Site Relocation

Moved to waiphyok.com

Monday, December 31, 2007

New Year Refurb Watch - Singapore Apple Store



နှစ်ကူးမှာ အိုင်ပေါ့အသစ် ကွန်ပျူတာအသစ်ဝယ်ချင်သူများ Refurbished Apple Products တွေကို မမေ့ပါနှင့်။ Apple Deals! Singapore Apple Store က အခု Refurbished item တွေ ထပ်ဖြည့်လိုက်ပြန်ပါပြီ။ ပြီးခဲ့တဲ့ ၂ရက်က မောင်သန့်ဇင်ကတော့ အိုင်ပေါ့ ပထမမျိုးဆက် 2GB ကို SGD 88 နှင့် ၀ယ်လိုက်ပါတယ်။ အဲ့ဒီနေ့ပြီး နောက်တစ်ရက်မှာ တော်တော်များများကုန်သွားခဲ့ပြီး ဘာမှ ထပ်ဝယ်လို့မရတော့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာ Apple Store က ထပ်ပြီး stocks တွေကို replenish လုပ်လိုက်ပါတယ်။ အခု ရောင်းနေတဲ့ Refurbished Products တွေကတော့




Refurbished iPod(s)
- iPod Video 5.5 Generation 30GB @ SGD 288
- iPod Nano Previous (2nd) Generation 4GB Silver/Green @ SGD 158
- iPod Nano 1st Generation 2GB White/Black @ SGD 88
- iPod Nano 1st Generation 1GB White/Black @ SGD 68
- iPod w/Color Display 60GB @ SGD 218
- iPod w/Color Display 30GB @ SGD 179
- iPod w/o-Color Display U2 Edition 20GB @ SGD 118
- iPod Shuffle (current design) 1GB Orange/Pink/Silver @ SGD 79

Refurbished Mac(s)
- Macbook Pro 17inch, 2.4GHZ Intel Core 2 Duo, 2GB RAM, 160GB Hdd, Nvidia 8600M GT with 256MB GDDR3 ... @ SGD 3838 (cheap!)
- Macbook 13inch, 2.16GHz Intel Core 2 Duo (White), 1GB RAM, 120GB Hdd, GMA 950 ... @ SGD 1568 (real cheap!)

ဒါကတော့ ဒီစာရေးတဲ့အချိန်ထိ လိပ်တက်ဈေးနှုန်းတွေပါ။ Stocks ကျန်မကျန်တော့ အာမမခံနိုင်ပါဘူး။ Free shipping ပါ။ နေ့ချင်းရပါတယ်။

Refurbished ပစ္စည်းတွေအကြောင်းကိုမသိသေးတဲ့လူတွေကို နည်းနည်းရှင်းပြရမယ်ဆိုရင် ... အဲ့ဒါတွေဟာ စက်ရုံကိုပြန်ပြီး အပ်ခံရတဲ့ ပစ္စည်းတွေပါ။ ဒါပေမယ့် အတွင်းပစ္စည်းတွေ ပြဿနာဖြစ်လို့သာ ပြန်လာတာများပြီး အကုန်သန့်ရှင်းပြီးသားပါ။ လုံးဝအသစ်ပါပဲ။ ကျွန်တော့်ကြည့်ခိုင်းရင်တောင် မခွဲနိုင်ပါဘူး။ ဒါ့အပြင် Warranty ကလည်း ပစ္စည်းအသစ်တွေနှင့် အတူတူပါပဲ။ ဈေးလည်း သက်သာတယ်ဆိုတော့ ၀ယ်မဲ့စိတ်ကူးရှိရင်၊ မော်ဒယ်နည်းနည်းဟောင်းတာတွေကို လက်ခံနိုင်ရင် Refurbished items တွေကို ၀ယ်သင့်ပါတယ်လို့ အကြံပြုပါရစေ။

Merry New Year peeps, with new gadgets!

Regards,
WaiPK

Sunday, December 30, 2007

Bye 2007 + Products and Services I like



New Year မတိုင်ခင် ပို့စ်တစ်ခုတော့ တင်သင့်တယ် ထင်လို့တင်လိုက်ပါတယ်။ ၂၀၀၇ ခုနှစ်ဟာ နည်းပညာပိုင်းဆိုင်ရာ အသစ်အဆန်းတွေ ထွက်ခဲ့ပြီး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တဲ့နှစ်လို့ ဆိုရပါမယ်။ အခုဆို ဘလော့ခ်ဆိုက်ကြီး တော်တော်များများမှာလည်း ၂၀၀၇ အတွက် သူတို့ အကောင်းဆုံးလို့ ထင်တဲ့ နည်းပညာဆိုင်ရာ ဆော့ဖ်ဝဲ၊ ၀ဗ်၊ ဟာ့ဒ်ဝဲတွေကို ရွေးချယ်ကောက်နှုတ်ထားတာတွေ ရှိပါတယ်။

ကျွန်တော်ကတော့ ၂၀၀၇ခုနှစ်ရဲ့ ကျွန်တော်အကြိုက်ဆုံး အသုံးဖြစ်ဆုံး အအောင်မြင်ဆုံး Products and Services တွေကို အခုလို ရွေးချယ်တင်ပြလိုက်ပါတယ်။

- အွန်လိုင်းအကြောင်းပြောမယ်ဆိုတော့ အကောင်းဆုံး Browser ကစရပါမယ်။ ဒီနေရာမှာ ကျွန်တော်မပြောလဲ Firefox ဆိုတာသိမှာပါ။ ဒါပေမယ့် နှစ်ကုန်ခါနီးမှာ ယိုယွင်းလာတဲ့ သူ့ရဲ့ Build တွေဟာ ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ Safari, Opera တို့က အတော်လေးပြန်ပြီး နေရာယူလာပါတယ်။

- Email & Clients တွေကို ကြည့်မယ်ဆိုရင် Gmail + Thunderbird ကတော့ အကောင်းဆုံးပါ။ Mac အတွက်တော့ Leopard Mail ကို ကျွန်တော် ကရွေးပါမယ်။

- Operating System က Leopard ပါ။

- Office Application Suite ကို MS Office 2007 ကို ရွေးပါမယ်။ ပန်းသီးရဲ့ Pages, Keynote တွေက ကောင်းပေမယ့် Numbers တွေက ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။

- Online office suite မှာ Zoho ကို ရွေးလိုက်ပြီး၊ Word Processing သီးသန့်ဆိုရင် Buzzword ပါပဲ။

- Instant Messaging က Gtalk ဖြစ်ပြီး၊ အအောင်မြင်ဆုံးဖြစ်လာခဲ့တဲ့ messaging service ကတော့ Twitter ပါ။ သူ့နောက်က Tumblr လိုက်ပါတယ်။

- Notes တွေမှတ်တဲ့နေရာမှာ JJot နှင့် Springnote ကို အကြိုက်ဆုံးပါ။

- မျက်စိ အနောက်ဆုံး Social Networking က Facebook ပါ။ စိတ်ဝင်စားဆုံးက LinkedIn ဖြစ်ပြီး။ Yahoo! Kickstart က ပျောက်ဆုံးသွားပါတယ်။ MySpace က ငြိမ်နေပြီး Virtual World တွေရဲ့ effect ကတော်တော်ကြီးလာပါတယ်။ SecondLife ကို ဥပမာကြည့်ပါ။

- Advertising network မှာ Adsense က ဆက်လက်ကောင်းနေဆဲဖြစ်ပြီး Adpinion, Ads-click, Adverlets, Bidvertiser, AdBrite, Nuffnang စတဲ့ personal level network တွေကိုလည်း သဘောကျမိပါတယ်။ စိတ်ဝင်စားတဲ့ နောက်တစ်ခုက Fluc ဖြစ်ပြီး ဘယ်လောက်အောင်မြင်နိုင်မလဲ စောင့်ကြည့်ရပါမယ်။

- သီချင်း ကို အွန်လိုင်းမှာ နားထောင်အဖြစ်ဆုံးနေရာက Skreemr ပါ။ Last.fm, Deezer, Pandora, Napster တို့ကတော့ ဒုတိယလိုက်ပါတယ်။

- ၂၀၀၇ ခုနစ်ဟာ Internet TV, Video တွေ အရမ်းအားကောင်းခဲ့တဲ့နှစ်ပါ။ Server to client streaming, user generated content တွေထဲမှာ YouTube ကိုပဲ ရွေးပါတယ်။ P2P Demand မှာ Joost ကို ရွေးပါတယ်။ Livestation, Babelgum, Zatto, VeohTV တို့ကို ဒုတိယ သတ်မှတ်လိုက်ပါတယ်။ P2P Live မှာတော့ Sopcast ကိုပဲ အကောင်းဆုံးလို့ထင်နေပါသေးတယ်။ အသုံးဝင်လို့ပါ။




- Podcasts တွေကို iTunes Podcast Directory က အကောင်းဆုံးဖြန့်ချီပေးနေတယ်လို့ မြင်ပါတယ်။

- Mash ups ပိုင်းဆိုင်ရာမှာ ဆိုရင် Yahoo Pipes က အောင်မြင်ခဲ့ပြီး၊ MS ရဲ့ Popfly လည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ Google Mashups တွေလည်း သုံးကြပါတယ်။

- Online storage ကိုတော့ Mediafire ကိုပဲ ကြိုက်ပါတယ်။ Pipebytes က အလားအလာကောင်းပြီး၊ ဒီမားကတ်က အတော်ကျယ်ပြန့်နေပါသေးတယ်။

- အကောင်းဆုံး Gadget က iPhone ပါ။

- အကြိုက်ဆုံး လက်ပတော့က MacbookPro နှင့် Sony Vaio series ပါ။

- အညံ့ဆုံး gadget က Palm ရဲ့ Mobile Computer လေးပါ။ အမေဇုန်ရဲ့ Kindle လည်း တယ်ဖျင်းပါတယ်။

- တိုးတက်မှု အကောင်းဆုံး gadget က Zune ပါ။ Flashbased MP3 Market ကို တော်တော် လုယူလိုက်ပါတယ်။

- အကောင်းဆုံး Search engine က Google ပဲ ဖြစ်နေသေးပြီး။ Hakia, Peekyou တို့ကို ရံဖန်ရံခါသုံးပါတယ်။

- Goonernews မှာ Arsenal Blog တွေကို နေ့စဉ်ဖတ်ပြီး။ Originalsignal မှာ နည်းပညာသတင်းတွေဖတ်ပါတယ်။ ကမ္ဘာ့ သတင်းတွေကိုနားထောင်ရာမှာ BBCWorld ကို အကြိုက်ဆုံးအဖြစ်ရွေးလိုက်ပါတယ်။ မြန်မာဘလော့ခ်တွေထဲမှာတော့ မောင်သန့်ဇင်ရဲ့ ဘလော့်ခ်ကအကောင်းဆုံးပါ။ =P

- API တွေထဲမှာ အဟော့ဆုံးဖြစ်သွားတာက Android နှင့် Open Social ပါ။ iPhone SDK ကနောက်လမှာလာပါမယ်။ Developer tools တွေထဲမှာ Eclipse ကို၊ VS 2008 (orcas) နှင့်အတူ ပူးတွဲအကောင်းဆုံးပေးလိုက်ပါတယ်။

- ပရဟိတပရောဂျက်တွေထဲမှာ Wikipedia နှင့် Kiva ကို ရွေးပါတယ်။

- အကြိုက်ဆုံးဂိမ်းက PES 2008 ပါ။

- ၀င်းဒိုးအတွက် အထွေထွေTool တွေ အနေနဲ့ Avast Antivirus, Spyware Terminator, Comodo Firewall, JKDefrag, CCleaner, Screenshot Captor, JustColorPicker, Notepad++, Paint.NET, Adobe Reader (not foxit :P), WinRar (not 7-Zip :P), Launchy, Picasa, Xecutor တို့ကို သုံးဖြစ်ပါတယ်။

- မက်ခ်အတွက်တော့ သူ့ရဲ့ ပါပြီးသား ဆော့်ဖ်ဝဲတွေက တော်တော်လေးလုံလောက်နေပေမယ့် ကျွန်တော် ကြိုက်မိတာကတော့ Twitterfic, iCyclone, VMWare, Toast!, MainMenu, Adium, Transmit, Superduper, iDefrag, Miro တို့ ဖြစ်ပါတယ်။

ဒါအကုန်ပဲထင်ပါတယ်။ ဆန္ဒရှိမယ်ဆိုရင် အောက် Comments မှာ ထပ်ထည့်ပေးပါ။ ထပ်မံရှယ်တော့ အားလုံးဗဟုသုတရပါတယ် ။ =D

( ကျွန်တော် ရွေးတာတွေ သိပ်များသွားတယ်ထင်ပါတယ်။ လင့်ခ်တွေကို နောက်တော့မှ ထပ်ထည့်ပါမယ်။ ခုတော့ အချိန်ရသလောက် အမြန်တင်လိုက်ခြင်းပါ။ )

Regards,
WaiPK


Friday, December 14, 2007

Christmas - Buy your Gifts!


ခရစ်မတ်စ်ကာလမှာ ကျွန်တော် ခေါင်းတကုတ်ကုတ်နှင့် အလုပ်တွေရှုပ်နေရပါတယ်။ ဘလော့ခ်ကို Pause လုပ်ထားလိုက်ရပြီး ခုမှ ကျန်နေသေးတဲ့ ပို့စ်တွေ တင်တာဖြစ်ပါတယ်။ =D



လက်ဆောင်တွေ မ၀ယ်ပေးရတဲ့လူများ သင်တို့၏ ချစ်သောသူများ၊ မိဘဆွေမျိုးများကို ၀ယ်ပေးဖို့မမေ့ပါနှင့်။ အင်္ဂလိပ် အထာမို့လို့ ကြည့်မရဘူးပဲပြောပြော၊ လူတိုင်းကတော့ လက်ဆောင်လေးရရင်ကျေနပ်တာပါပဲ။ လမ်းထိပ်က ကြက်ဆီထမင်းကို သပ်သပ်ရပ်ရပ်ဘူးနှင့် ထုပ်ပြီးတော့ Merry Christmas တော့ မလုပ်နှင့်ပေါ့ဗျာ။ အနည်းဆုံး Raoul က ရှပ်အင်္ကျီ၊ Guess က ပိုက်ဆံအိတ်လေးလောက်တော့ ၀ယ်ပေးလိုက်ပါ။ ကျွန်တော်တို့လို ပိုက်ဆံမရှိသော နည်းပညာသမားများကလည်း စိတ်ဓါတ်မကျပါနှင့်။ ၀င်းဒိုးယူဆာတွေကို ဗိုင်းရပ်စ်နိုင်နည်း၊ သတ်နည်း၊ နပန်းလုံးနည်း၊ တနေ့ကို Format ဘယ်နှစ်ခါအများဆုံးရိုက်သင့်သလဲ၊ ဒီ Theme ကနေ ဟို Theme လေး ခဏခဏ ပြောင်းနည်း စတဲ့ကျမ်းလေးများ ၀ယ်ပေးနိုင်ပါတယ်။

စက်ပစ္စည်းအားဖြင့်လည်း အိုင်ပေါ့တွေ ဈေးကြီးတယ်ထင်တဲ့လူတွေအတွက် မိုက်ခရိုဆော့ဖ်ရဲ့ အင်မတန်မှ လှပခန့်ညားထယ်ဝါ ၀င့်ဝါ ၀င့်ကြွားသော Zune လေးတွေရှိပါတယ်။ ၀ယ်သာဝယ်လိုက်ပါ၊ သူတို့မှာ မရောင်းရသေးလို့ အားငယ်နေတာ၊ အားပေးရာလည်း ရောက်ပါတယ်။ နောက်ပြီး မိုက်ခရိုဆော့ဖ် တစိတ်တပိုင်းပိုင်တဲ့ Facebook ဆိုတာလည်း ရှိပါတယ်။ တနေ့တနေ့ အဲ့ဒီမှာ အချိန်ဖြုန်းပေးပါ။ ခရစ်စ်မတ်မှာ အားအားယားယား Zombie ကိုက်တမ်း၊ HotFriends ရှာတမ်း လုပ်ကြပါ။ ပြီးရင် အဓိက ကျွန်တော်ပြောနေတဲ့အချက်ဖြစ်တဲ့ Gift လေးတွေကိစ္စ၊ အဲ့ဒါတွေကို Facebook ပေါ်မှာတင် ၀ယ်ယူအားပေးပြီး လက်ဆောင်ပေးကြပါ။ အဲဒါမှမဟုတ် အိုင်ပေါ့တပ်ခ်ျတွေ၊ အဲ့လို ပွတ်ရဆွဲရ တပ်ခ်ျရတာတွေ ကြိုက်တဲ့သူတွေအတွက် Tablet PC တွေထွက်နေတာ နှစ်ချီနေပြီဆိုတာလည်း မမေ့ပါနှင့်။ ဘာလို့ အဲဒီသေးသေးမဲမဲလေးတွေဝယ်နေမတုံး။ မိုက်ခရိုဆော့ဖ် table pc ဆိုတာ အပြားကြီးက နည်းနည်းနောနောမဟုတ်၊ မျက်နှာပြင်ကြီးတော့ Stylus, လက်ညှိုး၊ လက်မ၊ နှာခေါင်း၊ ခြေမနှင့်ပါ စိတ်တိုင်းကျ ပွတ်သုံးလို့ရပါတယ်။ သုံးပါလေ့။

