Site Relocation

Moved to waiphyok.com

Sunday, March 11, 2007

Hamachi - OS X installation

ထွက်တာ ကြာနေပြီသော်လည်း ကျွန်တော် မနေ့ကမှ Hamachi ကို အင်စတောလုပ်ကြည့်ပါတယ်။ Pkg မရှိ၊ GUI လည်း မရှိပါဝူး။ Client X interface လည်းမရှိပါဘူး။ ဂိမ်းသာကစားချင်ပြီး Command တွေရိုက်ရမှာ ပျင်းတဲ့ ကျွန်တော်တို့ အကိုတွေ၊ အမတွေအတွက် ကျွန်တော်လုပ်ခဲ့တဲ့ လုပ်နည်း အဆင့်ဆင့်ကို အောက်မှာ ရေးပေးထားပါတယ်။ သူ့ရဲ့ Hamachi Readme မှာဖတ်ရင် ရပေမယ့် နည်းနည်းရှုပ်နေသေးတယ်လို့ ထင်လို့ပါ။ OSX Gamers တွေ အသုံးဝင်မယ်လို့ ယူဆလျက်..

၁) Tar.gz ကို ဒေါင်းလုပ်လုပ်၊ ဖြန့်ချပြီးရင် ဖိုလ်ဒါ၁ခုရလာပါလိမ့်မယ်။ အဲ့ဒီဖိုလ်ဒါထဲမှာ ဖိုင်သေးသေးလေးတွေ အများကြီးတွေ့ပါလိမ့်မယ်။ အဲ့ဒါကို ဒီအတိုင်းထားပါ။

၂) အင်စတောလုပ်ဖို့ရာ ကျွန်တော်တို့ Terminal ကို ဖွင့်ရပါမယ်။ Applications/Utilities/Terminal.app ကို Run လိုက်ပါ။ Terminal Window ( Console ) လေး ၁ခု ပေါ်လာပါမယ်။ ပြီးရင် စပြီးရိုက်ပါတော့မယ်။

၃) ဒေါင်းလုပ် လုပ်ထားတဲ့ ဖိုလ်ဒါကို Terminal ကနေ သွားရပါမယ်။ Console စတက်တက်ချင်းမှာ ကျွန်တော်တို့ က ပုံမှန်ဆိုရင် Home ဖိုလ်ဒါထဲမှာ ရောက်နေပါတယ်။ အဲ့တော့ ဆရာတို့ ဒေါင်းလုပ်လုပ်ထားတဲ့ နေရာက Desktop ဆိုကြပါစို့။ ( desktop မဟုတ်လည်း desktop ပေါ် ရွှေ့လိုက်ဗျာ... =p )

၎) cd Desktop/hamachi-0.9.9.9-20-osx ဆိုပြီးရိုက်၊ အဲ့ဒါဆို download လုပ်ထားတဲ့ ဖိုလ်ဒါလေးထဲရောက်သွားပါလိမ့်မယ်။ ပြီးရင် sudo ./install ဆိုပြီးရိုက်၊ password တောင်းပါလိမ့်မယ်။ passwd ရိုက်ပြီးသွားရင် Installation ပြီးသွားပါပြီ။

၅) ပြီးရင် sudo /sbin/tuncfg ကိုထပ်ရိုက်ပါ။ ပြ̔သနာ ၁ခုတက်ကောင်း တက်ပါလိမ့်မယ်။ driver ၁ခု မရှိလို့ပါ။ ဟောဒီက Driver ကို ဒေါင်းလုပ်လုပ်ပြီးအင်စတောလုပ်ပါ။ ပြီးရင် ခုနက tuncfg command ကို ထပ်ရိုက်ပါ။ အိုကေပါလိမ့်မည်။ မအိုကေရင် ဆက်မလုပ်ပါနဲ့တော့၊ အဲလေ။

၆) ပြီးရင် cd /usr/bin ကိုသွားပါ။ sudo ./hamachi-init ကိုရိုက်ပါ။ ဘာညာ OK ... တွေပေါ်လာပြီးသွားရင်ရပါပြီ။Hamachi ကို ကောင်းကောင်းမွန်မွန် သွင်းပြီးသွားပါကြောင်း။

