Site Relocation

Moved to waiphyok.com

Friday, October 12, 2007

Fix : Rendering Burmese Fonts on OS X


မက်ခ် OS X Tiger ရဲ့  Fonts အထားအသို ဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ၀င်းဒိုးလိုမျိုး ၁နေရာထဲမှာ စုပြုံထည့်ထားတာ မဟုတ်ပါဘူး။

ကျွန်တော့် ရဲ့  Mac OS က အရင်တုံးက ဘယ်နေရာမှာ မြန်မာလိုရေးရေးမြင်ရပါတယ်။ ခုတလောမှ ဘာမှ မမြင်ရတော့ဘူး ဖြစ်သွားပါတယ်။ ဟိုတနေ့က ကျွန်တော် ဇော်ဂျီကီးဘုတ် လုပ်နေရင်းနှင့် ဖြစ်သွားတာပါ။ အဲ့ဒါနှင့် ဒီနေ့တော့ ပြဿနာကို အဖြေရှာကြည့်ခဲ့ပါတယ်။

အပေါ်မှာ ပြောထားတဲ့ အချက်တွေကို ပြန်ကောက်မယ်ဆိုရင် မက်ခ် OS မှာ fonts တွေကို အောက်ပါ နေရာတွေမှာ ထားလေ့ရှိပါတယ်။

၁။ /Users/Username/Library/Fonts - Log in ၀င်ထားတဲ့သူရဲ့  ဖွန့်တွေ၊ သူသာလျှင် သုံးလို့ရမယ့် ဖွန့်တွေထားပါတယ်။

၂။ /Library/Fonts - သူတို့ကို Local Fonts တွေလို့ ခေါ်ပါတယ်။ OS ပေါ်မှာ ရှိသမျှ Users တွေ အားလုံး သုံးလို့ရတဲ့ ဖွန့်တွေ ထားတဲ့ နေရာပါ။

၃။ /Network/Library/Fonts - နက်ဝက်ခ်ပေါ်က လူတွေပါ သုံးလို့ရအောင် ထားချင်ရင် ဒီဖိုလ်ဒါ အောက်မှာ ထားလိုက်ပါ။

၎။ /System/Library/Fonts - ဒီနေရာလေးကို သတိပြုပါ။ ဒီကောင်က အတော်ပါဝါကြီးတဲ့ နေရာ၁ခုဖြစ်ပါတယ်။ ကျွန်တော်တို့ သုံးသမျှ ဆော့ဖ်ဝဲတွေ၊ menu တွေ၊ file name တွေ စတာတွေ အကုန်လုံးကို support ပေးနိုင်တဲ့ ဖွန့် repository, ဖွန့် တွေ ထားတဲ့နေရာ ဖြစ်ပါတယ်။

ကျွန်တော့် ပြဿနာကို တွေ့လိုက်ပါပြီ။ ကျွန်တော်အဲ့ဒီဖိုလ်ဒါထဲက ဇော်ဂျီတွေ ဖျက်ပစ်လိုက်မိလို့ပါပဲ။ ပြန်ထည့်လိုက်ပါ။ Move မရဘူး၊ လို့ ပြောရင် Authenticate လုပ်ပြီး ဖွန့်ထည့်လိုက်ပါ။ အခုဆိုရင် OS X ပေါ်မှာ ဘယ်နေရာမဆို မြန်မာလို ရိုက်လို့ရပါပြီ။

ကျွန်တော့် ကီးဘုတ်လေးအောက်ကို တင်ချင်ပေမယ့် တင်ခါနီးမှ အခုလို ပြဿနာတွေ၊ ကျွန်တော် အလုပ်ဆင်းနေရတာတွေရှိနေလို့ မတင်ရသေးပါဘူး။ ရင်းနှီးတဲ့၊ လက်လှမ်းမှီတဲ့ လူတွေတော့ ခု ပေးစမ်းထားပါတယ်။ အိုကေကြပါတယ်ဆိုပဲ။

Update: OH! iTunes doesn't seem to handle Myanmar characters this time; it looks weird. Last time, it works, now it doesn't. Sigh*

Rgds,
WaiPK