Site Relocation

Moved to waiphyok.com

Saturday, May 19, 2007

Finally ... Over ! MS Cup!


ပြိုင်ပွဲနေ့သို့ ...

ဒီလိုနှင့် နောက်ဆုံး၁ရက်ပဲကျန်တယ်။ မနက်ဖြန်ဆိုပဲ ပရီဆန်တေးရှင်းရောက်ပြီ။ အဆင်သင့် မဖြစ်သေးဘူး။ ၃ ခါလောက် Revamp လုပ်လိုက်ရတဲ့ Prototype ကို ၀ရုန်းသုန်းကားလုပ်ရတာဆိုတော့ ... ကြားထဲ Ms Blend က ၀င်နှောက်လိုက်သေးတယ်။ နောက်ဆုံး Integration ပိုင်းမှာလည်း ကျွန်တော်တို့ ခေါင်းဆောင်ကြီးက လုပ်တာ အဆင်မပြေဖြစ်နေတယ်။ ထားတော့၊ ဆရာ ပရီဆန်တေးရှင်းပဲလုပ်၊ ကျွန်တော်တို့ အင်တီဂရေးရှင်းဆက်လုပ်လိုက်မယ်ဆိုပြီး။ အဲ့ စကားမစပ် စိတ်ဝင်စားဖို့ကောင်းတာ ၁ခုကြုံတယ်။ ဆရာမက ကျွန်တော်တို့ကို သကြားလုံး ၁မျိုးကျွေးတဲ့အကြောင်းပါ။ က ကြီးကလာတာတဲ့။ ဂျင်ဆင်းကနေ Extract ထားတာဆိုပဲ။ ကျွန်တော်တို့က အိပ်ငိုက်လို့ ကော်ဖီသောက်ဖို့စဉ်းစားနေတဲ့အချိန်မှာ။ ဗိုက်ဆာဆာနှင့် အဲ့ဒါစားလိုက်တယ်။ ဟိုက်ရှားပါး။ ထူပူသွားပြီး လူက ချက်ခြင်းလန်းသွားတယ်။ ကြည့်လိုက်တော့ Blood Circulation ကို မြန်စေတဲ့ သကြားလုံးလေးဆိုပဲ။ တချို့ နုတဲ့လူတွေဆို လူတကိုယ်လုံးအပူရှိန် မြင့်လာတတ်တယ်တဲ့။ စမ်းစားကြည့်ကြစမ်းပါ။ ချို၏။ မွှေး၏။ ပူ၏။

မနက် ၄ နာရီ ( ပြိုင်ပွဲ နေ့ )

ဝမ်းသာစရာပဲ။ ကျွန်တော် Lightbox ရဲ့ ညီတော် Thickbox ကို ရအောင် Integrate လုပ်နိုင်လိုက်တယ်။ မှန်းထားတဲ့ အချိန် ( မနက် ၅ နာရီ ) ထက် ၁ နာရီ စောပြီးသွားတယ်။ Fully Drag & Drop, Intuitive, Desktop Style Social Networking Web App ၁ ခုကို ပြည့်ပြည့်၀၀ မြင်လိုက်ရတာ အိပ်ချင်စိတ်တောင်ပျောက်သွားတယ်ဗျာ။ ကျန်နေတဲ့ XHTML validation လေးတွေ ပြီးအောင်ညှိ။ CSS errors တွေ အချောသတ်ပြီးတဲ့ အချိန်မှာတော့ ကောင်းကောင်းအိပ်လိုက်ပြီ။ မိုးလင်းတော့ ၁၁ နာရီ မိုက်ခရိုဆော့ဖ် စလုံး ဌာနချုပ်ကို ရောက်အောင် မမှီ မှီအောင် ပြေးရတာ တယ်မလွယ်ဘူးဆရာ။

ဌာနချုပ်တွင် ....

