Site Relocation

Moved to waiphyok.com

Wednesday, January 24, 2007

Reading Rebooted, Blogging Sleep

ပေါက်ကရတွေ ရေးပါဦးမယ်၊ သည်းခံတော်မူကြပါ။

ကျွန်တော်စာမရေးနိုင်ပါ။ မအားဘူးလို့ ပြောရင် လူသောက်ညင်ကတ်ပါ့မယ်။ သို့သော် တကယ် မအားပါ။ ပြီးခဲ့တဲ့ ၃ လလုံးလုံး ဘာမှန်းမသိတဲ့ ကိစ္စတွေ၊ ဘယ်ကလာမှန်းမသိတဲ့ ပြဿနာတွေနှင့် လုံးနေရပါ၏။ ရေးမယ်ရေးမယ်နှင့် စုထားတဲ့ စာတွေ ၊ အိုင်ဒီယာတွေ အကုန်ပျောက်၊ နောက်ဆုံး သိပ်ခက်ခက်ရေးစရာမလိုတဲ့ နည်းပညာဆိုင်ရာ အသစ်အဆန်းသတင်းလေးတွေပဲ ရေးဖြစ်နေတယ်။ သူငယ်ချင်းတွေက ပြောတယ်။ အရင်တုံးက ဝေဖြိုး ဘလော့ခ် ပဲပြန်ရေးပါတဲ့။ မင်း အိုင်တီ စကားလုံးတွေနှင့် လူတွေကို မဖိပါနှင့်တဲ့။ အဟင့် မတတ်နိုင်သေးဘူး အရပ်တို့ရေ။ စာလုပ်နေတဲ့အချိန်ဆိုတော့ စာနှင့် ပတ်သက်တာကို ပဲ လေ့လာတွေ့ ရှိထားတော့လည်းဗျာ။ ဒါပဲရေးမိနေတာပေါ့။ ပြန်ပြီးရေးပါဦးမယ် တခြားကိစ္စတွေ ကိုလည်း။ ။ ။

ခုတလောတော့ စာသာမရေးဖြစ်သာ ၊ စာတော့ အတော်ဖတ်ဖြစ်တယ်ဗျ။ စာမေးပွဲဖြေဖို့ ကျောင်း သုံးပတ် ပိတ်တာ စာအုပ်တွေချည်း ငှားလာပြီး အတော်အလုပ်ဖြစ်သွားတယ်။ ကျွန်တော့် အချိန်ပိုင်း အလုပ်က စက်ကို Maintain လုပ်၊ Customers တွေမရှိတဲ့ အချိန်ဆိုရင် စာအုပ်လေးထိုင်ဖတ်နေလို့ရတယ်။ .. အိမ်ရောက်ရင် ကျောင်းစာဖတ်၊ ကျောင်းရောက်ရင် ပရောဂျက်လုပ်၊ ကောင်မလေးနှင့် လျှောက်သွား၊ အလုပ်ရောက်ရင် အပြင်စာဖတ်၊ အင်း သံသရာက ဒီလိုနှင့် လုံးလည်ချာလည်ပဲ။ ပြီးခဲ့တဲ့ အပတ်က ကျွန်တော် စာအုပ် သုံး၊လေး အုပ်ပြီးသွားပါတယ်။
၁) George Orwell ရဲ့ Burmese Days ၊ နှင့် Animal Farms
၂) Steven Levy ရဲ့ Insanely Great ( all about Apple Computer Inc. )
၃) ဆရာ သောင်းဝေဦးရဲ့  မိန်းမတို့ အကြောင်း
၎) ဆရာတော် ဦးဆန်းလွင်ရဲ့ ရတနာသုံးပါးကိုးကွယ်ဆည်းကပ်လာသူ အကြောင်း = အဲ့ဒီစာအုပ်ကတော့ ပြီးသေးဝူး၊ တန်းလန်းကြီး .. x(

