Site Relocation

Moved to waiphyok.com

Thursday, August 30, 2007

For Fellow iSwitchers ..

အခုတလော iSwitchers တွေ တနေ့တခြားတိုးပွားလာနေပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေထဲမှာတောင် တစ်ယောက်ပြီးတစ်ယောက် Mac တွေ ပြောင်းကိုင်ကြပြီ။ အစပိုင်းမှာ နည်နည်း အထစ်အငေါ့လေးတွေတော့ ရှိနေပါသေးတယ်။ မွေးကတည်းက ၀င်းဒိုးနှင့်ကြီးလာရတာဆိုတော့ဗျာ.. ။

အဲ့ဒါ လူတိုင်းကလာမေးကြတယ်၊ ၀င်းဒိုးကို Intel Mac ပေါ်မှာသုံးဖို့ အကောင်းဆုံးနည်းလမ်းက ဘာလဲ၊ ညာလဲ ပေါ့ဗျာ။

ကျွန်တော် တစ်ခါတုံးက CrossOver အကြောင်းရေးတုံးကတော့ နည်းနည်းပြောဖူးပါတယ်။

အမြန်ဆုံးက BootCamp ပါ။ သူက လုံးဝ Partition ဆောက်ပြီး သွင်းတာဆိုတော့ Windows အစစ်ပါပဲ။

နောက်တော့ CrossOver အစရှိတဲ့ Application တွေ သီးသန့် Run ဖို့ သုံးရတဲ့ ဟာတွေ ရှိပါတယ်။

အခုလူတိုင်းလာမေးနေကြတာတော့ Parallels, VMWare အစရှိတဲ့ ၀င်းဒိုးကို OS X နှင့် တပြိုင်တည်း ဖွင့်လို့ရတဲ့ ဆော့ဖ်ဝဲတွေ အကြောင်းပါ။ ကျွန်တော် ကိုယ်တိုင် စမ်းသုံး၊ လေ့လာကြည့်ပြီး ရလာတဲ့ အတွေ့ အကြုံအရပြောရမယ်ဆိုရင် ကျွန်တော် VMWare Fusion ကို ပိုကြိုက်ပါတယ်။ ပိုမြန်ပါတယ်။ သူ့ရဲ့  Unity Mode လို့ ခေါ်တဲ့ feature ဟာ Parallels ရဲ့  Coherence Mode ထက် ပိုမြန်ပြီး ငြိမ်ပါတယ်။ အဲ့အဲ .. Unity or Coherence အဲ့ဒီ feature တွေကို နည်းနည်းမြင်သာအောင် ပြောရမယ်ဆိုရင် .. ဆိုပါစို့၊ ကျွန်တော်တို့ GoogeTalk Windows Application ကို Run လိုက်ပြီဆိုတာနှင့် သူ့ ၀င်းဒိုးလေးပေါ်လာပါမယ်။ အဲ့ဒီ ၀င်းဒိုးလေးက မသိရင် Mac Software လေး ၁ခုလိုပါပဲ။ Dock ထဲ ထည့်သိမ်းလို့ရပါတယ်။ Expose ခေါ်ရင်လည်း အလုပ်လုပ်ပါတယ်။ သူ့ရဲ့  အောက်မှာ run နေတဲ့ Windows OS ကြီးကတော့ ဖျောက်ထားတာပေါ့ဗျာ။ အဲ့ဒီ GTalk လေး ၁ခုပဲ မြင်ရမယ်။

ဆိုတော့ နှစ်ခုလုံးက အဲ့လို ရတော့ ဘာကွာနေလဲဆိုရင် အဓိက ၂ချက်ရှိပါတယ်။ Memory Support နှင့် Processor Support ပါ။ Parallels က ဟိုတလောကမှ Memory 4GB ထိ တက်ပြီး အလုပ်လုပ်ပေးနိုင်ပါတယ်။ VMWare ရဲ့ နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ Memory Support ( သီအိုရီအရဆို 8GB) ကို မယှဉ်နိုင်ပါဘူး။ Memory Management လည်း Parallels က နည်နည်း အားနည်းတော့ ခဏခဏ Hang ပါမယ်။ နောက် Host လုပ်တဲ့ MacOS ကိုပါ အတော်နှေးသွားစေနိုင်ပါတယ်။ တခြားတဖက်မှာတော့ VMWare က ကျွန်တော်တို့ရဲ့  Mac OS ကိုလည်း သပ်သပ်ရပ်ရပ် ထိန်းထားပေးနိုင်ပြီး Windows ကိုလည်း တည်တည်ငြိမ်ငြိမ် မောင်းပေးနိုင်ပါတယ်။

