Site Relocation

Moved to waiphyok.com

Sunday, June 03, 2007

Triple OS 'es and Me

Tripel OS Header

ကျွန်တော် မနေ့က VMWare Fusion Beta ကို ဒေါင်းလုပ်လုပ်လို့ ရလိုက်တယ်။ VMWare ရဲ့  အသစ်ထွက်တဲ့ Version ပါ။ Mac Users တွေ အတွက်ပါ။ အဲ့ဒါနှင့် အဲ့ဒီကောင်ကို သွင်းပြီးပြီးချင်း ကျောင်းက လင့်ခ်ပေးထားတဲ့ SUSE Linux 9 Vmx/vmdk ဖိုင်တွေဒေါင်းလုပ်ထပ်လုပ်ပြီး Run ကြည့်လိုက်တယ်။ ဂွတ်ရှယ်။ Mac ပေါ်မှာ Linux Run ရတာ စိတ်အချမ်းသာဆုံးပဲ။ မြန်မှမြန်၊ စတင်တင်ချင်းတော့ အဲ့ဒီ VM က ဂရပ်ဖစ် settings တွေ မမှန်လို့ ကျွန်တော့်ရဲ့ 1280x800 Resolution မရဘူးဖြစ်နေတယ်။ နောက် ကျွန်တော်ရယ်၊ သန့်ဇင်ရယ်၊ ဝေယံရယ် သုံးကောင်သားပေါင်းပြီး VMWare tools သွင်း၊ ပြန် ကမြင်းလိုက်တာ ကောင်းသွားတယ်။ Screen pitch မှန်မှန်ကန်ကန်ပြန်ဖြစ်သွားတယ်။ ဒါတောင် X-Server ကို Restart တော့ ၂ ခါ လောက် ချလိုက်ရသေးတယ်။ x(

ကျွန်တော်က လက်ရှိ Windows XP Pro ( အော်ရီဂျင်နယ် လိုင်စင်နော် .. ဟင်းဟင်း ) ကို Parallesl Desktop Mac နှင့်လည်း သုံးနေတာပါ။ အရင်တုံးကတော့ Bootcamp နှင့် Windows သုံးတယ်။ ဟိုတလောကမှ ပြောင်းလိုက်တာ။ အဲ့ဒါနှင့် ကြုံတုံး မထူးပါဘူးဆိုပြီး Windows လည်း ကောက် Run၊ OS သုံးခုတက်နေတုံး Screenshot ရိုက်ထားလိုက်တယ်။ အောက်မှာကြည့်ကြပါ။
သတိပြုရန် တစ်ချက်မှာ Windows ၏ အင်မတန်မှ ကျက်သရေတုံးမှု ကြောင့် ကျွန်တော့် Host OS ဖြစ်တဲ့ Mac OS X လည်း အတော်နှေးသွားပါတယ်။ တခြား Guest OS - SUSE ကိုလည်း ဒုက္ခိတ ဖြစ်သွားစေပါတယ်။ သနားစရာ သူ့ခမျာလည်း ကိုယ်တိုင် မကောင်းတာတောင် ဘာလို့ ပတ်ပတ်လည် နှိပ်စက်သွားလည်း မသိဘူး။


Thumbnail Three OS
[Click to view larger image.]


My Disclaimer : အထက်ပါပုံမှာ Photoshop'ed Image မဟုတ်ပါ။ ယနေ့ အချိန်ထိ Operating System သုံးမျိုးလုံး၊ ဒါမှမဟုတ် OS ပေါင်း သုံးခုထက်မက တပြိုင်တည်း Run နိုင်တာ Mac OS X တစ်ခုပဲရှိပါသေးတယ်။ Mac က သူ့ OS ကို Win ပေါ်မှာ ပေးမသုံးတဲ့ အချက်ကြောင့်မဟုတ်ပါဘူး။ Win ရဲ့  Memory allocation ကိုက သိပ် အစားပုပ်နေလို့ပါ။ XP အပေါ်မှာ နောက်ထပ် Vista1ခု၊ Linux Distro ၁ခု တင်ဖို့ဆိုတာ၊ Windows' Virtualization Software Developer တွေ အတွက် Nightmare 1 ခု ဖြစ်နေပါတယ်။

အခု Vista Business ကို Bootcamp နှင့် ထပ်တင်ဖို့ ကြိုးစားနေတယ်။ ဟီးဟီး အလကားရထားတဲ့ Genuine လိုင်စင်ကြီးကို. ...

"Related Links" - Thant Zin Oo Wai Yan

Rgds,
WaiPK