အခုလည်း ကျောင်းတစ်ပတ်ထပ်ရတယ် စာမေးပွဲကြီးဖြေဖို့ ၊ မနေနိုင်မထိုင်နိုင်စာမကျက်ပဲ စာအုပ် သုံးအုပ်ငှားထားပြန်ပြီ။ Steve Jobs အကြောင်းပြည့်ပြည့်စုံစုံပါတဲ့ iCon ရယ်၊ Macintosh ကွန်ပျူတာ ရဲ့ ဘ၀အစကို Andy Hertzfield ရေးထားတဲ့စာအုပ် ( Insanely Great Story of Macintosh ) ရယ်၊ Slater ရေးတဲ့ Microsoft Rebooted ( မိုက်ခရိုဆော့ဖ်ရဲ့ ဘ၀ ၊ ဂိတ်စ် နှင့် စတီးဗ် ဘောလ်မားတို့ရဲ့ ကုမ္ဗဏီကို ပြန်ထူထောင်ပုံတွေ) ...... အင်း ဘယ်တစ်အုပ်ကို ပြီး အောင်ဖတ်နိုင်ပါ့မလဲသိဘူး။ မပြီးခင် စာမေးပွဲ မကျအောင်က ပိုအရေးကြီးတယ်ဗျာ။ .... ကျွန်တော် နောင်များကြမှ တစ်အုပ်ချင်းစီကို Concise ရီဗျူး ရေးပါဦးမယ်။ -) -)

လေးစားစွာဖြင့် ...

Friday, January 12, 2007

iPhoneုကီး တရားစွဲခံလိုက်ရပြီ

ကျွန်တော်တို့က ဒီမှာ လှလို့ ၊ ကောင်းလို့ ကျေနပ်ပြီး ချီးကျူးနေယုံရှိသေးတယ်။ Apple ကတော့ New York District Court မှာ ရုံးတင်ခံလိုက်ရပြီ။ သူများနာမည်ယူသုံးတယ်ဆိုပဲ။ ဘယ်လိုဖြစ်လဲဆိုတော့ Networking Giant ကြီး Cisco ရဲ့ ၂၀၀၀ခုနစ်ကတည်းက Linksys phones တွေအတွက် မူပိုင် ယူထားတဲ့ နာမည်ကို မျက်နှာပြောင်တိုက်ပြီး ယူသုံးလို့ခင်ဗျ။ Steve Jobs က သိသိကြီးနှင့် မိုက်တာပါဗျာ။ အဲ့ဒီနေ့ Macworld Conference မတိုင်ခင်ကတည်းက မဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက အဲ့ဒီကိစ္စကို အကြိတ်အနယ်ဆွေးနွေးလာခဲ့ကြတာကို သူက မိုက်တီးမိုက်ကန်းနှင့် Cisco လိုကောင်မျိုးကြီး ကိုပြဿနာသွားရှာတယ်ဗျာ။ အင်း အခုတော့ Lawsuit တွေဗရပွနှင့် လုံးနေရပြီ။ နာမည်လည်းပြန်ပြောင်းမယ် ဆိုပဲ။ ဘာတွေဖြစ်လာမလဲမသိဘူး၊ စောင့်ကြည့်ကြတာပေါ့ဗျာ။



ကျွတ်ကျွတ်ကျွတ်စ် …..



Regards,



Wai Phyo K..

Wednesday, January 10, 2007

iPhone - Apple TV - New Dent in the Universe


အင်းသူများ၊ နိုင်ငံခြားဆိုက်တွေလည်း ရေးကုန်ပြီ။ ကျွန်တော်လည်း ဘလော့ခ်ကိုခုမှ ပြန်ရေးရတယ်။ ရေးမယ်လုပ်တော့လည်း အခါအခန့်သင့် အိုင်ဖုန်း ၊ အိုင် တီဗီ .. ထွက်တဲ့ အချိန်နှင့် ဆိုတော့ အတော်ပဲ။

Apple က ကြေညာထားတဲ့ အတိုင်း၊ လူသန်းပေါင်းများစွာက စောင့်မျှော်နေတဲ့အတိုင်း မနေ့ က Steve Jobs, CEO Apple Inc. က Macworld 2007 Conference မှာ iPhone နှင့် Apple TV ( formly known as iTV ) ကို စတင် မိတ်ဆက်လိုက်ပါတယ်။