နောက်တစ်ချက်ဖြစ်တဲ့ ပရိုဆက်ဆာ ပိုင်းကို ပြောရမယ်ဆိုရင် parallels က ပရိုဆက်ဆာ ၁လုံးပဲ လက်ခံ အလုပ်လုပ်ပေးနိုင်ပါတယ်။ VMWare က ၂ ခု တောင် အသုံးချပြီး အလုပ်လုပ်ပေးနိုင်ပါတယ်။ ၁ခု နှင့် ၂ခု ဘယ်သူပိုအားသာမလဲ ဆိုတာ ကျွန်တော် ပြောစရာမလိုလောက်ဘူးထင်ပါတယ်။ =D ..

ဂိမ်းကစားချင်တဲ့ လူတွေ အတွက် parallels ကော၊ vmware ကော လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ MacBook သမားတွေ အတွက်တော့ ရင်နာစရာပဲ၊ GMA 950 OnBoard Chipset တွေကို တော့ ဆော့ဖ်ဝဲ ၂ခုလုံး က support မပေးနိုင်သေးပါဘူး။

ကျွန်တော် အခုပြောတဲ့ အချက်တွေကို ဟိုတလောက စစ်တမ်းကောက်ထားတဲ့ Macnn Benchmarks မှာလည်း တွေနိုင်ပါတယ်။ Windows Photoshop ကို VMWare မှာ run ရင် Parallels ထက် ၂ဆ မြန်ပါတယ်။ တခြား media application တွေလည်း လေးပုံ ၁ပုံလောက်မြန်ပါတယ်။ အခုစမ်းသပ်မှုဟာ Parallels Desktop for Mac v3.0 နှင့် VMWare Fusion 1.0 တို့ အကြား ဖြစ်ပါတယ်။

Virtualization ဟာ နက်နဲပါတယ်။ ကျွန်တော်တို့ ခုအချိန်မှာ VMWare က ပိုကောင်းနေသော်ငြားလည်း ဒါဟာ အချိန်နှင့် စောင့်ပြီး ကြည့်ရှုရမယ့် ပွဲဖြစ်ပါတယ်။ ပိုပြီး အတွေ့အကြုံပြည့်တဲ့ VMWare ကပဲ အရမ်းသာသွားမလား၊ နောက်ထွက် Parallels ကပဲ နောက်ကောက်ချနိုင်မလားဆိုတာကိုတော့ ..


Rgds,
-W

Apple September 5 Special Event + (I can't follow!)

ကျွန်တော်တော့ ငါးရက် နေ့မှာ လုပ်မဲ့ Apple Special Event ပွဲကို လိုက်ပြီး မဖတ်နိုင်တော့ဘူးထင်တယ်။ ရန်ကုန်မှာဆိုတော့ ဒီမှာလို အင်တာနက် လွယ်ပါ့မလားမသိဘူး။ Rumors တွေကတော့ အပြည့်ပဲ။ Wireless iPod တွေနှင့် အတူ၊ iPod Nano 3G ထွက်ဖို့ ရှိတယ်တဲ့ .. Samsung က အသစ်ထုတ်လိုက်တဲ့ Flash Chip တွေကို သုံးမယ်လို့ ကျွန်တော်ထင်ပါတယ်။ Click Wheel ကို ဆက်သုံးမယ်လို့လည်းပြောနေပါတယ်။ အဲ့ဒါပိုကောင်းပါတယ်၊ Touch Screen သုံးလိုက်ရင် iPhones ရဲ့  ရောင်းအားနှင့် Conflict ဖြစ်နိုင်ပါတယ်။ အနီရောင် (RED) Product တွေလည်း ဆက်ထွက်မဲ့ အသံကြားရတာ AIDS ရောဂါရှင်တွေ အတွက် အားတက်စရာပါပဲ။

