Site Relocation

Moved to waiphyok.com

Thursday, August 30, 2007

For Fellow iSwitchers ..

အခုတလော iSwitchers တွေ တနေ့တခြားတိုးပွားလာနေပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေထဲမှာတောင် တစ်ယောက်ပြီးတစ်ယောက် Mac တွေ ပြောင်းကိုင်ကြပြီ။ အစပိုင်းမှာ နည်နည်း အထစ်အငေါ့လေးတွေတော့ ရှိနေပါသေးတယ်။ မွေးကတည်းက ၀င်းဒိုးနှင့်ကြီးလာရတာဆိုတော့ဗျာ.. ။

အဲ့ဒါ လူတိုင်းကလာမေးကြတယ်၊ ၀င်းဒိုးကို Intel Mac ပေါ်မှာသုံးဖို့ အကောင်းဆုံးနည်းလမ်းက ဘာလဲ၊ ညာလဲ ပေါ့ဗျာ။

ကျွန်တော် တစ်ခါတုံးက CrossOver အကြောင်းရေးတုံးကတော့ နည်းနည်းပြောဖူးပါတယ်။

အမြန်ဆုံးက BootCamp ပါ။ သူက လုံးဝ Partition ဆောက်ပြီး သွင်းတာဆိုတော့ Windows အစစ်ပါပဲ။

နောက်တော့ CrossOver အစရှိတဲ့ Application တွေ သီးသန့် Run ဖို့ သုံးရတဲ့ ဟာတွေ ရှိပါတယ်။

အခုလူတိုင်းလာမေးနေကြတာတော့ Parallels, VMWare အစရှိတဲ့ ၀င်းဒိုးကို OS X နှင့် တပြိုင်တည်း ဖွင့်လို့ရတဲ့ ဆော့ဖ်ဝဲတွေ အကြောင်းပါ။ ကျွန်တော် ကိုယ်တိုင် စမ်းသုံး၊ လေ့လာကြည့်ပြီး ရလာတဲ့ အတွေ့ အကြုံအရပြောရမယ်ဆိုရင် ကျွန်တော် VMWare Fusion ကို ပိုကြိုက်ပါတယ်။ ပိုမြန်ပါတယ်။ သူ့ရဲ့  Unity Mode လို့ ခေါ်တဲ့ feature ဟာ Parallels ရဲ့  Coherence Mode ထက် ပိုမြန်ပြီး ငြိမ်ပါတယ်။ အဲ့အဲ .. Unity or Coherence အဲ့ဒီ feature တွေကို နည်းနည်းမြင်သာအောင် ပြောရမယ်ဆိုရင် .. ဆိုပါစို့၊ ကျွန်တော်တို့ GoogeTalk Windows Application ကို Run လိုက်ပြီဆိုတာနှင့် သူ့ ၀င်းဒိုးလေးပေါ်လာပါမယ်။ အဲ့ဒီ ၀င်းဒိုးလေးက မသိရင် Mac Software လေး ၁ခုလိုပါပဲ။ Dock ထဲ ထည့်သိမ်းလို့ရပါတယ်။ Expose ခေါ်ရင်လည်း အလုပ်လုပ်ပါတယ်။ သူ့ရဲ့  အောက်မှာ run နေတဲ့ Windows OS ကြီးကတော့ ဖျောက်ထားတာပေါ့ဗျာ။ အဲ့ဒီ GTalk လေး ၁ခုပဲ မြင်ရမယ်။

ဆိုတော့ နှစ်ခုလုံးက အဲ့လို ရတော့ ဘာကွာနေလဲဆိုရင် အဓိက ၂ချက်ရှိပါတယ်။ Memory Support နှင့် Processor Support ပါ။ Parallels က ဟိုတလောကမှ Memory 4GB ထိ တက်ပြီး အလုပ်လုပ်ပေးနိုင်ပါတယ်။ VMWare ရဲ့ နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ Memory Support ( သီအိုရီအရဆို 8GB) ကို မယှဉ်နိုင်ပါဘူး။ Memory Management လည်း Parallels က နည်နည်း အားနည်းတော့ ခဏခဏ Hang ပါမယ်။ နောက် Host လုပ်တဲ့ MacOS ကိုပါ အတော်နှေးသွားစေနိုင်ပါတယ်။ တခြားတဖက်မှာတော့ VMWare က ကျွန်တော်တို့ရဲ့  Mac OS ကိုလည်း သပ်သပ်ရပ်ရပ် ထိန်းထားပေးနိုင်ပြီး Windows ကိုလည်း တည်တည်ငြိမ်ငြိမ် မောင်းပေးနိုင်ပါတယ်။

နောက်တစ်ချက်ဖြစ်တဲ့ ပရိုဆက်ဆာ ပိုင်းကို ပြောရမယ်ဆိုရင် parallels က ပရိုဆက်ဆာ ၁လုံးပဲ လက်ခံ အလုပ်လုပ်ပေးနိုင်ပါတယ်။ VMWare က ၂ ခု တောင် အသုံးချပြီး အလုပ်လုပ်ပေးနိုင်ပါတယ်။ ၁ခု နှင့် ၂ခု ဘယ်သူပိုအားသာမလဲ ဆိုတာ ကျွန်တော် ပြောစရာမလိုလောက်ဘူးထင်ပါတယ်။ =D ..

ဂိမ်းကစားချင်တဲ့ လူတွေ အတွက် parallels ကော၊ vmware ကော လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ MacBook သမားတွေ အတွက်တော့ ရင်နာစရာပဲ၊ GMA 950 OnBoard Chipset တွေကို တော့ ဆော့ဖ်ဝဲ ၂ခုလုံး က support မပေးနိုင်သေးပါဘူး။

ကျွန်တော် အခုပြောတဲ့ အချက်တွေကို ဟိုတလောက စစ်တမ်းကောက်ထားတဲ့ Macnn Benchmarks မှာလည်း တွေနိုင်ပါတယ်။ Windows Photoshop ကို VMWare မှာ run ရင် Parallels ထက် ၂ဆ မြန်ပါတယ်။ တခြား media application တွေလည်း လေးပုံ ၁ပုံလောက်မြန်ပါတယ်။ အခုစမ်းသပ်မှုဟာ Parallels Desktop for Mac v3.0 နှင့် VMWare Fusion 1.0 တို့ အကြား ဖြစ်ပါတယ်။

Virtualization ဟာ နက်နဲပါတယ်။ ကျွန်တော်တို့ ခုအချိန်မှာ VMWare က ပိုကောင်းနေသော်ငြားလည်း ဒါဟာ အချိန်နှင့် စောင့်ပြီး ကြည့်ရှုရမယ့် ပွဲဖြစ်ပါတယ်။ ပိုပြီး အတွေ့အကြုံပြည့်တဲ့ VMWare ကပဲ အရမ်းသာသွားမလား၊ နောက်ထွက် Parallels ကပဲ နောက်ကောက်ချနိုင်မလားဆိုတာကိုတော့ ..


Rgds,
-W