Site Relocation

Moved to waiphyok.com

Thursday, September 20, 2007

iPhone for Europeans

Europe က ဆရာသမားတွေ နောက်ဆုံးတော့ သူတို့လည်း အိုင်ဖုန်းကိုင်လို့ရပါပြီ။ ၂၆၉ ပေါင် ကနေစပြီး အင်္ဂလန်မှာ ရောင်းချနေပါပြီ။ O2 က တစ်ဦးတည်း ကိုယ်စားလှယ်ပါ။ ကျွန်တော် စိတ်ဝင်စားတာ ၁ခုပဲရှိတယ်။ အဲဒါက သူတို့ရဲ့ The Cloud နှင့် ချိတ်ဆက်ပြီး လက်တွဲမှုပါ။ 3G, 3.5G တွေ သိပ်ဂရုမစိုက်တဲ့ စတိဗ်ဂျော့ဗ်စ် ရဲ့ သတ္တိရှိရှိလုပ်ဆောင်မှုတစ်ခုပါ။ ဥရောပဟာ အမေရိကားနှင့်မတူပါဘူး။ 3G ကို အင်မတန်အားကိုးပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ရမယ့် ပြိုင်ပွဲ၁ခုပါပဲ။ The Cloud ဟာ ဥရောပရဲ့ အကြီးဆုံး ၀ိုင်ဖိုင် အင်တာနက် ပံ့ပိုးသူ ဖြစ်သလို အခုလို အိုင်ဖုန်းအတွက်လည်း ကွန်ယက်ပေါင်း ၇၅၀၀ ထောက်ပံ့ပေးမယ်လို့ အတည်ပြုထားပါတယ်။ ရှေးရိုးစွဲ၊ အယူအဆအသစ်တွေကို လက်ခံဖို့ အတော်ခဲယဉ်းတဲ့ အင်္ဂလိပ်လူမျိုးတွေ ၀ိုင်ဖိုင် ပြောင်းသုံးမလားဆိုတာဟာ လေ့လာစရာ၁ခုပါ။ လှပတဲ့ နည်းပညာတွန်းလှန်ထားတဲ့ အိုင်ဖုန်းကပဲ ထိုအသားကျနေတဲ့ အမြင်တွေကို ပြောင်းလဲစေမလားဆိုတာကိုတော့ အချိန်နှင့်အမျှ စောင့်ကြည့်ပေဦးတော့ဗျာ။

နောက် ထပ်ကြားရတာလေး ၁ခုက ဂျာမနီမှာလည်း T-Mobile က အိုင်ဖုန်းကို နိုဝင်ဘာ ၉ ရက်ကနေစပြီး ဖြန့်ချီပါတော့မယ်တဲ့။

Woods 08 , Madden 08 လည်း မက်ခ်အတွက်ထွက်လာပါပြီ။ နီးစပ်ရာ ပန်းသီးစတိုးတွင် ၀ယ်ယူနိုင်ပါတယ်။

Microsoft Mac Office 2008 ကို မစောင့်နိုင်တဲ့လူတွေလည်း သူတို့ရဲ့ နောက်ဆုံး update တွေကို ဒီနေရာမှာ ကြည့်ပြီး အရသာခံလို့ရပါကြောင်း ။

ကျွန်တော် အချိန်ရတုံး ထူးထူးခြားခြားတွေ့တာလေးတွေ တင်ပေးလိုက်ပါတယ်။ တချိန်ထဲမှာကျွန်တော့်ရဲ့ Zawgyi KB Layout for OS X အွန်လိုင်း တင်ဖို့ကြိုးစားနေဆဲပါ။ Setup file ၁ဖိုင်၊ DMG ၁ခု နှစ်မျိုးလုပ်နေရတဲ့ အတွက် ကြာသွားတာ တောင်းပန်ပါတယ်ဗျာ။ OSX 10.2, 10.3, 10.4 & above အားလုံးရနိုင်အောင် ကြိုးစားထားပါတယ်။

လေးစားစွာဖြင့်
ဝေဖြိုးကျော်