ဘယ်သူတွေ ဘာပြောပြော အဲ့ဒီ Rumors တွေကြောင့် စတော့ခ် က ငါးကျပ် တက်သွားပါတယ်၊ လကုန်မှာလုပ်မဲ့ Paris Expo ကိုလည်း စောင့်ကြည့်ကြပါ။ European iPhone ထွက်မယ်လို့ အသံကြားထားပါတယ်။ Carrier ကတော့ ဘယ်သူနှင့် ချိတ်မလဲတော့ မသိသေးဘူးဗျ။

အဲ့ နောက်ဆုံး စိတ်ဝင်စားတာ ၁ခုက သူတို့ နှစ်ပေါင်းများစွာ မပြေမလည်ဖြစ်ခဲ့တဲ့ Beatles နှင့် ပြန်ချိတ်မလားဆိုတာပဲ၊ Invitation Letter မှာ "The beat goes on" ဆိုပြီး ပါတဲ့ အပြင် Beatles ရဲ့ နောက်ဆုံး press မှာလည်း .. အဲ့ဒီ the beat goes on .. tag နှင့် ဆုံးထားပါတယ်။

Volkswagen ကလည်း Apple နှင့် နည်းပညာခြင်းပေါင်းစပ်ဖို့ လမ်းသင့်နေကြောင်း German ဆိုက် ၁ခုက ပြထားပါတယ်၊ တွေ့တဲ့လူလည်း တွေ့ပြီး ကြပြီ ထင်ပါတယ်။ iCar လို့ ခေါ်ပါတယ်။ ဟိုတလောကလေးတင် BMW နှင့် ချိတ်ထားတာဗျ။ တော်တော် သရမ်းတဲ့ ကောင်တွေဗျာ။

Til' 5th ...

Rgds,
-W

Apple September 5 Special Event + (I can't follow!)

ကျွန်တော်တော့ ငါးရက် နေ့မှာ လုပ်မဲ့ Apple Special Event ပွဲကို လိုက်ပြီး မဖတ်နိုင်တော့ဘူးထင်တယ်။ ရန်ကုန်မှာဆိုတော့ ဒီမှာလို အင်တာနက် လွယ်ပါ့မလားမသိဘူး။ Rumors တွေကတော့ အပြည့်ပဲ။ Wireless iPod တွေနှင့် အတူ၊ iPod Nano 3G ထွက်ဖို့ ရှိတယ်တဲ့ .. Samsung က အသစ်ထုတ်လိုက်တဲ့ Flash Chip တွေကို သုံးမယ်လို့ ကျွန်တော်ထင်ပါတယ်။ Click Wheel ကို ဆက်သုံးမယ်လို့လည်းပြောနေပါတယ်။ အဲ့ဒါပိုကောင်းပါတယ်၊ Touch Screen သုံးလိုက်ရင် iPhones ရဲ့  ရောင်းအားနှင့် Conflict ဖြစ်နိုင်ပါတယ်။ အနီရောင် (RED) Product တွေလည်း ဆက်ထွက်မဲ့ အသံကြားရတာ AIDS ရောဂါရှင်တွေ အတွက် အားတက်စရာပါပဲ။

ဘယ်သူတွေ ဘာပြောပြော အဲ့ဒီ Rumors တွေကြောင့် စတော့ခ် က ငါးကျပ် တက်သွားပါတယ်၊ လကုန်မှာလုပ်မဲ့ Paris Expo ကိုလည်း စောင့်ကြည့်ကြပါ။ European iPhone ထွက်မယ်လို့ အသံကြားထားပါတယ်။ Carrier ကတော့ ဘယ်သူနှင့် ချိတ်မလဲတော့ မသိသေးဘူးဗျ။

အဲ့ နောက်ဆုံး စိတ်ဝင်စားတာ ၁ခုက သူတို့ နှစ်ပေါင်းများစွာ မပြေမလည်ဖြစ်ခဲ့တဲ့ Beatles နှင့် ပြန်ချိတ်မလားဆိုတာပဲ၊ Invitation Letter မှာ "The beat goes on" ဆိုပြီး ပါတဲ့ အပြင် Beatles ရဲ့ နောက်ဆုံး press မှာလည်း .. အဲ့ဒီ the beat goes on .. tag နှင့် ဆုံးထားပါတယ်။