နကန်းတလုံး မပြင်ဆင်လာတဲ့ ကျွန်တော်တို့ Presentation ကို အဲ့ဒီကြမှ စလုပ်ရတယ်။ Rehearsal ဆိုပါစို့။ တစ်ဖွဲ့ကို သီးသန့် အခန်း၁ခန်းစီ ပေးထားတယ်။ Judges တွေက နောက် ၁နာရီဆိုရောက်မယ်တဲ့။ နေသာသလိုနေဆိုပဲ။ .. ဟာသ ၁ခုလည်းဖြစ်သွားသေးသဗျာ။ ကြားထဲမှာ။ ကျွန်တော်တို့ အဖွဲ့ ဗိုက်ဆာလို့ သူတို့ရဲ့ အသင့်ပေးထားတဲ့ Refreshment Lounge ကိုသွားတဲ့အချိန်မှာပေါ့။ သူငယ်ချင်းတွေက ကော်ဖီသောက်နေတယ်။ ကျွန်တော်က အဲ့မှာ ပေးထားတဲ့ ထမင်းတွေ၊ ဟင်းတွေ၊ ကြက်ကင်တွေ အကုန်ယူစားလိုက်တယ်။ ကျွန်တော်စားတာမြင်တော့ သန့်ဇင်လည်း စားချင်တယ်ထင်ပ။ သွားနှိုက်တယ်။ အဲ့မှာ ၀န်ထမ်း ၁ယောက်က ရောက်လာတယ်။ အဲ့ဒါ ကျုပ်တို့အတွက် မဟုတ်ဝူးတဲ့။ Judge တွေအတွက်တဲ့ ။..စားနေတာ နင်သွားတာပေါ့ဗျာ။ But BS ! , I don't care. လာပြိုင်တဲ့လူတွေကို ဘာမှ မကျွေးတာတော့ လွန်သပေါ့ဗျာ။ ဂရုမစိုက်ဘူး။ မကျွေးချင်ရင် အစကတည်းက စာကပ်ထား။ ပြောတော့ မင်းတို့သွားစားလို့ရတယ်ဆိုပြီး။ .. အဲ့ဒါနှင့် ပရီဆန်တေးရှင်း အချိန်ကို ရောက်လာပါပြီ။

ပရီဆန်တေးရှင်းတွင် ....

နန့်ယန်း ပိုလီက အင်ဂျင်နီယာကျောင်းရဲ့  ကျောင်း director, တီ မာဆတ် ပိုလီက အိုင်တီ ဒါရိုက်တာ ကြီးရယ်၊ မိုက်ခရိုဆော့ဖ် ရဲ့  Regional Edu Head စတန်လေ နဲ့ တဲ့တဲ့ တိုးပါလေရော။ သူမေးတဲ့ မေးခွန်းတွေကို ကျွန်တော်နဲ့ ခေါင်းဆောင်ကြီး ၂ ယောက် နပန်းလုံးပြီးဖြေလိုက်ရတယ်။ ဆရာသန့်ဇင်က လူလည်။ ခပ်တည်တည်နှင့် ငြိမ်နေတယ်။ ဘာမှလည်း ၀င်ပေါဝူး။ ဒီလိုနဲ့ ကျက်သရေ မရှိလှတဲ့ ပြိုင်ပွဲကြီးရဲ့  အဆုံးကိုရောက်သွားတယ်။

ပွဲအပြီး ..

ဆရာမက ၀မ်းသာလို့ ။ ဒီလောက် အချိန်လေးမှာ ဒီလောက်လုပ်ပေးတာ ကျေးဇူးတင်တယ်တဲ့။ ကျွန်တော်ကတော့ အဲ့ဒီ့ ပရောဒတ်ကို ဘယ်လိုမှ ကောင်းတယ်လို့ မမြင်ဘူး ။ i mean , features-wise. Innovation အပိုင်းမှာဆိုရင်တော့ User Friendliness ကို Center ထားပြီး လုပ်ထားတဲ့ အတွက် အဲ့ဒါ ၁ခုတော့ ဂုဏ်ယူစရာရှိတယ်။ ဒါပဲ။ .. နောက်တော့ ပျော်တာပေါ့။ ငါတို့တော့ ပြုတ်ပြီဆိုပြီး ။ ကျွန်တော့်ရဲ့  ၁ပတ်လောက်နားထားတဲ့ Office ကို ပြန်သွားပြီး အလုပ်သွားလုပ်တယ်။ အေးဆေး။

စနေနေ့ (ပြိုင်ပွဲက သောကြာနေ့ပါ။)

တခြား member ၂ ယောက် က ဌာနချုပ်ကို ထပ်သွားရတယ်။ အောင်စာရင်းထွက်မယ်ဆိုလို့။ ... ၃နာရီကျတော့ဖုန်းလာတယ်။ ကျက်သရေကို နှောက်တာပဲဗျာ။ ဒီလောက် ကျောင်းတိုင်းကျောင်းတိုင်းက ဆရာတွေ၊ ဂျွတ်တွေကို မရွေးဘူ။ ကျွန်တော်တို့ နောက်ဆုံး ငါးသင်းထဲ ပါတယ်တဲ့။ ခွီးထဲမှပဲ။ ဒီလောက်စုတ်ပဲ့အောင် လုပ်ထားတာကို ဘာကြိုက်သလဲမသိ။ Windows Presentation FOundation တွေ Silverlight တွေ စကားကြီးကြီးကျယ်ကျယ် ပြောမိလို့ထင်ပါတယ်။ ... ကျွန်တော်တော့ ဘုရားတ တာပဲ။ နောက်ဆုံး သုံးသင်းထဲ မပါပါစေနှင့်လို့။ အလကား ပြုတ်မယ်ဆိုတာ သိနေတာကို ထပ်ပြီး ၁လလောက် အချိန်ပေးရဦးမယ်။ ပါသွားရင် ကိုရီးယားမှာ အီတလီ တို့၊ ပိုလန် တို့က ကောင်တွေနှင့် တွေ့ပြီး အရှက်ကွဲမခံနိုင်ဘူး။ ဖိုင်နယ် အောင်စာရင်း က တနင်္လာနေ့ထွက်မယ်ဆိုပဲ။

