Site Relocation

Moved to waiphyok.com

Monday, May 14, 2007

မိုက်ခရိုစုပ်ဖ်ပွဲအကြောင်း - အပိုင်း ၂

ထိုပရီဆန်တေးရှင်း အပြီးမှာ ကျွန်တော်နှင့် သန့်ဇင် ၂ကောင်သား အနားရပြီဆိုပြီး ပျော်နေသပေါ့။ စနေ တနင်္ဂနွေ ၂ရက်ကို အားရပါးရ ဖြုန်းပလိုက်တယ်။ ဆရာမကိုလည်း လှမ်းအကြောင်းကြားတယ်။ ကျွန်တော်တို့ နှုတ်ထွက်ပြီလို့။ ဆရာမလည်း ဘာမှ မပြောနိုင်ဘူး။ ဘာရမလဲ။ ဒါကျုပ်တို့ အခွင့်အရေးပဲဟာ။

တနင်္လာနေ့ မနက်-
ကျောင်း ဒါရိုက်တာဆီက ဖုန်းလာတယ်။ ငါးမိနစ်အတွင်း ကျွန်တော်တို့ရဲ့ နာမည်ကျော် တောင်ကုန်းထိပ်က ရဲတိုက်ကြီးရဲ့ မိတင် ခန်းမကိုလာခဲ့ပါတဲ့။ ပြေးတယ်။ ဟိုရောက်တော့ မင်းတို့ဘာလို့ ဆက်မပြိုင်တာလဲတဲ့။ ဘာ လက်နက်ကိရိယာတွေလိုတုံးတဲ့။ အဲ့ဒီ မိုက်ခရိုဆော့ဖ် ပြိုင်ပွဲကြီးက သိပ်ကိုအရေးပါတယ်ဆိုပဲ။ ကျောင်းရဲ့ နာမည်ဂုဏ်သိက္ခာကို သိပ်စကားပြောတယ်တဲ့။ မင်းတို့ဘာလိုလဲ။ လူလိုလား။ ဒီဇိုင်နာလိုလား။ ပိုက်ဆံလိုလား။ အလုပ်မလုပ်နှင့်တော့။ ထောက်ပံ့ကြေးရအောင် သူ ကျောင်းအုပ်ဆီက ညှစ်ပေးမယ်တဲ့။ ကြောက်စရာကြီးဗျာ။ ဘာမှ ပြောလို့မရတော့ဝူး။ အတင်းကိုဇွတ်ပဲ။ နောက်ဆုံး မင်းတို့ FYP လည်းမလုပ်နှင့်တော့။ ၇ ရက်ပဲကျန်တယ်။ တိုက်ပိတ်ပြီး ကျင့်ပေတော့တဲ့။ နောက်ဆုံးအဲ့ဒီရဲတိုက်မှာ အခန်း၁ခန်းအပိုင်စားပေးပြီး တိုက်ပိတ်လိုက်တော့တယ်။ ဆရာမလည်း မျက်နှာတွေပျက်။ သူ့မှာ ဒါရိုက်တာကို ကြောက်တိုင်း ကျွန်တော်တို့ကို ဖိအားပေးဖို့ပဲ ရွေးစရာလမ်းရှိတော့တာကိုး။ အရေးကို မပါပါဘူးဗျာ။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးကိုဆုံးရှုံးခံလိုက်ရတယ်။ အားနာမှုဆိုတဲ့ အရာဟာ မထားကောင်းဘူးဆိုတာ နောက်မှသဘောပေါက်တယ်။ ပြောတော့ ဘာမှမကြောက်နဲ့၊ မင်းတို့ Rights နှင့် မင်းတို့ ဆိုပြီး၊ အဲ့လိုအတင်းဖိအားပေးချင်တိုင်းပေးလို့ ရသလားမသိပါဘူးဗျာ။ =( .... =(