စီးပွားရေးသမားတွေ အတွက်လည်း အကြံတစ်ခုပေးချင်တာကတော့ Win Office 2007 အစစ်ကိုဝယ်ယူအားပေးပါလို့ ထပ်လောင်းပြောချင်တာပါပဲ။ ခုဆို မက်ခ်မှာ 2008 တောင် ထွက်နေပြီ၊ ဒါပေမယ့် စိတ်မပူပါနှင့်၊ အဲ့ဒါက ခင်ဗျားတို့ကြိုက်တတ်တဲ့ဟာ မဟုတ်လောက်ပါဘူး၊ အရမ်းအလှအပတွေများနေပြီး Animation တွေပါတော့ ခင်ဗျားတို့လို Hardcore တွေဘယ်ကြိုက်မတုံး၊ ဖြုန်းဒိုင်းဆိုလုပ်၊ Ctrl+Alt+Del ဟန်ပြင်နေတဲ့ ဆရာသမားတို့က အဲ့ဒီ နုနုရွရွလေး ပေါ်နေတဲ့ Office 2008 နှင့် ကိုက်မှာမဟုတ်ပါဘူး။ အဲ့တာတော့ သွားမ၀ယ်လေနှင့်။

နောက်မ၀ယ်သင့်တာ တစ်ခုက အိုင်ဖုန်းပဲဗျ။ စင်္ကာပူက သူငယ်ချင်းတွေက အရူးမီးဝိုင်းသလိုဖြစ်နေတော့ ကျွန်တော်လည်း သတိပေးဖို့တာဝန်တော့ရှိလေသဗျ။ ဘယ့်နှယ်ဗျာ Windows Mobile 6 ဆိုတာ ဘယ်လောက်ကောင်းသလဲ၊ အဲ့ဒါတွေကို Smart Phone လို့ခေါ်သဗျ။ အိုင်ဖုန်းက Smart Phone မဟုတ်ဘူးလေ၊ နောက်ပြီး သုံးတဲ့လူတွေ ဘာမှတတ်စရာမလိုဘူးတဲ့။ အဲ့ဒါဘယ်ကောင်းမလဲ ဟုတ်တယ်မဟုတ်လား။ ကျွန်တော့်ကိုပဲ ကြည့် WM သုံးပြီးကတည်းက ဖုန်းမှာ ဗိုင်းရပ်စ်လည်း သတ်တတ်သွားပြီ၊ စပိုင်ဝဲယ်လည်း ထုတ်တတ်သွားပြီ။ Registry တွေလည်း ပြင်တတ်သွားပြီ။ တစ်ရက်ကို Reboot ဘယ်နှစ်ခါချသင့်လဲ လည်း နားလည်သွားတယ်။ ကိစ္စတစ်ခုခုလုပ်ချင်တိုင်း ဒါတော်တော်ကြိုးစားရတယ်လို့ဆိုရမယ်။ ကောင်းတယ်မဟုတ်လား၊ Smart Phone ဆိုတာ သုံးတဲ့လူ Smart ဖြစ်ရမယ်ဆိုတာဗျ။ တခြားတစ်ဖက်ကိုကြည့်ရင် အိုင်ဖုန်းက ခပ်ပိန်းပိန်းလူတွေအတွက်ထုတ်တာပါဗျာ။ ကြည့်လေ။ အကုန်လုံးက တပ်ခ်ျတပ်ခ်ျနှင့် လွယ်နေတော့ ဘယ်လာပြီး ကိုယ်ကတိုးတက်တော့မလဲ။ Application တွေက လှတော့ သုံးချင်၊ အင်တာနက်ဖို့ ပေးရနှင့် သိပ်မကိုက်ဘူးဟတ်လား။ WM မှာဆိုရင် သူ့ရဲ့ Application တွေက သုံးရခက်တော့ ဘာမှမသုံးဖြစ်တော့ တပြားမှကို မကုန်ဘူး။ အဲ့ဒါတွေ စဉ်းစားကြပါ သူငယ်ချင်းတို့၊ သူများ ပွတ်တိုင်းကိုယ်လည်း မပွတ်ချင်နှင့်၊ Windows Mobile ကိုပဲ အားပေးကြပါ။

ဒါအကုန်ပဲထင်ပါတယ်။ ကျွန်တော်ကတော့ အမေ့အတွက် ပိုက်ဆံအိတ်တစ်လုံးဝယ်ပေးဖို့ အလုပ်ရှုပ်နေတယ်ဗျာ။ ခင်ဗျားတို့လည်း အပေါ်က ရှောင်ရန်၊ ဆောင်ရန် လေးတွေကို မမေ့နှင့်ဦး။ အောက်မှာ ဒီအပတ်အတွက် မက်ခ်နှင့် ပတ်သက်တဲ့ သတင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

- Divx Pro ကို အခု အလကား ပေးနေပါတယ်။ သွားယူကြပါ။
- ပန်းသီးရဲ့ ကာတွန်း ကြော်ငြာအသစ်က အရမ်းလှပါတယ်။ Stop-Motion Esque နည်းပညာပါ။ ထွက်တာကြာပေမဲ့ ဘယ်လောက်လှသလဲ မျက်မြင်ပါပဲ။
- Cupertino မှာ ကွန်ပျူတာသေးသေးလေးတွေ တွေ့နေပါပြီတဲ့။ နောက်လမှာ Notebook အသစ်တွေထွက်ပါတော့မယ်။ ငွေရောင်နှင့် ခဲရောင် မက်တဲလစ် တွေပါ။
- Office 2008 က ခွေတွေစပြီးကူးနေပါပြီတဲ့၊ နောက်လမှာပဲ စရောင်းမှာဖြစ်ပါတယ်။
- Quicktime 7.3.1 ထွက်လာပါတယ်။
- Freeverse ရဲ့ Hordes of Orcs အရမ်းကောင်းတယ်ဆိုပါတယ်။ ကစားကြည့်ကြပါ။
- Flash H.264 ကို support ပေးလိုက်တာ သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ 3G အိုင်ဖုန်းတွေ ထွက်တော့မှာဖြစ်ပြီး၊ ပန်းသီးက နည်းပညာအသစ်တွေ စမ်းသပ်နေပါတယ်။ Battery (ပထ၀ီ) =P သက်တမ်းကြာရှည်ခံစေရန်ဆိုပါတယ်။


ဒီလောက်ပါပဲ ... ဒီနေ့တော့။

Rgds,
WaiPK

Tuesday, December 04, 2007

December Promotions for Mac Software



နိုဝင်ဘာလကုန် ThxGiving နေ့ကနေစပြီး ခရစ်စ်မတ်ကာလ ၁ခုလုံးဟာ ဈေးဝယ်လို့ကောင်းတဲ့ ကာလ၁ခုဖြစ်ပါတယ်။ မက်ခ်နှင့်ပတ်သက်ပြီး ဆော့ဖ်ဝဲတွေလိုချင်သူများအတွက် အကောင်းဆုံးအချိန်လို့လည်း ပြောလို့ရပါတယ်။ ဈေးတွေမတရားချထားပြီး ၀ယ်လို့အရမ်းတန်ကြောင်း ကျွန်တော်က အာမခံပါရစေ။

Check out the following Whopping Promotions, guys! It's enticing.

MacUpdate

Currently my favourite for this week :D - Its lucrative bundle apps are tempting. Don't miss it!



GiveGoodFood2YourMac

Feed your mac with good food. The more you buy, the more discount you will get!



MacSantaDeals

Santa loves Mac. He's generous enough to give away 20% on many products, too!



MacZot

These fantastic daily savings from MacZot will make your life on Mac more tasteful.



MacHeist

Oh, our fantastic promotion house will be coming soon, again. Don't forget to keep an eye on it!
(Some people thumbs up it's the best)



Enjoy the apps you love. Merry Christmas.

Rgds,
WaiPK

Digg!

Monday, December 03, 2007

iPhone/Touch - Why Mod?



စင်္ကာပူမှာ လာမည့်လအနည်းငယ်အတွင်းမှာ ထွက်မယ်လို့ပြောသံကြားတော့ သူငယ်ချင်းတွေက လာမေးကြတယ်။ Third-Party Apps တွေ ဘယ်မှာရမလဲတဲ့။ ကျွန်တော်ကတော့ မ၀ယ်နိုင်သေးလို့ ကိုယ်တိုင်တော့ မစမ်းရသေးဘူး။ ဒါပေမယ့် အွန်လိုင်းမှာ တွေ့တွေ့နေတဲ့ လင့်ခ်တစ်ချို့တော့ အောက်မှာရေးပေးလိုက်တယ်။ သတိထားပါ။ ဒါဟာ ခင်ဗျားတို့ လုပ်ပိုင်ခွင့်ဆိုတာမှန်ပေမယ့် မတော်တဆ ပျက်သွားရင် ပန်းသီးက ပြင်ပေးမှာ မဟုတ်ပါဘူး။ နောက်ပြီး ကျွန်တော်လည်း သိပ်တော့အားမပေးပါဘူး။ ပျော်ဖို့ကောင်းတာမှန်ပေမယ့် ပြောလို့ရတာမဟုတ်ဘူး။ Updates အသစ်တွေက ပိုပိုကောင်းလာနေပါပြီ။ စိတ်တိုင်းမကျသေးဘဲ ကလိချင်သေးတယ် ဆိုရင်တော့လည်း သဘောပေါ့ဗျာ။ ကျွန်တော်ကတော့ ဖေဖော်ဝါရီမှာ တရားဝင်ထုတ်မယ့် SDK ကို စောင့်နေပါတယ်။

ဟောဒီလင့်ခ်မှာ ဟက်ခ်ဖို့ ဖိုင်တွေပေးထားပြီး၊ ဒီလင့်ခ်မှာတော့ အိုင်ဖုန်းဆော့ဖ်ဝဲတွေ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ နောက်ဟောဒီမှာတော့ အိုင်ပေါ့တပ်ခ်ျနှင့် ပတ်သက်တာတွေရှိပြီး၊ ဒီမှာတော့ ၀ဗ်ဆော့ဖ်ဝဲလေးတွေ ၇၀၀ ကျော်ရှိပါတယ်။ ၀င်းဒိုး အသုံးပြုသူတွေအတွက်လည်း ဟောဒီဖိုရမ်မှာ ဘယ်လို ဟက်ခ်ရလဲရှင်းပြထားပါတယ်။


Rgds,
WaiPK

Thursday, November 29, 2007

Steve - Most Powerful in Fortune - Deserve?


မနေ့က ထွက်တဲ့ Fortune ရဲ့ ကမ္ဘာ့ အတော်ဆုံး၊ စွမ်းရည်အမြင့်ဆုံး စီးပွားရေး သမား ၂၅ ယောက်စာရင်းဖြစ်ပါတယ်။ ခင်ဗျားတို့၊ ကျွန်တော်တို့ သိတဲ့လူတွေ တော်တော်များများပါပါတယ်။ =P ဒါပေမယ့် အဲ့ဒီစာရင်းကို ထိပ်ဆုံးကနေ ယူထားတာတော့ ကျွန်တော်တို့ရဲ့ စတီးဂျော့ဗ်ကြီးဖြစ်ပါတယ်။ Brent Schlender ရဲ့ ဆောင်းပါးကို အင်္ဂလိပ်လိုဖတ်ရမှာ ပျင်းတဲ့လူတွေအတွက် ကျွန်တော် အနှစ်ချုပ်ရေးလိုက်ပါတယ်။ ဒါဆိုရင် ဒီလူကြီး စတိဗ်ဟာ ဘာလို့ ထိပ်မှာရပ်နေရသလဲ ဆိုတာ စာဖတ်သူတို့ နည်းနည်းတော့ သဘောပေါက်မိပါလိမ့်မယ် လို့ထင်ပါတယ်။

steve jobs


စတိဗ်ကို စီမံခန့်ခွဲမှု ပညာရှင်ကြီး ဂျင်မ်က 'စီးပွားရေးရဲ့ ဘီသိုဗင်' ကြီးလို့ပြောပါတယ်။ ဘာလို့ မိုးဆက် မဖြစ်လဲမသိ။ စတိဗ်ရဲ့ ခေါင်းဆောင်စွမ်းရည်၊ စိတ်ဓါတ်ပျင်းပြမှု၊ အဲ့ဒီ ပလတ်စတစ်တွေ၊ စီဒီပြားတွေနှင့် ကွန်ပျူတာတွေထုတ်ပြီး လူတွေကို ဘယ်လိုရောင်းရမယ်ဆိုတဲ့ အမြင်တွေကို ဂျင်မ်က ချီးကျူးနေပါတယ်။ နောက်ပြီး Suppliers, Partners တွေ၊ ၀ယ်တဲ့လူတွေကို သူ့ဘက်ပါအောင် ပြောနိုင်ဆွယ်နိုင်တဲ့ စိတ်ပညာကြီးကလည်း အတော်ကြီးပါတယ်တဲ့။

ပန်းသီး ကုမ္ဗဏီဟာ Fortune 500 မှာ အဆင့် ၁၀၀ကျော်ပါတယ်။ Dell တို့ HP တို့တောင် အဆင့် ၁၀ ကနေ ၃၀ ကြားပါပေမယ့် ပန်းသီးကတော့ အတော်နိမ့်ပါတယ်။ ဒါပေမယ့် ဒီလူကြီး စတိဗ်ကတော့ ခုဒီစာရင်းမှာ နံပါတ် ၁ဖြစ်ပါတယ်။ ဘာလို့လဲဆိုတာ ကျွန်တော်တို့ ကြည့်ကြရအောင်။

သူဟာ ကွန်ပျူတာလောကကြီး ၁ခုလုံးကို ၂ကြိမ်တိုင်တိုင် ဂယက်ရိုက်ခဲ့ပါတယ်။ လူတွေက မိန်းဖရိမ်ဆာဗာကြီးတွေ၊ မီနီကွန်ပျူတာကြီးတွေနှင့် ကျေနပ်နေကြတဲ့အချိန်မှာ စတိဗ်က ပန်းသီးကနေပြီး ၁၉၇၇ မှာ PC ဆိုတာကို စခဲ့ပါတယ်။ သန်းချီပြီး အောင်မြင်သွားပြီး industry ၁ခုလုံးကို personal computer တွေနှင့် လှုပ်နိုးခဲ့ပါတယ်။ နောက်တစ်ကြိမ်ဖြစ်တဲ့ ၁၉၈၄ ကတော့ ပိုပြီး ကြီးမားတဲ့ ဂယက်၁ခုပါ။ ကျွန်တော်တို့ ဒီကနေ့ မြင်နေရတဲ့ Graphical User Interface ဆိုတာကို သူက စပြီးအကောင်အထည်ဖော်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ဒီကနေ့ မြင်နေရတဲ့ အိုင်ကွန်လေးတွေ၊ ဖိုလ်ဒါလေးတွေရှိလာတာပေါ့။ Xerox ကနေ သွားခိုးတယ်လို့ ပြောချင်ပြောပါမယ်။ ဒါပေမယ့် အကောင်အထည်ဖော်နိုင်တဲ့ စွမ်းရည်ကလည်း မသေးပါဘူး။ မိုက်ခရိုဆော့ဖ်ဆိုတဲ့ အဖွဲ့ဟာ အဲ့ဒီတုံးက သေးသေးလေးပါ။ သူက နောင်တစ်ချိန် ပန်းသီးစီးပွားပျက်ချိန်မှာ စတိဗ်ဆီက OS ကို ပြန်ဝယ်လိုက်နိုင်ခဲ့ပြီး၊ ခုခင်ဗျားတို့ သိပ်ချစ်တဲ့ Windows တို့ရဲ့ ဘိုးအေကို ထုတ်ခဲ့ပါတယ်။

နောက်နှစ် အနည်းငယ်ကြာတော့ စတိဗ်က စာစီစာရိုက်လုပ်ငန်းကြီးကို ပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်တို့ သိနေတဲ့ ပရင်တာဆိုတာတွေ သူက စပြီးမိတ်ဆက်ပါတယ်။ WYSWIG  ဆိုတာကို စပြီး ကြေညာခဲ့ပြီး Laser Printer ဆိုတာကို ကမ္ဘာနှင့် မိတ်ဆက်ပေးခဲ့ပါတယ်။ ပြီးတော့ Internet စပေါ်ခါစမှာ သူက PC networks တွေကို လည်း ကမကထနှင့် လိုက်လံ ခေါင်းဆောင်ခဲ့ပါသေးတယ်။

နောက်တော့ ကြားထဲမှာ အလုပ်ထွက်သွားပြီး Pixar ကို ထောင်ပါတယ်။ အဲ့ဒါဟာ ကျွန်တော်တို့ ဒီကနေ့ မြင်နေရတဲ့ 3D Animation ကာတွန်းကားတွေရဲ့ အစပါပဲ။ ကာတွန်းရုပ်ရှင်လေးတွေ ကြည့်လို့ကောင်းတိုင်း ကျွန်တော်ကတော့ ဒီလူကြီးပြေးမြင်ပါတယ်။ Disney က စာရွက်ပေါ်မှာ ဟိုခြစ်ဒီခြစ်နှင့် ကာတွန်းရေးစားနေရတဲ့အချိန်မှာ စတိဗ်က Toy Story နှင့် လမ်းပြခဲ့ပါတယ်။


နောက်တော့သူ ပန်းသီးကို ပြန်လာပြီး Newton ကို စထုတ်ပါတယ်။ ကျွန်တော်တို့ ခုသိနေတဲ့ PDA ဆိုတာပေါ့ဗျာ။ အဲ့ဒါ အဲ့ဒီကစတာပဲ။ သူက စလုပ်ပြခဲ့ပြီး နောက်တော့ အဲ့ခေတ်က ဘယ်သူမှ မသုံးတဲ့အတွက် ဈေးကွက်ကို Palm ကို လက်ဆောင်ပေးလိုက်တယ်ဗျာ။

