Site Relocation

Moved to waiphyok.com

Friday, June 29, 2007

Hello to i-p-h-o-n-e! & iDAY!!


(In SG, it's 30th. US is still 29th)

၂၉ ရက်နေ့ ပါ။ အမေရိကားရဲ့  hyper-hype နေ့တွေထဲက ၁ရက်ဖြစ်သွားပါပြီ။ iDay တဲ့။

ကျွန်တော် လွန်ခဲ့တဲ့ ရက်တွေမှာ စာမရေးနိုင်တာ စာမေးပွဲကြောင့်တင်မကပါဘူး။ ဒီကောင် ... အိုင်ဖုန်းကြောင့်လည်းပါပါတယ်။ တနေ့ကို ဘလော့ခ် ၅ခု အနည်းဆုံး လိုက်ဖတ်ပါတယ်။ ၀င်း 95 ပြီးကတည်းက အကြီးဆုံး လူထုကို ဂယက်ရိုက်စေတဲ့ နည်းပညာဆိုင်ရာပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ခြောက်လကတည်းက အမြည်းရထားတဲ့ လူတွေဟာ နေ့နေ့ညည အိုင်ဖုန်းအကြောင်းကို ပြောနေကြပါတယ်။ ဝေဖန်မှုတွေ၊ ချီးမွမ်းမှုတွေ အဖက်ဖက်က အပစ်အခတ်မရပ်စဲခဲ့သလို ဈေးကွက်ကျွမ်းကျင်သူ၊ စီးပွားရေးပညာရှင်၊ လူထုစိတ်ပညာလေ့လာသူတွေကလည်း နေ့ညမပြတ်စောင့်ကြည့်နေခဲ့ကြပါတယ်။ APPL ရဲ့ စတော့ခ်ကလည်း တမဟုတ်ချင်းထိုးတက်သွားလို့ အမေရိကန်စီးပွားရေးလောကမှာ လှုတ်ခတ်နေတာကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပါတယ်။ တခြားဖုန်းထုတ်လုပ်တဲ့ ကုမ္ဗဏီတွေဖြစ်တဲ့ နိုကီယာ၊ ဆမ်ဆောင်း၊ ဘလက်ခ်ဘယ်ရီ၊ အယ်လ်ဂျီ တို့လည်း နေမထိထိုင်မသာ လှုပ်လှုပ်ရွရွတွေ ဖြစ်ကုန်ကြပါတယ်။