၇) အဲ့ စပြီးကစားတော့မယ်ဆိုရင် Hamachi ကို Start ရပါမယ်။ cd /usr/bin ကိုသွားပါ။ sudo ./hamachi start ရိုက်ပါ။ အင်ဂျင်ကိုစလိုက်ပါပြီ။ သူ့ကို Online ရဖို့ အတွက် sudo ./hamachi login ကိုထပ်ရိုက်ပါ။

၈) ပြီးရင် ထုံးစံအတိုင်း Create Network or join network လုပ်လို့ရပါတယ်။ ./hamachi create Palotetote goosh ဆိုပြီးရိုက်ပါ။ Network name က ပလုတ်တုတ်၊ password က goosh ဆိုပြီး နက်ဝက်ခ် ထောင်လိုက်ပါပြီ။

၉) ထောင်ပြီးသားကို ဂျွိုင်းချင်ရင်တော့ ./hamachi join Palotetote goosh ထပ်ရိုက်ပါ။ ဂျွိုင်းလိုက်ပါပြီ။

၁၀) တခု သတိပြုရန်မှာ ထောင်ထောင်၊ ဂျွိုင်းဂျွိုင်း တခါတလေ list ထဲမှာ မမြင်ရတာ ရှိပါတယ်။ ./hamachi go-online ကို သတိတရ ရိုက်ပေးကြပါ။ ...

၁၁) နက်ဝက်ခ် က ထွက်ချင်ရင် ./hamachi leave Palotetote ပါ။ စထောင်ထားတဲ့ owner များ ဘယ်တော့မှ ထွက်ပြေးလို့ မရကြောင်း၊ Leave လို့မရကြောင်းလည်း သတိပြုစေချင်ပါတယ်။ လုပ်ပြီး မထားချင်တော့ရင်တော့ ဖျက်ချပါ။ အဲ့အဲ့ .. Delete လုပ်ပါ။ ./hamachi delete Palotetote ပါ။

၁၂) အကြင်တို့ သူငယ်ချင်းဘယ်နှစ်ယောက် ၀င်နေပြီလည်း ကြည့်ချင်ရင် ./hamchi list ကိုရိုက်ပါ။ စာရင်းနှင့်တကွပြပါလိမ့်မယ်။ Nickname တွေ၊ IP တွေနှင့်. ။ ကြက်ခြေခတ် X က အဲ့ဒီလူကို ကောင်းကောင်းချိတ်လို့ မရဘူးလို့ပြောတာပါ။ * asterisk , ခရေပွင့်လေးက ချိတ်မိတယ်။ အိုကေတယ် လို့ ဆိုလိုတာပါ။ အားလုံးချိတ်မိရင်တော့ ကစားလို့ ရပါပြီ။ CS , Dota နိုင်ပါပြီ။

၁၃) Nickname လေးတွေထားရတာ ပျော်တဲ့လူတွေလည်း ./hamachi set-nick Palatar ဆိုပြီး ထားလို့ ရပါတယ်။ distinguishable ဖြစ်တာပေါ့။

အဲ့တော့... ပြီးပါပြီခင်ဗျာ။ မြန်မာလူငယ်များ ဂိမ်းကစားခြင်းနှင့်သာ ........ နိုင်ကြပါစေလို့ ..။ :/

Warm Rgds,
WaiPK

Friday, March 09, 2007

Crossover - Pick of the Month!

Codeweavers ရဲ့ ကျောထောက်နောက်ခံပေးထားတဲ့ Wine ကိုတော့ ကျွန်တော်တို့ Linux သုံးဖူးတဲ့လူ တော်တော်များများသိကြမယ်လို့ထင်ပါတယ်။ ၀င်းဒိုး ဆော့ဖ်ဝဲတွေကို Nix Systems တွေပေါ်မှာ Run လို့ရအောင် Virtualization လုပ်ပေးတဲ့ နည်းပညာပါ။ App ၁ ခုပါ။

အဲ့ဒီ Codeweavers ကပဲ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး Wine Based Crossover Series တွေကို ထုတ်ပါတယ်။ ၀င်းဒိုးApp တွေကို Linux ပေါ်မှာ Run စေနိုင်တဲ့ Suite ကို Crossover Linux, ၀င်းဒိုး App တွေကို Mac OS X ပေါ်မှာ Run နိုင်စေတာက Crossover Mac ဆိုပြီး စသဖြင့်ရှိပါတယ်။

ကျွန်တော် Crossover Mac ကို လွန်ခဲ့တဲ့ အပတ်လောက် ကစပြီး စမ်းပါတယ်။ ၀င်းဒိုး App တွေ ၁ခုပြီး၁ခုပါ။ Winzip, Internet Explorer 6 SP 1, Picasa 2, Google Talk, CounterStrike 1.6, PES 6... so on.