တနင်္ဂနွေ၊ တနင်္လာ၊ ဇာတ်သိမ်းပါ။

တနင်္ဂနွေ၊ ဖုန်း အသစ်သွားဝယ်တယ်။ O2 O2 ... hehe. တနင်္လာနေ့လည်း ရောက်ရော၊ ရင်တမမနှင့်ပေါ့။ နောက်ဆုံး အောင်ဂါထာ ( ဇယစက္ကော .... ) အရွတ်ကောင်းလို့ ပြုတ်ပြီဟေး ဆိုတဲ့ သတင်းကြားမှပဲ ရင်ထဲက အလုံးကြီးကျသွားတော့တယ်။ သွားလရော့ မိုက်ခရိုဆော့ဖ်ရယ်။ .. ဆရာမတွေ၊ ဆရာတွေက တော့ ဘာမှသိပ်မပြောတော့ဘူး။ Nvm. ကျွန်တော်တို့ ကျောင်းက ဖိုင်နယ် ၅ သင်းကို ၂ သင်းတက်တယ်။ ၃သင်းကို ၁ သင်းတက်တယ်။ သူတို့ကို ကျွန်တော်တို့ ဒီထက်ပိုပြီး ပေးဆပ်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ နောက်ဆုံး ဒါရိုက်တာကတော့ ပြောတယ်။ မုန့်လိုက်ကျွေးပါ့မယ်တဲ့ ။ သားတို့ ဒီလောက် အချိန်နဲ့ ဒီ အဆင့်ရောက်အောင် လုပ်ပေးတာ။ အရေးထဲ ဆရာ၁ယောက်က လာပြောသေးတယ်။ မင်းတို့ ဘာလို့ အစောကတည်းက မပြိုင်လဲတဲ့။ အဲ့ဒါဆို ဖိုင်နယ်ပဲတဲ့။ ကျွန်တော်တို့ ၂ ယောက်လုံး စိတ်မ၀င်စားပါ။ ပြိုင်ပွဲ စီစဉ်ပုံက ညံ့။ အရမ်းကို စီးပွားရေးဆန်။ ခုတမျိုး တော်ကြာတမျိုး ပြောတဲ့ အဖွဲ့အစည်းကို အလုပ်အကျွေးပြုဖို့ရာဝယ် ထည့်စဉ်းစားရမယ့် အချက်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ကျောင်းသားဘ၀မှာ ဒီပြိုင်ပွဲကို နှစ်တိုင်းဝင်ပြိုင်လို့ရတယ်။ But! , အိုင်ဒီယာ မကောင်းတဲ့ ပစ္စည်းကို ခရီးရှည်သယ်သွားပြီး ပြိုင်ဖို့ရာဝယ်တော့ အလုပ်မဟုတ်ပါ။ စိန်ခေါ်မှုဆိုတာ ကို ကျွန်တော် ခုံမင်တယ်။ လက်ခံတယ်။ ကြိုက်တယ်။ ဒါပေမယ့် ကိုယ့်ကို ထိခိုက်စေမယ့် စိန်ခေါ်မှုကိုတော့ မယူသင့်ဘူးလို့ ကျွန်တော်ယုံကြည်ထားတယ်။ စိတ်ဓါတ်မပါရင် Redmond သွားသွား Seoul ပဲ သွားသွား အလကားပဲ မလုပ်ဘူး။ Confidence & Passion ကို အရင်းတည်မှ Business idea ၁ခုကို ဒီလောက် Demand များတဲ့ လူတွေ အရှေ့မှာ ပြနိုင်မှာ၊ ပြချင်စိတ်ရှိမှာ မဟုတ်ပလား ။ ...

အဲ့တော့၊ ပြီးပါပြီ။ ကိစ္စက၊ ဘလော့ခ်ပြန်ရေးတော့မယ်။ နောက်နှစ် WWDC 08 ကို ၀င်ပြိုင်ဖို့လည်း စဉ်းစားနေပါတယ်။ သန့်ဇင် စိတ်ဝင်စားမယ်ဆိုရင်။ Chris ကိုလည်း တိုက်တွန်းထားတယ်။ =D aheee...

