောက်သွားတာပါ။ နောက်၁ခုက Cannot apply transformations ဆိုပြီး ဒရိုင်ဘာတွေ အပ်ပဒိတ်လုပ်မရတဲ့အခြေအနေပါ။ အဲ့တာ အွန်လိုင်းမှာအတော်ရှာပြီး ကြိုးစားကြည့်တော့ အောက်မှာပြထားတဲ့ နည်းလမ်းအဖုံဖုံကိုတွေ့ရပါတယ်။ ကိုယ်နှင့် အဆင်ပြေမဲ့နည်းကို စမ်းကြည့်ကြပါ။ သင့်မှာလည်း အလားတူ ပြဿနာရှိခဲ့မယ်ဆိုရင်ပေါ့။



၁။ MacFixIt ကပေးတဲ့ နည်း
၂။ Language Pack ကို အင်္ဂလိပ်ထားပြီး သွင်းကြည့်ပါတဲ့။
၃။ Windows Installer 3.1 v2 ဒေါင်းလုပ်လုပ်ပြီး အဲ့ဒါကို အရင်သွင်းပြီးမှ ထပ်သွင်းကြည့်ပါတဲ့။
၎။ နောက်ဆုံးမရရင် OSX Leopard Restore disc နှင့် Bootcamp 2.0 ကို ပြန်ထုတ်ပြီး 2.0 ထပ်/ပြန် သွင်းပါ။ ပြီးရင် 2.1 ကိုသွင်းပါ။ အိုကေပါလိမ့်မယ်။

ကျွန်တော့်အတွက်ကတော့ အပေါ်သုံးချက်လုံး အဆင်မပြေသေးဘူး။ နောက်ဆုံးအချက်ကိုလုပ်ဖို့ ခွေရှာမတွေ့သေးလို့ ဘာမှလုပ်မရဘူး။ ပြောကြတာတော့ အိုကေပါတယ်ဆိုပဲ။ နောက်ပြီးပြဿနာက ဘယ်ကစလဲဆိုရင် Apple Software Update (Vista) မှာ BC2.1 update ပေါ်လာတယ်ဗျ။ ဒါပေမယ့် ကျွန်တော် Cancel လုပ်လိုက်ပြီး နောက်တော့မှ အွန်လိုင်းပေါ်က Standalone exe ပြန်ဒေါင်းလုပ်လုပ်ပြီးသွင်းတာ သွင်းမရတော့တာ။ သူ့ဘာသာ အော်တိုငုတ်တုတ် သွင်းလိုက်ရင်ပြီးရောဗျာ။ =( [အဲ့တာလည်း တစ်ချို့ပြောတော့ မရဘူးဆိုပဲ]

- WaiPK

Saturday, April 26, 2008

Traditionally Launch Apps using Win+R


Application တွေ၊ ပရိုဂရမ်တွေ၊ ဖိုင်တွေကို အရင်တုံးက ဖွင့်ဖို့အရမ်းခက်တယ်မဟုတ်လား။ =D Start Menu ကို နှိပ်၊ တစ်ခုချင်းရှာ ဘာညာကွာစိနှင့် အလုပ်သိပ်ရှုပ်လို့ ကျွန်တော်တို့တွေ Launcher ဆိုတာတွေကို သုံးခဲ့ကြတယ်လေ။ Launchy, Quicksilver စတဲ့ ပရိုဂရမ် launcher တွေဟာ အရမ်းအဆင့်မြင့်လာကြပါတယ်။ နောက်ဆုံးအခုဟော့နေတဲ့ Enso ဆိုရင် ဘယ်လောက်တောင်ကောင်းသလဲ။ သင်ဂူဂယ်မြေပုံရှာမလား၊ alarm ပေးမလား၊ scientific တွက်ချက်မှုတွေလုပ်မလား၊ စသည်စသည်နှင့် အရမ်းအသုံးဝင်ကြတယ်။ ဒါပေမယ့် အကုန်လုံးက မမ်မိုရီတုတ်တာတော့ အမှန်ပဲ။ ဒါကြောင့် .... ကျွန်တော်ကတော့ နည်းဟောင်းကြီးဖြစ်တဲ့ StartMenu -> Run ကိုပဲကြိုက်တယ်။ Win + R နှိပ်လိုက်ရင် box လေးပေါ်လာ သင်ဖွင့်ချင်တဲ့ ပရိုဂရမ်ကို နာမည်ရိုက်ထည့် .. ဗြုန်းဆိုတက်လာ။ ပြီးရော။ ဥပမာ - gtalk ဆိုရင် .. Win+R နှိပ်၊ gtalk ရိုက်လိုက်ရုံပဲ။ Google Talk ကြီးပွင့်လာရော။ သဟာမျိုးရိုက်နိုင်ဖို့ကို Registry မှာ နည်းနည်းပြင်ထားရုံပါပဲ။ Firefox လို ဆော့ဖ်ဝဲက သွင်းလိုက်ရင် အော်တိုရေးပေးပြီးသားမို့ ဘာမှလုပ်စရာမလိုဘူး၊ Win+R နှိပ် firefox လို့ ရိုက်လို့ရတယ်။ အခုဆရာတို့ favourite .. QQQ ချတ် လိုဟာမျိုးတွေကတော့ မရဘူး။ Registry ပြင်ရေးရမယ်။ အဲ့လို နှစ်သက်ရာပရိုဂရမ်ကို Win+R သုံးဖို့အတွက် .. follow these steps ပါ။ -->