လူတွေ မျှော်လင့်ထားသလို iPhone က အဖြူရောင်မဟုတ်ပါဘူး၊ အနက်ပြောင်ပြောင် တောက်တောက်နှင့်ပါ။ ဒီဇိုင်းက အံ့မခန်းပါ။ ကျွန်တော်လည်း Apple Website ကပေးတဲ့ လင့်ခ်တွေ၊ပုံတွေ ၊ Demos တွေ၊ Videos တွေ ဒေါင်းလုပ်လုပ်ပြီး လေ့လာလိုက်တယ်။ နဂိုကတည်းက Apple Fan ဆိုတော့ ဘာပြောကောင်းမလဲ ပါးစပ်အဟောင်းသားနှင့်ပေါ့ဗျာ။ သိပ်ပြီးကျေနပ်နေတာ။ San Francisco မှာပြတဲ့ Apple Show ကို ပရိသတ် သောင်းချီပြီးလာတယ်။ အဲ့ဒီပွဲကို Apple site က QuickTime နှင့် တင်ပေးထားတာ ၂နာရီသာသာ ကြာတယ်ဗျ။ ဒီနေ့ ကျောင်းမှာ သန့်ဇင် နှင့် တစ်ပွဲလုံးပြီးအောင် ကြည့်ပလိုက်တယ်။ Steve Jobs ရဲ့ စကားပြောကောင်းပုံကို လက်ဖျားခါပါတယ်ဆရာ. .... အောက်က အချက်တွေက ကျွန်တော် လေ့လာတွေ့ရှိချက်လေးတွေပါ။ စိတ်ဝင်စားရင်ဖတ်ကြည့်ပါဗျာ။ .....

၁။ အိုင်ဖုန်း ဟာ သာမန်ဖုန်းတွေနှင့်မတူပါ။ Phone + Internet Communicator + iPod စတာတွေကို ၁ခုတည်း ပေါင်းထားသော ပစ္စည်းဖြစ်ပါတယ်။

၂။ ၎င်းဟာ SmartPhone ဖြစ်ပါတယ်။ Mac OS X ကို အခြေခံထားတဲ့ အတွက် Transitions များ၊ အလုပ်လုပ်ပုံများမှာ အင်မတန်မှ ချောမွေ့ပါတယ်။ GUI ရဲ့ ဖခင်၊ ဆိုတဲ့ နာမည်ကို ပေးထိုက်ပါတယ်ဗျာ။

၃။ ဗီဒီယို၊ QuadBand, 2MP Cam, စတဲ့ ကျွန်တော်တို့ မြင်နေကျ Specs တွေ အပြင် Safari Browser, Motion Sensors တွေလည်း အများကြီးပါပါတယ်။

၎။ အင်မတန်ကောင်းမွန်တဲ့ ၁ချက်က Multi Touch ပါ။ လက်၂ ချောင်းနှင့် Screen ၁ခုလုံးကို ထိန်းလို့ရပါတယ်။ ဒီလောက် ကောင်းတဲ့ UserInterface ကို ဘယ်မှာမှ ကျွန်တော်တို့ တွေ့ရမှာ မဟုတ်ပါဘူး။ Mouse ရဲ့ ဦးဆောင်လမ်းပြသူ Apple ဟာခုလည်း Touch Panel ကို ထုတ်ပြပြီး Computer Industry ကို ဂယောက်ဂယက် လုပ်လိုက်ပြန်ပါပြီ။