Rgds,
WaiPK

Monday, May 14, 2007

မိုက်ခရိုစုပ်ဖ်ပွဲအကြောင်း - အပိုင်း ၂

ထိုပရီဆန်တေးရှင်း အပြီးမှာ ကျွန်တော်နှင့် သန့်ဇင် ၂ကောင်သား အနားရပြီဆိုပြီး ပျော်နေသပေါ့။ စနေ တနင်္ဂနွေ ၂ရက်ကို အားရပါးရ ဖြုန်းပလိုက်တယ်။ ဆရာမကိုလည်း လှမ်းအကြောင်းကြားတယ်။ ကျွန်တော်တို့ နှုတ်ထွက်ပြီလို့။ ဆရာမလည်း ဘာမှ မပြောနိုင်ဘူး။ ဘာရမလဲ။ ဒါကျုပ်တို့ အခွင့်အရေးပဲဟာ။

တနင်္လာနေ့ မနက်-
ကျောင်း ဒါရိုက်တာဆီက ဖုန်းလာတယ်။ ငါးမိနစ်အတွင်း ကျွန်တော်တို့ရဲ့ နာမည်ကျော် တောင်ကုန်းထိပ်က ရဲတိုက်ကြီးရဲ့ မိတင် ခန်းမကိုလာခဲ့ပါတဲ့။ ပြေးတယ်။ ဟိုရောက်တော့ မင်းတို့ဘာလို့ ဆက်မပြိုင်တာလဲတဲ့။ ဘာ လက်နက်ကိရိယာတွေလိုတုံးတဲ့။ အဲ့ဒီ မိုက်ခရိုဆော့ဖ် ပြိုင်ပွဲကြီးက သိပ်ကိုအရေးပါတယ်ဆိုပဲ။ ကျောင်းရဲ့ နာမည်ဂုဏ်သိက္ခာကို သိပ်စကားပြောတယ်တဲ့။ မင်းတို့ဘာလိုလဲ။ လူလိုလား။ ဒီဇိုင်နာလိုလား။ ပိုက်ဆံလိုလား။ အလုပ်မလုပ်နှင့်တော့။ ထောက်ပံ့ကြေးရအောင် သူ ကျောင်းအုပ်ဆီက ညှစ်ပေးမယ်တဲ့။ ကြောက်စရာကြီးဗျာ။ ဘာမှ ပြောလို့မရတော့ဝူး။ အတင်းကိုဇွတ်ပဲ။ နောက်ဆုံး မင်းတို့ FYP လည်းမလုပ်နှင့်တော့။ ၇ ရက်ပဲကျန်တယ်။ တိုက်ပိတ်ပြီး ကျင့်ပေတော့တဲ့။ နောက်ဆုံးအဲ့ဒီရဲတိုက်မှာ အခန်း၁ခန်းအပိုင်စားပေးပြီး တိုက်ပိတ်လိုက်တော့တယ်။ ဆရာမလည်း မျက်နှာတွေပျက်။ သူ့မှာ ဒါရိုက်တာကို ကြောက်တိုင်း ကျွန်တော်တို့ကို ဖိအားပေးဖို့ပဲ ရွေးစရာလမ်းရှိတော့တာကိုး။ အရေးကို မပါပါဘူးဗျာ။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးကိုဆုံးရှုံးခံလိုက်ရတယ်။ အားနာမှုဆိုတဲ့ အရာဟာ မထားကောင်းဘူးဆိုတာ နောက်မှသဘောပေါက်တယ်။ ပြောတော့ ဘာမှမကြောက်နဲ့၊ မင်းတို့ Rights နှင့် မင်းတို့ ဆိုပြီး၊ အဲ့လိုအတင်းဖိအားပေးချင်တိုင်းပေးလို့ ရသလားမသိပါဘူးဗျာ။ =( .... =(

အင်္ဂါနေ့ မနက်-
ဝမ်းသာစရာသတင်း၁ခုက ကျွန်တော်တို့ အသင်းကို ဒီဇိုင်းကျောင်းက ကျောင်းသားတစ်ယောက် လာဂျွိုင်းပြီတဲ့။ အင်မတန်တော်တဲ့ကျောင်းသားဗျာ။ ကျွန်တော်တို့လည်း ၀မ်းသာတယ်။ ဂုဏ်လည်းယူတယ်။ ကျွန်တော်တို့ထက် ၁နှစ်ငယ်တယ်။ အချဉ်တော့ဟုတ်ဝူး။ ဟိုတလောက စင်္ကာပူရ raffles မှာလုပ်တဲ့ ဒီဇိုင်းပြိုင်ပွဲကြီးမှာ OP လို့ခေါ်တဲ့ Costumes Fashion အတွက် ရှပ်အင်္ကျီ ဒီဇိုင်းဆွဲပေးတာ ပထမဆုရတယ်ဆိုပဲ။ Addidas လို့ခေါ်တဲ့ ဟို အစဉ်း ၃ချောင်းပါတဲ့ ဖိနပ်ရဲ့ ဒီဇိုင်းသစ်ကို တီထွင်တာ တတိယ ဆုရတယ်။ ထွက်ရင် ကျွန်တော့် ဘလော့ခ်မှာ ကြော်ငြာပါလာလိမ့်မယ်။ =p အတော်လှတဲ့ ပစ္စည်း၂မျိုးပါပဲဗျာ။