#1 - Open Registry Editor! Press Windows Key + R, then type, regedit.

#2 - When Registry Editor opens, expand "HKEY_LOCAL_MACHINE", expand "SOFTWARE", then find "Microsoft" and expand.
#3 - Then, find "Windows" and expand. You will see "CurrentVersion". ... then, expand "App Paths" again.

#4 - Here you can see tons of .exes in the list. Your application need to be one of the list!
#5 - So, right click on "App Paths" --> New --> Key.

#6 - Change the key name to the one you're gonna type in "Run command box" .. if u want to type only gtalk .. so put it "gtalk.exe". Make sure you put ".exe"!

#7 - Alright, now, just click on "(Default)" and "Modify".

#8 - Then, type in the path of the application you wish to open. Mine is Gtalk, which lies under ProgramFiles\GoogleTalk.!


Click OK. Close Registry Editor. Now try launching your favourite application from "Run box". Press Win+R, type "gtalk", click OK. That application should launch properly =D

[Should there are any discrepancies, you might sound off in the comments! Thx fellas. ]



- WaiPK

Study Abroad


ပျင်းဖို့အလွန်ကောင်းသည်။ နွေရာသီ ဒီအချိန်ဆိုလျှင် ရန်ကုန်က ကလေးများ အနားယူနေကြလောက်ပြီ။ တချို့လည်း ကိုရင်ဝတ်၊ ကျူရှင်တက်ဖြင့် အလုပ်ရှုပ်နေကြပေဦးမည်။ ကျွန်တော့်ညီ ဒီနှစ်ဆယ်တန်းဖြေပြီးသဖြင့် မေးလာသော မေးခွန်းများကို ဖြေရင်း ဒီစာကိုရေးဖြစ်ခြင်းဖြစ်ပါသည်။ အခုခေတ်တွင် ပြိုင်ဆိုင်မှုတွေက ပိုများလာကြသည်။ ကျောင်းပြီးတာနှင့် အိုလယ်ဗယ်၊ အေလယ်ဗယ်တွေ အပြိုင်တက်နေတာကို တွေ့ရသည်။ ရှိရှိသမျှ standardized tests တွေကို ဖြေမယ်ဆိုပြီး ကြုံးဝါးထားသော လူများလည်း မနည်းပေ။ ထိုအထဲမှာမှ ပြဿနာတစ်ချို့ကို ကျွန်တော်ပြောချင်နေတာ အခုပိုဆိုးလာသဖြင့် ကြုံတုံး ဆရာလုပ်ခွင့်ပြုပါရန် ပဏာမ ခွင့်တောင်းပါသည်။

