Site Relocation

Moved to waiphyok.com

Friday, October 05, 2007

Venture Capitalists : Changing Era


မနက်က ဖတ်လိုက်ရတဲ့ ဆောင်းပါး၁ခုကြောင့် ကျွန်တော်ဒီစာရေးဖို့ဖြစ်လာပါတယ်။

ကွန်ယက်နည်းပညာခေတ်မှာ စီးပွားရေးပညာရှုင်တွေ နည်းပညာကျွမ်းကျင်သူတွေဟာ Startup လို့ခေါ်တဲ့ ကုမ္ပဏီတက်သစ်စတွေထောင်၊ နည်းပညာကို အပြိုင်အဆိုင်ချဲ့ထွင်ပြီး အကျိုးအမြတ်ရမဲ့ နည်းလမ်းတွေကို အပြိုင်အဆိုင်လုပ်ဆောင်နေကြပါတယ်။ စီးပွားရေး၁ခုလုပ်ရာမှာ လိုအပ်တဲ့ အရင်းအနှီးတည်းဟူသော အရာကို Venture Capitalists တွေဆီက ရနိုင်သမျှရအောင် ကြိုးစားလေ့ရှိပါတယ်။ များများရလေလေ၊ ကောင်းကောင်းလုပ်နိုင်လေလို့ယူဆကြပါတယ်။ ဒါဟာ ယျေဘူယအားဖြင့် မှန်နေပေမယ့် ယနေ့အခါမှာတော့ နည်းပညာပိုင်း၊ ဈေးကွက်ပိုင်းပြောင်းလဲမှုတွေကြောင့်အခြေအနေက မတူတော့ပါဘူး။

သတင်းအချက်အလက်နှင့်နည်းပညာလောကမှာ ကျွန်တော်တို့အရင်က ကုမ္ပဏီ၁ခုထောင်ဖို့ဆိုရင် စတင်ဦးဆောင်တဲ့လူတွေက စာရွက်စာတမ်းတွေအများကြီးပြုစုရပါတယ်။ စာမျက်နှာပေါင်း ရာချီ ထောင်ချီနေတဲ့ Business Plan, Model, Executive Summary, Fiscal Projections စတာတွေနှင့် ကိုယ့်ပရောဂျက် သည် ဒီရွေ့ဒီမျှကောင်းပါသည်။ ကျွန်တော့်ဟာကို သုံးရင်ဒီလောက်မြတ်ပါမည်။ ဒီလောက်ရင်းနှီးရင် အချိန်ဘယ်လောက်နှင့် ဒီမျှထွက်ပါမည်ဆိုပြီး စာရင်းအင်းအရင်ပြုစုရပါသည်။ ထိုမှသာ ကုမ္ပဏီပိုင်ရှင်က ရင်းနှီးမြုပ်နှံမဲ့လုပ်ငန်းရှင်တွေကို ဆွယ်နိုင်ပါတယ်။ အဲ့သည်လို အထောက်အထားကောင်းကောင်း ပြနိုင်မှ ဒီပရောဂျက်ဟာ အောင်မြင်မယ့် အလားအလာရှိကြောင်း အာမခံရာရောက်ပါတယ်။

သို့သော် အခုအချိန်မှာတော့ ဒီအရာဟာ မမှန်တော့ပါဘူး။ ကုမ္ပဏီ၁ခုဟာ ၃၊ ၄နှစ်လောက် တိုးတိုးတိတ်တိတ်နှင့် ကျိတ်ချနေလို့မရတော့ပါဘူး။ လိုအပ်တဲ့ စာရွက်စာတမ်းစာရင်းပြုစုတာတွေပြီးသွားရင် တခြားကုမ္ပဏီက ကိုယ့်ကိုဆော်သွားပါပြီ။ ခေတ်သစ်ကုမ္ပဏီတွေဟာ ကြီးထွားမှု ဖြစ်စဉ်၊ Evolution ကို ပိုပြီးဂရုစိုက်လာပါတယ်။ အရင်လို ဘီလူးကြီးဖြစ်လောက်အောင် ပိုက်ဆံတွေစုပြီးမှ ၀င်လာခြင်းထက် ခပ်နုနုဘ၀နှင့်ပဲ ဈေးကွက်ကိုဝင်ပါမယ်။ ပြီးမှ ဆက်လက်ကြီးထွားအောင်လုပ်ဖို့ကြိုးစားပါတယ်။ ကျွန်တော်တို့ စင်္ကာပူမှာတင် ကြည့်ရင်တွေ့နိုင်ပါတယ်။