တစ်ပတ်ကြာသော်-
ရေးတယ်။ ဖျက်တယ်။ ပြင်တယ်။ အသစ်ပြန်ရေးတယ်။ ပုံဆွဲတယ်။ ဒီလိုနှင့် တစ်ပတ်လည်းကုန်ခါနီးပြီ။ ပရိုတိုတိုက်ပ်ကို submit လုပ်ဖို့ ၃ရက်လောက်လိုတဲ့အခါကြမှ မိုက်ခရိုဆော့ဖ်က အကြောင်းကြားတယ်။ မင်းတို့ အသင်းက disqualify တဲ့။ ဘာလို့လဲဆိုတော့ ငါတို့က ဆော့ဖ်ဝဲ လုပ်ခိုင်းတာ၊ မင်းတို့က ၀ဗ်ဆိုက် ဆွဲနေတယ်တဲ့။ Get Lost !။ ပြောတော့ ကမ္ဘာကျော်၊ နိုင်ငံကျော်ဘီလူးကြီးဆို။ ကိုယ့်ပြိုင်ပွဲဝင်နေတဲ့ အသင်းတွေကို ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းကြေညာချက်ထုတ်မထားဘဲနှင့်။ အနီးကပ်မှ ပြောလို့ရတယ်ထင်နေလားမသိ။ ကျောင်းကလည်း ဖျင်းပါ၏။ ကျွန်တော်တို့ကို သာ ဖိကောင်းကောင်းနှင့်ဖိ၊ သွားရမဲ့ လမ်းကြောင်းလည်း သေချာမမေးထား။ ခံစားရတော့ ကျွန်တော်တို့ပဲ။ ကျွန်တော်ကတော့ သန့်ဇင်ကို ပြောလိုက်တယ်။ ငါတို့က လမ်းတစ်ဝက်ကြမှဝင်တာ။ ဘာမှသိဝူး။ လိုချင်တဲ့ဟာ ကောင်းအောင်လုပ်ပေးမယ်။ နီးမှကပ်မပြောနှင့်။ ဆက်မပြိုင်ဘူးလို့။

နောက်တနေ့မနက်တွင် -
ဆရာမကထပ်ပြောတယ်။ ဒါရိုက်တာပြောတယ်တဲ့။ သူက တစ်ကျောင်းလုံးကို စာပို့ပြီးပြီ။ ခုမှ နောက်ဆုတ်လို့ရတော့ဝူးတဲ့။ ဆက်သွားပါတဲ့။ အဲ့တော့ ကျွန်တော်တို့လည်း ဆက်လုပ်မယ်။ အိုကေ။ နည်းပညာအသစ်တော့ ထပ်သင်ရမယ်။ သာမန် VS2005 ကိုသုံးပြီး အင်မတန်မှ ရုပ်ဆိုးတဲ့ App တွေကိုရေး၊ လူသုံးရခက်တဲ့ Software ပုံစံတွေကို ပြရုံနှင့်လည်း မဖြစ်ပြန်ချေဘူး။ ပရိသတ်က သမ်းတောင်သမ်းဦးမယ်။ ကျွန်တော်တို့က စိတ်တော့မပါဘူး။ ( သန့်ဇင်နှင့် ကျွန်တော်နှင့်ပါ။ ) ဒါပေမယ့် လူကြားထဲကြမှ အရှက်ဗြန်းဗြန်းကွဲဖို့ကိုလည်း လက်တော့မခံနိုင်ဘူး.... ဘ၀ဘ၀..... အဲ့တော့ အားလုံးတိုင်ပင်ပြီး အသစ်ထွက်တဲ့ Windows Vista ဆိုတဲ့ လှတပတ ၀င်းဒိုးမှာသုံးတဲ့ App ပုံစံခေတ်ရောက်နေပြီဆိုတာကို သဘောတူလိုက်ကြတယ်။ စရေးဖို့ ကြိုးစားကြတယ်။ dot Net Framework 2.0 ကို ကျော်ပြီး 3.0 နှင့်ရေးဖို့လုပ်ရတယ်။ ပရိုတိုတိုပ်ဆွဲဖို့ Expression Blend 2 May Preview ကို အင်စတောလုပ်ပြီး လေ့လာတယ်။ ဟို ... framework ၃.၅ ပေါ်မှာ အခြေခံတဲ့ VS 2007 Codename: Orcas Beta ကိုလည်း ဒေါင်းလုပ်လုပ်ထားလိုက်တယ်။ လိုလိုမယ်မယ်ဆိုပြီး။