ကျေးဇူးပြုပြီး ဒီအချက်များကို နားထောင်ကာ ၃မိနစ်မျှ စဉ်းစားပေးစေလိုပါသည်။

၁။ ကျောင်းသားတိုင်းသည် နိုင်ငံရပ်ခြားကို သွားချင်ကြသူမဟုတ်၊ သူများသွားတိုင်း လိုက်မသွားစေလိုပါ။ ဒီအချက်အရမ်းအရေးကြီးပါသည်။ ဒါဟာ ဖက်ရှင်တစ်ခုမဟုတ်ပါ။ ကလေးကစားစရာမဟုတ်ပါ။ Risk တစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ ပြောပြောနေတဲ့ Right Match ဆိုသည်မှာ ဒီအရာကို ဆိုလိုသည်ဟု ပြောချင်ပါသည်။ လူသည် သူအသင့်တော်ဆုံး၊ အကောင်းဆုံးဖြစ်သည့်နေရာတွင် အကောင်းဆုံးစွမ်းရည်ကိုထုတ်ကာ ဆောင်ရွက်နိုင်ပါသည်။ ကျွန်တော့် ဘော်ဒါများထဲတွင် အောင်မြင်နေကြသူများမနည်းပင်။ ဒီကိစ္စပြောရခြင်းမှာ မိဘကို ဒုက္ခပေးကာ နိုင်ငံခြားထွက်လာသော ကျောင်းသားများသည် စိတ်မပါတပါနှင့် ပျက်စီးသွားသဖြင့် အားလုံး အဆိုးဖက်ကိုသာ ဦးတည်ခဲ့ကြသည်ကို ကျွန်တော်တို့တွေ့ခဲ့ရသည်။ စိတ်တကယ်ပါမှ တကယ်လုပ်သင့်ကြောင်း ပြောလိုပါသည်။ တစ်ဖက်ကကြည့်လျှင် မိဘများအတင်း ထွက်ခိုင်းရင်လည်း ပြန်လည်ခေါင်းချင်းဆိုင် ဆွေးနွေးသင့်ပေသည်။

၂။ စာမေးပွဲများကို စွတ်တရွတ်မဖြေသင့်ပါ။ သင်ဘယ်နိုင်ငံတွင် ပညာဆက်သင်ချင်လဲဆိုသည်ကို ပထမအွန်လိုင်းတွင်လေ့လာကြည့်သင့်ပါသည်။ အေးဂျင့်များသည် Consulting ကောင်းသော်လည်း ပါးပါးလှီးတတ်သဖြင့် ကျွန်တော့်တုံးက ဆိုလျှင် ကွန်ပျူတာနှင့် အင်တာနက်သာ အဓိကအားကိုးရာဖြစ်ခဲ့ပါသည်။ တချို့များ စိတ်မကောင်းစရာဖြင့် ပေါင်နှံလိုက်ရသည်မှာ ကလေးက ဟိုဖက်ကမ်းတောင်မရောက်လိုက်ရ။ အခုနေပြန်ပြောကြရင် ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ရီမောရသော အဖြစ်များပင်။ ကိုယ်တွေလည်း ခံခဲ့ရသူတွေပဲလေ။ အဲ့ခေတ်က အင်တာနက် သိပ်မဖွံ့ဖြိုးသေးသောကာလတွင်ပင် တော်တော်လေး ထက်သော ကျောင်းသားများလည်းရှိခဲ့ပါသည်။ (မိဘ မချမ်းသာပါ။) ကျွန်တော့်ကိုယ်ကျွန်တော် အင်တာနက်ကြည့်ပြီး ဘယ်ကျောင်းကောင်းလဲ ရွေးချယ်နေသည်ကို တော်လှပြီဟု လေထဲမြှောက်နေခိုက်တွင် သူတို့သည် ကမ္ဘာလုံးကို ဟိုဖက်ဒီဖက်လှည့်ပြီး ကန်၊စလုံး၊မလေး၊ထိုင်း ကတော့ဖြင့် ပိုက်ဆံချေးငွေဖြင့်တက်လို့ရသည်။ ဘိလပ်၊အော်ဇီ၊အန်ဇီ ကတော့ဖြင့် ကျောင်းလွယ်ပြီး တိုင်းပြည်ကိုဘယ်လိုဝင်ရခက်သည်၊ လူမျိုးရေးဘယ်နိုင်ငံက ဘယ်လိုခွဲခြားပြီး ဈေးဘယ်လောက်ရှိသည်ကို အမ်မယ်.. ကွင်းကွင်းကြီး သိနေတာဗျာ။ ပြောချင်သည်ကတော့ များများဖတ်ပါ။ ဒီနေရာတွင်လည်း ကိုယ်နှင့်ကီးကိုက်မဲ့ အရာကိုစဉ်းစားကြစေလိုပါသည်။