နောက်အကောင်းဆုံးပြကွက်က iPod ပဲဗျ။ ဂျပန်မှာ စွာကျယ်နေတဲ့ ကျွန်တော်တို့ရဲ့ Sony ကြီးကို သူက နောက်ကောက်ချခဲ့တယ်။ ဒီအကြောင်းကို နောက်ကျွန်တော် Sony Case Study ကျမှပဲ ရေးတော့မယ်ဗျာ။ Walkman တွေများ လမ်းဘေးရောက်သွားတာ သနားစရာပါပဲ။ ခုတော့ အိုင်ပေါ့တွေက သန်း ၁၅၀ကျော် ရောင်းခဲ့ရပြီ။ ဒါက personal audio industry ကို ပြတာဗျ။

နောက်တော့ သူက ဟောလီးဝုဒ်ကို သွားတယ်။ music industry တွေနှင့် ညှိတယ်။ ပြီးတော့ ပြောတယ်။ ခင်ဗျားတို့ ခွေတွေကို အဲ့လို ကူးကူးပြီး ရောင်းစားနေမယ့်အစား ကျွန်တော်က ရောင်းပေးပါရစေ။ Digital Age ဗျ။ အင်တာနက်ဆိုတာ ရှိတယ်ဆိုပြီး။ အင်တာနက်ခေတ်ကို ကောင်းကောင်းအသုံးချကာ သီချင်းတွေ၊ ရုပ်ရှင်တွေရောင်းခဲ့လေရဲ့။ ခုဆို iTunesဟာ ကမ္ဘာ့အကြီးဆုံး သီချင်းစတိုးကြီး ဖြစ်နေတာကိုတွေ့ရမှာပါ။

Operating System မှာလည်း OSX ဟာ အငြင်းပွားဖွယ်ရာဖြစ်ပေမယ့် အကောင်းဆုံး OS ဆိုတာကို ပညာရှင်တွေ လေ့လာသူတွေကိုယ်တိုင်က လက်ခံခဲ့ရပါတယ်။ Software မှာလည်း လူတွေ ဘာကြိုက်တတ်လဲဆိုတာကို သူလုပ်ပြခဲ့ပါတယ်။ မိုက်ခရိုဆော့ဖ်ကြီးကတော့ ဘာမှမပြောပါဘူး။ အဓိကက သူတို့ပစ္စည်းတွေ ရောင်းရဖို့ပဲ သူတို့ OS ပိန်းတာက အဓိကမဟုတ်ဘူးလေ။ ဟုတ်ဘူးလား။

နောက်တော့ Retailing ဈေးကွက်ကိုလည်း ကောင်းကောင်းသင်ပြခဲ့တယ်။ ပစ္စည်းတွေကို ဘယ်လိုရောင်းရမလဲ၊ Deliver လုပ်ရမယ်ဆိုတာကို ပညာပေးသွားတယ်။ Dell ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အွန်လိုင်း retail store, computer shop လို့ဆိုကြတယ်။ ဒါပေမယ့် ခင်ဗျားတို့သိလား။ သူတို့ သုံးနေတဲ့ စနစ်က ပန်းသီးရဲ့ WebObjects ပါတဲ့ဗျာ။ အခုတော့ ပြောင်းရင်ပြောင်းသွားလောက်ပြီ။ ကိစ္စမရှိတော့ပါဘူး။ Dell sales ကထိုးကျနေတာ သိသိသာသာကြီးဗျ။ မသုံးလို့များ ကျသွားလေရော့သလား။

နောက်တော့ သူကအဲ့လို ဇုန်အကြီးကြီးတွေမှာ Mastero ဖြစ်ခဲ့ပြီးတော့ ခု ဆယ်လူလာမားကတ်ကိုလည်း ရောက်လာပြန်ပြီဗျ။ မကြိုက်တဲ့လူတွေက ဘာပဲပြောပြော လူတွေက ခုလည်း အိုင်ဖုန်းမှ အိုင်ဖုန်းဖြစ်နေပါပြီဗျာ။ နည်းပညာတော်လှန်မှု ကို လှလှပပလေး ကူးသွားခဲ့တာပဲ။ အဲ့ဒိ အလူမီနိယမ်ပြားလေးတွေဟာ လူတွေကို တော်တော် အကျိုးပေးနေ/ပေးလာတော့မှာက သံသယဖြစ်စရာမရှိပါဘူး။


အကျဉ်းလေး တစ်ချက်ပြန်ကြည့်မယ်ဆိုရင် စတိဗ်ဟာ ကွန်ပျူတာ၊ ဟောလီးဝုဒ်၊ တေးဂီတ၊ retailing၊ မိုဘိုင်းဖုန်း တွေကို ပြောင်းလဲခဲ့တဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ တခြား စွမ်းရည်တွေဖြစ်တဲ့ လူတွေကို ပြောသမျှနားထောင်စေ၊ စည်းရုံးနိုင်တာတွေလည်း ရှိပါသေးတယ်။ ပန်းသီးက နောက်ပြီး ရုပ်ရှင်ရိုက်ကူးရေး၊ အသံသွင်းခြင်း၊ ဓါတ်ပုံတည်းဖြတ်ခြင်း စတာတွေမှာလည်း ဆရာ၁ဆူဖြစ်ခဲ့ပါတယ်။ အခုဆို Steve Jobs ဟာ Walt Disney ရဲ့ အကြီးဆုံး ရှယ်ယာဝင်ဖြစ်နေပါပြီ။ သူ့လိုမျိုး စီးပွားရေးလောကမှာ Influence ကြီးတာ ဘယ်သူမှ မရှိသေးပါဘူးဆိုပြီး Fortune Editor က မှတ်ချက်ချပါတယ်။

အခုချိန်မှာ ပန်းသီးကို အဖက်ဖက်က တိုက်ခိုက်နေတာတွေလည်း ရှိပါတယ်။ သူတို့လည်း ပြန်ဖိုက်နေရတာတွေလည်း အများကြီးပေါ့ဗျာ။ အဓိကကတော့ ပါဝါကြီးလို့တဲ့။ ဒါပေမယ့် စတိဗ်ကပြောပါတယ်။

ကျွန်တော်တို့မှာ ပိုက်ဆံရှိလို့ ပါဝါကြီးနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့က သုံးစွဲတဲ့လူတွေ လိုအပ်တဲ့ ပစ္စည်းတွေ ကောင်းကောင်းထုတ်ပေးလို့ customers တွေက ပျော်ရွှင်ကြိုက်နှစ်သက်ကြတာပါ။ ဒီအရာကမှ ကျွန်တော်တို့ရဲ့ အဓိက ပါဝါဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကြိုက်သလို သူတို့လည်း ကြိုက်နှစ်သက်စေချင်ပါတယ်။


ကဲဒီတော့ ခင်ဗျားတို့ကော ဘယ်လိုမြင်သလဲ။ သူ ပထမနေရာရသွားတာ တရားပါ၏လား။
Sound off in Comments ! =D

Rgds,
WaiPK


Tuesday, November 27, 2007

Individualism | Collectivism | Me


ကျွန်တော် ဟိုတလောက အလုပ်က သူဌေးနှင့် စကားပြောဖြစ်တုံးဆွေးနွေးမိတာလေး ၁ခုပါ။

မြန်မာပြည်က ကျောင်းပိတ်ရက် အလည်သွားပြီး ပြန်လာခါစပေါ့။ အလုပ်က နားထားပေမယ့် လမ်းကြုံတုံး သူတို့မင်္ဂလာဆောင်လည်း မတက်လိုက်ရတာနှင့် (ကိုယ့်ကိုမဖိတ်တာနှင့်) သွားနှုတ်ဆက်တယ် ဆိုပါတော့။ ဘာညာသရကာ နေကြာကွာစိ ကွမ်းတညက်ခန့်အကြာ ပေါက်ကရတွေလျှောက်ပြောပြီးတော့ နောက်ဘာစိတ်ကူးမိတယ် မသိပါဘူးဗျာ၊ ကျွန်တော် ရုပ်ရှင်ဒီဗွီဒီတွေဘက် ရောက်သွားတယ်။ ကုမ္ဗဏီက ဗီဒီယို Retail လုပ်ငန်းဆိုတော့ ခွေတွေကတော့ အပုံလိုက်ပေါ့ဗျာ။

အဲ့ဒီမှာ ကျွန်တော်က သွားပြောမိတယ်။ ကျွန်တော် မြန်မာပြည်ပြန်သွားတာဗျာ ခွေတွေ အများကြီးဝယ်လာတယ်။ ကူးခွေတွေပေါ့ အရမ်းဈေးပေါတယ်ဗျာ။ စင်္ကာပူမှာ ဒါမျိုးမရဘူးပေါ့။ ဘာညာနှင့်။ အဲ့ဒီမှာ ဇာတ်လမ်းက စတာပဲ။

သူဌေးကပြောတယ်။ ဒေါသထွက်တဲ့ မျက်နှာနဲ့ဗျ။ သူ အဲ့ဒါမျိုးတွေဘယ်တော့မှ မ၀ယ်ပါဘူးတဲ့။ ဆက်ပြောပါတယ်၊ ကျွန်မတို့ အမေရိကန်မှာ အဲ့ဒီ အလုပ်ဟာ အင်မတန် ရှက်စရာကောင်းပါတယ် ဆိုပြီး သတ်မှတ်ထားပါတယ်တဲ့။ ဒါနှင့် ကျွန်တော်တို့ ဆက်ဆွေးနွေးဖြစ်ကြပါတယ်။ အခြေအနေကို ခြုံပြောရမယ်ဆိုရင် ဒါဟာ အရှေ့နှင့်အနောက်၊ ယဉ်ကျေးမှုတွေ ခံယူချက်တွေ ကွာဟမှုအပေါ်အများကြီး အခြေခံပါတယ်တဲ့။

အမေရိကန်မှာ လူတွေက တစ်သီးပုဂ္ဂလ၀ါဒ individualism ကို အလေးထားပါတယ်။ သူတို့က ဒီလို အော်ရီဂျင်နယ် ခွေတွေ ၀ယ်ယူလိုက်ရတာကို ဂုဏ်ယူပါတယ်။ အတုဆိုရင် ပစ္စည်းညံ့လို့ ယေဘူယျအားဖြင့် သတ်မှတ်ပါတယ်။ အများစုက ရှုတ်ချတာတွေလည်း လုပ်ကြပါတယ်။ သီချင်းတွေကို အစစ်ဝယ်လိုက်ရမှ အသံကောင်းတယ်ဆိုပြီး ပီတိတဖြာဖြာ ဖြစ်ကြပါတယ်။ ဒါတွေကို iTunes ကနေ သီချင်းတွေ အရမ်းရောင်းရတာ၊ Leopard တို့၊ Vista တို့ ရောင်းရတာ တွေကို ကြည့်ရင် အခြေခံအားဖြင့် နားလည်နိုင်ပါတယ်။ သူများတွေက ဟေး မင်းလည်း ဒေါင်းလုပ်လုပ်လိုက်ပါလား ဆိုတဲ့ စကားမျိုးတွေကို ဂရုမစိုက်ပါဘူးတဲ့။ ရှိရင်လည်း နည်းပါတယ်ဆိုပါတယ်။ အများလုပ်တိုင်း လိုက်မလုပ်ဘဲ ကိုယ့်ခံယူချက်နှင့် ကိုယ့်သိက္ခာနှင့် ကိုယ် ၀ယ်ယူအားပေးကြပါတယ်။ ကိုယ့် လုပ်အားခနှင့် ၀ယ်တာကို ပိုပြီး သဘောကျကြပါတယ်တဲ့။ ကျောင်းသားတွေဆိုရင်လည်းကြည့်ပါ။ အိုင်ဖုန်း ထွက်ခါနီး၊ Leopard ထွက်ခါနီး အချိန်တွေမှာ အသေအကြေ ပိုက်ဆံရှာကြတာကို တွေ့ခဲ့ရပါတယ်။ ဒီလို ကြိုးစားတဲ့ စိတ်ဓါတ်ကတော့ ဂုဏ်ယူစရာကောင်းပါတယ်။ ဒီမနက်ကတောင် ကျွန်တော် OmniFocus ရဲ့ ငါးရက်အတွင်းမှာ ဒေါ်လာ ၁သိန်း ရောင်းရတဲ့ အီးမေးလ်အကြောင်းကြားစာကို ဖတ်လိုက်ရပါတယ်။ အဲ့လိုဆော့ဖ်ဝဲ သေးသေးလေးတောင် အတော်ရောင်းရရင် စဉ်းစားကြည့်တော့ဗျာ။ ထားပါတော့ ဒါက အနောက်ကမ္ဘာပါ။

တစ်ချိန်ထဲမှာပဲ အရှေ့တိုင်းကို ပြန်ကြည့်လိုက်ရင် အာရှသားတွေဟာ အများအားဖြင့် Collectivism ကို ကျင့်သုံးပါတယ်။ ဘာလဲဆိုတော့ .... အမ်း... တစ်ယောက်လုပ်ရင် အကုန်လိုက်လုပ်တတ်တာတွေ၊ Homogeneous လို့ခေါ်တဲ့ တသားတည်းကျမှု၊ စိတ်တ၀မ်းတည်းကျမှုတွေ ပေါ့ဗျာ။ တစ်ယောက်က ဒီ ကူးခွေတွေဝယ်တယ်။ ကောင်းတယ်၊ ဟေ့ကောင် မင်းလည်းကြိုက်ရင် ငါ့ဆီက ကူးလိုက်လေ၊ ဒေါင်းလုပ်လုပ်လိုက်ပါလား ဆိုတာနှင့် နောက်တစ်ယောက်က စက္ကန့်မနှေးပါဘူး။ အများကဒီလိုလုပ်ရင် ကိုယ်လည်း လိုက်လုပ်မှာပေါ့၊ ဘာလို့ဝယ်ရမှာလဲ ဆိုပြီး ဖြစ်ကုန်ကြပါတယ်။ အဲ့ဒီမှာ Piracy ဆိုတဲ့ ပြဿနာ ပေါင်းစုံစပါတော့တယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပြဿနာတွေ ပေါင်းစုံရှိပါတယ်။ သီချင်းခွေအစစ် ၁ခွေဝယ်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ နားထောင်လိုက်ရတာနှင့် ပိုက်ဆံပေးလိုက်ရတာ မတန်ပါဘူး။ Sony, Universal လို ကုမ္ဗဏီကြီးတွေ မရှိတဲ့ ကျွန်တော်တို့ တိုင်းပြည်ကိုတော့ လွတ်ငြိမ်းခွင့်ပေးလိုက်ပါ။ အင်္ဂလိပ် ရုပ်ရှင်၊ သီချင်း၊ ဆော့ဖ်ဝဲ အစစ်မှ ရောင်းကို မရောင်းပဲ။ မ၀ယ်တာ အပြစ်မရှိဘူး =P kwikwi. ထားပါအုံး။ အခုဖြစ်နေတာက စင်္ကာပူလို ဈေးပေါတဲ့ နေရာမှာလည်း လူတွေက အစစ်ကို မ၀ယ်ကြတာပါ။ ဒါကြောင့်လည်း Apple က သူ့ iTunes ကို အာရှမှာ ဖြန့်ချီဖို့ အတော်စဉ်းစားခဲ့ရပါတယ်။ အခုလည်း Japan မှာပဲ ဖွင့်သေးတယ်။ အဆိုးဆုံးက တရုတ်ပဲဗျာ။ ဒီကောင်တွေ ဈေးကွက်က အခြားပစ္စည်းတွေ အတွက် အင်မတန်ကောင်းပေမယ့် Musics, Videos, Softwares တော့ သွားမစမ်းရဲကြလေဘူး။ တစ်ခါထဲ တရုတ်တွေ လက်ချက်မိသွားရင် ကိုယ့်ဆော့ဖ်ဝဲက ၁ဘီလီယံ ကော်ပီလောက် နေ့ချင်းညချင်းပြန့်သွားမယ်၊ တပြားမှတော့ ရမယ်မထင်ဘူး။ =P

ဒီလို ကွာခြားချက်အကြီးကြီး ဟနေတာကို စေ့ပေးဖို့ဆိုတာတော့ အချိန်ယူရအုံးမှာပါ။
မနက်က Today Newspaper ထဲမှာ ဖတ်လိုက်ရသလို Big Mac Way ကိုလည်း စမ်းကြည့်သင့်ပါတယ်။ အဲ့နည်းက ဘယ်လိုလဲဆိုတော့ Macdonald ရဲ့ Burger ရောင်းပုံပါ။ အမေရိကားမှာ ၆ကျပ်ဆိုရင်၊ စင်္ကာပူမှာ ၄ကျပ်၊ မလေးမှာ ၃ကျပ် ဆိုပြီး သက်ဆိုင်ရာတိုင်းပြည်ရဲ့ စီးပွားရေးနှင့်လိုက်ပြီး ဈေးကို ထိန်းထားပါတယ်။ ဆော့ဖ်ဝဲတွေလည်း အဲလိုရောင်းသင့်နေပါပြီ။ အဲ့ သီချင်းခွေတွေ၊ ရုပ်ရှင်တွေ၊ ဂိမ်းခွေတွေရောပေါ့ဗျာ။

ကျွန်တော်ကတော့ personally အစစ်ကိုသာ အားပေးချင်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင် ပိုက်ဆံမတတ်နိုင်တဲ့ အခါမျိုးတွေမှာ မသမာတဲ့နည်းလမ်းတွေ သုံးခဲ့ရပါတယ်။ မကောင်းဘူးလို့ ကျွန်တော်ကိုယ်တိုင် ယူဆထားတဲ့ ဒီအလုပ်ကို လုံးဝ အကောင်အထည်ဖော်၊ ၀ယ်ယူအားပေးဖို့လည်း ကြိုးစားနေပါတယ်။ ကိုယ့်ပိုက်ဆံနှင့် ကိုယ်ဝယ်၊ ကိုယ့်ဟာကိုယ် သုံးရတဲ့ အရသာ ဘယ်ဟာနှင့်မှမတူပါဘူး။ ကျွန်တော် အလကားရလို့ သုံးနေသော vista, mac os လိုင်စင် အစစ်များက တနေ့တနေ့ သက်သေခံနေပါတယ်။ ခင်ဗျားတို့ ကိုယ်တိုင် ဒီအရာကို အားပေးတယ် မပေးဘူးဆိုတာတော့ တစ်ခြားကိစ္စပေါ့ဗျာ။ =D

ဘာပဲပြောပြော သူဌေးကတော့ ကောင်းကောင်းလေး ကျွန်တော့်ကို နှိပ်ကွပ်လိုက်ပါတယ်။ အော် ပြောမိတဲ့ ငါ့အပြစ်။

Rgds,
WaiPK

Saturday, November 24, 2007

Fullmoon day of Tazaung (Dazaung) Mone


Oops,

I forgot to mention that today is "Fullmoon Day of Dazaung Mone". A very special day in Myanmar. It's also called Great day of Samaññaphala. There are country-wide festivals and grand ceremonies every year. =)

For my foreign folks, if you are interested, please follow these link to skim the topic.
- our Website dedicated on Twelve seasons of Myanmar ( :P )
- Explanation on Samaññaphala

Enjoy the great day, folks. May you have good fortune! ..