အင်္ဂါနေ့ မနက်-
ဝမ်းသာစရာသတင်း၁ခုက ကျွန်တော်တို့ အသင်းကို ဒီဇိုင်းကျောင်းက ကျောင်းသားတစ်ယောက် လာဂျွိုင်းပြီတဲ့။ အင်မတန်တော်တဲ့ကျောင်းသားဗျာ။ ကျွန်တော်တို့လည်း ၀မ်းသာတယ်။ ဂုဏ်လည်းယူတယ်။ ကျွန်တော်တို့ထက် ၁နှစ်ငယ်တယ်။ အချဉ်တော့ဟုတ်ဝူး။ ဟိုတလောက စင်္ကာပူရ raffles မှာလုပ်တဲ့ ဒီဇိုင်းပြိုင်ပွဲကြီးမှာ OP လို့ခေါ်တဲ့ Costumes Fashion အတွက် ရှပ်အင်္ကျီ ဒီဇိုင်းဆွဲပေးတာ ပထမဆုရတယ်ဆိုပဲ။ Addidas လို့ခေါ်တဲ့ ဟို အစဉ်း ၃ချောင်းပါတဲ့ ဖိနပ်ရဲ့ ဒီဇိုင်းသစ်ကို တီထွင်တာ တတိယ ဆုရတယ်။ ထွက်ရင် ကျွန်တော့် ဘလော့ခ်မှာ ကြော်ငြာပါလာလိမ့်မယ်။ =p အတော်လှတဲ့ ပစ္စည်း၂မျိုးပါပဲဗျာ။

တစ်ပတ်ကြာသော်-
ရေးတယ်။ ဖျက်တယ်။ ပြင်တယ်။ အသစ်ပြန်ရေးတယ်။ ပုံဆွဲတယ်။ ဒီလိုနှင့် တစ်ပတ်လည်းကုန်ခါနီးပြီ။ ပရိုတိုတိုက်ပ်ကို submit လုပ်ဖို့ ၃ရက်လောက်လိုတဲ့အခါကြမှ မိုက်ခရိုဆော့ဖ်က အကြောင်းကြားတယ်။ မင်းတို့ အသင်းက disqualify တဲ့။ ဘာလို့လဲဆိုတော့ ငါတို့က ဆော့ဖ်ဝဲ လုပ်ခိုင်းတာ၊ မင်းတို့က ၀ဗ်ဆိုက် ဆွဲနေတယ်တဲ့။ Get Lost !။ ပြောတော့ ကမ္ဘာကျော်၊ နိုင်ငံကျော်ဘီလူးကြီးဆို။ ကိုယ့်ပြိုင်ပွဲဝင်နေတဲ့ အသင်းတွေကို ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းကြေညာချက်ထုတ်မထားဘဲနှင့်။ အနီးကပ်မှ ပြောလို့ရတယ်ထင်နေလားမသိ။ ကျောင်းကလည်း ဖျင်းပါ၏။ ကျွန်တော်တို့ကို သာ ဖိကောင်းကောင်းနှင့်ဖိ၊ သွားရမဲ့ လမ်းကြောင်းလည်း သေချာမမေးထား။ ခံစားရတော့ ကျွန်တော်တို့ပဲ။ ကျွန်တော်ကတော့ သန့်ဇင်ကို ပြောလိုက်တယ်။ ငါတို့က လမ်းတစ်ဝက်ကြမှဝင်တာ။ ဘာမှသိဝူး။ လိုချင်တဲ့ဟာ ကောင်းအောင်လုပ်ပေးမယ်။ နီးမှကပ်မပြောနှင့်။ ဆက်မပြိုင်ဘူးလို့။

