Site Relocation

Moved to waiphyok.com

Friday, March 09, 2007

Crossover - Pick of the Month!

Codeweavers ရဲ့ ကျောထောက်နောက်ခံပေးထားတဲ့ Wine ကိုတော့ ကျွန်တော်တို့ Linux သုံးဖူးတဲ့လူ တော်တော်များများသိကြမယ်လို့ထင်ပါတယ်။ ၀င်းဒိုး ဆော့ဖ်ဝဲတွေကို Nix Systems တွေပေါ်မှာ Run လို့ရအောင် Virtualization လုပ်ပေးတဲ့ နည်းပညာပါ။ App ၁ ခုပါ။

အဲ့ဒီ Codeweavers ကပဲ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး Wine Based Crossover Series တွေကို ထုတ်ပါတယ်။ ၀င်းဒိုးApp တွေကို Linux ပေါ်မှာ Run စေနိုင်တဲ့ Suite ကို Crossover Linux, ၀င်းဒိုး App တွေကို Mac OS X ပေါ်မှာ Run နိုင်စေတာက Crossover Mac ဆိုပြီး စသဖြင့်ရှိပါတယ်။

ကျွန်တော် Crossover Mac ကို လွန်ခဲ့တဲ့ အပတ်လောက် ကစပြီး စမ်းပါတယ်။ ၀င်းဒိုး App တွေ ၁ခုပြီး၁ခုပါ။ Winzip, Internet Explorer 6 SP 1, Picasa 2, Google Talk, CounterStrike 1.6, PES 6... so on.

GTalk, PES 6 မအောင်မြင်ပါဘူး။ ပေါက်ကရ Error တွေ တက်နေပါတယ်။ CounterStrike ကတော့ လန်ထွက်နေပါတယ်။ ကျွန်တော် Bootcamp ပေါ်မှာကစားရတဲ့အတိုင်းပါပဲ။ ပိုတောင်မြန်နေသလိုတောင်ခံစားရပါတယ်။

Crossover ရဲ့  Bootcamp , Parallels တွေ အပေါ်မှာ အားသာချက်က ၀င်းဒိုးကို အင်စတောလုပ်စရာ မလိုပါဘူး။ အဲ့အတွက် XP License လည်းဝယ်စရာမလိုပါဘူး။ နေရာကုန် သက်သာပါတယ်။ နောက်ပြီး လိုချင်တဲ့ App ကိုသာ အင်စတောလုပ်ပြီး Run လို့ရတဲ့ အတွက် Flexible ဖြစ်ပါတယ်။

Crossover မှာသုံးတဲ့ Bottle ဆိုတဲ့ Term က စိတ်ဝင်စားဖို့ကောင်းပါတယ်။ Bottle ၁လုံးဟာ Application Environment 1 ခု သဘောပါပဲ။ သူ့ အတွက် Mac OS X ရဲ့ File Structure ထဲမှာ ၀င်းဒိုးလို C:\Programfiles\.... Structure တွေ ဆောက်ပေးပါတယ်။ Sub-FileSystem လေးတွေပေါ့။ Bottle 1 လုံး ချင်း အတွက် Registry တွေ၊ Windows DLL files တွေ၊ Direct X အခြေခံတွေ အကုန် ဆောက်ပေးပါတယ်။ Bottle ၁လုံး လုပ်ခါနီးကြရင် ကျွန်တော်တို့ Winxp, win2000, win98 ဆိုပြီး OS Nature 3 ခု ထဲက ကြိုက်တာရွေးပြီး ဆောက်လို့ရပါတယ်။ အဲ့ဒီ ဆောက်ပြီးတဲ့ Bottle ထဲ ကို သင့်တော်တဲ့ App တွေ ကြိုက်သလောက် သွင်းပြီး Run နိုင်ပါတယ်။ Crossover က အလိုအလျောက် Native Codes တွေကို Translate လုပ်ပေးပါလိမ့်မယ်။

Crossover ကို Perfect လို့ ပြောလို့ မရနိုင်သော်ငြားလည်း၊ Parrallels သွင်းရမှာ၊Bootcamp Partition ပိုင်းရမှာ ပျင်းသူတွေအနေနှင့်တော့ စမ်းသင့်တဲ့ အရာတစ်ခုပါပဲ။ PC to Mac Transition Campaign ကို အားသစ်လောင်းတဲ့ App တွေများများပေါ်လာပါစေလို့ မျှော်လင့်လျက်. .... =D

Links: www.codeweavers.com/products , http://www.youtube.com/watch?v=SbMhk2fdl_k

Rgds,
WaiPK