Thx Giving - Black Fri - IDP Interview !


ဒီအပတ်ကတော့ ထူးခြားတဲ့ရက်ထူးနေ့ထူးတွေနဲ့ ပြီးသွားပါပြီ။ အာဆီယံ ဆွေးနွေးပွဲကြောင့် ကျွန်တော့် အလုပ်ပတ်ပတ်လည်မှာလည်း ရဲတွေ၊ လုံခြုံရေးတွေနှင့် ရှုပ်ယှက်ခတ်နေခဲ့ပါတယ်။
အမေရိကန်မှာ နိုဝင်ဘာ ၂၂၊ Thanksgiving ကြောင့်အကုန် အလုပ်ရှုပ်နေတဲ့အတွက် ဘလော့ခ်တောင်မရေးနိုင်ကြပါဘူး။
အဲ့ဒီနေ့ ပြီးတဲ့နောက်တနေ့ကို Black Friday လို့ခေါ်ပါတယ်။ အဲ့နေ့ဟာ ရှော့ပင်းထွက်လို့ အကောင်းဆုံးလို့ဆိုကြပါတယ်။ ဈေးတွေလည်း မတရားလျှော့ပေးထားပါတယ်။ စင်္ကာပူ တူဒေး သတင်းစာမှာတောင် မနေ့က အချပ်ပိုတွေ အထပ်လိုက်နှင့် ဈေးလျှော့ကြော်ငြာတွေပါပါတယ်။ နောက် ကျွန်တော် Apple Products တွေ ဈေးတော်တော်ချထားတာတွေကိုတော့ တွေ့လိုက်ပါသေးတယ်။

အခုတလောတော့ စာရေးဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်ဒီနေ့လည်း တနေကုန် ကျောင်းကိစ္စ အင်တာဘူးတွေ လျှောက်သွားနေပါတယ်။ အလုပ်များတဲ့ဘ၀ကို ရတုံးလေးယူနေပါတယ်။ =p အဖေ့ဆီက ပိုက်ဆံဘယ်လို ချေးရမလဲဆိုတာ စဉ်းစားနေတာ ခေါင်းလည်း အသေနောက်နေတော့တာပါပဲ။

ှမက်ခ်ဘွတ်ခ်သေးသေးလေးတွေ ထွက်တော့မယ်လို့ အနံ့ရထားပါတယ်။ လောလောဆယ်တော့ ကျွန်တော် OSX 10.5 Leopard ကို Upgrade နေပါပြီ။ =) နောက်ဘာဆက်ဖြစ်မလဲ ထပ်ရေးပါ့မယ်။

Rgds,
WaiPk

p/s Starhub မှာ ဒီနေ့ မန်ယူပွဲ မပြတဲ့အတွက်လည်း ၀မ်းသာပါ၏။

Thursday, November 22, 2007

Pay Pal Reopen - Mixed Feelings - England Blunder


ကျွန်တော်ကတော့ Mixed Feelings Day လို့ပဲဆိုပါရစေ။

- လူက နေမကောင်းဖြစ်နေတဲ့အတွက် အလုပ်မှာ နည်းနည်း efficiency ကျသွားပါ၏။
- မနေ့က Course & Career Fair ပြန်လာပြီးတော့ အလုပ်ပိုရှုပ်သွားတယ်၊ အနောက်နိုင်ငံတွေမှာ ကျောင်းတက်ဖို့နှင့် ဘာနှင့်ညာနှင့် လေ့လာရတာကလည်း အမောပါပဲ။
- ခေါင်းစားစရာ ကိစ္စ ၂ဆ၊ ၃ဆ ထိုးတက်သွားပါသည်။
- အလုပ်ကိစ္စ မပြီးသေးသည်များ အခုဒီစာရေးတဲ့ အချိန်ထိ ဆက်လုပ်နေပါ၏။
- အင်္ဂလန် ကြီး ပြုတ်သွားတဲ့ အတွက် သနားသော်လည်း တကယ့် Rubbish Performance ဖြစ်နေတော့လည်း ဘာမှ မပြောလိုပါ။
- Wikipedia ကို ပိုက်ဆံလှူလိုက်ရလို့ ပျော်ပါသည်။
- PayPal account ကို ပြန်ပြီးဖွင့်ပေးလိုက်လို့ ကျေးဇူးတင်နေပါသည်။
- နောက်ဆို အဲ့ဒီ ခွေးသူခိုးတွေ အားအားယားယား မဘန်းပါနှင့်လို့လဲ ဆဲချင်ပါသည်။
- တနေ့တနေ့ အဲ့ဒီ Kindle အကြောင်းပဲ တွေ့နေရတာ သိပ်မဟုတ်တော့ပါ။
- ၃ရက်အတွင်း Leopard သွင်းဖို့ ကြိုးစားပါမည်။

Rgds,
WaiPK

Monday, November 19, 2007

Boring Boring Week


ဘလော့ခ်လည်း မရေးနိုင်ပါဘူးဗျာ။

အလုပ်များတာက တစ်ချက်ရယ်။ ဘာ ထူးထူးခြားခြား နည်းပညာ သတင်းရယ်မှ မရှိဘဲ။ ပြီးခဲ့တဲ့ အပတ်က ဂူဂယ်က သူ့ Android ကြီးကို ကြော်ငြာသွားပြီး ပြီးသွားတယ်။ အမေရိကန်မှာ စတော့ခ်မားကတ်လည်း ဂယက်ရိုက်နေတာမို့ ပန်းသီး၊ အင်တဲလ်၊ ဂူဂယ် ဈေးတွေအကုန်ထိုးကျပြီး ခပ်လေးလေးကြီးဖြစ်သွားတဲ့ သီတင်း၁ပတ်ပဲလို့ ဆိုရမယ်။

ပိုဆိုးတာက International Week ဆိုတော့ ဘောလုံးပွဲတွေလည်း နားထားတယ်ဗျာ။ တနေ့တနေ့ အင်္ဂလန်အသင်း ဘယ်ပုံဘယ်နည်း မာလကမလဲ ဆိုတာကိုဘဲ နည်းအမျိုးမျိုးနှင့် ဆွေးနွေးနေကြတယ်။ အစ္စရေးက ရုရှားကို သမလိုက်လို့ ပျော်သွားတဲ့ မက္ကလာရင် မျက်နှာကြီးလည်း သတင်းစာထဲမှာ ထောင့်စုံအောင်ပါလာတယ်ဗျ။

ဒီမနက်မှာတော့ အမေဇုန်ရဲ့ Kindle က တစ်ချက်တော့ ထလှုပ်လှုပ်ရှားရှားဖြစ်လိုက်သေးတယ်။ ကျွန်တော်ကတော့ အီးဘွတ်ခ်ဖတ်ရတာ မျက်စိညောင်းလို့ အဲ့ဒီစက်ကို သိပ်စိတ်မ၀င်စားသေးဘူး။ နောက်ကောင်းတယ်ဆိုမှ ကြည့်ပြီး ရီဗျူးလုပ်တာပေါ့ဗျာ။

စင်္ကာပူမှာတော့ အိုင်ဖုန်း နောက်လ ရောက်မယ်ကြားတယ်။ Starhub ရဲ့ Contract နှင့်ဆိုပဲ။ ၀ယ်ချင်တဲ့လူများတော့ ပိုက်ဆံစုထားပေရော့။

ဆောင်းပါးသုံးလေးခု ရေးစရာတွေတော့ နောက်နေ့မှပဲရေးတော့မယ်။ ခုတော့ စာအုပ်သွားဖတ်လိုက်ဦးမယ်ဗျိုး။

Rgds,
WaiPK

Saturday, November 17, 2007

Safari 3.0.4 - New Bugs & Features


Safari Beta 3.0.4 rolled out for Windows. I found out some new good fixes as well as bad stuff!

Good points
- Spelling, it's cool. Check spelling whenever you are typing.
- Grammar, it's not bad. I typed "I doesn't eat". It's showing errors! Plus, whole document checking is great, too.
- GMail have Gtalk Panel in the sidebar now.
- Blogger's create post seems to have Labels support now.
- Standard CRT setting in Appearance might please some folks.
- Oh yea, new Shortcuts. On par with FF now.
- Default Bookmark Bar has YouTube, GoogleMap, Wikipedia ( thx TZO for pointing me this)


Bad things
- Why I can't move my cursor in "Blogger Create Post's Title Input Box"?
- Can't type Burmese/Zawgyi in "Create Post TextArea" anymore.
- Resizing support is great but it's flaky and shaky.
- Download Window's "Minimize,Close" looks funny.
- What else, ... hmm ...

That is all for now. Any new points, I'll update the list.

Disable/Enable Trackpads with Batch File


ကျွန်တော့် Mouse Driver ရသွားတော့ Vista မှာ ပြန်သုံးလို့ရသွားတယ်။ ဒါပေမယ့် အရင်ကတည်းက မကျေမနပ်ဖြစ်နေတာ ၁ခုရှိသေးတယ်ဗျ။ Trackpad ပဲ။ အဲ့ဒီကောင်ကို ကျွန်တော် Disable/Enable လုပ်ရတာ ခဏခဏ အလုပ်ရှုပ်တယ်ဗျာ။ အဆင့်တွေအများကြီးသွားပြီး ကျွန်တော် သွားသွားနှိပ်ရတာ၊ Disable မလုပ်ရင်လည်း ကျွန်တော် စာရိုက်တိုင်း သွားသွားငြှိနေတာနှင့် ဒုက္ခရောက်တယ်။ OS X မှာတော့ Mouse Preferences မှာတင် ရွေးထားလို့ရတယ်။ ထားပါတော့ .. ဒါနှင့် Command-line က လုပ်ဖို့ ကျွန်တော်စလုပ်တယ်။ Devcon ( Device Manager ကို Command Line က သုံးတာ) ရှိနေတာပဲ ဆိုတာကို တွေ့သွားပြီး ကျွန်တော် Batch file လေး ၂ခု ခပ်သုတ်သုတ် ရေးလိုက်တယ်။ သုံးချင်တဲ့လူတွေ အတွက် အောက်မှာ ပေးလိုက်ပါတယ်။

1) Download devcon.exe from me. Or if you are paranoid, you can also get from my big uncle site (eh, Microsoft, i mean).

2) Put that exe into C:\ directory. You can also put it any where you wish but you have to change the batch files yourself, then =).

3) Download these Enable batch file and Disable batch file onto your Desktop or any where you like.

4) Run those two files alternatively to enjoy using your mouse without tangling your trackpad anymore!


Rgds,
WaiPK

p/s Any problems, feel free to shoot any comments! =)

Friday, November 16, 2007

Solution : Bootcamp & Vista Mouse Problems


ကျွန်တော် တနေ့က TravelPac Mouse ၁လုံး ၀ယ်လိုက်တယ်။ အလုပ်က လက်ပတော့မှာလည်းရတယ်။ သူငယ်ချင်းတွေလက်ပတော့မှာလည်း အိုကေတယ်။ ကျွန်တော့် Macbook ရဲ့ Vista မှာ မရဘူးဖြစ်နေတယ်။ ကျွန်တော့် Mac OS X မှာတောင် ရနေတယ်ဆိုတော့ ဒီကိစ္စက တော်တော် စိတ်ရှုပ်စရာဖြစ်သွားတယ်။ ဒါနှင့် Driver ရဖို့ ကြိုးစားတာ ၃၊ ၄ ရက်ကြာသွားတယ်။ နောက်ဆုံးတော့ ဖိုရမ် ၁ခုကနေ တွေ့ပြီး အဆင်ပြေသွားပါတယ်။ ကျွန်တော် အလုပ်မှာ စမ်းတာဆိုတော့ အဲ့ဒီ ၀ဗ်ဆိုက်နာမည်တော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် ကျွန်တော် လုပ်နည်းလေး ရေးပေးလိုက်ပါတယ်။ ပြဿနာက အဲ့ဒီ ကြွက်ကို Driver သွင်းတဲ့အခါမှာ msmouse.inf ကို Macbook Vista ကောင်းကောင်းသွားမဖတ်တော့ Mouse Information ကို ကောင်းကောင်းမသိဘဲ Driver သွင်းမရဖြစ်နေတာပါ။ အောက်က အချက်တွေကို လုပ်ဆောင်ပါ။

1) Get this file, msmouse.inf . The file is already inside your computer, C:\windows\inf. If you bother to dig there, just grab mine.

2) Put the downloaded file onto Desktop.

3) Plug-in your mouse. Wait for a while. When they ask to get drivers, choose specific search mode. Point the folder to your desktop.

4) You will see your driver is successfully installed. That's it! Enjoy using your lovely mouse. ^_^

Rgds,
WaiPk

Thursday, November 15, 2007

Busy days come again.


စာပြန်ရေးနိုင်အောင် ကြိုးစားနေပါသည်။
ပြက္ခဒိန်အလိုအရ ၇ရက်သာရှိသော သီတင်းတစ်ပတ်လုံးတွင် ကျွန်တော် တစ်ရက်ကို ၈နာရီနှုန်း အလုပ်လုပ်နေပါသည်။
အလုပ်ချိန်ပြင်ပတွင် လည်း အိမ်မှုကိစ္စဖြင့် ဗာဟီရများနေပါသည်။
တခြားပြိုင်ပွဲများ၊ ပညာရေးနှင့် ပတ်သက်သော ဟောပြောပွဲများကိုတက်ရောက်ခြင်းစသည်တို့ကိုလုပ်ဆောင်ရန် အိပ်ချိန်ကို တစ်ရက်၆နာရီ အိပ်ရာမှ ဘယ်လောက်ထပ်လျှော့ရမည်နည်းဆိုသည်ကို ပျစ်ပျစ်နှပ်နှပ် အကြံပြုပေးစေလိုပါသည်။

ကျွန်တော့်၏ အဖြစ်ကို အောက်က ကြွက်ပုံကိုကြည့်ပြီး ပုံဖော်ကြည့်ပါ။


Featuring GeneralComics.com . All credits reserved.

မှတ်ချက်။ အလုပ်များနေခြင်းကို ယခုအချိန်တွင်တော့ ကောင်းသောကာလ တစ်ခုဟု မြင်နေသေးပါကြောင်း။

Rgds,
WaiPK

Friday, November 09, 2007

Languages & Skillsets for Future - Your Choice?