၃။ အပေါ်ကအချက်ကို ပြောရင်းနှင့် စာမေးပွဲကိစ္စကိုတောင်ကျော်သွားပြီ။ သူများ အက်စ်အေတီလုပ်တိုင်း လိုက်လုပ်စရာမလိုပါ။ မှတ်သားထားဖူးသလောက် အိုလယ်ဗယ်သည် ဘိလပ်သွားချင်သူများအတွက် လိုအပ်သော်လည်း တခြားကျောင်းတွေမှာ ကျွန်တော်တို့ ဆယ်တန်းကို ရှယ်အသိအမှတ်ပြုပါသည်။ ကိုယ်ကဆယ်တန်း အမှတ်ကောင်းနေရင် ဘာမှကြောက်စရာမလို။ အချိန်ကုန်ခံပြီး နှစ်ခါထပ်မဲ့ အလုပ်တွေသည် သင့်ဖွတ်ကလိဒင်္ဂါးသာ ပြားချပ်ချပ်ဖြစ်သွားနိုင်ပါသည်။ ဒါပေမယ့် အင်္ဂလိပ်စာကတော့ အရေးကြီးပါသည်။ တိုဘဲဖယ်ဖယ် .. အိုင်ပဲယက်ယက် ကြိုက်တဲ့ဟာသာ လုပ်ထား စကားမပြောတတ်ရင် နားမလည်ရင် ဘာမှလုပ်မရပါဘူး။ တိုင်းပြည်၊ region ကိုရွေးပါ။ ငွေနှင့်အချိန် အလကားကုန်မဲ့အတန်းတွေ မတက်ပါနှင့်။ ကိုယ်နှင့်သင့်တော်တဲ့ အတန်းတွေသာ တက်လိုက်ပါ။ နောက်ပြီး တစ်ချက်အွန်လိုင်းတွင်လေ့လာပြီး ကျော်လွှားဖို့ စဉ်းစားပါ။ SAT လုပ်မရလို့၊ ACT ပြောင်းလုပ်လိုက်ချင်းသည် strategic move ၁ခုလိုပါပဲ။ တစ်ခုမအိုကေရင် ၃နှစ်လောက်လဲ ဖိမလုပ်နေပါနှင့် ဆရာတို့။ ကိုယ်အားသန်သော စာမေးပွဲကို ကောင်းကောင်းမြန်မြန် ဖြေနိုင်မှသာ သင်တက်ချင်သော ကျောင်းကို ချက်ကောင်းခွပ်ပြီး မြန်မြန်ရောက်ပါလိမ့်မယ်။



၎။ နောက် ကိုယ်တစ်သက်လုံး လုပ်စားမဲ့အရာကို လည်း မမေ့ပါနှင့်။ ကိုယ့် profession ကို ဘယ်တော့မှ လွယ်လွယ်နှင့် အပျောက်မခံသင့်ပေ။ ကျောင်းရတိုင်းထွက်လိုက်ပြီး အဆင်မပြေရင် သင်နှင့် သင့်မိသားစုတစ်ခုလုံး စိတ်ဆင်းရဲရပါလိမ့်မယ်။ ကျွန်တော့်ဘ၀တွင် မိဘနှင့် အတိုက်အခံပြောခဲ့ရဖူးသည်။ ကိုယ်က ကွန်ပျူတာစိတ်ဝင်စားသည်။ နောက်တစ်ယောက်တည်းအေးအေးနေပြီး တကိုယ်ရေတကာယ၊ ကမ္ဘာပတ်ခြေရှည်ကာ လိုက်ပြီးပညာသင်ကျက်စား ( ရပင့်ကို အထူးသတိပြု ) ရသည်ကို သဘောကျသည်။ လောင်းရိပ်အောက်တွင်နေရသည်ထက် ကိုယ့်ဘာသာ လျှောက်လုပ်ပြီး Risks ယူရသည်ကို ပိုကြိုက်သဖြင့် အိမ်က ပေးသော Option ကို ကြောက်အားလန့်အား ရုန်းကန်ငြင်း ဆွေးနွေးကာ၊ ဒီမှာစာလာဖတ်သည်။ အဲ့တော့ ကိုယ့်ကို Suit ဖြစ်သော အလုပ်လုပ်ရသဖြင့် ဘယ်တော့မှ စိတ်မညစ် ခိုလိုမညည်းနေတော့ပေ။ မယုံရင် စမ်းကြည့်ပါ။

