Site Relocation

Moved to waiphyok.com

Saturday, April 28, 2007

Coolz Apps for Mac Users - 1

Mac users များ အတွက် တစ်ပြားမှမကုန်တဲ့ Cool App များ - အပိုင်း ၁

ဟုတ်ပါတယ်။ နာမည်နှင့်လိုက်အောင် တစ်ပြားမှ မကုန်တဲ့ ဆော့ဖ်ဝဲများဖြစ်ပါတယ်။ Mac Addict ဇန်န၀ါရီလထုတ် မဂ္ဂဇင်းမှ မှီငြမ်းထားကြောင်းပါ။

ပထမဆုံး ဖော်ပြချင်တဲ့ ဆော့ဖ်ဝဲ ဂရုပ်က Productivity ဂရုပ် ဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ Mac ဟာ နေ့စဉ်လုပ်ဆောင်နေတဲ့ ကိစ္စ၀ိစ္စတွေကို မြန်မြန်ဆန်ဆန်နှင့် ခရီးတွင်အောင် လုပ်ဖို့လိုပါတယ်။ အချိန်သက်သက်သာသာနှင့် အလုပ်တွေပြီးပြတ်အောင် ကူညီပေးဖို့ အောက်က ကျွန်တော်တို့ရဲ့ ဆော့ဖ်ဝဲတွေက အသင့်ရှိနေပါတယ်။

၁။ QuickSilver - ဂူဂယ် ဒက်စ်တော့ပ် ကို သုံးဖူးတဲ့ ၀င်းဒိုး သမားများလည်းသိမှာပါ။ သင့်ကွန်ပြူတာ ၁လုံးလုံးမှာရှိနေတဲ့ ဖိုင်တွေ၊ ဓါတ်ပုံတွေ၊ ရုပ်ရှင်တွေကို မြန်မြန်ထက်ထက်ရှာနိုင်ဖို့ဟာ သိပ်အရေးကြီးပါတယ်။ အရေးအကြောင်းဆို ဒက်ခနဲ တွေ့နိုင် ခေါ်နိုင်မှ အလုပ်ဖြစ်မှာပါ။ OSX မှာပါတဲ့ SpotLight ဟာ ၀င်းဒိုးရဲ့ F1 နှိပ်နှိပ်ပြီး ခေါ်ရတဲ့ Search Function ထက် ၁၀ ဆ မက ကောင်းပါတယ်။ ဒါပေမယ့် QS က သူ့ထက်မြန်တဲ့အပြင် Calculator, Alarm, Dictionary, OnlineSearch စတဲ့ နေ့စဉ်သုံး အချိန်လုလုပ်ရတဲ့ ကိစ္စတွေကို ခလုတ် ၁ချက်နှိပ်ရုံနှင့် ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဟိုတလောက Google Desktop for Mac beta ထွက်ပါတယ်။ QS ကို မမှီပါဘူး။ တော်တော်ဝေဖန်ခံရပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်းမကြိုက်ပါ။ အဲ့တော့ QS ဘယ်လောက်ကောင်းတယ်ဆိုတာ စဉ်းစားကြည့်ကြပေတော့ဗျာ။
Link: www.blacktree.com ; Windows Equivalent Software: www.launchy.net

၂။ NeoOffice Aqua Beta - မက်ခ်အတွက် မိုက်ခရိုဆော့ဖ်ကထုတ်တဲ့ Office 04 Suite ရှိပါတယ်။ Universal binary မဟုတ်တဲ့အတွက်အရမ်းနှေးပါတယ်။ Google Docs & Spreadsheets ကောမကောင်းဘူးလားလို့မေးပါမယ်။ ကောင်းပါတယ်။ ဒါပေမယ့် NeoOffice ကိုလည်းကြည့်လိုက်ပါဦး။ Word, Excel, Powerpoint, Access, Draw စတဲ့ ပရိုဂရမ်များကို အစားထိုးပေးနိုင်မယ့်၊ မက်ခ်အသုံးပြုသူတွေအတွက် ထုတ်လုပ်လိုက်တဲ့ Opensource Office Suite ၁ခုပါ။ စမ်းကြည့်ဖို့ ၀န်မလေးပါနှင့်။ Native Aqual UI နှင့် မြန်လည်းမြန်ပါတယ်။ X11 တွေဘာတွေ တဆင့်ခံပြီး run ရတာမျိုးမဟုတ်ပါဘူး။
Link: www.neooffice.org ; Windows Equivalent Software: Openoffice.org ( mabe ;P )

၃။ TextWrangler - Notepad ကို လွမ်းမနေပါနှင့်တော့။ မက်ခ်ရဲ့ TextEdit ကို လည်း နေသားမကျသေးဘူးလို့ယူဆနေသေးသူတွေ အတွက် TextWrangler ရှိပါတယ်။ စာဖိုင်တွေကို Edit လုပ်လို့ရမယ်။ FTP နှင့် ဆာဗာပေါ်ပြန်တင်လို့ရမယ်။ HTML, Perl, PHP စတာတွေကို ပြင်ချင်ရင်လည်း သပ်သပ်ရပ်ရပ် ရေးနိုင်ပြင်နိုင်မယ်။ အလကားရတဲ့ အကောင်းဆုံးတွေထဲက ၁ခုဖြစ်တဲ့ ဒီ text editor လေးကိုလည်း မြန်မြန်ကြိတ်လိုက်ကြဗျာ။ သဟာမျိုးဆိုတာ ခဏခဏရတာမဟုတ်ပေဘူး...
Link: www.barebones.com ; Windows Equivalent Software: Notepad ++

ဆက်ရေးပါဦးမယ်။

Rgds,
WaiPK