Site Relocation

Moved to waiphyok.com

Friday, June 01, 2007

Summarized Words of D5

D5 details

မနေ့ညကတော့ လင့်ခ်တင်လိုက်တယ်။ ခုတော့ detailed info လေးပါ။

Apple
+ Apple's Jobs က YouTube ကို Apple TV မှာ ထည့်ပြီး Integrate လုပ်ပေးပါ့မယ်တဲ့။ နောက်လမှာ ထုတ်မဲ့ System Software Upgarde မှာ ရပါမယ်။ (Ed.note: ကျွန်တော်လည်း AppleTV ၀ယ်ချင်လာပြီ။)
+ နောက်ပြီး၊ အိုင်ဖုန်း ကို Third party developer တွေ ၀င်ရောက်ပြီး ရေးနိုင်အောင် လမ်းဖွင့်ပေးပါ့မယ်တဲ့။ လောလောဆယ်တော့ စဉ်းစားနေတုံးပါတဲ့။
+ iTunes ကနေ HD movies တွေ ရောင်းချင်ရောင်းမယ်တဲ့။ နောက် လ အနည်းငယ် အတွင်းမှာ။
+ iTunes Plus က Download သမားတွေအတွက် ခိုးကူးရတာ မလွယ်ဘူးလားလို့ Walt က မေးတဲ့အခါ၊ မယုံရင်စမ်းကြည့်ပါတဲ့။ AAC's meta info ထဲကို ခင်ဗျားပိုင်ရှင်ရဲ့  နာမည်၊ ဘာညာ အကုန် မြုပ်ပေးလိုက်တယ်။ လွယ်လွယ်နှင့်ရှယ်ချင်ရင် အဖမ်းခံရဖို့လွယ်ပြီး ထောင်ထဲ ကို ဒိုက်ရိုက်ပဲတဲ့။
+ သူကပြောတယ်၊ 3G network ကို အယုံအကြည်မရှိပါဘူးတဲ့။ အမေရိကန်ပြည်ထောင်စုက လူတွေ၊ တကမ္ဘာလုံးက လူတွေ လိုချင်တာက အင်တာနက် အစစ်ပါ။ လက်ရှိဖုန်းတွေက ဘေဘီအင်တာနက်လေးတွေပဲ ပေးနိုင်တာပါတဲ့။ ( Ed. note: Darn right ဗျာ။ )
+ သူကထပ်ပြောတယ်၊ iPhone သည် the best iPod ever made ပါပဲတဲ့။ Walt က မေးသေးတယ်။ ခင်ဗျား iPhone ဘာလို့ အောင်မြင်မှာလဲတဲ့။ 3 ချက်ပဲရှိပါတယ်။ အကောင်းဆုံး music device ၊ အကောင်းဆုံး internet experience ၊ အကောင်းဆုံး Operating System တွေ ပါလို့ပါတဲ့။
+ AppleTV အသစ်လည်း ၀ယ်လို့ရပါပြီတဲ့။ 160GB ကို 399$ နှင့်ပါ။
+ မိုက်ကရိုဆော့ဖ် နှင့် လက်တွဲပြီးလုပ်လာတာ နှစ် ၂၀ ကျော်ပြီဖြစ်လို့လည်း ၀မ်းသာပါတယ်တဲ့။
+ iTunes ဆော့ဖ်ဝဲက iPod အလုံးရေထက် ဘယ်နှစ်ဆများလဲလို့ မေးတော့ အဆပေါင်းများစွာဖြစ်ကြောင်းပြောပါတယ်။ လက်ရှိအချိန်ထိ iTunes ဆော့ဖ်ဝဲကို သန်း ၄၀၀ ကျော် ဒေါင်းလုပ်လုပ်ပြီးဖြန့်ချိပေးသွားပါပြီ။
+ ကုမ္မဏ္ဏီ ရဲ့  လက်ရှိ NASDAQ မှာ ပေါက်ဈေးက 100 Billion ကျော်သွားပါပြီ။ ၁ စတော့ခ်ကို ဒေါ်လာ ၁၅၀$ လို့ Morgan Stanley ကုမ္မဏီကြီး က ခန့်မှန်းပေးလိုက်ပါတယ်။

Google
+ ကျွန်တော်ပဲ သေချာနားမထောင်လို့လားမသိဘူး၊ သူတို့ ပြောသွားတဲ့ အချက်မှာထင်ရှားတာ၁ခုပဲရှိတယ်။ အဲ့ဒါက Personalization ပါ။ အင်တာနက် services တွေမှာ Personalization သည် အသက် လို့ Schmidt ( CEO , Google Inc. ) က ပြောသွားပါတယ်။
+ မယုံရင် iGoogle ကို ကြည့်ပါတဲ့။ Personalization အကြီးကြီးပါပါတယ်တဲ့။ အသုံးပြုသူရဲ့  different experiences တွေ ပေါ်မှာ အခြေခံထားပါတယ်။ ( Ed.Note: လန်ထွက် )
+ DoubleClick, YouTube ကို ၀ယ်ပြီးတဲ့အခါ ခင်ဗျားကုမ္မဏီ က Ads, Technology, Serach သုံးမျိုးထဲက ဘယ်ဟာလဲ။ ဒါမှမဟုတ် Hybrid လားတဲ့။ ဘာမှသူပြန်မပြောသွားဘူး ရှင်းရှင်းလင်းလင်း။ တန်တန်!!