ဒါဆို အရင်စနစ်နှင့် အခုစနစ်နှင့်ဘယ်နေရာတွေမှာ ဘာတွေဒီလောက်ကွာသွားလဲဆိုတာ မေးခွန်းထုတ်စရာပါပဲ။ လူတွေက ပိုက်ဆံမလိုတော့လို့လား ဘာလားဆိုပြီး။ ဆိုတော့ကာ ကျွန်တော်တို့ အစကပြန်ကြည့်ရအောင်။ ခေတ်ဟောင်း နည်းပညာ ကုမ္ပဏီတွေရဲ့လုပ်ကိုင်ပုံက ဒီလိုပါ။ VC ရဲ့ အဆင့် ၁ အနေနှင့် သူတို့သည်အရင်ဆုံး အထက်ဖော်ပြပါ စာရွက်စာတမ်း အထပ်ထပ်ကို ပြုစုမယ်။ ရင်းနှီးသူနှင့် ဆွေးနွေးမယ်။ နောက် ပျှမ်းမျှအားဖြင့် ဒေါ်လာ ၅သန်းလောက် တောင်းပြီး လိုအပ်တဲ့ စနစ်၊ပရောဂျက် ၁ခုကို ပြီးစီးအောင်လုပ်ပါတယ်။ ထို ပရောဒက် က Up & Runnging ဖြစ်သွားပြီဆိုတာနှင့် Venture Capital အဆင့် ၂ စပါတယ်။ အဲ့ဒီအချိန်မှာ နည်းပညာပိုင်းကနေ စီးပွားရေးပိုင်းကို စပြောင်းပါတယ်။ ဒီပစ္စည်းကို ဈေးကွက်ဝင်အောင်ဆိုပြီး စီအီးအိုတွေ ဘာတွေ လဲချင်လဲပါမယ်။ နောက်ထပ် ဒေါ်လာ ၁သန်း ၂သန်းလောက် ထပ်ထည့်ပါတယ်။ ဒီလိုနှင့် ပစ္စည်း၁ခု ဈေးကွက်ထွက်ဖို့ နှစ်ပေါင်းများစွာ ကြာနေတာကို တွေ့နိုင်ပါတယ်။

ယနေ့အခါမှာတော့ ပြောင်းလဲမှုတွေဟာ အရင်ဆုံး နည်းပညာပိုင်း ဈေးပေါလာတာကို ကြည့်နိုင်တာနှင့် တွေ့နိုင်ပါတယ်။ ဆိုလိုတာက အရင်တုံးက ဆော့ဖ်ဝဲ၁ခုထုတ်ဖို့ကို ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းဝယ်တာနှင့်တင် တော်တော်အကုန်အကျများပါတယ်။ အခုဆိုရင် ဟာ့ဒ်ဝဲတွေ ဘယ်လောက်ပေါလာလဲ ကျွန်တော်တို့အားလုံးအတွေ့ပါပဲ။ ကွန်ယက်ခေတ်မှာ နည်းပညာ Firm ၁ခု အတွက် လိုအပ်မှုစာရင်းဟာ ဒေါ်လာ ၁သိန်း အောက်ပဲ Initial မတည်ဖို့လိုပါတယ်လို့ စာရင်းအင်းတွေအရတွေ့ရှိရပါတယ်။ Infrastructure ၁ခုဆောက်ဖို့အတွက်လည်း ဥပမာ Amazon ရဲ့ EC2, S3 စနစ်တွေထွန်းကားလာမှုကြောင့် ပိုမိုလွယ်ကူလာပါတယ်။ ဆိုလိုတာက လူအင်အားလည်း သက်သောင့်သက်သာနှင့် ဆောင်ရွက်လာနိုင်ခြင်းဖြစ်ပါသည်။ ( ကျွန်တော် နောက်မှ EC2, S3 အကြောင်း ရေးပါဦးမယ်။ )

ဒုတိယ အချက်အနေနှင့် သုံးစွဲသူမားကတ်ဟာ ပိုပြီးကျယ်ပြန့်၊ ပိုပြီး ပစ္စည်းသစ်တွေကို လက်ခံနိုင်စွမ်းရှိလာပါတယ်။ ပစ္စည်းအသစ်တွေ့ရင် အိုကေ၊ စမ်းမယ်၊ သုံးကြည့်မယ်၊ ကြိုက်ရင်ဝယ်ပါမယ်။ အရင်လို စာရွက်တွေနှင့် အထပ်ထပ် Risk တွေထိုင်တွက်နေပုံဟာ အခုခေတ်မှာ သိပ်အသုံးမ၀င်တော့ပါဘူး။ ရင်းနှီးသူတွေရဲ့ အဓိကရည်ရွယ်ချက်က အမြတ်ရဖို့ပါပဲ။ အချိန်တိုတိုနှင့် မြန်မြန်ရရင် သူတို့ကပိုတောင်ကြိုက်ပါသေးတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သင်ခဲ့ဖူးတဲ့ Business ရဲ့ အဓိပ္ပါယ်ဖြစ်တဲ့ - စီးပွားရေးဆိုသည်မှာ လူတွေရဲ့ လက်ရှိပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့၊ ထိုသို့ဖြေရှင်းရာမှာ အကျိုးအမြတ်ရှိရှိဖြေရှင်းခြင်းဆိုတဲ့ - အချက်နှင့်လည်း ပိုပြီး အံဝင်ခွင်ကျဖြစ်သွားတာကို ကျွန်တော်တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက ဒီဘက်ခေတ်မှာ သူတို့ဆီမှာရှိတဲ့ ပြဿနာတွေကိုသာ မြန်မြန်နှင့် ကောင်းကောင်းဖြေရှင်းပေး၊ ဒါဆိုလုံးဝ လက်ခံမယ်ဆိုတဲ့ အနေအထားဖြစ်လာလို့ပါပဲ။ ဒီ့အပြင် ကွန်ယက်၊ ဆိုရှယ် ဘလော့ခ်တွေထွန်းကားလာတာနှင့် အမျှ Word of Mouth တွေ, Recommendations တွေ ပိုမြန်ပြီး အောင်မြင်ဖို့ လွယ်ကူလာပါတယ်။