ကျွန်တော်တို့နှင့် Blend ! Blend ! -
ကျွန်တော် မိုက်ခရိုစုပ်ဖ် ကို လေးစားတဲ့ အချက်က အင်မတန် ဖီးချားဆုံတဲ့ ပစ္စည်းကြီးတွေကို ထုတ်ပြတယ်။ လူအင်မတန်ရှိန်တယ်။ တကယ့်ပါဝါဖူးလ်နော်။ လာမယှဉ်နှင့်၊ တော်ရုံတန်ရုံ ဂျီးနီးယပ်စ်တွေက လုပ်ထားတာမဟုတ်ဝူး။ ခု Expression Blend 2 ကလည်း အရမ်းကိုလှတယ်။ WPF ပေါ်မှာ အခြေခံပြီး Silverlight Applications တွေကို ရေးနိုင်ဖို့အတွက်တောင် ထောက်ပံ့ထားတယ်။ တော်ရုံတန်ရုံ ဆော့ဖ်ဝဲ အင်တာဖေ့စ်လောက်တော့ လှလှပပ လုပ်လို့ရတယ်ဆိုပဲ။ ဒါပေမယ့်....
ပြသနာက မိုက်ခရိုဆော့ဖ်ရဲ့ User Interface and Simplicity, Intuitive ဖြစ်မှုတွေပဲဗျ။ သူတို့ထုတ်လိုက်တဲ့ ပစ္စည်းတွေက သာမန် Beginner, Home users တွေအတွက်ပါလို့ ကျွန်တော်တော့ မထင်ဘူး။ ဒီလောက်ကောင်းတဲ့ ပစ္စည်းကြီးကို လူနားလည်အောင်မှ ကောင်းကောင်းမွန်မွန်မလုပ်ပြထားဘဲနှင့် ကျွန်တော်တို့လည်း မြန်မြန်ထက်ထက်သင်လို့ဘယ်ရတော့မလဲ။ ဒီအချက်ကသူတို့ရဲ့ အကြီးဆုံးဟာကွက်ကြီးပဲ။ အကြီးဆုံး ထိုးနှက်ခံထားရတဲ့ အချက်၁ခုဆိုလည်းဟုတ်တယ်။ ဒီကောင်တွေ OSX ကို ဘယ်တော့မှ ယှဉ်လို့မရတဲ့အချက်ဟာ အဲ့ဒါပဲ၊ ကျွန်တော်တော့အဲ့လိုမြင်တယ်။ ပစ္စည်း၁ခုကို လူသုံးဖို့ရည်ရွယ်ရင် သူတို့စိတ်မရှုပ်အောင်နားလည်အောင် လွယ်လွယ်ကူကူ ဓမ္မဓိဌာန်ကျကျ တည်ဆောက်ပေးထားသင့်တယ်လို့ ထင်တယ်။ User Experiences ဆိုတာကို ပါးစပ်က တဖွဖွပြောနေရုံနှင့်မရဘူးဗျာ။ သန့်ဇင်ပြောသလို သူ ၀င်းဒိုးစ်အတွက် Calendar, Tasks Organization လုပ်တဲ့ ဆော့ဖ်ဝဲလေး ရှာတယ်။ အဖြစ်မရှိတဲ့ ဘာ error , ညာ error တွေတက်တဲ့ အရာတွေပဲ တွေ့ရတယ်။ OSX မှာ iCal ဆိုတဲ့ ဟာကို သုံးကြည့်စမ်းပါလို့။ Outlook ရှိတယ်လေလို့ကျွန်တော့်ကိုလာပြောတဲ့လူလည်းရှိတယ်။ ကျွန်တော်ဘာမှမပြောတော့ဘူး။ UI Experiences ဆိုတာ ဘယ်လိုဟာကို ခေါ်သလဲဆိုတာ ကိုယ်တိုင်မျက်မြင်မတွေ့ရင် မသိနိုင်ပါဘူးခင်ဗျာ။ ..... အီးခ်. ... ပြောရင်းနှင့် ဘေးတွေချော်။ .. အဲ့တော့ နောက်ဆုံး ခေါင်းတစ်ခုလုံး Blender နှင့် Blend! ခံရသလိုပဲ မူးလာပြီး။ အဲ့တော့ အကျပ်ရိုက်နေတုံး။ ဆရာမဆီက ဖုန်းထပ်လာတယ်။ နင်တို့အရင် ၀ဗ် ဥစ္စာကိုပဲ ဆက်လုပ်လို့ရမယ်တဲ့။ သူ မိုက်ခရိုစုပ်ဖ် က ဆရာသမားတွေကိုပြောပြီးပြီတဲ့။ ဟိုကလည်း တောင်းပန်တယ်တဲ့။း/ BS လားလို့။ ကျွန်တော်တို့က ခေါင်းလေးခေါင်းလုံး ကုန်ခါနီးမှ။ ကဲ မထူးတော့ဝူး ဆက်ပြီးတော့တော့ Blend လို့မနိုင်တော့ဘူး၊ ဆက်လုပ်ပါတော့မည်။ ဟို Atlas Framework + Ajax Extensions တွေ၊ ၀ဗ် ၂.၀ တွေ နှင့် ကျွန်တော်တို့ရဲ့ ဘ၀ကို ဆက်မယ်ဆိုပြီး..............
(နောက် တစ်ပို့စ် တင်ခွင့်ပြုကြပါဗျာ။ ဓါတ်ခဲကုန်တော့မှာမို့လို့။ ကျေးဇူးတင်ပါတယ်ဗျာ။ ) =p