Hello iDay


ဒီနေရာမှာ ကျွန်တော်စိတ်ဝင်စားတာ၊ လေးစားတာ ၁ခုက Apple ရဲ့  Marketing ပါ။ ကျွန်တော်က ဈေးကွက်ဂုရုမဟုတ်တော့ technically သိပ်တော့နားမလည်ပေမဲ့၊ လူပြိန်းအတွေးနှင့်တောင် ဒါကမြင်နိုင်ပါတယ်။ Apple အောင်မြင်တာဟာ လူတွေဘာကို လိုသလဲ၊ လူတွေရဲ့  demands, သူတို့ခံစားနေရတဲ့ နေ့စဉ်အခက်အခဲ၊ သူတို့ရဲ့  အပြုအမူ ဒါတွေကို သေချာ Research လုပ်၊ ပြီးရင် ထုတ်မဲ့ ပရောဒတ်ကို ဖြစ်နိုင်သမျှ Perfect ( of curse, nothing is perfect, but standard is perfect ) ရောက်အောင် စီစဉ်ပြီးမှ ထုတ်ရောင်းလို့ လို့ ကျွန်တော်မြင်တယ်၊ ခြောက်လစောပြီး ပစ္စည်း ၁ခုကို ကြေငြာတယ်ဆိုတာ အားအားယားယား ကြွားဖို့လို့ ကျွန်တောမထင်ပါဘူး။ သူတို့ရဲ့  Customer အပေါ်မှာ အမြဲလေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့ ၁ဖွဲ့ဟာ အင်မတန်မှ စေ့စပ်ပါတယ်။ ကျွန်တော်တို့ အင်တာနက်ပေါ်မှာ နာမည်ကြီး ပန်းသီး ဖိုရမ် မှန်သမျှကိုလည်း သူတို့လိုက်မဖတ်ဘူးလို့ မထင်ပါနှင့်။ အကုန်သိပါတယ်။ လူတွေဆဲပြီ ဆိုတာနှင့် အဲ့ဒီအဖွဲ့ခေါင်းခဲတာပါပဲ။ Branding, Customers' Values, Icon ဖြစ်မှု အရာအားလုံးကို သူတို့ သိပ်အလေးအနက်ထားပါတယ်။ အောင်မြင်တဲ့ စီးပွားရေးမော်ဒယ်၁ခုကို လူတွေဆီက ထောက်ခံချက်ကို အမြဲရယူပြီး တည်ဆောက်ပါတယ်။ အိုင်ဖုန်းကိုပဲကြည့်ပါ။ ပရိတ်သတ်သန်းဘယ်လောက်ချီနေလဲဆိုတာ။ ကျွန်တော်ဟို စကားတစ်ခွန်းသတိရတယ်။ သင့်အနောက်မှာ လူတစ်သန်းရှိရင် ဘာလုပ်လုပ်အောင်မြင်တယ်တဲ့။ သိပ်မှန်တာပဲ။ အဖွင့်နေ့တင် သန်း၂၀၀ ရမယ်လို့ ခန့်မှန်းထားကြပါတယ်။

အဲ့တော့ အပေါ်က အပိုဒ်မှာ ကျွန်တော်ပြောချင်တဲ့ အဓိကအချက်တွေက ( ပျောက်သွားမှာစိုးလို့၊ ဟီး) သူတို့ရဲ့  လူထုအပေါ်ဂယက်ရိုက်နိုင်စွမ်းကြီးမှု၊ မားကတ်ကို နားလည်ပြီး၊ နာမည်၁လုံးကို သိပ်တန်ဖိုးထားမှု တွေပါ။ ထားပါတော့။ အခုဖြစ်နေတာ အိုင်ဖုန်းဆိုတော့ အဲ့ဒီချာတိတ်အကြောင်းကြည့်ရအောင်။ စထွက်တယ်၊ လူတွေကြိုက်တယ်၊ ပစ်စလက်ခတ်ဝေဖန်တယ်၊ ကျရှုံးမယ်ဘာညာ နှင့်။ ခုတော့ Apple က အိုင်ဖုန်းနှင့် လူတွေကို ကျီစားပါတယ်။ အရင်တုံးက မကောင်းဘူးပြောထားတဲ့ လူတွေပါးစပ်ပိတ်သွားအောင် နေ့တိုင်းလိုလို features အသစ်တွေထုတ်ပြပါတယ်။ လူတွေဘာမကြိုက်သလဲ၊ အဲ့ဒါကိုရအောင် ပြင်ပြပါတယ်။ ဒီလိုနှင့် ဒီနေ့ထွက်မဲ့နေ့ ရောက်လာပါပြီ။

အိုင်ဖုန်းဟာ သူတို့ ပြောသလို နည်းပညာကိုတော်လှန်လိုက်တဲ့ ပစ္စည်းပါ။ ဒါပေမယ့် သူတို့ဘာကြောင့် အောင်မြင်မှာလဲဆိုတာကို ကျွန်တော့်ကိုမေးရင် ရှင်းရှင်းလေးပါ။ အဲ့ဒီ features တွေဟာ လက်ရှိဖုန်းတော်တော်များများမှာပါပါတယ်၊ သို့သော် အိုင်ဖုန်းက အဲ့ဒီ Features တွေကို လူတွေနှင့် အရင်းနှီးဆုံးဖြစ်စေပါလိမ့်မယ်။ ရှိရင်းစွဲ features တွေ အပြိုင်အဆိုင်၊ သုံးရခက်တဲ့ ကြောက်စရာကောင်းတဲ့ ပစ္စည်းတွေ ကို အပြိုင်ဆိုင်ထုတ်နေတဲ့ လက်ရှိ မားကတ်ဟာ ဒီလိုဒီလိုပဲဖြစ်နေခဲ့တာကြာပါပြီ။ Innovation Driven Market ၁ခုကို အမြဲထိုးဖောက်ချင်လေ့ရှိတဲ့ Apple ကြောင့် ကျွန်တော်တို့ consumers တွေ အတွက် ရွေးချယ်စရာ၊ ပြောင်းလဲမှု အမြင်တွေ ပွင့်သွားပါတယ်။ ဒါကိုပဲ လူတွေကလည်း ကြိုက်ကြတာပါ။