စီးပွားရေး မဂ္ဂဇင်းတစ်ခုရဲ့ ဆောင်းပါးမှာဖြစ်ပါတယ်။ မေးတဲ့လူက အခုလို မေးပါတယ်။

မေးသူ -

ကျွန်တော် အခု စီးပွားရေးလုပ်ဖို့ ဘာသာစကားနှင့် ပတ်သက်ပြီး သင်ယူရာမှာ ဆုံးဖြတ်ရခက်နေတယ်။ လောလောဆယ်တော့ ပေါ်တူဂီစကားကို လျာထားတယ်ဗျ။ နောက်တခြားဘယ်ဟာတွေ ကောင်းသေးလဲ ဖြေကြားပေးစေချင်ပါတယ်။ နောက်ပြီး နောင်တစ်ချိန်မှာ ဘယ်အရာတွေ တိုးတက်လာပြီး ဘယ်နည်းပညာတွေ ခေတ်စားလာမလဲဆိုတာလည်း အရိပ်အမြွက်ရှင်းပြပေးစေချင်ပါတယ်။


ဖြေကြားသူ -

အခုလို မေးမြန်းတဲ့အတွက် ၀မ်းသာပါတယ်။ ကနဦးအနေနှင့် ပေါ်တူဂီဘာသာသင်ယူမယ်ဆိုတာကို ကြိုဆိုပါတယ်။ ဒါဟာ တောင်အမေရိကနှင့် အာဖရိက နိုင်ငံတစ်ချို့မှာ အတော်အသုံးဝင်ပါတယ်။ အဲ့ဒီဈေးကွက်တွေမှာ စီးပွားရေးလုပ်မယ်စိတ်ကူးရှိရင်တော့ ပေါ်တူဂီစကားဟာ အတိုင်းထက်အလွန်ပါပဲဗျ။ နောက်ပြီး စပိန်ဘာသာစကားကိုလည်း မမေ့စေချင်ပါဘူး။ လက်တင်အမေရိက၊ မြောက်အမေရိက စတဲ့ဒေသတွေမှာ စပိန်ဟာလည်း လူပြောအများဆုံးထဲက ၁ခုပါ။ ဥရောပမှာလည်း ပြင်သစ်၊ဂျာမန်စတာတွေနှင့် အပြိုင်အသုံးဝင်ပါတယ်။

အခုလိုပြောနေလို့ ကျွန်တော်တို့ရဲ့ တရုတ်ကြီးကိုလည်း မေ့ထားလို့မရပါဘူး။ ဗျူဟာကျကျ ဆုံးဖြတ်မယ်၊ သင့်ပိုက်ပိုက်များများဝင်ချင်တယ်ဆိုရင် တရုတ်ကိုရွေးပါ။ လူဦးရေ သန်းထောင်ကျော်ရှိတဲ့အတွက် ၁ကျပ်တန်ပစ္စည်းလေးတွေ ရောင်းရင်တောင် ပေါက်သွားရင် ဘီလျံနာဖြစ်နိုင်တယ်နော်။ အဲ့တော့ အရှေ့တိုင်းမှာဆို တရုတ်စကားသာ ကောင်းကောင်းသင်ပါလေ့။

နောက်ဘယ်နည်းပညာတွေ၊ စကေးတွေသင်ရမလဲဆိုတာကတော့ အရမ်းကြီး ယေဘူယျကျလွန်းတယ်ဗျ။ စကေးအားဖြင့်ဆိုရင် ဒီဘက်ခေတ်ကြီးထဲမှာ သင်နိုင်သလောက် သင်ထားတာအကောင်းဆုံးပဲ။ အားလုံးက အကျိုးရှိတာတွေကြီးပဲ။ ဒါပေမယ့် ဈေးကွက်အရပြောရမယ်ဆိုရင် Nanotechnology (ချစ်ပ်စ်အမှုန်အမွှားတွေထုတ်တာတွေ၊ အိုင်ဖုန်းလိုမျိုးပစ္စည်းတွေရဲ့ အခြေခံအစိတ်အပိုင်းတွေ), Biotechnology (သက်ရှိဇီဝလေးတွေသုံးပြီး လူနေမှုဘ၀ကို မြှင့်တင်ပေးတာတွေ), Information Technology (သတင်းအချက်အလက်နှင့် အဆင့်မြင့် ဆက်သွယ်ရေးအစိတ်အပိုင်းတွေ) ... ဗျူဟာကျတဲ့ သုံးနေရာ၊ အဲ့ဒါတွေကို သေချာစောင့်ကြည့်ပါ။ တနေ့ထက်တနေ့ အပြိုင်တက်လာနေသလို လူသားတွေအတွက် အကျိုးရှိမဲ့ နည်းပညာတော်လှန်မဲ့ အရင်းအမြစ်တွေပါ။ ပေါက်သွားရင်လည်း အပြီးဗျာ။ ကဲ၊ ဒီလောက်ဆိုရင် ကျွန်တော် ဖြေကြားတာ ခင်ဗျားမေးခွန်းတွေအတွက် လုံလောက်မှုရှိမယ်ထင်ပါတယ်။ =)


အဟင့် ကျွန်တော်သင်နေတဲ့ ပြင်သစ်စကားကိုကျတော့ ထည့်မပြောသွားဝူး။ ကွိကွိ။

Rgds,
WaiPK

WiMax : Bright Future?


ဆောင်းပါးတစ်ခုဖတ်ပြီး ဟိုတလောက ရန်ကုန်ပြန်တုံးကတွေ့လိုက်တဲ့ WiMax ကြော်ငြာကို သတိရလို့ပါ။ အဲ့ဒီတုံးက ကျွန်တော် ပြန်ပြောပြတော့ သန့်ဇင်ဦးက ယုံတောင်မယုံဘူး။ ဟုတ်ပါ့မလားတဲ့။ ထွက်တာသိပ်မကြာသေးတော့ အခြေခိုင်ပါ့မလားဆိုပြီး။ ဒါနှင့် ကျွန်တော်သူ့ကို သေချာရှင်းပြလိုက်ပါတယ်။ ဒီလိုဒီလိုပဲလို့။ ဘာပဲပြောပြော ကျွန်တော်ကတော့ ဒါဟာ ကောင်းတဲ့ နည်းပညာတစ်ခုဆိုတာကိုတော့ လက်ခံပါတယ်။ သဘောကျလို့ အောက်မှာ သိသလောက်လည်း မျှဝေလိုက်ပါသည်။

ကျွန်တော်တို့ WiMax (Worldwide Interoperability Microwave Access) အကြောင်းပြောရင် Intel ကို ကျေးဇူးတင်ရမှာပါ။ ဒီကနေ့ Wi-Fi လို့ခေါ်တဲ့ ကွန်ယက်ချစ်ပ်စ်တွေကို အင်းတဲလ်က သူ့ရဲ့ ကွန်ပျူတာ ပရိုဆက်ဆာတွေထဲမှာ ထည့်ပြီး အကောင်အထည်စဖော်ကာ ၀ိုင်ယာလက်စ် လောကကို စပြီးတည်ထောင်ခဲ့ပါတယ်။ ဒါက ကနဦး ပဲရှိပါသေးတယ်။ ၂၀၀၂ ခုနစ် မှာ အင်းတဲလ် ကုမ္မဏီ ကသူ့ရဲ့ နည်းပညာတွေကို တိုးချဲ့ရန်အတွက် အစည်းအဝေးခေါ်ပြီး ဆွေးနွေးခဲ့တယ်။ Fibre Optic တွေ အရမ်းခေတ်စားနေတဲ့ အချိန်ဆိုတော့ အဲ့ဒီအချိန်က CEO ဖြစ်တဲ့ Andrew Grove က သူ့ရဲ့ လက်ထောက် Maloney ကို အဲ့ဒီ ဖိုင်ဘာတွေ လေ့လာခိုင်းလိုက်တယ်။ အမေရိကန်မှာ ဖိုင်ဘာကေဘယ်တွေ သွယ်ဖို့ဆိုရင် တစ်အိမ်ထောင် ဒေါ်လာ၁ထောင်ကျော်ကုန်မယ် ဆိုတာလည်း တွေ့ရော Maloney ၁ယောက်လန့်ဖျတ်ပြီး Broadband လိုင်းပြောင်းသွားလေရဲ့။ ချက်ခြင်းပဲ Broadband Man ဆိုတဲ့ အင်္ကျီကြီးကောက်ဝတ်ပြီး ၀ိုင်ယာလက်စ်ကွန်ယက် နှင့်ပတ်သက်တာတွေ စလုပ်ပါတော့တယ်။ အဲ့ဒီမှာ သူ ၀ိုင်မက်စ်ကို စတွေ့တာပဲ။

အမေရိကန်မှာ ဆယ်လူလာနက်ဝက်ခ်တွေ၊ အရမ်းခေတ်စားတာမှ Frequency တွေ ရှုပ်ယှက်ကိုခတ်နေတာပဲ။ Die Hard series တွေကြည့်ရင် သိနိုင်ပါတယ် =) မယ်လိုနီတစ်ယောက် ဒါကို သတိထားမိပြီး အဲ့ဒီ လှိုင်းတွေအသုံးချကာ တစ်တိုင်းပြည်လုံးသုံးနိုင်တဲ့ အင်တာနက်ကို စတင်အကောင်အထည်ဖော်ပါတော့တယ်။ သာမန် ၀ိုင်ဖိုင်တွေဟာ ကြိုးမဲ့စနစ်တွေဖြစ်ပေမဲ့ ကိုက်အနည်းငယ်သာရပါတယ်။ လူများလာရင် နှေးလည်းနှေးသွားပါသေးတယ်။ ၀ိုင်မက်စ်ကတော့ အဲ့လိုမဟုတ်ပါဘူး။ မိုင်၃၀ကို အသာလေး လွှမ်းခြုံထားပေးနိုင်ပါတယ်။ တစ်မြို့လုံးဒီစနစ်တစ်ခုထဲ သုံးတဲ့အတွက် အသုံးပြုသူတွေလည်း ခုကွန်ယက်တစ်ခု၊ တော်ကြာတစ်ခု လျှောက်ပြောင်းနေစရာ မလိုတော့ပါဘူး။ အရှိန်အဟုန်ဖြင့် မောင်းနေတဲ့ကားတွေပေါ်ကတောင် သက်တောင့်သက်သာသုံးနိုင်ပါတယ်။ မြန်နှုန်းအားဖြင့်လည်း အဆ ၅၀ပိုမြန်တဲ့အတွက် ၀ိုင်မက်စ်ဟာ ပိုကောင်းတဲ့ နည်းပညာတစ်ခုဆိုတာကို မယ်လိုနီက ယုံကြည်လိုက်ပါတယ်။ တစ်နိုင်ငံလုံး ဖြန့်ဖို့အတွက် ဆယ်လူလာတိုင်တွေကို လည်း အသုံးချမယ်လို့ ဆိုပါတယ်။

တစ်ချိန်ထဲမှာပဲ သူက ၀ိုင်မက်စ်အောင်မြင်ရန် အလို့ငှာ တခြားကုမ္ဗဏီကြီးတွေနှင့် သဘောတူညီမှုတွေရယူရပါတယ်။ ၀ိုင်မက်စ်ကို ဝေဖန်တဲ့လူတွေ အတော်ဝေဖန်ပေမယ့် မယ်လိုနီကံကောင်းသွားစေတဲ့အချက်တွေရှိခဲ့ပါတယ်။ ၀ိုင်မက်စ်ဘာလို့ သတ်သတ်မှတ်မှတ် ဖြစ်သွားရလဲဆိုတော့ ပထမ အင်တဲလ်ရဲ့ ချစ်ပ်စ်တွေကို မိသားစုသုံး ကွန်ပျူတာတွေပေါ်မှာ ဖြန့်ချင်တဲ့ ဗျူဟာကြောင့်ပါ။ ဒုတိယအနေနှင့် Samsung က နက်ဝက်၊ ကွန်ယက်ပစ္စည်းဈေးကွက်ကို ၀င်ချင်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ တတိယအချက်ကတော့ Nokia ကလည်း သူ့ရဲ့ နောက်ဆုံးပေါ်ဖုန်းတွေကို ဘယ်လိုထုတ်ရမလဲ၊ သုံးစွဲသူတွေကို ဘယ်လိုဆွဲဆောင်ရမလဲ ချိန်နေတဲ့ အချိန်လဲဖြစ်တယ်။ စတုတ္ထနှင့် နောက်ဆုံးအချက်ကတော့ Sprint ပါ။ သူက တယ်လီဖုန်းအော်ပရေတာတွေထဲမှာ အားအနည်းဆုံးဖြစ်နေတော့ AT&T တို့၊ T-Mobile တို့နှင့် အပြိုင်ဖိုက်ဖို့ ပိုပြီးကောင်းတဲ့ အင်တာနက်တစ်မျိုးကို လိုချင်နေတဲ့အချိန်ပါ။

ဒီလိုနှင့် WiMax ကို IEEE က အတည်ပြုတဲ့ အဆင့်ထိရောက်လာခဲ့တယ် ဆိုပါတော့ဗျာ။ ဒါတောင်လွယ်လွယ်နှင့် မဟုတ်ခဲ့ပါဘူး။ မယ်လိုနီခမျာ တောင်ကိုရီးယား ဆိုးလ်ကို သွား၊ ဆမ်ဆောင်းက ဥက္ကဌ ကြီးကို ၀ိုင်တိုက်၊ ထမင်းကျွေးလုပ်ခဲ့ရသေးတယ်။ Helsinki ပြေး နိုကီယာ ဌာနချုပ်မှာလည်း အကျိတ်အနယ် ဖြားယောင်းခဲ့ရတာလည်းရှိခဲ့တယ်။ အဆိုးဆုံးက Qualcomm နှင့် ဖိုက်တာပဲ။ Qualcomm က ဒီကနေ့ ကျွန်တော်တို့ သုံးနေတဲ့ ဖုန်းတော်တော်များများရဲ့ ချစ်ပ်စ်တွေထုတ်တဲ့ကောင်ပေါ့ဗျာ။ 2G, 3G, 3.5G ဘာညာတွေပေါ့။ တကယ်လို့ အဲ့ဒီ ၀ိုင်မက်စ်ကြီးသာ အောင်မြင်သွားရင် လူတွေက VOIP ( Skype လိုမျိုး ) ဖုန်းတွေသာ သုံးတော့မှာကို သိလို့ Qualcomm က IEEE က အဆုံးအဖြတ်ပုဂ္ဂိုလ်တွေကို ပိုက်ဆံပေး ပယ်ချခိုင်းပါတယ်။ ကြာကြာတော့မခံပါဘူး။ နောက်ဆုံးတော့လည်း အဲ့ဒီလုတွေ မရှိတော့မှ ၀ိုင်မက်စ်လည်း အတည်ပြုခွင့်ရသွားပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ၀ိုင်မက်စ်က သိပ်အရေးပါပါတယ်။ ဥပမာ ကျွန်တော်တို့ နိုင်ငံမှာဆိုရင် မြို့ရဲ့ ဖွဲ့စည်းပုံ အနေအထားအရ ဖိုင်ဘာတွေ၊ မြန်နှုန်းမြင့် ကြိုးလိုင်းတွေအသစ်ချဖို့ဆိုတာ တော်တော်ခေါင်းစားစရာပါ။ ဈေးလည်းပိုကြီးပါတယ်။ အဲ့တော့ ၀ိုင်မက်စ်ထောင်၊ တစ်မြို့လုံးသုံး ဒါက ပိုကိုက်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ အမေရိကန်မှာတော့ ဒီအပြောင်းအလဲက တော်တော်ခက်မှာပါ။ အစိုးရအဆောက်အအုံတွေ၊ စီးပွားရေးဌာနေတွေ အားလုံးက ကြိုးတွေနဲ့သာ ချိတ်ဆက်သုံးနေကြတုံးပါ။ ဟဲဟဲ ကျွန်တော်တို့ သာသွားပြီ။...

ဘယ်လိုပဲဖြစ်ဖြစ် Intel ရဲ့ နည်းပညာ တွန်းလှန်မှုကို လိုက်မိတဲ့ Sprint က တော့ပြန်လမ်းသိပ်မရှိပါဘူး။ ၁နှစ်ကို ၁၈ရာခိုင်နှုန်းလောက် ထိုးကျသွားတဲ့ စတော့ခ်တွေကို ပြန်ပြီး အဖတ်ဆယ်ရပါမယ်။ ၀ိုင်မက်စ်ကို ကောင်းကောင်းအောင်မြင်အောင်လုပ်ပြီး Customer များများ ဆွယ်နိုင်ရင် ဆွယ်နိုင်၊ မဟုတ်ရင်တော့ သေပြီပဲ။ သူနှင့် ပေါင်းလုပ်တဲ့ Nextel လည်း တော်တော်ခံစားသွားရပါလိမ့်မယ်။ အင်တဲလ်မှာလည်း ကောင်းတယ်လို့တော့ မထင်ပါနဲ့။ စီအီးအို အသစ် Otellini က ကြိမ်းထားပါတယ်။ မယ်လိုနီ ၅နှစ်တိတိ ဘီလီယမ်ပေါင်းများစွာ အကုန်အကျခံ လုပ်ထားတဲ့ ဒီနည်းပညာကို အားလုံးကစောင့်ကြည့်နေကြပါတယ်။ ၂၀၀ဂမှာ ကျွန်တော်တို့ လက်တွေ့ ကြည့်ကြတာပေါ့၊ Standard တွေကတော့ ထွက်သွားပါပြီ။ ဖြန့်ဖြူးပးမယ့် နိုကီယာ၊ ဆမ်ဆောင်း၊ စပရင့်တို့ လက်ထဲမှာ အနာဂတ်ရှိနေပါမယ်။ ဗမာပြည်မှာလည်း သိပ်အသုံးဝင်မယ့် နည်းပညာဖြစ်တာမို့ ကျွန်တော်ကတော့ မယ်လိုနီ ကြီးတစ်ယောက် အောင်မြင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ဗျိုး။


(မဟားဒယား)ရေးသားလျှက်
WaiPK

Ref: Wiki , BusinessWeek, Intel

Thursday, November 08, 2007

Macbook - Pixel Shader = No PES 2008?