ကျွန်တော်က ပြင်ဆင်မှုအပိုင်းတွေဘဲပြောတာပါ။ အားလုံးအိုကေပြီဆိုရင် ကျောင်းတွေဘာတွေလျှောက်ပေါ့။ အေးဂျင့်တွေနှင့် မလုပ်ချင်ဘူး၊ အလုပ်မဖြစ်ဘူးထင်ရင်လည်း ၀ဗ်ဆိုက်များတွင်တစ်ချက်ကြည့်ပါ။ တပြားမှမကုန်ဘဲ အလကားလည်း လျှောက်လို့ရပါတယ်။ deadlines တွေဟာလည်း အရေးကြီးဆုံးအရာတွေထဲမှာပါပါတယ်။ ဒါတွေက တကဏ္ဍတွေပါ။ အကုန်လုံးပြောဖို့ဆိုရင် အေးဂျင့်တွေနှင့် ရန်ဖြစ်ရပါလိမ့်မယ်။ အဟီး။ အီးမေးပို့ပြီး မေးချင်ရင် သန့်ဇင်ဦးကိုမေးပါ။ (သူကသဟာမျိုးတွေ ပိုကျွမ်း xD )။

အမ်း.ကျွန်တော်ကတော့ ကျွန်တော့်ညီကို သူလုပ်ချင်တဲ့ဟာသာ တက်ပလေ့စေလို့။ နံပါတ်၁ အချက်သည် အလွန်အရေးကြီးပါသည်။ ပြီးမှ တငိုငိုတရီရီနှင့် ဟိုရမ်းဒီရမ်း ယစ်မူးပျော်ပါးနေလျှင် ကျွန်တော်တို့ သူငယ်ချင်းများ၊ မိဘဆွေမျိုးများလည်း စိတ်ဆင်းရဲရပါမယ်။ ကိုယ်နေချင်သော နေရာတွင်လုပ်ပြီး အကောင်းဆုံးတွေ လုပ်နေခြင်းကို ဘယ်သူမှ တားနိုင်မှာမဟုတ်တာ အမှန်ပါ။

Rgds,
-Wai

Wednesday, April 16, 2008

Bye 2008 Thingyan


သိကြားမင်းရေ ပြန်ပါတော၊့ ၁၂နာရီတွင် ကောင်းကောင်းမွန်မွန် check out လုပ်သွားပါ ဟုပြောရမလိုပင်။ ကျွန်တော့်အသက် ၂၀ပြည့်တွင် အကြတ်နေ့ ၂ခါထပ်သော အတာပွဲကို ၃ခါ(၈၊၁၂၊၁၆) သာကြုံခဲ့ရသည်။ အခုတော့ စင်္ကာပူပိတောက်နံ့နှင့်သာ ရောယှက်နေရပြီ။

ကျွန်တော့်ဘ၀တွင် အကြိမ်ပေါင်းများစွာ သင်္ကြန်ကို ကောင်းကောင်းမွန်မွန် ဇာတ်မသိမ်းနိုင်ခဲ့ဟု ပြောလျှင် ယုံမှာမဟုတ်။ ၈နှစ်သားက ရေပူဖောင်းတွေ ပုံးအပြည့် ဆော့ခဲ့ဖူးသည်။ တွေ့သမျှ ခွေးပါမကျန်လိုက်ပေါက်သဖြင့် အလွန် သောက်မြင်ကပ်စရာကောင်းသော ကလေး၁ယောက်ဟု ပတ်ဝန်းကျင်ကတော့ သမုတ်ကြသည်။ ကြမ္မာတစ်ပတ်လည် စတမ်းဆိုသလို နောက်ဆုံးအတက်နေ့တွင် ဘာမဟုတ်သော ကြောင်တစ်ကောင်ကို ရေပူဖောင်းဖြင့် လိုက်ပေါက်ရာမှ ဆိုက်ကားအတိုက်ခံခဲ့ရလေသည်။ နောက်နှစ်တွေမှစပြီး ရေပူဖောင်းမသုံးရတော့ ဆိုသဖြင့် ကျွန်တော့်မှာ နှမြောတသသ စုတ်တသပ်သပ်ဖြင့်။