၅။ နောက်တစ်ခုက Software ရဲ့ Interface ပါ။ ကျွန်တော်ပြောတာ မယုံရင်သွားကြည့်ပါ။ Jobs ပြောသလို Revolution ပါ။ There's no other easy stuff like this. ဆိုသလိုပါပဲ။ ကျွန်တော်တို့ အရင် ဖုန်းတွေလို ခလုတ်တွေ အများကြီး အဆင့်ဆင့်နှိပ်၊ မဟုတ်တော့ပါဘူး။ ဥပမာ - Voice Mail ဆိုပါစို့။ ကျွန်တော်တို့ တစ်သက်လုံး သုံးလာတာ၊ Dial 1303 လုပ်၊ မိန်းမ တစ်ယောက်က ဘာလုပ်ဘာလုပ်ပြော၊ ပြီးရင် ရှိသမျှ Voice Mail တွေကို တစ်ဆက်တည်းနားထောင်၊ စိတ်မပါလည်းနားထောင်ရမယ်၊ အဲ့လိုမျိုး လုပ်ခဲ့ရတယ်။ iPhone မှာ ဒါမျိုးမရှိတော့ဘူး။ Voice Mail နှိပ်လိုက်တာနှင့် List နှင့် ကျလာတယ်။ ကြိုက်တာသာ နှိပ်ပြီး နားထောင်တော့။ အကြွေးဆပ်စရာ ရှိရင် ဖွင့်မဖတ်လို့ရတယ်။ =p =p

၆။ နောက်တစ်ချက်က ဖုန်းရဲ့ Widescreen ပါ။ အစက ရိုးရိုးScreen ထင်တာ။ ဒီကောင်က User ရဲ့ ကိုင်ထားတဲ့ ပုံစံကို လိုက်ပြီး Orientation ပြောင်းပါတယ်။ ဒါကို Accelerometer လို့ခေါ်ပါတယ်။ Portrait - Landscape တချိန်လုံးပြောင်းနေတာပါ။

၇၊ နောက်ပြီး ပါဝါ Savings ပါ။ phone ကို နားနား ကပ်လိုက်တာနှင့် Proximity Sensor က display ကို ပိတ်၊ touch panel ကို ပိတ်လိုက်ပါတယ်။ အဲ့တော့ ပါဝါလည်း သက်သာ၊မတော်တဆ ထိခိုက်တာလည်း မရှိတော့ပါဘူး။ နောက်တစ်ခုက Ambient Light Sensor ပါ။ ဒီကောင်က နေရောင်ရဲ့ လင်းအား ပေါ်မူတည်ပြီး ဖုန်းရဲ့ screen brightness ကို အလိုလျောက် ထိန်းညှိပါတယ်။

၈။ တခြားကောင်းချက်တွေလည်း အများကြီးရှိပါသေးတယ်။ ဥပမာ၊ SMS ပို့တာ၊ Email ပို့တာ၊ အင်တာနက် ၀ဗ်ဆိုက် ကြည့်တာ အိမ်က ကွန်ပြူတာမှာ သုံးရသလိုပါပဲ။ SMS ပို့မယ်လို့ပြောလိုက်တာနှင့် QWERTY Keyboard ကြီးက Screen ပေါ်မှာ ပေါ်လာပြီး လက်နှင့်ထောက်နှိပ်ယုံပါပဲ။ ကလေး က အစ၊ သုံးတတ်အောင် လုပ်ထားတာပါ။ အဲ့ဒီဖုန်းမြင်ပြီးရင် တခြားဖုန်းတွေကို မြင်တဲ့အမြင်ဟာ အနည်းနှင့်အများဆိုသလို ပြောင်းလဲသွားပါလိမ့်မယ်၊ ဘုရားစူး။

၉။ အဲ့လို ပြောကောင်းကောင်းနှင့် ပြောတာ၊ အတော်လည်းရှည်သွားပြီ။ ဘယ်ပြီးသေးမလဲဗျာ။ အကိုတို့၊ အစ်မတို့ ဆက်လက်ပြီး ရှာဖတ်လို့လည်းရပါတယ်။ ကျွန်တော်က နေ့ခင်းကကြည့်ထားတဲ့ ပွဲအရှိန်မကုန်သေးတော့ ဆက်ပြီး ပြောနေရင် ဖတ်ရတဲ့ လူမျက်စိနောက်တယ်။ အဟီး..

Apple TV အကြောင်းတော့ နောက်နေ့မှ ဆက်ပြီး ပြောတော့မယ်။ ပို့စ်တစ်ခုတည်း အရမ်းရှည်သွားရင်မကောင်းလို့။

Reference: Apple Site , Macworld , MacNN

လေးစားစွာဖြင့်
ဝေဖြိုးကျော်