VC ကြီးများနှင့် VC ငယ်များ

အဲ့ဟုတ်ပြီ။ အဲ့လို စနစ်တွေ၊ စတိုင်တွေ၊ VC တွေရဲ့ လုပ်ပုံကိုင်ပုံတွေပြောင်းလဲမှုဟာ ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာ လည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ IPO ( initial public offerings ) တွေကို ကြည့်မယ်ဆိုရင် လက်ရှိခေတ်သစ် နည်းပညာဈေးကွက်ဟာ မတည်ငြိမ်တာကို တွေ့ရပါမယ်။ ကြောက်စရာကောင်းလောက်အောင် ကျရှုံးမှုတွေလည်း ရှိပါတယ်။ ဒါဟာ VC အကြီးစား တွေအတွက် ချီတုံချတုံဖြစ်စေပါတယ်။ သူတို့ဟာ အရင်စနစ်ဟောင်းက ထုံးစံအတိုင်း ကုမ္ပဏီရဲ့ ၂၀ရာခိုင်နှုန်း stakes လောက်ရမှ မြုပ်နှံချင်ကြပါတယ်။ များများမြုပ်နှံချင်ပါတယ်။ ဒါဟာသူတို့ရဲ့ စီးပွားရေးစတိုင်ပါ။ များများထည့် များများမြတ်ချင်ပါတယ်။ အခွင့်အခါသာလာတာနှင့်အမျှ ဒီစနစ်ပုံစံကို VC အငယ်စားတွေက တွန်းလှန်ပြီး သူတို့အတွက်နေရာရနိုင်အောင် ကြိုးစားလာကြပါတယ်။ ယနေ့ခေတ် အမေရိကန်မှာ အောင်မြင်နေတဲ့ VC အငယ်စားတွေဟာ နည်းနည်းမြုပ်နှံ များများမြတ်စနစ်ကို ကျင့်သုံးလာကြပါတယ်။ ၂၀% မလိုပါဘူး။ ဒါဟာ ပိုကိုက်ပါတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ၁၀၀၀၀ ၊ ၂၀၀၀၀ လောက်ထည့်ဝင်ပြီး ရှုံးသွားရင်လည်း များများစားစား မဟုတ်တော့ပါဘူး။

အဲ့ဒီတော့ ကောက်ချက်ချစရာ အချက်တွေ ထွက်လာပါပြီ။

၁။ VC ကြီးတွေက ထုံးစံအတိုင်း တွန့်ဆုတ်မြဲတွန့်ဆုတ်နေဦးမှာပါပဲ။
၂။ သူတို့ဟာ သတင်းအချက်အလက်နည်းပညာ ဈေးကွက်ထက် ဆေးဝါး၊ကျန်းမာရေး နည်းပညာ ဆိုင်ရာတွေမှာ မြုပ်နှံကြပါလိမ့်မယ်။
၃။ ငွေများများမြုပ်မှ မြတ်တယ်ဆိုတဲ့ ခေတ်ဟာ ပြောင်းသွားပါပြီ။
၎။ VC အငယ်စားတွေလည်း ပိုပြီးအောင်မြင်လာနိုင်ပါတယ်။
၅။ နောက်ဆုံးအရေးကြီးဆုံးကတော့ ပြိုင်ဆိုင်မှုတွေပိုမိုပြင်းထန်ပြီး သက်သာသထက်သက်သာအောင် ၀န်ဆောင်မှုပေးတဲ့အတွက် ကျွန်တော်တို့ သုံးစွဲသူတွေ အတွက် superb products တွေ ကို ပိုမိုမြင်တွေ့လာရတော့မှာပဲ ဖြစ်ပါတော့သည်။


Ref: Read/Write Web, Last100, Kawaski, Business Week

လေးစားစွာဖြင့်
WaiPK