အခုဆို အမေရိကန်မှာ အိုင်ဖုန်း ၀ယ်ဖို့ တန်းစီတဲ့ လူတွေ မနည်းပါ ရာချီနေပါတယ်။ Philadelphia မြို့တော်ဝန်လည်းပါတယ်။ ပဲရစ် ဟီလ်တန်ကလည်း ထောင်ထဲကနေ ၁လုံးဝယ်ဖို့ မှာထားတယ်။ George W Bush တောင် လူငှားပြီး ၀ယ်ရင်ဝယ်ခိုင်းထားမှာ ပြောလို့မရဘူး။ =P တန်းစီပေးဖို့ သက်သက်တင် ၁နာရီ ၁၅ကျပ်ရတယ်ဆိုပဲ ၊ မဆိုးဘူးပဲ Part-Time လုပ်ရတာ။ NYC တွေ အိုင်ဖုန်းကို ရူးသွတ်ပုံကတော့ စာဖွဲ့ရင် အတော်ရှည်သွားပါလိမ့်မယ်။

အဲ့တော့ ကျွန်တော်လည်း ခေတ်နှင့်အမီ အိုင်ဖုန်းရောဂါထနေပါတယ်။ ကျွန်တော့်ရဲ့ မနေ့တနေ့ကမှ ၀ယ်ထားတဲ့ O2 Windows Mobile 5-point-ohh! ဖုန်းကို ကြည့်လိုက်၊ ဟိုက ကြော်ငြာထဲက iPhone ကိုကြည့်လိုက်နှင့်၊ အင်း SmartPhone ခြင်းတူတာတောင်မှ ငါ့ဟာက အင်မတန် ကျက်သရေတုံးသပဲလို့။ စိတ်ကြီးရယ်ကိုညစ်ရပါတယ်ဗျာ။

အဲ့အဲ့.. သတင်းထူးလေးများ မှတ်သားသွားပါဦး။
- iTunes 7.3 ဒီနေ့ထွက်ပြီတဲ့။
- Apple က သူရဲ့ အိုင်ဖုန်း page မှာ Finger Tips Videos တွေထပ်တင်လိုက်တယ်။
- Steve Jobs က သူ့  ရဲ့  US Full Time, Part Time Staff တွေအားလုံးကို အိုင်ဖုန်း အလကားပေးမယ်တဲ့။
- New Macs and WideScreen/TouchScreen iPod တွေထွက်ဖို့ရှိပါတယ်တဲ့။
- iPhone Accessories & Prices တွေ ထွက်ပါပြီ။
- AT&T ရဲ့  EDGE နက်ဝက်ခ်တွေ နေ့ချင်းညချင်းမြန်ကုန်ပါပြီ။ အိုင်ဖုန်း အင်တာနက်ကိုနှေးတယ်ပြောလို့ ။ ဒါပေမယ့် HSPA ကိုတော့ မမှီသေးဘူးပေါ့ဗျာ။

ဒီလောက်ပါပဲ။ အမေရိကားက အကိုတို့ အမတို့ကော ဘာတွေ မြင်နေရသလဲ။ Manhattan မှာ စည်မှ စည်ကားရဲ့ လားဗျာ။

Rgds,
WaiPK