ကျွန်တော် ၁၀နှစ်သားက ဖြစ်သည်။ အဲ့တုံးက မိုင်လိုပုံးဟု ခေါ်သည့် အင်ဂျင်ဝိုင်ပုံးမှာ လက်စွဲတော်ဖြစ်ခဲ့သည်။ လွယ်အိပ် တစ်လုံးတွင်ထည့်ကာ လမ်းတကာလှည့် ပြွတ်တပ်လျှောက်သွားပြီး ၃ရက်လုံး ပျော်ပြီး နောက်ဆုံးနေ့တွင် လမ်းမှာလာနေသော သင်္ကြန်ကားကို အပြေးအလွှားလိုက်အပက် ခြေချော်ကာ မြောင်းထဲသို့ ဒိုင်ဗင်ထိုးသွားလေသည်။ မေးကွဲကာ ထုံနေသဖြင့် အထုံသင်္ကြန် (တရုတ်ကြီးနှင့်မမှားစေလိုပါ) ဟု ကင်ပွန်းတပ်ခဲ့ရသည်။

နောက် ၁၂နှစ်ကျတော့ လူလည်းအတော်အတန် အရွယ်ရောက်လာပြီဖြစ်သဖြင့် ခွက်စောင်းခွက်လတ် အားပါးတရအကုန် ထုတ်သုံးကာကဲလေသည်။ ပြဿနာက ယခင်က ပြွတ်တလုံးနှင့်သာ အားသန်သော ကျွန်တော့်မှာ အဲ့ဒီနို့ဆီခွက်တွေကို သိပ်မကိုင်တတ်၊ အိမ်က အဖေ ရေနွေးသောက်တဲ့ ကိုင်းခွက်ကြီးနှင့်သာ ဆော်လေသည်။ ဖြစ်ချင်တော့ နောက်ဆုံးနေ့တွင်ပဲ ရေပက်ခံကားတစ်စီးအလာတွင် ခွက်နှင့်အားပါးတရ လွှဲလိုက်သည်မှာ ဖုန်း ခွပ် အား .. ဆိုသော အသံနက်ကြီးသာ ထွက်လာသည်။ ကြည့်လိုက်တော့ လူနှစ်ယောက်မျက်နှာတွေ အုပ်လို့၊ ရုပ်တည်နှင့် ဘာဖြစ်သလဲသွားမေးတော့ အဲ့ကလူတစ်ယောက်က ကျွန်တော့်ခွက်ကြီးထုတ်ပေးသည်။ မင်းဘယ်လိုလုပ်လိုက်သလဲတဲ့။ အဟီးလို့၊ ပြီးတော့ဆက်မေးသည်။
ဘာလို့ဟိုတစ်ယောက်ကရောမျက်နှာကြီးအုပ်ထားသနည်းဟု။ သိလိုက်ရတာကတော့ ကျွန်တော် ခွက်တစ်လုံးနှင့် ငှက်နှစ်ကောင်အုပ်လိုက်ခြင်းပင်။ အထိခံရသောလူက ကြောက်အားလန့်အား ကမူးရှုးထိုးဖြင့် ဘေးလူကို ယောင်ပြီး လက်သီးစာကျွေးလိုက်တာဆိုပဲ။ အဟဲအဟဲနှင့် သကာပေါ် Mayonnese လောင်းသောမျက်နှာဖြင့် ခွက်ကိုယူကာ ခြေကုန်သုတ်ပြေးတော့လေသည်။

နောက်နှစ်တွင်လည်း ဆိုးခဲ့သော အဖြစ်အပျက်များရှိခဲ့သေးသည်။ ကောင်မလေးတွေနောက်လိုက်ရင်း ကားပေါ်ကကျကျန်ခဲ့သည်၊ ကလေးကိုရေပုံးနှင့် ပက်သဖြင့် ရေနှစ်သတ်ပါသည်ဆိုပြီး လိုက်ရိုက်သဖြင့်ပြေးခဲ့ရသည်။ ... ဒီလိုနှင့် ဝေးဝေးဝေး။

သုံးနှစ်ရှိခဲ့ပြီ ကျွန်တော်သင်္ကြန်မနေတာ၊ ပိုပြီး Hot လာတာကောင်းပေမဲ့ ယပလက် သင်္ကြန်လို လူတွေခဏခဏသေမယ်ဆိုရင်တော့ မဟော့ တာပဲကောင်းလေမလား။ American Pie က ကော်လိပ်ပါတီတွေလို မဏ္ဍပ်တွေနောက်မှာ ဖြစ်ကုန်ပြီဆိုတာကလည်း သိပ်ကောင်းတဲ့ကိစ္စမဟုတ်၊ အတုခိုးသော်လည်း မမှီမကမ်းခိုးသဖြင့် ဒုက္ခရောက်သွားသော သူငယ်ချင်းတွေကိုကြည့်ရတာ စိတ်မကောင်းစရာပင်။ အပျော်ကိုတောင် နဖားကြိုးတပ်ချင်တဲ့ ကျွန်တော့်ကို စကားလုံးတွေနှင့် bombard မဲ့ လူတွေရှိနေတော့လည်း ဆိတ်ဆိတ်နေလိုက်တာ ကောင်းပါတယ်ဆရာ။

တာ့တာ သိကြား၊
(မာတလိ, u too).

