Site Relocation

Moved to waiphyok.com

Wednesday, June 20, 2007

Ratatouille is on JUNE 29! + More Pixar's Productions

Ratatouille Picture


ကျွန်တော် Apple တင် မကပါဘူး Pixar ရဲ့ fan လည်းဟုတ်ပါတယ်။ =P

ကွန်ပျူတာ Animated Film တွေကို ပထမဆုံး ကမ္ဘာကို ပြခဲ့တဲ့ ကုမ္ဗဏီဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့မြင်နေရတဲ့ CG ရုပ်ရှင် တွေကို Apple CEO Steve Jobs နှင့် အပေါင်းအပါတွေက Toy Story, Bug's Life, Incredibles စတာတွေနှင့် လူတွေသိစေခဲ့ပါတယ်။ ရိုက်လိုက်တဲ့ ကားတိုင်းကလည်း ၀င်ငွေ သန်းရာချီပြီး အမေရိကန်ရုပ်ရှင်လောကရဲ့  ၀င်ငွေအကောင်းဆုတွေ အလီလီဆွတ်ခူးထားပါတယ်။

အခုလည်း ကျွန်တော်တို့ စောင့်မျှော်နေတဲ့ Ratatouille လာပါပြီ။ Trailer ကြည့်ရတာတော့ ရင်သပ်ရှုမောပါပဲ။ ကြွက်၁ကောင်ရဲ့ ပြင်သစ်ပြည်က ဘ၀ကို လူတွေနှစ်ခြိုက်အောင် ရေးနိုင်တာ Brad Bird အပါအ၀င် Pixar က ဂျီးနီးယပ်စ်တွေ တော်လွန်းပါတယ်ဗျာ။ အလင်းအမှောင် သဘောသဘာဝ၊ ကင်မရာရှုထောင့်၊ ဇာတ်ကောင်တွေရဲ့  အသက်ဝင်မှုကိုမြင်ရတာ ကျွန်တော် next generation ကာတွန်းကားတွေရဲ့ အောင်မြင်နိုင်စွမ်းကို ကွက်ကွက်ကွင်းကွင်းမြင်သွားတယ်။ iPhone ရဲ့  Release Date နှင့်တိုက်တိုက်ဆိုင်ဆိုင် ၁ရက်ထဲပါပဲ။ Steve လက်ချက်လားမသိပါ။

ထားပါတော့လေ။ ကျွန်တော် Pixar ရဲ့ Timeline လေး ၀ီကီ ကနေ ကော်ပီကူးထားပါတယ်။ ၁ခုချင်းစီ နှိပ်ပြီး လေ့လာကြည့်ပါ။ ကာတွန်းကားဆိုတာ ကလေးကားမဟုတ်တော့ပါဘူး။ တခါတရံ လူတွေရဲ့  စရိုက်ကို ပြချင်တဲ့အခါ ကာတွန်းတွေက ပိုပြီးထိရောက်၊ အသက်ပါပါတယ်။ ဥပမာ၊ ခင်ဗျားတို့ မကြိုက်တဲ့ မင်းသားပါတဲ့ ရုပ်ရှင်ဆို မကြည့်ချင်ဘူး မဟုတ်လား၊ ဇာတ်လမ်းဘယ်လောက်ကောင်းကောင်း။ ကာတွန်းကားကြတော့ ပြီးရော၊ မုန်းစရာ၊ ပုဂ္ဂိုလ်စွဲ စရာ တွေ ကင်းသွားတယ်။ ဇာတ်လမ်းလည်းကောင်း၊ ဟာသလည်းစွက်၊ အချစ်၊ အလွမ်း၊ အက်ရှင်လည်း ငြိမ်းအောင် ရေးထားတော့ ကြည့်ရတာစိတ်ချမ်းသာပါတယ်။

ကျွန်တော် တစ်ခါက ထင်ဖူးပါတယ်။ Walt Disney ကသာ Pixar ကို မ၀ယ်ဘူးဆိုရင် ဟောလီးဝုဒ်မှာ Animation လောက ကို Pixar ပဲ ကြီးစိုးသွားနိုင်တယ်လို့၊ အင်း... အခုလည်း ဘာမှ မထူးပါဘူး၊ Disney ရဲ့  Animation Production, Movies Sequel, Directing, Scripting အားလုံးကို Pixar လက်ထဲ အပ်ထားရတာပါပဲ။ Steve Jobs က CEO ဖြစ်၊ Disney ရဲ့  အကြီးဆုံး Individual Shareholder ဖြစ်နေပြီ။ CCO John Lasseter ကိုလည်း Disney ကလက် လွှတ်လို့ မရ၊ အင်း .. Pixar ရဲ့ အနာဂတ်ကတော့ ကောင်းနေတယ်လို့ ကျွန်တော်မြင်တယ်ဗျာ။

.. စကားမစပ် .. Pixar Production က မက်ကင်းတော့ရှ် ကွန်ပျူတာ တွေ သုံးတယ်ဆိုပဲ .... =P

အောက်က အချက်လေးတွေ လေ့လာဖို့ စုဆောင်းပေးလိုက်ပါတယ်။ Ratatouille ကိုလည်း ကြည့်ဖြစ်အောင် ကြည့်လိုက်ဦးဗျိုး။

Quick Look on Pixar's Timeline
Toy Story (1995) • A Bug's Life (1998) • Toy Story 2 (1999) • Monsters, Inc. (2001) • Finding Nemo (2003) • The Incredibles (2004) • Cars (2006) • Ratatouille (2007) • WALL-E (2008) • Up (2009) • Toy Story 3 (2010)

Warm Rgds,
WaiPK