နောက်တနေ့မနက်တွင် -
ဆရာမကထပ်ပြောတယ်။ ဒါရိုက်တာပြောတယ်တဲ့။ သူက တစ်ကျောင်းလုံးကို စာပို့ပြီးပြီ။ ခုမှ နောက်ဆုတ်လို့ရတော့ဝူးတဲ့။ ဆက်သွားပါတဲ့။ အဲ့တော့ ကျွန်တော်တို့လည်း ဆက်လုပ်မယ်။ အိုကေ။ နည်းပညာအသစ်တော့ ထပ်သင်ရမယ်။ သာမန် VS2005 ကိုသုံးပြီး အင်မတန်မှ ရုပ်ဆိုးတဲ့ App တွေကိုရေး၊ လူသုံးရခက်တဲ့ Software ပုံစံတွေကို ပြရုံနှင့်လည်း မဖြစ်ပြန်ချေဘူး။ ပရိသတ်က သမ်းတောင်သမ်းဦးမယ်။ ကျွန်တော်တို့က စိတ်တော့မပါဘူး။ ( သန့်ဇင်နှင့် ကျွန်တော်နှင့်ပါ။ ) ဒါပေမယ့် လူကြားထဲကြမှ အရှက်ဗြန်းဗြန်းကွဲဖို့ကိုလည်း လက်တော့မခံနိုင်ဘူး.... ဘ၀ဘ၀..... အဲ့တော့ အားလုံးတိုင်ပင်ပြီး အသစ်ထွက်တဲ့ Windows Vista ဆိုတဲ့ လှတပတ ၀င်းဒိုးမှာသုံးတဲ့ App ပုံစံခေတ်ရောက်နေပြီဆိုတာကို သဘောတူလိုက်ကြတယ်။ စရေးဖို့ ကြိုးစားကြတယ်။ dot Net Framework 2.0 ကို ကျော်ပြီး 3.0 နှင့်ရေးဖို့လုပ်ရတယ်။ ပရိုတိုတိုပ်ဆွဲဖို့ Expression Blend 2 May Preview ကို အင်စတောလုပ်ပြီး လေ့လာတယ်။ ဟို ... framework ၃.၅ ပေါ်မှာ အခြေခံတဲ့ VS 2007 Codename: Orcas Beta ကိုလည်း ဒေါင်းလုပ်လုပ်ထားလိုက်တယ်။ လိုလိုမယ်မယ်ဆိုပြီး။