ကျွန်တော် ဟိုတနေ့က ပြောထားတဲ့အတိုင်း ဒီအကြောင်းကို ရေးတာပါ။ ဂရပ်ဖစ်အင်ဂျင်ကို လေ့လာဖူးတဲ့လူတွေကတော့ Pixel Shader တွေ အကြောင်းကို နားလည်မှာပါ။ ဒီကောင်တွေက ဂိမ်းတွေမှာ နောက်ခံတောင်တန်းတွေ၊ လှုပ်ခတ်နေတဲ့ရေတွေ၊ အရိပ်တွေစတဲ့ Texture တွေကို ပရိုဂရမ်းမင်းသုံးတွက်ချက်ပြီး ဖော်ဆောင်ပေးတဲ့အရာတွေဖြစ်ပါတယ်။ ဟာ့ဒ်ဝဲအင်ဂျင်ကို ထောက်ကူပြီး ပုံရိပ်ဖော်ပေးတယ်လို့ အလွယ်ဆိုကြပါစို့။ ဒီကနေ့ ခေတ်ပေါ် ဂရပ်ဖစ်ကဒ်တွေမှာ Pixel Shader တွေ ဘယ်ဗားရှင်း၊ ညာဗားရှင်းကို Support ပေးနိုင်တယ်ဆိုပြီး ရေးထားလေ့ ရှိပါတယ်။ တချို့ မက်ခ်ရဲ့ အခြေခံဖြစ်တဲ့ OpenGL တို့ နေရာတွေမှာတော့ Fragment Shader လို့ လည်းခေါ်ကြပါတယ်။ အခုဆို ဗားရှင်း 4.0 တောင်ထွက်နေပြီ ကြားပါတယ်။

ထားပါတော့၊ Pixel Shader ကဒီလောက်ပါပဲ။ အခု ပြောချင်တာက PES 2008 ပါ။ ကျွန်တော့် Macbook ရဲ့ GMA 950 လေးကို သူက အဆင့်မမှီဘူးပြောပါတယ်။ Pixel Shader 1.0 တောင် မပါဘူး ပြောနေလို့ပါ။ ဒါနှင့် ဂိမ်းကစားတော့ Warning တက်ပါတယ်။ သို့သော် ကစားလို့ရပါတယ်။ Ignore သာနှိပ်လိုက်ပါ။ ဒီနေရာမှာ မကျေမနပ်ဖြစ်မိတာက Pixel Shader 2.0 ထိကောင်းကောင်း လက်ခံနိုင်တဲ့၊ ( DirectX 9.0c သုံးရင် 3.0 ထိတောင်ရပါတယ်) GMA 950 ကို ဂိမ်းက အဆင့်မမှီဘူးပြောခြင်းကိုပါ။ အစဉ်တစိုက် အားပေးလာခဲ့တဲ့ Konami ရဲ့ လုပ်ရပ်က ဒီတခါ တော်တော် ဆိုးသွားပါတယ်။

အဲ့တော့ လောလောဆယ်တော့ နည်းနည်းသည်းခံပြီး Ignore နှိပ်နှိပ်ပြီး ကစားကြပေါ့ဗျာ။ စိတ်ရှုပ်တဲ့လူတွေလည်း 3DAnalyze ဆိုတဲ့ ဆော့ဖ်ဝဲသုံးပြီး Pixel Shader ကို Emulate လုပ်ပြီး ကစားနိုင်ပါတယ်။ အဲ့ဒီ ဆော့ဖ်ဝဲဟာ သင့် ကွန်ပျူတာမှာ အဆင့်မြင့် ဂရပ်ဖစ်ကဒ် ရှိသယောင် ဟန်ဆောင်ပြီး စက်နှင့် အဆင့်မမှီလို့ တားမြစ်ထားတဲ့ ဂိမ်းတွေကို ကစားနိုင်ပါတယ်။ ဥပမာ NFS Carbon လိုဟာမျိုးပေါ့။ ဒါပေမယ့် PES နှင့်တော့ အဆင်မပြေဖြစ်နေပါသေးတယ်။ Konami ရယ် ရက်စက်ပါပေ့။ ..

သုံးကြည့်ပါ။ ပျော်ဖို့ကောင်းပါတယ်။ သင့်ဂရပ်ဖစ်ကဒ် မီးမလောင်ကြောင်း ၁ ရာခိုင်နှုန်းအာမခံပါသည်။

Rgds,
WaiPK

Monday, November 05, 2007

Jet Star's 3rd Birthday Promotion


ရန်ကုန်ပြန်ချင်သော အကိုတို့၊ အမတို့အတွက် အောက်တွင် သတင်းကောင်းဖတ်ပါ။ =)



Folks, it's time to travel again. Jet Star's 3rd Anniversary comes in style. Of course, fantastic promotions are there. Yangon trip is starting from $33 for my Burmese friends. And for our Indonesia buddies, there is $3 promotion to Surabaya and other large cities, as well.

Make sure you have Master Card and do your booking before 11th November. Plus, you must travel between 3rd Jan 2007 and 30th Jun 2008.

Happy Trip back to your Home :)

ဝယ်ယူရန် ဟောဒီ Link သို့ သွားပါ။

Urs,
-WaiPK

Saturday, November 03, 2007

Verdict : PES 2008 vs Fifa 2008



ကျွန်တော် PES နှင့် Fifa Series ကို ၅တန်း ၆တန်းလောက်ကတည်းက စကစားပါတယ်။ ယှဉ်ယှဉ်ပြီးတော့ပေါ့နော်။ ဒါပေမယ့် လူတိုင်းသိတဲ့အတိုင်း PES/Winning Eleven series က ပိုကောင်းတဲ့ဂိမ်း ၁ခု ဖြစ်တာမို့ ကျွန်တော် ပုံမှန်အတိုင်းဆိုရင် Fifa ကို ၃ ၄ရက် လောက်ကစားပြီး ဆက်မကစားတော့ပါဘူး။ ဒီ၁ခေါက်မှာတော့ PES 2008 ကလည်းထွက်တာနောက်ကျနေတာနှင့် Fifa 2008 ကို ကျွန်တော် အတော်လေး ကစားကြည့်လိုက်ရပါတယ်။

ပထမ နှိုင်းယှဉ်ချင်တဲ့ အချက် က Platform တွေဖြစ်ပါတယ်။ ကျွန်တော့်မှာတော့ စမ်းစရာ PC ၁လုံးပဲရှိပါတယ်။ ဒါပေမယ့် ဂိမ်း၂ခုလုံးက PC,PS2,PS3,XBox,PSP အကုန်လုံးမှာ ကစားနိုင်ပါတယ်တဲ့။ ဒီနေရာမှာ Fifa က PES ထက် အားသာတဲ့အချက်၁ခုက Wii မှာတောင် ကစားလို့ရပါတယ်တဲ့။ .... ကျွန်တော်လည်း Wii ၁လုံးလောက်ရှိရင်ကောင်းမှာပဲလို့။ =P



ဂိမ်း Licensing အပိုင်းကို လူတွေက Konami မကောင်းဘူးလို့ပြောကြပါတယ်။ အသင်းနာမည်တွေ မှားနေတာကအစပေါ့ဗျာ။ ဒါကလည်း ပရီးမီးယားလိဂ်ရဲ့ ပိုက်ဆံမတရားခွတောင်းတဲ့ ရောဂါကြောင့်ပါ။ ဒါပေမယ့် အဲ့ဒါက ပြဿနာ မဟုတ်ပါဘူး၊ ၁ပတ် ၂ပတ်စောင့်လိုက်ရင် PES အတွက် Option Files တွေ Patches တွေ ထွက်လာပြီး ပြန်လည် အိုကေ သွားမှာပါ။ ဒီအပိုင်းကတော့ နှစ်ဖွဲ့လုံးတူတူပါပဲ။ Fifa မှာ update လုပ်ရတာ ပိုတောင်ခက်ပါသေးတယ်။

ဂရပ်ဖစ်ပိုင်းအနေနှင့် ပြောရမယ်ဆိုရင် Fifa က အများကြီးပိုကောင်းပါတယ်။ ကျွန်တော့် Macbook Vista မှာ PES က ပရိသတ်တွေ မဖော်ပေးနိုင်တဲ့အတွက် အတော်လေး ကသိကအောက်ဖြစ်ရပါတယ်။ လူမျက်နှာအပိုင်းနှင့် ကြည့်ရင်တော့ ကျွန်တော် က PES ကို ပိုကြိုက်ပါတယ်။ မျက်နှာပဲပြောတာနော်။ တခြားဂရပ်ဖစ်ပိုင်းတွေမှာ Fifa က သာပါတယ်။ နောက်ပြီး ဒီနှစ်ဆိုးတာ၁ခုက PES ရဲ့ Interface ကို ပြန်လည် ပြင်ဆင်ထားမှုပါပဲ။ အမည်းရောင် ဖောင်းကြွတွေ၊ တောက်ပတွေ၊ ဖန်သားပြင်လို Menu တွေက ၀င်းဒိုး ဗစ်စ်တာ သုံးရသလိုပါပဲ။ ကျွန်တော် မကြိုက်တာကတော့ ပြောဖို့မလိုဘူးပေါ့ဗျာ။

Commentary ပိုင်းနှင့် ပြောမယ်ဆိုရင်တော့ Andy Gray, Martin Tyler တို့လို Sky ကလူတွေ ပြောတဲ့ Fifa က ပိုပြီး ရီရ၊ နားထောင်လို့ ကောင်းတာ အမှန်ပါပဲ။ ဒီနေရာမှာ နည်းနည်းဖျင်းတဲ့ PES ရဲ့ commentary က ရှုံးသွားပါတယ်။

ကင်မရာအယူအဆမှာ Fifa က အများကြီး ရင်းနှီးထားတာကိုလည်းတွေ့ရပါမယ်။ လူကို Bird Eye View တို့ First Person View တို့ကြည့်တဲ့နေရာတွေမှာ အတော်လေးကောင်းအောင်လုပ်ထားပေးပါတယ်။ Replay သိမ်းတာလည်း ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ PES ရဲ့ Wide Camera Mode ကိုသာ ကစားနေကျဖြစ်လို့ ကစားရတာ မသက်မသာပါပဲ။ ကင်မရာကတော့ ကျွန်တော်နှင့် ခွင်တဲ့တာက PES ပါပဲ။ နည်းပညာပိုင်း ကြိုက်တာတော့ Fifa ပါပဲ။

ဂိမ်းအင်ဂျင်ပိုင်းမှာတော့ PES က ကြီးကြီးမားမားပြောင်းလဲထားပါတယ်။ TeamVision လို့ခေါ်တဲ့ AI အသစ်ကို သုံးထားပြီး၊ ဒီ AI ဟာ ကစားသူရဲ့ အလေ့အထ၊ ပွဲ၁ပွဲလုံးမှာ ရှိနေတဲ့ ပလေယာတွေရဲ့ လှုပ်ရှားမှု၊ နေရာယူမှု စတာတွေကို သေသေချာချာသုံးသပ်ပြီး ကစားသူစိတ်ကြိုက် ဖြစ်အောင်လုပ်ပေးပါတယ်။ နောက်ပြီး Strategy အပိုင်းတွေမှာလည်း အရင်လိုပဲ လူရွေးတာတွေ၊ နေရာချတာတွေ၊ လူချိန်းတာတွေကို သေချာ စိတ်ကြိုက်ရွေးလို့ရပါတယ်။ ပိုပြီး ပရိုကျတယ်လို့ ခံစားရတယ်ပေါ့ဗျာ။ ဒီနေရာမှာ Fifa ကလည်း နောက်ကျမကျန်အောင်လိုက်ပါတယ်။ သူ့မှာလည်း Be A Pro လို့ခေါ်တဲ့ သင်ကြိုက်တဲ့ လူကိုရွေး၊ Tournament ၁ခုလုံး၊ ပွဲ၁ပွဲလုံး ဒီတစ်ယောက်ကိုပဲ ထိန်းပြီး ကစားလို့ရတဲ့ mode အသစ်တွေ ထည့်ပေးလိုက်ပါတယ်။ နောက်ပြီး Zone ၁ခုထဲပဲ ကွက်ထိန်းလို့လည်းရပါသေးတယ်။ ဆိုပါဆို့ တစ်ပွဲလုံးနောက်တန်းလေးယောက်ပဲ ကိုယ်က ထိန်းရတာမျိုးပါ။ FIFA ကလည်း intelligent soccer ဆိုတာကို ထည့်ထားပါတယ်တဲ့။ ၁စက္ကန့်ကို ဆုံးဖြတ်ချက်ပေါင်း ၁၀၀၀ လုပ်ပေးနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ ဒါပေမယ့် Fifa ရဲ့ လူရွေးပုံ၊ နေရာချပုံတွေဟာ သိပ်ပြီး စိတ်ကြိုက်လုပ်လို့မရသေးပါဘူး။ ကစားနေရင်း တခြား Strategy တစ်ခုကောက်ပြောင်းပေးနိုင်ဖို့ဆိုတာ Fifa မှာ အတော်ခက်ပါတယ်။

ဂိမ်းကို တကယ်ကစားကြည့်တဲ့အခါမှာတော့ PES ဟာ အရင် ဗားရှင်းတွေထက် အဆ ၂၀လောက်ပိုမြန်လာတာတွေ့ရပါတယ်။ အရင်တုံးကဆို ဘောလုံး၁ခါပေးရင် နှေးနေတာနှင့် သိပ်မရောက်ချင်ပါဘူး။ အခုပြန်မြန်ထားပါတယ်။ လူပေးမှုတွေ၊ လူကပ်ထားမှုတွေ၊ မြှောက်တင်ဘောတွေ ပိုပြီး တိကျ ပြတ်သားလာတာကိုလည်း တွေ့ရပါတယ်။ ဘောလုံးကို ခြေထောက်ထဲမှာ ကြာကြာကိုင်ကစားနိုင်ဖို့ အခွင့်အရေးပိုများလာပါတယ်။ ကန်ချက်တွေပိုပြင်းလာပြီး၊ အရင်တုံးက တွေ့ရခဲတဲ့ အဝေးကန်ချက်တွေ တွေ့လာရပါတယ်။ ရှေ့တန်းတွေ ပိုကောင်းလာတဲ့ သဘောပါ။ ဒါပေမယ့် ဒီအချက်ဟာ အရမ်းစိုးရိမ်စရာကောင်းပါတယ်။ PES ဟာ သူ့ရဲ့ ဂိမ်းကို တစ်ဖက်သတ်မဖြစ်အောင် ထိန်းပေးနိုင်တဲ့အတွက် နာမည်ကြီးတာပါ။ ခုလို ဂိုးသွင်းရလွယ်လာတယ်ဆိုတာက နည်းနည်းတော့ မကောင်းပါဘူး။ တခြား overall ကတော့ ဂိမ်းကစားရတဲ့ အရသာကတော့ အင်မတန် Realistic ဆန်တယ်လို့ မြင်ပါတယ်။

တခြားတစ်ဖက်မှာတော့ Fifa လည်း အတော်လေးကောင်းလာတာကို တွေ့ရပါတယ်။ နောက်တန်းတွေ ပိုမာကျောလာပြီး ဂိုးသမားတွေကို အလွယ်တကူ သွင်းလို့မလွယ်တော့ပါဘူး။ ကျွန်တော် Professional Mode ရွေးပြီးဆော့တာတောင် အတော်ကန်ရခက်ပါတယ်။ အဝေးဘောမှန်သမျှကိုလည်း မိ နေလို့ နည်းနည်းတောင် စိတ်ညစ်သွားတယ်။ လူပေးတဲ့နေရာမှာ လည်း Manual Through Ball, Manual Passing တွေ အသစ်ထည့်လိုက်တဲ့အတွက် နည်းနည်းအားစိုက်ပြီး ပေးရပါတယ်။ ချိန်ဆပြီး ဘောလုံးပို့ပေးရပါတယ်။ လူတွေရဲ့ လှုပ်ရှားပုံတွေလည်း ပိုပြီး သပ်ရပ်လာပြီး Right Analog Stick ဟာ အရေးပါတဲ့ ခလုတ် ၁ခုလည်း ဖြစ်လာပါတယ်။ အဲ့ဒီ Right Stick ကို ကောင်းကောင်းသုံးနိုင်ရင် လှပတဲ့ အလိမ်အခေါက်တွေကို ပိုပြီး လုပ်နိုင်လာပါတယ်။ ဥပမာ ရော်နယ်ဒင်ဟိုစတိုင်ပေါ့ဗျာ၊ ဘာမှ လုပ်စရာမလိုဘူး။ အဲ့ဒီ Stick လေးကို ၁ခြားခလုတ်၁ခုခုနှင့် တွဲပြီးသုံးရုံပဲ။ ဒါပေမယ့် ဂိမ်းပလေး မှာတော့ ကျွန်တော်က Fifa ကို နည်းနည်း ထုံနေသေးတယ်လို့ပဲထင်တယ်ဗျ။ လူတွေက အလိုက်သတိ ပြေးမထွက်ပေးသွားတာမျိုး၊ Positioning ပေါ့ဗျာ။ ဥပမာ ကော်နာထောင်လိုက်တယ်၊ အဲ့ဒီမှာ ကျွန်တော့် နောက်တန်းက လူတစ်ချို့လည်း ရောက်လာရမှာပေါ့၊ ဒါမျိုးကို Fifa က မလုပ်ပေးနိုင်ဘူး။ PES မှာ အရပ်ရှည်တဲ့လူကို သူ့ဖာသာ တွက်ချက်ပြီး အရှေ့ကိုတက်လာတယ်။ ဒီနေရာမှာ ဂိမ်းပလေးကောင်းတယ် မကောင်းဘူးဆိုတာ ပိုထင်ရှားလာတယ်။ တကယ့်လက်တွေ့ဘ၀မှာ ကောင်တာ ကစားနေတဲ့ အသင်းက ကျွန်တော့်နောက်တန်းသမားတွေ ချက်ခြင်းပြန်မရောက်နိုင်ရင် ကောင်းကောင်းပညာပေးသွားမှာပဲ။ ဒါပေမယ့် Fifa ကတော့ အဲ့ဒီအားနည်းချက်ကိုလည်း ကောင်းကောင်းအသုံးချတာ မတွေ့ရဘူး။ Fifa မှာ နောက်တန်းသမားတွေက ကောင်တာ ကောင်းကောင်းမကစားပေးဘူး။ ဂိမ်းကို ကောင်းကောင်း Read မလုပ်ဘူးလို့ခေါ်ပါတယ်။ ဒါဟာ Gameplay ပါပဲ။ Fifa နှင့် PES ရဲ့ ကွာတဲ့ Gameplay ပါပဲ။