Rgds,
WaiPK

Saturday, May 12, 2007

ကျွန်တော်နှင့် မိုက်ခရိုဆော့ဖ် သီတင်း၅ပတ်

ကျွန်တော့် အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေတော့သိပါတယ်။ ပြီးခဲ့တဲ့ ၅ပတ်လုံးလုံး ခံစားလိုက်ရတဲ့ ဝေဒနာတွေ။ ရီပေါ့လုပ်ပြီး တင်ပြပါရစေ။ သန့်ဇင်အကြောင်းလည်းပါပါ၏။

ဧပြီလ လဆန်းပိုင်း၁ရက် -
ဆရာမ လင်း ( မြန်မာမှုပြုလိုက်၏ ) ဆီက ဖုန်းလာ၏။ ကျောင်းမှ အသင်းတစ်သင်းသည် ထိုထိုနာမည်ကြီးခွန်အားကြီးလှသည်ဆိုသော မိုက်ခရိုဆော့ဖ်အမည်ရှိ ဘီလူးကြီး၏ နှစ်စဉ်ကျင်းပမြဲရှိတဲ့ ဦးနှောက်စုပ်ပွဲကြီး တွင်ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်ဟူ၏။ ထို Imagine Cup ဟု ဘိလပ်လိုသမုတ်ကြသည့်ပြိုင်ပွဲမှာ ဘီလူးကြီး၏ အာဏာစက်လွှမ်းမိုးခြင်းအထူးတလှည်ခံရသည့် စင်္ကာပူရတိုင်းသားတို့မှာ အနန့်ဆုံး အရွဆုံး ၀င်ရောက်ယှဉ်ပြိုင်နေလေသည်ဆိုတည်း။ သို့သော်အကြောင်းအမျိုးမျိုးကြောင့် အဆိုပါ SP Team မှာ လမ်းတစ်ဝက်တွင်လူနှစ်ယောက်ပျောက်ဆုံးသွားသဖြင့် ကျွန်တော်နှင့် သန့်ဇင် နှစ်ယောက်ကို ဓါးခုတ်ရာလက်ဝင်ခိုင်းလေသည်။ ပြိုင်ပွဲမှာလည်းအရှိန်ကကောင်း၊ အတွေ့အကြုံလေးလည်းလိုချင်၊ အဲ့ဒီအသင်းကလည်း အဖွဲ့ပေါင်းထောင်ချီနေတဲ့ထဲမှ နောက်ဆုံး ၁၆သင်းကို ယိုင်ကာနဲ့ကာ ပါသွားကြောင်းကြားရလျှင် ရခြင်း ကျွန်တော်နဲ့ သန့်ဇင်မှာ ထိုဘီလူးကြီးကို မချစ်သော်လည်းအောင့်ခါနမ်း၊ ငါတို့တော့အခန့်သားတက်ထိုင်ရုံပဲထင်၊ ရမည့်ဆုသားအသပြာကို မက်ကာ ၀င်ရောက်ကူညီပါမည်ဟု ကတိပေးလိုက်လေသည်။ ကျွန်တော်တို့ရဲ့ နောက်ဆုံးနှစ်ကျောင်းသား ဘ၀အတွက် အရေးအကြီးဆုံး Final Yr Proj ကြီးရှိနေတာတောင်မှ ဘယ်ကမာရ်နတ် လှုံ့ဆော်လေသရော့မသိ၊ အဲ့ဒီလိုကတိပေးလိုက်မိတယ်ဗျာ။ တန့်တန်တန်..