- W

Wednesday, April 09, 2008

Leaks Leaks Leaks (MS Stuff)


အင်္ဂလိပ်လို ခေါင်းစဉ်တပ်လိုက်ရင် ကျွန်တော့်ကို လာရစ်နေမဆိုးလို့။ (အဟီး) မိုက်ခရိုဆော့ဖ်ရဲ့ အင်မတန်ကောင်းတဲ့ ပရိုဂရမ်တွေ စလုံးကိုလာတော့မယ်လို့ အတွင်းထဲက မိတင်၁ခုကနေ ကြားသိထားရပါတယ်။

Channel 8 ကို သိကြလားမသိဘူး။ ကျောင်းသားတွေအတွက် လုပ်ပေးထားတဲ့ ဘီလ်ဂိတ်ရဲ့ပေါ်တယ် လေ။ တခြားချန်နယ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကျောင်းသားတွေ အတွက် အဓိကကျတာက ချန်နယ် ၈ ပါ။ အဲ့ဒီမှာ ပရိုဂရမ်တော်တော်များများရှိပါတယ်။ အကောင်းဆုံးက dreamspark ပါ။ တခြားတိုင်းပြည်တွေ တော်တော်များများမှာ အခု VS08 နှင့်၊ သူနှင့် ပတ်သက်တဲ့ ဆာဗာတွေ development tools တွေကို အလကားပေးတဲ့ အစီအစဉ်ပေါ့။ စလုံးမှာ မလာသေးလို့ ကျွန်တော်တောင် တစ်ခါ ရီကွက်စ်ထ် လုပ်သေးတယ်။ အခု အထဲ သတင်းအရ မနက်ဖြန်မှာ ရှိသမျှ ဒီကကျောင်းတွေက ကျောင်းအုပ်တွေ၊ ဆရာတွေကို ခေါ်ပြီးပြမယ်။ အဲ့ဒီပရိုဂရမ်ကိုစမယ်လို့ ကြားပါတယ်။ စလုံးကကျောင်းသားတွေအတွက် မိုက်ခရိုဆော့ဖ် ဆော့ဖ်ဝဲတွေ ဈေးကြီးပေးမ၀ယ်ရတော့တဲ့ အခြေအနေတစ်ခုဖြစ်လာတော့မှာပေါ့ဗျာ။

နောက် students 2 business ကိုလည်း စမယ် ဆိုပါတယ်။ ဒီကောင်ကတော့ ဒီအပတ်လား နောက်တစ်ပတ်လားမသိဘူး။ အခုတော့ သူတို့ရဲ့ အလုပ်သမားတွေ၊ MSP တွေကို ထရိန်နင်ပြန်ပေးနေတယ်ပြောတယ်။ အဲ့ဒီ အစီအစဉ်ကလည်း စီးပွားရေးနှင့်သက်ဆိုင်ပြီး အင်မတန်ကောင်းပါတယ်။ အခုပြောခဲ့တဲ့ဟာတွေ အားလုံး အသေးစိတ်သိချင်ရင် Channel 8 MSDN ကို သွားကြည့်စေချင်ပါတယ်။

ဒီနေ့တော့ ကျွန်တော် Mix-it-up event သူတို့ဌာနချုပ်မှာ လုပ်လို့ မောင်သန့်ဇင်နှင့်အတူ သွားခဲ့သေးတယ်။ အိပ်ငိုက်တာနှင့် ခဏပဲနားထောင်ပြီး ပြန်လာခဲ့တယ်။ အဲ့က ဒီဒေသဆိုင်ရာ အကြီးအကဲက ကျွန်တော်တို့ကို မျက်မှန်းတန်းပြီး သိနေတော့ ပြုံးပြတယ်။ အစောကြီးထပြန်တော့ အတော်တော့ စိတ်ထိခိုက်သွားမှာပဲ.. အဟိ။ အကြောင်းအရာတွေကတော့ Linq တွေ အကြောင်းပါတယ်ဗျာ။ နောက်များမှ ရေးဦးမယ်။ သူတို့ဘယ်လောက်များ ဂုဏ်ယူနေတာလဲဆိုတာ မျက်နှာကြီးကိုဖြီးလို့။ ..... tsk tsk tsk ... =P

Rgds,
WaiPK

Wednesday, April 02, 2008

Happy Birthday Apple!