Fifa က ပိုကစားရခက်လာတယ်ဆိုတာမှန်ပါတယ်။ လူလည်းလိမ်ခေါက်လို့မလွယ်တာတွေဖြစ်လာတယ်။ ဒါကို ကြိုက်တဲ့လူကလည်း ပိုကြိုက်မှာပါ။ ခက်ခက်ကစားချင်တယ်ဆိုရင် တော့ Fifa ကို ရွေးပေါ့။ ဒါပေမယ့် Gameplay ကို အဓိက ဆော့ချင်တဲ့လူတွေလည်း စိတ်မပျက်ပါနှင့် PES ရဲ့ third party patches တွေ ထွက်လာတာနှင့် ကစားရပြန်ခက်လာမှာပါ။ အဲ့တော့ PES ကို ကစားပေါ့ဗျာ။ ကျွန်တော်က တော့ လောလောဆယ် Fifa ကို ဖျက်ပလိုက်ပြီး PES ပဲ ကစားနေပါတယ်။ ဖျက်ပစ်တယ်ဆိုတာ ရက်စက်တာတော့မဟုတ်ပါဘူးဗျာ၊ ဟာ့ဒစ်၁လုံးမ၀ယ်ရသေးတော့ သိမ်းစရာနေရာမရှိတာနှင့် ခံနေရတာပေါ့ဗျာ။

အဲ့တော့ နောက်ဆုံးကောက်ချက်ချရမယ်ဆိုရင် ကျွန်တော်က PES ကို ပိုကြိုက်ပါတယ်။ သူ့မှာ အသုံးမကျတဲ့ အချက်တွေ အများကြီးပါလာတာမှန်ပေမယ့် ဂိမ်းပလေးက အတော်ကောင်းနေပါတယ်။ ကစားရတာကိုက တကယ့်ဘောလုံးပွဲလိုပဲ။ ဒါဟာ လူတစ်ဦးချင်းစီရဲ့ ခံစားမှုပေါ်မှာလည်း မူတည်နိုင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ Loyalty ပေါ့ဗျာ။ ဒါပေမယ့် ကမ္ဘာ့အတိုင်းအတာမှာ Fifa ရဲ့ လူကြိုက်များမှု မြင့်တက်လာတယ်ဆိုရင်လည်း မအံ့သြပါနှင့်။ သူတို့တကယ်ကောင်းအောင်ကြိုးစားထားပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်လာပြီး ကွာဟချက်ကျဉ်းမြောင်းလာပါပြီ။ အဲ့ဒီမတိုင်ခင်တော့ ကျွန်တော့်အတွက်ကတော့ PES ပါပဲ။

Rgds,
WaiPk

p/s : Macbook သမားတွေနှင့် PES 2008 မှာ ဘယ်လိုတွေ့ကြုံရသလဲ ဆိုတာကို နောက်တစ်ပို့စ်မှာရေးပါမယ်။

Saturday, October 27, 2007

Leopard Review - Finally, I have played on it !


မနေ့ကတော့ အမေရိကားနှင့် ကမ္ဘာတစ်ဝှမ်းမှာ နည်းနည်းရှုပ်ယှက်ခတ်သွားတယ်။ စင်္ကာပူမှာတော့ ဆူဆူညံညံသိပ်မကြားမိပါဘူး။ Apple ရဲ့ Customer Royalty ဘယ်လောက်ကြီးတယ်ဆိုတာ ဟောဒီ မက်ခ်ဝေါလ်လင့်ခ်မှာ သွားကြည့်ရင်သိနိုင်ပါတယ်။ လူတွေဝယ်နေလိုက်တာ hot cakes တွေကျနေတာပဲ။

အဲ့ဒါနှင့် ကျွန်တော်လည်း ၀ယ်ချင်နေတာ မနေနိုင်တာနှင့် ဒီနေ့ Funan ရောက်သွားတယ်။ အဲ့ဒီမှာလည်း တရစပ်ရောင်းနေရတာဗျာ။ စက်တွေအကုန်လုံးလည်း Leopard Installed တွေကြီးပဲ။ ဘာရမလဲ သွားစမ်းကြည့်တာပေါ့။

မြန်ချက်ကတော့ သူ့ဝဗ်ဆိုက်မှာ ကြော်ငြာထားတဲ့အတိုင်းပါပဲ။ Multi-Core Processor / 64bit ရှိတဲ့လူတွေဆိုပိုပြီးသိပါလိမ့်မယ်။ OS ရဲ့ အဓိက၀င်ရိုးကိုပါ ပြန်ပြင်ထားတဲ့ ဒီOSရဲ့ မြန်ချက်ကတော့ လန်ထွက်နေတာပဲ။ ကျွန်တော် Safari, Firefox ကောက်ဖွင့်ကြည့်လိုက်တာ ချက်ခြင်းတက်လာတယ်။ နောက်ပြီး iMovie, iWeb စတဲ့ ခပ်အကောင်ကြီးကြီး ဆော့ဖ်ဝဲတွေလည်း ချက်ခြင်းသုံးလို့ရတယ်။ မြန်ပါပေ့။

Coverflow ကလည်း လှပါ့ဗျာ။ မြန်လည်းမြန်ပါတယ်။ ပီဒီအက်ဖ်ဖိုင်လေးတွေ၊ ဓါတ်ပုံလေးတွေ၊ သီချင်းတွေကို ချက်ခြင်း အတွင်းထဲထိလှိုက်မြင်ရတယ်။ နောက်သိပ်အားမရသေးဘူးဆိုရင် Space Bar တစ်ချက်နှိပ်လိုက် Quick Look ပေါ်လာမယ်။ Animation ကတော့ လုံးဝ အထစ်အငေါ့မရှိပါဘူး။ ကျွန်တော် Quick Look သုံးပြီး Undermyskin Album ထဲက သီချင်းတစ်ပုဒ်တောင် စမ်းဖွင့်ခဲ့သေးတယ်။ ရှယ်ပဲ။

Expose ( မက်ခ်သမားတွေတော့ သိမှာပါ။ ) လို့ခေါ်တဲ့ ၀င်းဒိုးတွေ ဖွင့်ထားတဲ့ Application တွေ ကိုယ့်မျက်စိရှေ့အကုန်ရောက်လာအောင်လုပ်တဲ့ Function ကိုလည်း စမ်းခဲ့သေးတယ်။ ခလုတ်တစ်ချက်နှိပ်လိုက်တာနှင့် ကျွန်တော်သုံးထားတဲ့ Spaces ၄ခုလုံးပေါ်လာပြီး ရှိသမျှဝင်းဒိုးတွေ မြင်ရတယ်။ Space ၁ခုကနေ ၁ခုကို Application တွေ ရွှေ့တာလဲ ဘာမှ အထစ်အငေါ့မရှိခဲ့ပါဘူး။ Movies တွေလည်း အေးဆေးရွှေ့လို့ရတယ်။

နောက် Dock အသစ်နှင့် Stacks တွေကိုလည်း စမ်းခဲ့ပါတယ်။ နည်းနည်းမသုံးဖူးတော့ အသစ်အဆန်းဖြစ်နေပေမဲ့ တော်တော်လှတဲ့ ပစ္စည်း၁ခုပါပဲ။ Menubar, Dock တွေက ဖောက်မြင်နေရတဲ့ Transparent ဖြစ်သွားတာ၁ခုပဲဗျာ။ Vista ကိုကြည့်လိုက်ရသလိုပဲ၊ အဲ့ဒီအပိုင်းလေးက။ နည်းနည်းတော့ဘ၀င်မကျဘူး။

အဲ့နောက်ဆုံးမေ့တော့မလို့ Spotlight ကိုလည်း စမ်းခဲ့သေးသပ။ Quicksilver သုံးနေကျဆိုတော့ မြန်ပါ့မလားလို့စဉ်းစားနေတာ ဒီ Spotlight အသစ်က ပိုတောင်မြန်တယ်လို့ခံစားမိပါတယ်။ စာလုံး၁လုံးရိုက်လိုက်တာ Dicitionary ပေါ်လာပြီး ဘာအဓိပ္ဗါယ်လဲဆိုတာ ချက်ခြင်းပြပေးတယ်။ နောက် System နှင့်ပတ်သက်တဲ့ တခြားဟာလေးတွေ ကလိမလို့ပဲ နည်းနည်းပဲကြည့်ခဲ့ရတယ်။ ၀ယ်မဲ့လူတွေပြုံဝင်လာလို့ ဆိုင်ဝန်ထမ်းကို ဈေးမေး ဘာညာပြုပြီး ပြန်ပြေးထွက်လာရတယ်။ ကျွန်တော့် ဘေးမှာတော့ အနောက်တိုင်းသား သုံးလေးယောက်က ခွေဘူးလေးတွေ တကိုင်ကိုင်နှင့် ကျေနပ်နေကြတယ်။

၂၃ဂ စလုံးဟာ ကျောင်းသားတွေ အတွက်တော့ များတယ်လို့မြင်ပါလိမ့်မယ်။ မှန်ပါတယ်။ ဒါပေမယ့် ဗစ်စ်တာကို ဘူးပေါင်းသောင်းခြောက်ထောင်၊ ကြော်ငြာဆိုင်းဘုတ်တကားကားနှင့် တက္ကစီပေါ်မှာတောင် ကြော်ငြာထားတာတောင်မှ၊ ဈေးကြီးလို့ မ၀ယ်တာကိုတွေ့နေရပါတယ်။ ကြွားတာမဟုတ်ပါ။ ကျွန်တော်ခုသုံးနေတဲ့ အလကားရထားတဲ့ vista busines က စလုံးမှာ ဈေးတော်တော်ပေါက်ပါတယ်တဲ့။ စဉ်းစားလို့ကိုမရပါဘူးဗျာ။ Ultimate ဆိုရင် ပိုတောင်ဈေးကြီးသေးတယ်။ ကျွန်တော် ကတော့ ဂိမ်းကစားတာကလွဲပြီး ဘာမှမသုံးဖြစ်ပါဘူး။

ထားပါတော့၊ ရန်ပွဲတွေစဖြစ်လိမ့်မယ်။ ဒါနှင့် ကျွန်တော့်ဆီမှာ Vista Basic Edition ၁ခု၊ Vista Ultimate Edition ၁ခု ရောင်းရန်ရှိပါတယ်။ စိတ်ဝင်စားသူများ အီးမေးလ်ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ တွေ့တယ်မဟုတ်လား ကျွန်တော် ဗစ်စ်တာ ဘယ်လောက် ချစ်သလဲဆိုတာ၊ packing လိုက် သိမ်းထားတယ်၊ ရောင်းစားဖို့ ၊ ကွိကွိ။

အဲ့ ကျွန်တော်တို့ Leopard သွင်းမဲ့လူများ ဟောဒီလင့်ခ်တွေကို သွားကြည့်ဖို့လည်းမမေ့ပါနှင့်။ Backup တွေဘာတွေ လုပ်ဖို့ ပြသပေးထားတဲ့ နေရာတွေပါ။ Link 1, Link 2.

Happy 10.5 days.

Rgds,
WaiPK

Friday, October 26, 2007

Last Minute Preview on the Big Cat


မနေ့ကပြောထားတဲ့ အတိုင်း ပရီဗျူးရေးမယ်ဆိုပြီး အချိန်မရလို့ခုမှ ရေးလိုက်ရတယ်။ OSX Leopard ရဲ့နာမည်ကြီးသင့်မှုဟာ အိုင်ဖုန်းကြောင့် နည်းနည်းသေးသိမ်သွားတယ်ထင်ရပေမဲ့ အခုဆိုလူတော်တော်များများက စိတ်ရှည်လက်ရှည်စောင့်နေကြတာကို တွေ့ရပါတယ်။ ပန်းသီးရဲ့ ဒီသုံးချင်စရာကောင်းလှတဲ့ Operating System အသစ်စက်စက်ကို Geeks တွေ၊ Students တွေ၊ စီးပွားရေးသမားတွေ၊ Windows ရဲ့ စူပါစမတ် Developers တွေပါမကျန် အကုန် စောင့်နေကြပါတယ်။ ကံကောင်းတဲ့ လူတွေကတော့ သူတို့ရဲ့ ကြိုတင်မှာယူထားတဲ့ ခွေတွေ ရနေပါပြီ။ Screenshots တွေ စတင်နေပြီဖြစ်သလို၊ နည်းပညာနယ်ပယ်က Geek ကြီးတွေ ဖြစ်တဲ့ Pogue, Mossberg, Baig တို့ကလည်း အချိန်မှီ ပရီဗျူးတွေထုတ်လိုက်တာကို တွေ့ရပါတယ်။ သူတို့ ပြောတဲ့အထဲက စိတ်ဝင်စားစရာကောင်းတဲ့၊ ၀ဗ်ဆိုက်ပေါ်မှာ မဖော်ပြထားတဲ့၊ လူသိပ်မသိသေးတဲ့ အချက်တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

- Compatibility ပြဿနာတွေဟာ မရှိသလောက်ပါပဲတဲ့။ ခလုတ်တစ်ချက်နှိပ်၊ အပ်ဂရိပ်လုပ်၊ ပြန်လာတာနှင့် သုံးလို့ရနေပါပြီတဲ့။ ၀င်းဒိုး ကြီး ပျက်သွားမှာလည်း မပူပါနှင့်တဲ့။ XP/Vista အရင်ကသွင်းထားတဲ့လူတွေဆိုလည်း အဲ့ဒီအပိုင်းက ဘာမှ မထိပါဘူးတဲ့။ အရင်က ဗစ်စ်တာမှာ သုံးမရတဲ့ ပရင်တာတွေတောင် သုံးလို့ရလာတယ်ပြောပါတယ်။ Drivers တွေ ကောင်းကောင်း ထောက်ပံ့ပေးထားတယ် ဆိုပါတော့ဗျာ။

- နောက်ပြီး ဟာ့ဒစ်စ် ကို Real Time Partition ပိုင်းနိုင်၊ ချုံ့နိုင်၊ ချဲ့နိုင်ပါတယ်တဲ့။ သင့်ရဲ့ဒေတာတွေ မဆုံးရှုံးစေပါဘူးဆိုပဲ။

- ပရိုဂရမ်တွေ တက်တာ၊ အရမ်းမြန်တယ်ဆိုပါတယ်။ iCal တို့ iPhoto တို့ ဆိုရင် Instant လို့တောင်ပြောပါတယ်။ စက်အဟောင်းတွေတောင် သုံးရတာပိုမြန်လာပါတယ်လို့ပြောနေကြပါတယ်။

- မသိတဲ့ အကြောင်းအရာကို Search လုပ်တဲ့အခါ Menu / MenuItems တွေထဲထိပါ ရှာပေးပါတယ်။

- PDF Icon လေးက တော့ သိပ်ကောင်းပါတယ်။ Coverflow မှာကြည့်လိုက်တဲ့အခါ စာမျက်နှာ ၁ရွက်ပဲရှိတဲ့ ပီဒီအက်ဖ် ဖိုင်ဆိုရင် စာရွက်ခေါက်လေး ၁ရွက်ပဲပြပါတယ်။ ၂ရွက်ထက်ပိုရင် စာအုပ်ပုံလေးဖြစ်သွားပြီး ပထမစာမျက်နှာနှင့် ဒုတိယစာမျက်နှာလေးကို ခပ်လှစ်လှစ်လေး ပြထားပါတယ်။ အသေးစိတ်ကျပါလေ့။

- အိုင်ချတ်မှာ GoogleTalk ရပါတယ်လို့ confirm လုပ်ပါတယ်။


အဲ့ဒီအပေါ်ကအချက်တွေ က ကျွန်တော် ဖိုရမ်တွေမှာ ထပ်တွေ့တဲ့ အရာတွေပါ။ နောက် ကျွန်တော် Tom Yagar ရေးတဲ့ ဆောင်းပါးကိုလည်း သဘောကျမိတယ်။ အောက်မှာတော့ နည်းနည်းဘာသာပြန်ပြီးရေးထားပါတယ်။ သူက infoWorld ရဲ့ အယ်ဒီတာ ဖြစ်ပြီး ကွန်ပျူတာ စာနယ်ဇင်းနယ်ပယ်မှာ ဂိခ်ကြီးလို့ခေါ်ကြပါတယ်။ သာမန်လူတွေ OS သုံးခုလောက်သူးဖူးတာကို သူကသနားပါတယ်တဲ့။ PC စပေါ်ကတည်းက စမ်းသုံးလာလိုက်တာ သူ့အတွေ့အကြုံက မနည်းဘူးလို့ ချီးမွမ်းခံရတဲ့ ဘိုးတော်ကြီးပါ။ သူက အခုလို ပြောပါတယ်။