၁ပတ်ကျော်ကျော်ကြာသော် -
ဆရာမကထပ်ခေါ်၏။ ပွဲကနောက်ထပ်လူ၁ယောက်ထပ်ထွက်သွားပြန်ပြီတဲ့။ နောက်အပတ်တွင်လုပ်မည့် ကျောင်းတွင်း သရုပ်ပြပွဲကို နင်တို့ဘာသာလုပ်တော့ ( အဲ့လို မပြောသော်လည်း ထိုနည်းလည်းကောင်းပါပဲ။) ဟု ခေါ်ပြော၏။ နည်းနည်းတော့ စဉ်းစားမိလာပြီ။ ငါတို့မှားပြီလားဆိုပြီး။ နောက်တော့ ဂရုပ်ခေါင်းဆောင်ကခေါ်တွေ့တယ်။ သူလည်း ပွဲနှင့်ပတ်သက်ပြီး ဘာမှ ဟုတ်တိပတ်တိ Implementation မလုပ်ရသေးပါဝူးတဲ့။ ကျွန်တော့် ပရိုပိုဆယ်လ်လေး သူတို့ကြိုက်လို့ နောက်တစ်ဆင့်တက်သွားတာပါတဲ့။ အဲ့တော့ ညီလေးတို့နှစ်ယောက်ကပဲ ဦးဆောင်ပြီး စတင်ဆက်လုပ်ပါတဲ့။ တိန် သေပြီဆရာ။ .. ဒီလိုနဲ့ ၁ပတ်ကုန်လေသည်။

ကျောင်းတွင်းသရုပ်ပြပွဲ -
ကျွန်တော်တို့လိုပဲ မိုက်ခရိုဆုပ် တွင် ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ တခြားအသင်းလည်းရှိပါသေးတယ်။ သူတို့က အဲ့နေ့မှာ အရင်သူတို့ရဲ့  Software System ကိုရှင်းပြတယ်။ ဘာတွေမှန်းလဲသိဘူး။ ဒီလိုပါပဲ။ ကျွန်တော်တို့အလှည့်ရောက်လာတယ်။ ၁ပတ်လုံးလုံး ၁ရက် ၄နာရီ မပြည့်တပြည့် အိပ်ထားကာ အပူတိုက်လုပ်ထားတဲ့ ပရိုတိုတိုက်ပ်၊ ပုံစံငယ်ကို ကျောင်းက ဒါရိုက်တာ။ ဟိုဟာထိတာ။ အဲ့လေ။ Director နှင့် လက်ချာရာတွေကို ရှင်းပြတယ်။ ကွင်းလုံးကျွတ်စိတ်ဝင်တစားအားပေးတယ်။ တခဲနက်မဲပေးတယ်။ နင်တို့ဟာက ဘာကြီးတုံးတဲ့ အဲ့ဒါကြီးက ဘာအသုံးဝင်သတုံးတဲ့။ သွားပါပြီဗျာ။ .... ခဲလေသမျှ

ပွဲအပြီးစကားများ -
စိတ်ကညစ်သပေါ့။ အိုင်ဒီယာက ကိုယ့်ဟာမှမဟုတ်၊ နင်တို့ဝင်ကူဆိုလို့ကူရသေး။ မေးလိုက်တဲ့ မေးခွန်းတွေကလည်း မဖြေနိုင်။ စိတ်ကမပါတပါ။ ဆရာမတချို့ ကတော့ ကရုဏာနှင့် နှစ်သိမ့်ရှာပါတယ်။ သားတို့ က FYP ကြီးလည်းရှိတာကိုး။ အားမလျှော့နဲ့ ဆက်ပြိုင်တဲ့။ စိတ်မလျှော့ပါဘူး။ အစကတည်းက စိတ်ပါလို့ပြိုင်ခြင်းမဟုတ်၊ ပိုက်ဆံလေးရမည်၊ ဆီမီးဖိုင်နယ်ထိ အလကားတက်လိုက်သည်ဆိုလို့ ၀င်ပြိုင်တာပါ။ အဲ့လိုတော့မပြောလိုက်ပါဘူး။ စိတ်ထဲကတော့ ဆုံးဖြတ်လိုက်တယ်။ တော်ပြီလို့၊ အလကားအချိန်ကုန် အိုင်ဒီယာ မကောင်းတဲ့ ပရောဂျက်ကြီးကို ဆက်မလုပ်တော့ဘူး။ တကယ့်ပွဲနေ့လည်း နားမလည်ဘူး၊ ပြိုင်တော့ဝူးလို့။ ....

နောက်...ဘာဆက်ဖြစ်သလဲဆိုတော့ ..... ( အဟီး သိပ်ရှည်သွားပြီ၊ နောက်တစ်ပို့စ်လာမည်။ စိတ်ချ၊ tmr တင်ပါ့မည်။ )

Regards,
WaiPK