Microsoft
+ Steve Ballmar ( CEO, Microsoft ) က တစ်ဦးတည်း Session ပြောသွားပါတယ်။ သူကတော့ ပွဲ တစ်ပွဲလုံးကို Surface နှင့် ကိုင်လှုပ်သွားတယ်။ Surface ဘာလည်း ကျွန်တော် မပြောတော့ဘူး။ ကျွန်တော့် ဥာဏ်သေးသေးနှင့် ကင်ပွန်းမတပ်ချင်ဘူး။ အဲ့တော့ ကိုယ်တိုင်သွားရောက်သုံးဆောင်ပေတော့။ ဟောဒီကနေ။ အမ်း.. ဒီကောင်က မိုက်ခရိုဆော့ဖ်ရဲ့  တစ်သက်မှာ ပထမဆုံးလုပ်ဖူးတဲ့ Cool Appliance လို့ ပြောလို့ရမယ်။ ရှယ်လှတယ်။

YouTube
+ Chen နှင့် Hurley တို့ရဲ့  Session ပါ။
+ Chen က သူတို့ရဲ့  YouTube ကို platform အသွင်နှင့် Mobile Devices တွေ၊ Living Room တွေမှာသုံးလို့ရအောင် လုပ်နေကြောင်း အလေးအနက်ပြောသွားတယ်။
+ YouTube က User Based System ဖြစ်ပြီး၊ Content တွေက့ User Generated Items တွေဖြစ်တာကြောင့် ၊ နေ့တိုင်းလိုလို တရားရုံးက တရားစွဲစာ လာကြောင်း၊ အဲ့ဒါတွေ ဒိုင်ခံရှင်းရတာကလည်း ပြဿနာ တစ်ခုဖြစ်နေကြောင်းပြောသွားပါတယ်။
+ Apple TV မှာ YouTube တွေ တင်မယ်ဆိုတော့ Video တွေကို ကွာလတီ မြှင့်မလား မေးတော့ အဲ့ဒါကလည်း သူတို့မှာ Full Control မရှိပါဘူးတဲ့။ ကံကောင်းတာ ၁ခုက နောက်ပိုင်း ဗီဒီယိုတွေရဲ့  ကွာလတီတိုးတက်လာမှု၊ အဲ့ ၁ ချက်ရှိပါတယ်တဲ့။
+ နောက်ပြီး Hurley က ထပ်ပြောပါတယ်။ Advertising & Entertainment ကို ပေါင်းစပ်ဖို့ ဟာလည်း စိန်ခေါ်မှု ၁ခုပါပဲတဲ့။ ကြော်ငြာတွေ ဟာ ဖျော်ဖြေမှုတွေ များများ ပေးနိုင်လာတဲ့နှင့် အမျှ Users တွေကလည်း Click နေ မှာပါတဲ့။ ( Ed. Note: လဒလေးတွေ၊ ဂူဂယ် လေသံ လုံးလုံး ဖြစ်သွားပြီ။ =D )

Others ...
+ Palm က Foleo ဆိုတဲ့ Mobile Companion ဆိုတဲ့ လက်တစ်ထွာသာသာ ကွန်ပျူတာ ပြားပြား ၁လုံးထုတ်ပါတယ်။ Linux Based OS သုံးထားပြီး သူ့ရဲ့  Palm PDAs တွေနှင့် အင်တာနက်၊ အီးမေးလ်၊ စာစီစာရိုက် စတာတွေကို တွဲဖက်ပြီး ခပ်မြန်မြန်လုပ်နိုင်အောင်ဆိုပါတယ်။ တညိုးဂျီးပါပဲ။
+ တခြား Time Inc. က Ann Moore တို့၊ Cisco က John Chambers တို့လည်း အသီးသီးပြောသွားပါတယ်။ လိုက်မမှတ်နိုင်တော့ပါဘူး။ =(

အင်း... Cupertino, Redmond, East Coast, Mount View .... တို့မှာ လူတွေ တ၀ုန်းဝုန်းနှင့် ရှုပ်နေပြီကြားတယ်။ .... =}


"Related Links"

Microsoft Surface




Rgds,
WaiPK