GTalk, PES 6 မအောင်မြင်ပါဘူး။ ပေါက်ကရ Error တွေ တက်နေပါတယ်။ CounterStrike ကတော့ လန်ထွက်နေပါတယ်။ ကျွန်တော် Bootcamp ပေါ်မှာကစားရတဲ့အတိုင်းပါပဲ။ ပိုတောင်မြန်နေသလိုတောင်ခံစားရပါတယ်။

Crossover ရဲ့  Bootcamp , Parallels တွေ အပေါ်မှာ အားသာချက်က ၀င်းဒိုးကို အင်စတောလုပ်စရာ မလိုပါဘူး။ အဲ့အတွက် XP License လည်းဝယ်စရာမလိုပါဘူး။ နေရာကုန် သက်သာပါတယ်။ နောက်ပြီး လိုချင်တဲ့ App ကိုသာ အင်စတောလုပ်ပြီး Run လို့ရတဲ့ အတွက် Flexible ဖြစ်ပါတယ်။

Crossover မှာသုံးတဲ့ Bottle ဆိုတဲ့ Term က စိတ်ဝင်စားဖို့ကောင်းပါတယ်။ Bottle ၁လုံးဟာ Application Environment 1 ခု သဘောပါပဲ။ သူ့ အတွက် Mac OS X ရဲ့ File Structure ထဲမှာ ၀င်းဒိုးလို C:\Programfiles\.... Structure တွေ ဆောက်ပေးပါတယ်။ Sub-FileSystem လေးတွေပေါ့။ Bottle 1 လုံး ချင်း အတွက် Registry တွေ၊ Windows DLL files တွေ၊ Direct X အခြေခံတွေ အကုန် ဆောက်ပေးပါတယ်။ Bottle ၁လုံး လုပ်ခါနီးကြရင် ကျွန်တော်တို့ Winxp, win2000, win98 ဆိုပြီး OS Nature 3 ခု ထဲက ကြိုက်တာရွေးပြီး ဆောက်လို့ရပါတယ်။ အဲ့ဒီ ဆောက်ပြီးတဲ့ Bottle ထဲ ကို သင့်တော်တဲ့ App တွေ ကြိုက်သလောက် သွင်းပြီး Run နိုင်ပါတယ်။ Crossover က အလိုအလျောက် Native Codes တွေကို Translate လုပ်ပေးပါလိမ့်မယ်။

Crossover ကို Perfect လို့ ပြောလို့ မရနိုင်သော်ငြားလည်း၊ Parrallels သွင်းရမှာ၊Bootcamp Partition ပိုင်းရမှာ ပျင်းသူတွေအနေနှင့်တော့ စမ်းသင့်တဲ့ အရာတစ်ခုပါပဲ။ PC to Mac Transition Campaign ကို အားသစ်လောင်းတဲ့ App တွေများများပေါ်လာပါစေလို့ မျှော်လင့်လျက်. .... =D

Links: www.codeweavers.com/products , http://www.youtube.com/watch?v=SbMhk2fdl_k

Rgds,
WaiPK

iTunes Update + Cover Flowsss

iTunes ver 7.1 (59) ပါ။ OSX အတွက်ပါ။ ၀င်းဒိုးစ် အတွက်တော့ ထွက်မထွက် မသိသေးပါဘူး။
Security Fixes အသစ်တွေ နှင့် .. Fullscreen Cover Flow ရပါပြီ။ Album Art ကောင်းကောင်း စုထားတဲ့ လူတွေအနေနှင့် တော့ သိပ်ဝမ်းသာမှာပါ။ Animation တွေ အရမ်းငြိမ်ပြီး အနက်ရောင် မျက်နှာပြင်အပြည့်နှင့်ပါ။ လှ၏။ မြန်၏။ ကောင်း၏။

=)

Album Art ဆိုမှ သတိရတယ်။ မြန်မာသီချင်းတွေရဲ့ Album Art တွေ ကောင်းကောင်းစုထားတဲ့ သူများရှိရင် တဆိတ်၂ဆိတ်လောက်ဝေငှကြပါဗျိုး...

Rgds,
WaiPk.