Volkswagen ကလည်း Apple နှင့် နည်းပညာခြင်းပေါင်းစပ်ဖို့ လမ်းသင့်နေကြောင်း German ဆိုက် ၁ခုက ပြထားပါတယ်၊ တွေ့တဲ့လူလည်း တွေ့ပြီး ကြပြီ ထင်ပါတယ်။ iCar လို့ ခေါ်ပါတယ်။ ဟိုတလောကလေးတင် BMW နှင့် ချိတ်ထားတာဗျ။ တော်တော် သရမ်းတဲ့ ကောင်တွေဗျာ။

Til' 5th ...

Rgds,
-W

Tuesday, August 28, 2007

1 More Hack - =O

Just feeling strange, how come this news is not on Mac Portals?





Rgds,
-Wai

Saturday, August 18, 2007

Bye Jim + His latest smash on Vista



ကျွန်တော် PC Magazine ကို ရန်ကုန်မှာကတည်းက ဖတ်ခွင့်ရခဲ့ပါတယ်။ BC မှာက UK Version တွေရှိတော့ ပိုကောင်းပါတယ်။ စလုံးက Singapore PC Mag တွေထက် အများကြီးကောင်းတယ်လို့ထင်ပါတယ်။ ခုရေးမယ့်အကြောင်းက PC Mag chief Jim Louderback အကြောင်းပါ။

အယ်ဒီတာဘ၀မှာ ၁၆နှစ်၊ PC Mag မှာ ငါးနှစ် လုပ်ပြီးတဲ့အခါမှာ ဆရာကြီး Jim တော့ လစ်သွားပါပြီ။ Revision3 မှာ စီအီးအို သွားလုပ်မယ်လို့ ပြောပါတယ်။ အခုလို စိတ်ဆန္ဒပြင်းပြတဲ့ အဖွဲ့တွေနှင့် အလုပ်လုပ်ရတာကို နှစ်သက်ပါတယ်လို့ တဖွဖွပြောနေပြီး သူ့ကြည့်ရတာ မဂွဇင်းလောကကို စိတ်ကုန်ပုံတော့မရသေးပါဘူး။ နောက်ဆုံး ဆောင်းပါးမှာ Vista အကြောင်း နှိပ်ကွပ်သွားပါတယ်။ အောက်မှာ ဖတ်ကြည့်ပါဦး။

သူကပြောပါတယ်..အခုလို...

ကျွန်တော်မသွားခင်လေး နောက်ဆုံးတင်ပြချင်တာကတော့ ၀င်းဒိုး ဗစ်စ်တာ အကြောင်းပဲဖြစ်ပါတယ်။ စထွက်ထွက်ကတည်းက ကျွန်တော်အဲ့ဒီ ၀င်းဒိုးအသစ်ကို ကျွန်တော့်ရဲ့  စက်တော်တော်များများမှာ ယုံယုံကြည်ကြည် လိုက်သွင်းပြီးသုံးနေခဲ့တာ ခု ၈လ၊ ကိုးလ ရှိနေပြီဗျ။ ခုကိုးလလောက်ကြာမှ ဘာလို့ ဒီလိုပြောရလဲဆိုတော့ အဲ့ကတည်းက ရှိလာခဲ့တဲ့ ပြဿနာတွေက မပြီးပြီးနိုင်ဘဲနှင့် အခုမှလာပြီးစုပြုံနေလို့ပါ။