(this is not April fool, seriously!)

၃၂ ကြာခဲ့ပြီဖြစ်တဲ့ ဒီပန်းသီးကုမ္ဗဏီဟာ သူ့တစ်သက်မှာ ခဏခဏကျရှုံးခဲ့ရပါတယ်။ ကျွန်တော်တို့ မြင်နေရတဲ့ User Interface ဆိုတာကို Xerox ဆီက နည်းယူပြီး မထုတ်လုပ်မဖြန့်ခဲ့ရင် မည်းမည်းစကရင်သာ မြင်ရတဲ့ QDOS, DOS, Altair စတာတွေနှင့် အချိန်အကြာကြီး လုံးပန်းနေခဲ့ရနိုင်ပါတယ်။ ကနဦးကောင်းခဲ့သော်လည်း ပန်းသီးဟာ IBM ကို အာဟာရတိုက်ကျွေးမဲ့ ၀င်းဒိုးဟု နောင်တစ်ချိန်ဖြစ်လာမဲ့ GUI, OS architecture တွေကို မိုက်ခရိုဆော့ဖ်ဆီ ရောင်းစားခဲ့တဲ့အချိန်ကစပြီး ရွဲသွားလိုက်တာ ၂၀၀၀မှာ စတိဗ်ဂျော့ပြန်မလာခင်အထိပေါ့။

အခုဆိုရင်တော့ အိုင်ပေါ့၊အိုင်ဖုန်း၊ အင်တာနက်၊ ရုပ်ရှင်၊ ဂီတ၊ ကွန်ပျူတာ၊ ဆေးဝါးသိပ္ဗံ၊ အာကသသိပ္ဗံ၊ အားကစား၊ မော်တော်ကား စတဲ့နေရာတွေ အများကြီးမှာ Influence ဖြစ်တဲ့ Leader ၁ခု ပြန်ဖြစ်လာခဲ့လို့နေပါပြီ။

မကြိုက်တဲ့လူတွေက မကြိုက်ပေမဲ့လည်း သူ့ရဲ့ပြန်လာနေတဲ့ နှုန်းထားက ချီးကျူးစရာပါ။ မိုက်ခရိုဆော့ဖ်နှင့် စီးပွားရေးဌာနတွေမှာ လွှမ်းမိုးထားပုံခြင်း မယှဉ်နိုင်ပေမဲ့ .. တစ်ကိုယ်ရေသုံး၊ မိသားစုသုံး၊ အိမ်သုံး ကျောင်းသုံး Gadget တွေ၊ ပီစီ တွေမှာတော့ ပန်းသီးက ပြန်ပြီးလွှမ်းမိုးစပြုနေပါပြီ။

234x60

ပြိုင်ဆိုင်မှုတိုင်းဟာ ကျွန်တော်တို့ သုံးစွဲသူတွေအတွက် ကောင်းတာတွေသာ ယူလာမှာဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းတဲ့ ပြိုင်ပွဲတစ်ခုလို့ပဲ ဆိုပါရစေ။

=D

အောက်မှာ လိုဂိုတစ်ချို့ကို ၀ီကီပီဒီယားမှ ကူးယူဖော်ပြလိုက်ပါတယ်။

1976 April 1st မှာ စတိဗ်ဂျော့ နှင့် စတိဗ်ဝေါ့ဇ်နစ်ခ် တို့ စတင်ခဲ့ပုံ၊ နယူတန် ပန်းသီး မှန်သွားတဲ့ ပုံဆိုပါတော့


ဒုတိယပုံက တွေ့တဲ့အတိုင်း ကာလာရောင်စုံနှင့် ဟိုဖက်တစ်ခြမ်းက စတိဗ်ဂျော့နှင့် ဘီလ်ဂိတ်ဘယ်သူလုကိုက်သွားလဲမသိ။


တတိယပုံက တော့ ပြောင်ပြောင် လက်လက် ဖြစ်လာတော့မယ်လို့ ရည်ညွှန်းပုံရပါတယ်။


Enjoy .. we wish them march on doing good stuff..!

Rgds,
-W