Site Relocation

Moved to waiphyok.com

Saturday, August 18, 2007

Bye Jim + His latest smash on Vista



ကျွန်တော် PC Magazine ကို ရန်ကုန်မှာကတည်းက ဖတ်ခွင့်ရခဲ့ပါတယ်။ BC မှာက UK Version တွေရှိတော့ ပိုကောင်းပါတယ်။ စလုံးက Singapore PC Mag တွေထက် အများကြီးကောင်းတယ်လို့ထင်ပါတယ်။ ခုရေးမယ့်အကြောင်းက PC Mag chief Jim Louderback အကြောင်းပါ။

အယ်ဒီတာဘ၀မှာ ၁၆နှစ်၊ PC Mag မှာ ငါးနှစ် လုပ်ပြီးတဲ့အခါမှာ ဆရာကြီး Jim တော့ လစ်သွားပါပြီ။ Revision3 မှာ စီအီးအို သွားလုပ်မယ်လို့ ပြောပါတယ်။ အခုလို စိတ်ဆန္ဒပြင်းပြတဲ့ အဖွဲ့တွေနှင့် အလုပ်လုပ်ရတာကို နှစ်သက်ပါတယ်လို့ တဖွဖွပြောနေပြီး သူ့ကြည့်ရတာ မဂွဇင်းလောကကို စိတ်ကုန်ပုံတော့မရသေးပါဘူး။ နောက်ဆုံး ဆောင်းပါးမှာ Vista အကြောင်း နှိပ်ကွပ်သွားပါတယ်။ အောက်မှာ ဖတ်ကြည့်ပါဦး။

သူကပြောပါတယ်..အခုလို...

ကျွန်တော်မသွားခင်လေး နောက်ဆုံးတင်ပြချင်တာကတော့ ၀င်းဒိုး ဗစ်စ်တာ အကြောင်းပဲဖြစ်ပါတယ်။ စထွက်ထွက်ကတည်းက ကျွန်တော်အဲ့ဒီ ၀င်းဒိုးအသစ်ကို ကျွန်တော့်ရဲ့  စက်တော်တော်များများမှာ ယုံယုံကြည်ကြည် လိုက်သွင်းပြီးသုံးနေခဲ့တာ ခု ၈လ၊ ကိုးလ ရှိနေပြီဗျ။ ခုကိုးလလောက်ကြာမှ ဘာလို့ ဒီလိုပြောရလဲဆိုတော့ အဲ့ကတည်းက ရှိလာခဲ့တဲ့ ပြဿနာတွေက မပြီးပြီးနိုင်ဘဲနှင့် အခုမှလာပြီးစုပြုံနေလို့ပါ။

Sleep Mode ကိုပဲကြည့်ပါ။ ပြောတော့ power အကုန်အကျသက်သာစေမယ့် sleep တဲ့။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဟိုတလောကမှ အသစ်ရှယ်မံလိုက်တဲ့ dual-core ကွန်ပျူတာကြီး အိပ်သွားလိုက်တာ ပြန်မထလာလို့ မနည်း cold-start ချပြီး နိုးယူရတယ်ဗျာ။ ပြီးတော့ မသင်္ကာလို့ဆိုပြီး ရှိသမျှ ဒရိုင်ဘာ တွေ ပြန်ပြောင်းတင်တော့လည်း ပိုပြီးဆိုးသွားတယ်။ နောက်ပြီး အဲ့လို ကျွန်တော့် ကွန်ပျူတာ အအိပ်ကြီးတာတင်မကဘူး၊ ကျွန်တော့် အိပ်ဆောင်ကွန်ပျူတာ လည်း ပြဿနာ တစ်မျိုးပေးတယ်။ ၀ယ်တာက HP က၊ မသိရင် ကျွန်တော် Starbucks က ၀ယ်ထားသလိုပဲ ကွန်ပျူတာက .. တရှုးရှုးနှင့် ကော်ဖီ အမြုပ်စီတဲ့ အသံထွက်နေတယ်။ နောက်ဆုံး မိုက်ခရိုဆော့ဖ်က ပေးတဲ့ ဗစ်တာ အက်ပဒိတ် သွင်းပြီးကတည်းကတော့ ကောင်းသွားပါတယ်ဗျာ။ ကံကောင်းလို့။ ဒါပေမယ့် အဲ့ဒီ laptop ဘယ်တော့မှ Sleep မဖြစ်တော့ဘူး။ မအိပ်မနေ အသက်ရှည်ဆိုသလိုများလားမသိဘူး။ ကွန်တော်ကတော့ အဲ့ဒီ ကွန်ပျူတာကို ကွန်ပျူချီနို လို့ နာမည်ပေးထားတယ်၊ ကာပူချီနို ကော်ဖီနှင့် နင်လားငါလားပဲ။