Sleep Mode ကိုပဲကြည့်ပါ။ ပြောတော့ power အကုန်အကျသက်သာစေမယ့် sleep တဲ့။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဟိုတလောကမှ အသစ်ရှယ်မံလိုက်တဲ့ dual-core ကွန်ပျူတာကြီး အိပ်သွားလိုက်တာ ပြန်မထလာလို့ မနည်း cold-start ချပြီး နိုးယူရတယ်ဗျာ။ ပြီးတော့ မသင်္ကာလို့ဆိုပြီး ရှိသမျှ ဒရိုင်ဘာ တွေ ပြန်ပြောင်းတင်တော့လည်း ပိုပြီးဆိုးသွားတယ်။ နောက်ပြီး အဲ့လို ကျွန်တော့် ကွန်ပျူတာ အအိပ်ကြီးတာတင်မကဘူး၊ ကျွန်တော့် အိပ်ဆောင်ကွန်ပျူတာ လည်း ပြဿနာ တစ်မျိုးပေးတယ်။ ၀ယ်တာက HP က၊ မသိရင် ကျွန်တော် Starbucks က ၀ယ်ထားသလိုပဲ ကွန်ပျူတာက .. တရှုးရှုးနှင့် ကော်ဖီ အမြုပ်စီတဲ့ အသံထွက်နေတယ်။ နောက်ဆုံး မိုက်ခရိုဆော့ဖ်က ပေးတဲ့ ဗစ်တာ အက်ပဒိတ် သွင်းပြီးကတည်းကတော့ ကောင်းသွားပါတယ်ဗျာ။ ကံကောင်းလို့။ ဒါပေမယ့် အဲ့ဒီ laptop ဘယ်တော့မှ Sleep မဖြစ်တော့ဘူး။ မအိပ်မနေ အသက်ရှည်ဆိုသလိုများလားမသိဘူး။ ကွန်တော်ကတော့ အဲ့ဒီ ကွန်ပျူတာကို ကွန်ပျူချီနို လို့ နာမည်ပေးထားတယ်၊ ကာပူချီနို ကော်ဖီနှင့် နင်လားငါလားပဲ။

ဟား၊ နက်ဝက်ကင်းကတော့ ဘာပြောကောင်းမလဲဗျာ။ ကျွန်တော် ၀င်းဒိုး XP မှာ right ကလစ် တစ်ချက်နှိပ် sys tray ပေါ်လာရင် အိုင်ပီ settings, status ဘာညာ အကုန်ကြည့်၊ အကုန်ပြင်လို့ရတယ်။ အခုတော့၊ ခင်ဗျား right click နှိပ်တာနှင့် Network & Sharing Center ကို ခေါ်သွားလိမ့်မယ်။ ပြီးရင် Share & Enjoy ဆိုတာတွေ ဘာတွေလည်း တွေ့ရဦးမယ်။ ကျွန်တော် တသက်လုံးမရင်းနှီးလာခဲ့တဲ့ စနစ်တွေ အဲ့ဒီမှာ တွေ့ရတယ်။ နောက်တအိမ်လုံးမှာ ရှိသမျှ ကျွန်တော့်ရဲ့  drives တွေ၊ ပရင်တာတွေ ကို ချိတ်ဖို့၊ ရှယ်ဖို့ ကြည့်လိုက်တော့လည်း တစ်ချို့  စက်တွေက ပေါ်ချင်ရင်ပေါ်တယ်၊ မပေါ်ရင်မပေါ်ဘူး။ ဘာ အာမခံချက်မှ မရှိပါဘူး။ ကျွန်တော့်ရဲ့  Media PC ဆိုရင် သူ့ အလုပ်က ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ၊ သီချင်းတွေ ဖြန့်ပေးဖို့ထားတာ၊ ဘယ့်နှယ်ဗျာ နက်ဝက်ခ်ပေါ်က ပြုတ်ပြုတ်ကျတာ ဘာအကြောင်းပြချက်မှ မရှိဘဲ။ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်း မဟုတ်။ ခုနက ပြောတဲ့ ကျွန်တော့် ကွန်ပျူချီနို လက်ပတော့ လေးဆိုလည်း တခါတလေ နက်ဝက်ခ်ကို ဘာမှ မတွေ့ရဘူး။