ကျွန်တော်တို့နှင့် Blend ! Blend ! -
ကျွန်တော် မိုက်ခရိုစုပ်ဖ် ကို လေးစားတဲ့ အချက်က အင်မတန် ဖီးချားဆုံတဲ့ ပစ္စည်းကြီးတွေကို ထုတ်ပြတယ်။ လူအင်မတန်ရှိန်တယ်။ တကယ့်ပါဝါဖူးလ်နော်။ လာမယှဉ်နှင့်၊ တော်ရုံတန်ရုံ ဂျီးနီးယပ်စ်တွေက လုပ်ထားတာမဟုတ်ဝူး။ ခု Expression Blend 2 ကလည်း အရမ်းကိုလှတယ်။ WPF ပေါ်မှာ အခြေခံပြီး Silverlight Applications တွေကို ရေးနိုင်ဖို့အတွက်တောင် ထောက်ပံ့ထားတယ်။ တော်ရုံတန်ရုံ ဆော့ဖ်ဝဲ အင်တာဖေ့စ်လောက်တော့ လှလှပပ လုပ်လို့ရတယ်ဆိုပဲ။ ဒါပေမယ့်....
ပြသနာက မိုက်ခရိုဆော့ဖ်ရဲ့ User Interface and Simplicity, Intuitive ဖြစ်မှုတွေပဲဗျ။ သူတို့ထုတ်လိုက်တဲ့ ပစ္စည်းတွေက သာမန် Beginner, Home users တွေအတွက်ပါလို့ ကျွန်တော်တော့ မထင်ဘူး။ ဒီလောက်ကောင်းတဲ့ ပစ္စည်းကြီးကို လူနားလည်အောင်မှ ကောင်းကောင်းမွန်မွန်မလုပ်ပြထားဘဲနှင့် ကျွန်တော်တို့လည်း မြန်မြန်ထက်ထက်သင်လို့ဘယ်ရတော့မလဲ။ ဒီအချက်ကသူတို့ရဲ့ အကြီးဆုံးဟာကွက်ကြီးပဲ။ အကြီးဆုံး ထိုးနှက်ခံထားရတဲ့ အချက်၁ခုဆိုလည်းဟုတ်တယ်။ ဒီကောင်တွေ OSX ကို ဘယ်တော့မှ ယှဉ်လို့မရတဲ့အချက်ဟာ အဲ့ဒါပဲ၊ ကျွန်တော်တော့အဲ့လိုမြင်တယ်။ ပစ္စည်း၁ခုကို လူသုံးဖို့ရည်ရွယ်ရင် သူတို့စိတ်မရှုပ်အောင်နားလည်အောင် လွယ်လွယ်ကူကူ ဓမ္မဓိဌာန်ကျကျ တည်ဆောက်ပေးထားသင့်တယ်လို့ ထင်တယ်။ User Experiences ဆိုတာကို ပါးစပ်က တဖွဖွပြောနေရုံနှင့်မရဘူးဗျာ။ သန့်ဇင်ပြောသလို သူ ၀င်းဒိုးစ်အတွက် Calendar, Tasks Organization လုပ်တဲ့ ဆော့ဖ်ဝဲလေး ရှာတယ်။ အဖြစ်မရှိတဲ့ ဘာ error , ညာ error တွေတက်တဲ့ အရာတွေပဲ တွေ့ရတယ်။ OSX မှာ iCal ဆိုတဲ့ ဟာကို သုံးကြည့်စမ်းပါလို့။ Outlook ရှိတယ်လေလို့ကျွန်တော့်ကိုလာပြောတဲ့လူလည်းရှိတယ်။ ကျွန်တော်ဘာမှမပြောတော့ဘူး။ UI Experiences ဆိုတာ ဘယ်လိုဟာကို ခေါ်သလဲဆိုတာ ကိုယ်တိုင်မျက်မြင်မတွေ့ရင် မသိနိုင်ပါဘူးခင်ဗျာ။ ..... အီးခ်. ... ပြောရင်းနှင့် ဘေးတွေချော်။ .. အဲ့တော့ နောက်ဆုံး ခေါင်းတစ်ခုလုံး Blender နှင့် Blend! ခံရသလိုပဲ မူးလာပြီး။ အဲ့တော့ အကျပ်ရိုက်နေတုံး။ ဆရာမဆီက ဖုန်းထပ်လာတယ်။ နင်တို့အရင် ၀ဗ် ဥစ္စာကိုပဲ ဆက်လုပ်လို့ရမယ်တဲ့။ သူ မိုက်ခရိုစုပ်ဖ် က ဆရာသမားတွေကိုပြောပြီးပြီတဲ့။ ဟိုကလည်း တောင်းပန်တယ်တဲ့။း/ BS လားလို့။ ကျွန်တော်တို့က ခေါင်းလေးခေါင်းလုံး ကုန်ခါနီးမှ။ ကဲ မထူးတော့ဝူး ဆက်ပြီးတော့တော့ Blend လို့မနိုင်တော့ဘူး၊ ဆက်လုပ်ပါတော့မည်။ ဟို Atlas Framework + Ajax Extensions တွေ၊ ၀ဗ် ၂.၀ တွေ နှင့် ကျွန်တော်တို့ရဲ့ ဘ၀ကို ဆက်မယ်ဆိုပြီး..............
(နောက် တစ်ပို့စ် တင်ခွင့်ပြုကြပါဗျာ။ ဓါတ်ခဲကုန်တော့မှာမို့လို့။ ကျေးဇူးတင်ပါတယ်ဗျာ။ ) =p

Rgds,
WaiPK