ဟား၊ နက်ဝက်ကင်းကတော့ ဘာပြောကောင်းမလဲဗျာ။ ကျွန်တော် ၀င်းဒိုး XP မှာ right ကလစ် တစ်ချက်နှိပ် sys tray ပေါ်လာရင် အိုင်ပီ settings, status ဘာညာ အကုန်ကြည့်၊ အကုန်ပြင်လို့ရတယ်။ အခုတော့၊ ခင်ဗျား right click နှိပ်တာနှင့် Network & Sharing Center ကို ခေါ်သွားလိမ့်မယ်။ ပြီးရင် Share & Enjoy ဆိုတာတွေ ဘာတွေလည်း တွေ့ရဦးမယ်။ ကျွန်တော် တသက်လုံးမရင်းနှီးလာခဲ့တဲ့ စနစ်တွေ အဲ့ဒီမှာ တွေ့ရတယ်။ နောက်တအိမ်လုံးမှာ ရှိသမျှ ကျွန်တော့်ရဲ့  drives တွေ၊ ပရင်တာတွေ ကို ချိတ်ဖို့၊ ရှယ်ဖို့ ကြည့်လိုက်တော့လည်း တစ်ချို့  စက်တွေက ပေါ်ချင်ရင်ပေါ်တယ်၊ မပေါ်ရင်မပေါ်ဘူး။ ဘာ အာမခံချက်မှ မရှိပါဘူး။ ကျွန်တော့်ရဲ့  Media PC ဆိုရင် သူ့ အလုပ်က ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ၊ သီချင်းတွေ ဖြန့်ပေးဖို့ထားတာ၊ ဘယ့်နှယ်ဗျာ နက်ဝက်ခ်ပေါ်က ပြုတ်ပြုတ်ကျတာ ဘာအကြောင်းပြချက်မှ မရှိဘဲ။ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်း မဟုတ်။ ခုနက ပြောတဲ့ ကျွန်တော့် ကွန်ပျူချီနို လက်ပတော့ လေးဆိုလည်း တခါတလေ နက်ဝက်ခ်ကို ဘာမှ မတွေ့ရဘူး။

နောက်တစ်ခုက XP မှာဆို၊ ကွန်ပျူတာက အိပ်ပျော်နေရာက နိုးလာရင် Network ကို ချိတ်တာသိပ်မြန်တယ်၊ လုံးဝ seamless ပဲ၊ ခုတော့ဗျာ ဗစ်စ်တာ မှာ ခင်ဗျား ၃၀ secs စောင့်ရမယ်။ အဲ့ဒါသာမန်၊ အများသုံး နက်ဝက်ခ်မဟုတ်ဘူးနော်၊ Trusted Network, Trusted Zone, Trusted System ဗျ။ နောက်ပြီးပြန်ချိတ်ချင်ရင်လည်း အဲ့ဒီ quick tray icon လေးကို နှိပ်ပြီးရင် တခါတလေ ကြာနေသေးတယ်။ XP မှာတုံးက အဲ့လိုမဟုတ်ပါဘူးဗျာ။ နှိပ်ပြီးရင်ချက်ချင်းတက်လာတယ်။ တခုခုမှားနေတယ်လို့တော့ ကျွန်တော်ထင်တယ်ဗျာ။

ဆက်ပြောရင်တော့ မပြီးဘူးဗျာ။ ဒရိုင်ဘာတွေမရှိလို့ ကျွန်တော့်ရဲ့  တစ်ချို့  ကိရိယာတွေလည်း အလုပ်မလုပ်ဘူး။ system ကလည်း ကောင်းချင်ကောင်း ဖောက်ချင်ဖောက်၊ blabla .. ။ ကျွန်တော် အသေးစိတ်ထပ်ပြောနေရင် ခင်ဗျားတို့ ငြီးငွေ့လာလိမ့်မယ်။ ခုပြဿနာက ကိုးလကြာတာတောင် ဗစ်စ်တာ က အမှားတွေ အပေါက်တွေကို မပြင်နိုင်သေးဘူးဗျာ။ ကျွန်တော် မိုက်ခရိုဆော့ဖ်ကို ယုံယုံကြည်ကြည်နှင့် အချိန်အကြာကြီးပေးပြီး သုံးနေခဲ့တာ အရူးလုပ်ခံရသလိုပါပဲ။ မယုံရင်ကြည့်လိုက်လေ၊ တကယ်လို့ မိုက်ခရိုဆော့ဖ် အဲ့လို အမှားတွေ မပြင်နိုင်သေးရင်၊ ကျွန်တော် ဘယ်သူမှ ထင်မထားတာ လုပ်ပြလိုက်မယ်။ Linux ပြောင်းသုံးလိုက်မယ်ကွ ။ ... ဟင်း.. !!!



ကျွန်တော်ဖတ်ပြီး သဘောကျလို့ သင့်သလို ဘာသာပြန်ပြီးရေးလိုက်တာပါ။ အကိုတို့ အမတို့၊ ခင်ဗျားတို့ဘာသာဆုံးဖြတ်ကျပေရော့ ..... =D


Rgds,
WaiPk

#Ref: PC Mag - Passing the Torch