နောက်တစ်ခုက XP မှာဆို၊ ကွန်ပျူတာက အိပ်ပျော်နေရာက နိုးလာရင် Network ကို ချိတ်တာသိပ်မြန်တယ်၊ လုံးဝ seamless ပဲ၊ ခုတော့ဗျာ ဗစ်စ်တာ မှာ ခင်ဗျား ၃၀ secs စောင့်ရမယ်။ အဲ့ဒါသာမန်၊ အများသုံး နက်ဝက်ခ်မဟုတ်ဘူးနော်၊ Trusted Network, Trusted Zone, Trusted System ဗျ။ နောက်ပြီးပြန်ချိတ်ချင်ရင်လည်း အဲ့ဒီ quick tray icon လေးကို နှိပ်ပြီးရင် တခါတလေ ကြာနေသေးတယ်။ XP မှာတုံးက အဲ့လိုမဟုတ်ပါဘူးဗျာ။ နှိပ်ပြီးရင်ချက်ချင်းတက်လာတယ်။ တခုခုမှားနေတယ်လို့တော့ ကျွန်တော်ထင်တယ်ဗျာ။

ဆက်ပြောရင်တော့ မပြီးဘူးဗျာ။ ဒရိုင်ဘာတွေမရှိလို့ ကျွန်တော့်ရဲ့  တစ်ချို့  ကိရိယာတွေလည်း အလုပ်မလုပ်ဘူး။ system ကလည်း ကောင်းချင်ကောင်း ဖောက်ချင်ဖောက်၊ blabla .. ။ ကျွန်တော် အသေးစိတ်ထပ်ပြောနေရင် ခင်ဗျားတို့ ငြီးငွေ့လာလိမ့်မယ်။ ခုပြဿနာက ကိုးလကြာတာတောင် ဗစ်စ်တာ က အမှားတွေ အပေါက်တွေကို မပြင်နိုင်သေးဘူးဗျာ။ ကျွန်တော် မိုက်ခရိုဆော့ဖ်ကို ယုံယုံကြည်ကြည်နှင့် အချိန်အကြာကြီးပေးပြီး သုံးနေခဲ့တာ အရူးလုပ်ခံရသလိုပါပဲ။ မယုံရင်ကြည့်လိုက်လေ၊ တကယ်လို့ မိုက်ခရိုဆော့ဖ် အဲ့လို အမှားတွေ မပြင်နိုင်သေးရင်၊ ကျွန်တော် ဘယ်သူမှ ထင်မထားတာ လုပ်ပြလိုက်မယ်။ Linux ပြောင်းသုံးလိုက်မယ်ကွ ။ ... ဟင်း.. !!!



ကျွန်တော်ဖတ်ပြီး သဘောကျလို့ သင့်သလို ဘာသာပြန်ပြီးရေးလိုက်တာပါ။ အကိုတို့ အမတို့၊ ခင်ဗျားတို့ဘာသာဆုံးဖြတ်ကျပေရော့ ..... =D


Rgds,
WaiPk

#Ref: PC Mag - Passing the Torch


Saturday, August 11, 2007

Holidays ahead ..

FYP လည်း ပြီးပြီ။ ကျောင်းလည်း ၂လလောက်ပိတ်ပြီ။ နောက် Semester ကလည်း Attachment အလုပ် ဆင်းရုံပဲ။ ... ကျွန်တော် ၄ လလုံးလုံး အောင့်အီးထားရတဲ့ အလုပ်တွေဆက်လုပ်လို့ရပြီ ... List လုပ်ချကြည့်လိုက်တော့ ...

၁။ ကီးဘုတ် .. ကီးဘုတ် .. မက်ခ် အတွက် ဇော်ဂျီကီးဘုတ် ... မနှေးအမြန် ဒေါင်းလုပ်ပေးရဦးမယ်... စောင့်နေတဲ့လူတွေက သတ်ချင်နေပြီ။
၂။ ror , Ror, RoR ! ပြန်ဖတ်လို့ရပြီ။ ..
၃။ French မတတ်တခေါက်ကို ဆက် ပြီး သင်ယူရဦးမယ် ... ကွိကွိ..
၎။ ပိုက်ဆံရှာရမယ် ။ ၀င်ငွေ ၁ဆ၊ ထွက်ငွေ ၄ ဆ ဖြစ်သွားတဲ့ FYP လတွေကို ပြန်ပြီး cover ဖို့အတွက် .. ကယ်ကြပါဗျိုး။
၅။ ဟေးဟေး .. gymie , gymna ... gym ပြန်သွားလို့ရပြီ ။
၆။ ဗမာပြည် ပြန်ဦးမည် ။ .... နောက်လ ၊ စားချင်တာရှိရင် မှာလိုက်ကြပါ။
၇။ ...yay.. စာအုပ်တွေပြန်ဖတ်လို့ရပြီ။ ဒီနေ့တင် လိုင်ဘရီ သွားပြီး ငှားလာတယ်။ ငှဲငှဲ ... ဒီမှာကြည့်။
၈။ secret project ၁ ခု လုပ်စရာရှိသေး၏။



ဆက်စဉ်းစားလိုက်ဦးမယ်။ ဘာတွေကျန်သေးလဲလို့ ။ ... tada .. ~
၉ ။ သြော်၊ ဟုတ်ပ ၊ ဘလော့ခ်လည်း ပြန်ရေးနိုင်ပြီ။ =P =P

Rgds,
W.

Wednesday, August 08, 2007

Oops, new macs again..

တနေ့တနေ့ ပရောဂျက်လုပ်နေရတာနှင့်ပဲ အပြင်မှာ ဘာတွေဖြစ်နေလဲမသိလိုက်ဘူး။ ခုတော့ FYP ကလည်း ပြီးပြီ။ SP Traditional Show လည်းပြီးပြီ။ လူလည်းနည်နည်းသက်သာသွားတယ်။ မနက်က ဘာနေ့လည်းကြည့်မိတော့ ၈ရက်နေ့တဲ့။ ဟာသွားပြီပေါ့။ ၇ရက်နေ့က ပန်းသီး special event ရှိတာပဲ။ ဘာတွေထူးလဲဆိုပြီးကြည့်လိုက်တာ ....

၁။ iMac 20, 24 inch model အသစ်၂ခု၊ ဒီဇိုင်းကတော့ ကောင်းပါ့ဗျာ။

၂။ ကီးဘုတ် အသစ် ... လှလိုက်တာဗျာ =PPP ( ပိုက်ဆံမရှိလို့ ၀ယ်နိုင်ဘူး... )

၃။ iWork 08 , iLife 08 ဖြစ်သွားပြီ။

၎။ Numbers ဆိုတဲ့ Spreadsheet app ၁ခု iWork 08 မှာတိုးလာတယ်။ ဖြစ်သင့်တာကြာပါပြီဗျာ။ လူတွေက စာရင်းဇယားဆိုရင် လုံးဝ Grid Grid Gridေ
တွကြီးပဲ သိနေတာ။ Numbers ကို ကြည့်ပါ။ ဆော့ဖ်ဝဲ စဖွင့်ကတည်းက ဘာ Grid မှ မမြင်ရဘူး။ လိုတော့မှ ဇယား ၁ခုချင်းစီ ကောက်ဆောက်ရုံပဲ။ စာရင်းအင်းတွေကို အဆင့်မြင့်မြင့်တွက်ချက်နိုင်သလို ပုံလေးတွေ၊ chart လေးတွေနှင့်လည်း ကွန်ပြူတာစသုံးတဲ့လူကအစ သုံးနိုင်အောင်လုပ်ထားပါတယ်။

၅။ စင်္ကာပူ apple site က main apple site လို အသစ်ဖြစ်သွားပါပြီ။ လွန်ခဲ့တဲ့ ၄နာရီလောက်တုံးက အဟောင်းပါပဲ။

၆။ မက်ခ် မီနီ လေးတွေ ပရိုဆက်ဆာ မြှင့်လိုက်ပါတယ်။

၇။ .Mac က 10GB ဖြစ်သွားပါပြီ။

၈။ steve jobs ရဲ့ ကီးနုတ်ကို Apple ၀ဗ်ဆိုက်မှာ ကြည့်လို့ရပါပြီ။ QuickTime တော့ သွင်းထားပါ။



ကျွန်တော် သောကြာနေ့ linux administration ဖိုင်နယ် exam လို့ သွားကျက်လိုက်ဦးမယ်ဗျာ။ ... ခင်ဗျားတို့ထဲက iMac, iLife, iWork ၀ယ်မဲ့လူရှိရင် ပြောပါဦး =PP

Warm Rgds,
WaiPK