ကွန်ပျူတာရှုထောင့်ကပြောရမယ်ဆိုရင် ၀င်းဒိုးနှင့် လင်းနပ်စ် ဟာ Mac OS X နှင့် တကယ့် Core ကနေ တည်ဆောက်ထားတာခြင်းတူတူပါပဲ။ ဒါပေမယ့် ဒီနေရာမှာ ပြောစရာရှိတာက သူတို့ရဲ့ အလွှာလိုက်တည်ရှိနေတဲ့ kernels တွေ ၊ APIs တွေပါပဲ။ အလွှာတစ်ခုဟာ အောက်ကအလွှာကို abstract လုပ်ပါတယ်။ Class တွေ တစ်ခါဆောက်လိုက်ပြီးတိုင်း အောက်က အလွှာကို နားလည်ရလွယ်အောင်ဆိုပြီး နောက်တစ်လွှာထပ်အုပ်ပါတယ်။ ရှုပ်ပါတယ်ဆိုပြီး နောင်တစ်ချိန်မှာ ပြန်သုံးရလွယ်အောင်၊ ၀င်ပေါက်သဘောမျိုး ပွိုင့်တွေ၊ abstract class တွေ ( interface လည်းခေါ်ပါတယ် ) ထားခဲ့ပါတယ်။ ပြဿနာက ကြာလေကြာလေ API အလွှာကြီးကထူလာတာမျိုးတို့၊ နောက်ပြီး ငါထားခဲ့တဲ့ class ၊ ၀င်ပေါက်က နင့်ဟာထက်ပိုကောင်းတယ်စတဲ့ Debate တွေဖြစ်လာတာကို တွေ့ရပါတယ်။ တစ်ခါတစ်ခါ အလွှာတစ်ခု Implement လုပ်တိုင်းမှာ မှီခိုမှု ( dependancies ) ၊ သွေဖယ်မှု ( deprecations ) ၊ ထပ်တူ၊ ဆင်တူကျမှု ( peculiarities ) တွေ ပိုပိုများပြီး ရှုပ်ထွေးမှုတွေ စလာပါတယ်။ Documentation တွေ ထူသထက်ထူလာပြီး သင်ယူရပိုခက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

OS X မှာ ကျတော့ အဲ့လိုမဟုတ်ပါဘူး။ Framework ပေါ်မှာ အခြေခံပါတယ်။ သူက အပေါ်ကို တက်တက်သွားတဲ့ ပုံစံမဟုတ်ပဲ၊ Framework ကို ရေပြင်ညီ အလျားလိုက် ချဲ့ထွင်တဲ့ သဘောပါ။ အဲ့ဒီ Framework အောက်မှာတော့ ခပ်ရှင်းရှင်း၊ ခပ်ပါးပါး၊ စနစ်တကျရှင်းလင်းစာတမ်းပြုစုထားတဲ့ System Kernel လေး ၁ခုပဲရှိပါတယ်။ ဆော့ဖ်ဝဲရေးသူတွေဟာ Framework ကို ချဲ့လို့ရပါတယ်။ Framework ဟာ OS X ပါပဲ။ သူ့ကို အပေါ်ကနေထပ်အုပ်ပြီး Abstract Layer လုပ်စရာမလိုပါဘူး။ တကယ်လို့ သင်ဟာ iCal, Contact, Finder စတဲ့ objects တွေကို သုံးချင်တယ်ဆိုရင် Framework ပေါ်မှာ ဘယ်နေရာက မဆိုခေါ်သုံးလို့ရပါတယ်။ Objective-C, C++, Java ဘာ နှင့်ပဲရေးရေး အဲ့ဒီ Object တွေကို ယူသုံး၊ ပြီးရင် Object တွေ အချင်းချင်း messages တွေပို့၊ function call တွေလုပ်ပြီး အလုပ်လုပ်ရုံပါပဲ။ System ရဲ့ အခြေခံကျတဲ့ hardware configuration တွေ တောင်မှ objects တွေ အနေနှင့် သုံးလို့ရပါတယ်။ ဥပမာ၊ ဘက်ထရီ တုံးလေး အားဘယ်လောက်ရှိသလဲဆိုတဲ့ HW Specific တွေကိုလည်း အလွယ်တကူ ခေါ်သုံးပြီး ကြိုက်သလို ကလိခွင့်ရှိပါတယ်။

Leopard က လှပတဲ့ စနစ်တစ်ခုပါ။ မြင်နေရတဲ့ Eye-Candy အနုအရွတွေကိုပြောတာ မဟုတ်ပါဘူး။ သူ့ရဲ့တည်ဆောက်ထားပုံကိုက သပ်ရပ်နေတာပါ။ Core ကိုယ်တိုင်က Unix Standard ဖြစ်သွားပါပြီ။ အပျော်ကြိုက် OS လို့ ခေါ်တာကို ရပ်လိုက်ပါတော့။ နောက်ပြီး User တွေပြောတာကို နားထောင်ပြီး လုပ်ထားတဲ့ စနစ် ၁ခုပါ။ ကျွန်တော်တစ်ချိန်တုံးက ပြောဖူးတယ်။ ခင်ဗျားတို့ OS က ဘာလို့ နက်ဝက်ခ်ပေါ်က ကွန်ပျူတာတွေကို ရှာဖွေခွင့်မပေးတာလဲဆိုပြီးမေးဖူးတယ်။ အခုအဲ့ဒါတကယ်ရလာပါပြီ။ နောက်ပြီး Dock ကို ဘေးမှာ ထားရင် အဲ့ဒီ 3D Dock ကြီးက မလှဘူးဆိုတာ၊ ဒါကိုလည်း သူတို့နားထောင်ပြီး အခုပြင်လိုက်ပါတယ်။

ကျွန်တော် သဘောပေါက်ပါတယ်။ ကျွန်တော်ခု ပြောနေတာတွေကို Mac မကြိုက်တဲ့လူတွေကိုပြောရင် သိပ်ဘ၀င်ကျမှာမဟုတ်ပါဘူး။ သူတို့ကို OS တစ်ခုဟာ လူတွေကို ဘယ်လောက်အလုပ် မြန်မြန်ပြီးစေနိုင်တယ်ဆိုတဲ့ အကြောင်းပြောရင် တူတူပဲလို့ပြန်ဖြေပြီး ငြင်းလွှတ်ပါလိမ့်မယ်။ ကျွန်တော် ထွက်သမျှ OS နီးပါးသုံးဖူးပြီးပါပြီ။ အခုခင်ဗျားတို့ ကိုယ်တိုင် စမ်းသုံးကြည့်စေချင်ပါတယ်။ ဗစ်စ်တာထွက်တုံးက လူတွေက ဒီလောက် စောင့်မျှော်မနေဘူး။ ကွန်ပျူတာအသစ်တွေမှာ ပါသွားလို့သာ ကျယ်ကျယ်ပြန့်ပြန့် အုတ်အောသောင်းနင်းဖြစ်သွားတာပါ။ Windows users တွေက Upgrade လုပ်ဖို့ စိတ်မ၀င်စားကြပါဘူး။ အခု Leopard ကို ပန်းသီးပိုင်ရှင် ကွန်ပျူတာ သမားမဟုတ်တဲ့လူတွေတောင် Upgrade လုပ်ဖို့တာစူနေပါပြီ။ Designed for Leopard ဆိုတဲ့ ကွန်ပျူတာတွေကို ပိုင်ဆိုင်စရာမလိုပါဘူး။ ကမ္ဘာပေါ်က သန်း ၂၀နီးပါး ကွန်ပျူတာတွေဟာ OSX 10.5 ကို သုံးနိုင်ပါတယ်။ မ၀ယ်ချင်သေးရင်လည်း စောင့်ကြည့်လိုက်ပါ။ တဆင့်စကား တဆင့်နားနှင့် ခင်ဗျားတို့ ကောင်းသတင်းတွေ ကြားရပါလိမ့်မယ်။


အဟမ်း၊ ကြော်ငြာသံလေးတွေကို နားငြီးတဲ့လူတွေကတော့ ကြိုက်မှာမဟုတ်ဘူးထင်တယ်။ ဒါပေမယ့် သူ့ရဲ့ ရှင်းပြတဲ့အပိုင်းက တော်တော်ကောင်းပါတယ်။ .. .အိုး .... ၁၀ မိနစ်ပဲလိုတော့တာပဲ။ ခြောက်နာရီထိုးဖို့။

Go and get your Leopard! (From ZOO!) :P

Rgds,
WaiPk

Thursday, October 25, 2007

Reminders : Crunch'em


- Wikipedia ရဲ့ ပြီးခဲ့တဲ့ အပတ်လောက်ကတည်းကစနေတဲ့ အလှုငွေကောက်ခံပွဲကို မထည့်သေးရသူ၊ စိတ်ပါဝင်စားသူများ ထည့်ဝင်နိုင်ပါတယ်။ မသိသေးတဲ့အရာမှန်သမျှ သိအောင်ကူညီပေးနေတဲ့ အင်တာနက်ရဲ့အကြီးမားဆုံး Knowledge Exchange ကြီးကို Support ပေးလိုက်ပါဦး။ Give a hand to Wiki!

- ဒီစာရေးတဲ့အချိန်ရဲ့ နောက် ၁ရက်နှင့် ၁နာရီခွဲမှာ Leopard ထွက်ပါမယ်။

- Bootcamp User များ သတိထားပြီး စောင့်နေပါ။ Leopard ထွက်တာနှင့် Beta ပိတ်သွားမယ်ထင်ပါတယ်။

- Pro Evolution Soccer 2008 Europe မှာ မနက်ဖြန်ထွက်ပါမယ်။ ကစားဖို့အားခဲထားပါ။

- MediaRingTalk က သူ့ရဲ့ ၈နိုင်ငံ Free Service လာမယ့် ၃၁ရက်နေ့ဆို ပြီးပါပြီတဲ့။ များများပြောထားပါ။ နောက်ပြီး အသစ်ထွက်တဲ့ UI ကိုလည်း ဒေါင်းလုပ်လုပ်ပြီး စမ်းဖို့မမေ့ပါနှင့်ဦး။

- IMAP က မရတဲ့လူမရသေးပါဘူးတဲ့ ၊ Google ကို ၀ိုင်းအော်ကြပေရော့။

Quick Mac Bites : 25/10/07


တွေ့မိမှတ်မိသမျှ ဖြစ်ပါတယ်။

- Apple(AAPL) ဟာ သူ့ရဲ့ မားကတ်ရှယ်၁ခု ၁၈၅ဒေါ်လာ ကျော်ကျော်ထိ တက်သွားပြီဖြစ်တာကြောင့် ကမ္ဘာ့အကြီးဆုံး၊ အကြွယ်ဝဆုံး ကွန်ပျူတာထုတ်လုပ်သူအဖြစ် နေရာယူလိုက်ပါပြီ။ မားကတ်တန်ဖိုး ၁၆၁ဘီလီယံကျော်ရှိပြီး၊ အိုင်ဘီအမ်ကတော့ ၁၅၃ ဘီလီယမ်ပဲရှိပါတော့တယ်။ အိပ်ခ်ျပီက ၁၃၃ဘီလီယမ်နှင့် နောက်ကလိုက်နေပြီး၊ နာမည်ကြီး ဒဲလ် ကတော့ ၆၅ ဘီလီယမ်ပဲရှိလို့ နာမည်ကြီးတွေထဲမှာ နောက်ဆုံးကနေပါတယ်။

- ကားမောင်းဂိမ်းတွေထဲမှာ နာမည်ကောင်းရထားတဲ့ Collin McRae Rally ဟာ မက်ခ်အတွက် သူ့ရဲ့ဂိမ်းကို ၂၆ရက်နေ့မှာ ထုတ်ပါမယ်တဲ့။ OSX 10.5 နှင့်အပြိုင်မို့ လူတွေက အဲ့ဂိမ်းနာမည် သိပ်မပေါက်မှာ စိုးရိမ်နေလေရဲ့။ ဒါပေမယ့် ကစားရတာပေါ့ဗျာ။ EA ကလို အူကြောင်ကြောင် ခပ်ချာချာဂိမ်းတွေနှင့်စာရင်.. ။

- Mac OS X 10.5 Leopard ဟာ ၂၆ရက်နေ့မှ တရားဝင်ထွက်မှာ ဖြစ်ပေမယ့် Apple က တစ်ချို့ Preorder လုပ်ထားတဲ့ Customer တွေကို အရင်ပို့လိုက်ပါပြီ။ ဟောဒီ လင့်ခ်တွေမှာ သွားကြည့်ပါ။ Link1, Link2, Link3.

- Google Desktop က သူ့ရဲ့ ဆော့ဖ်ဝဲကို Leopard မှာ သုံးလို့ရအောင်ပြင်ပြီးထုတ်လိုက်ပြီဆိုပါတယ်။ IMAP ကျွန်တော်စမ်းမသုံးရသေးဘူး၊ ဘယ်လိုနေလဲတော့မသိဘူးဗျာ။

- လန်ဒန်ကလူတွေကတော့ ၂၅ရက်ကနေ၊ ၂၇ရက်ထိလုပ်မဲ့ Expo မှာ အလုပ်ရှုပ်နေပါလိမ့်မယ်။ Leopard ဖွင့်ပွဲရှိပါတယ်တဲ့။

- အိုင်ဖုန်းကို ချစ်ကြတဲ့ ပရိုဂရမ်မာများအတွက် အိုင်ဖုန်း Dev centre ဆိုပြီး အသစ်လုပ်လိုက်ပါတယ်။ သွားပြီး ကလိလို့ရပါပြီ။


Leopard နှင့် ပတ်သက်တဲ့ Preview တွေ တပုံတပင် ထွက်လာခဲ့ပြီး နောက်ပို့စ်မှာ အဲ့ဒီအကြောင်းတင်ပါမယ်။ =D မဖတ်ချင်တဲ့လူများ ဒီရက်အတွင်းမှာ RSS Feed ကို ပိတ်လိုက်ပါ။ =P

Rgds,
WaiPK

Tuesday, October 23, 2007

Woots - Fat Apple's Fiscal Year 07 Ended


မနေ့က ပန်းသီးကုမ္ပဏီက သူ့ရဲ့ ကြွယ်ဝမှုကို ထုတ်ပြပါတယ်။ စက်တင်ဘာ ၂၉ ကတည်းက ပြီးသွားတဲ့ Fiscal year's Fourth Quarter မှာ သူဘယ်လောက်မြတ်လဲ ကြေညာပါတယ်။ ၀င်ငွေ ၆.၂၂ ဘီလီယမ်ရှိပြီး အသားတင်မြတ်ငွေ သန်း ၉၀၄ သန်းရှိပါတယ်တဲ့။ ပြီးခဲ့တဲ့ နှစ်တုံးက သန်း ၅၀၀ ကျော်သာ မြတ်တာနှင့် ယှဉ်ရင်တော်တော်လေး ရလိုက်ပါတယ်။

တစ်နှစ်လုံး အတိုင်းအတာအရ ၂၄ ဘီလီယမ်ဝင်ပြီး ၃.၅ ဘီလီယမ်မြတ်လိုက်တဲ့ စတီးဂျော့ဗ်ဟာ မျက်နှာကြီးကိုဖြီးနေတာပါပဲ။ ကိန်းဂဏန်းတွေ မျက်စိနောက်စရာကောင်းသလို ဓါးပြ၀င်တိုက်ချင်စရာလည်း ကောင်းပါတယ်။

၂၀၀၈ မှာ အိုင်ဖုန်းကို ၁၀သန်းရအောင်ရောင်းပါ့မယ့်အကြောင်းလည်း ထပ်ပြောသွားပြီး နောက်နှစ်မှာထွက်မဲ့ OS X 10.6 ... ဘာညာတွေလည်း အမှီရအောင်ထုတ်ပါမယ့်အကြောင်းပြောပါတယ်။ နောက်ဆိုရင် ၁နှစ် ၁ခါ OS အသစ်ထုတ်မယ်လို့ပြောပါတယ်။ ကျွန်တော်တို့ redmond က အကိုကြီးတွေကတော့ Windows 7 ဟာ လာမယ့် ၂၀၁၀ မှာတောင် မသေချာပါဘူးလို့ပြောပါတယ်။

မြန်မြန်နှင့် မှန်မှန်ပြင်တဲ့ Relentless Driving Efficiency စနစ်ကို မိုက်ခရိုဆော့ဖ်က သိပ်အသုံးမချပါဘူး။ ကျွန်တော်တို့ တိုယိုတာ အောင်မြင်ခဲ့တဲ့ အချက်မှာလည်း အဲ့ဒါပါပါတယ်။ မူလီ၁လုံး ၂လုံးက အစ ကားရဲ့စွမ်းရည်ကျမယ်ထင်ရင်၊ ဒါမှမဟုတ် အချိန်အကန့်အသတ်၁ခုကို ရောက်လာပြီဆိုရင် ပိုပြီးကောင်းတဲ့ ပစ္စည်း၁ခုနှင့် အစားထိုးခဲ့ပါတယ်။ Shorter Turnaround Time ဟာ Better Efficiency ကို ပိုပြီးဖြစ်စေတယ်ဆိုတာ Operations သင်ဖူးတဲ့ အကိုတွေအမတွေ သိမှာပါ။ ဘာပဲပြောပြောဗျာ နောက်ဆုံးနောက်နှစ်ထွက်တဲ့ OS က သိပ်မဆန်းရင်တောင်မှ တစ်ဆင့်တက်တက်သွားမယ်ဆိုတော့ သုံးရတာပိုကောင်းလာမှာ အမှန်ပါပဲဗျာ။

Rgds,
WaiPK

Ref: Apple Press


Friday, October 19, 2007

Quick Mac Bites : 19/10/07


ဒီတစ်ပတ် မက်ခ်နှင့် ပတ်သက်တဲ့ တိုတိုထွာထွာလေးများကို ဖော်ပြပေးလိုက်ပါသည်။

- Leopard Golden Master Build က Developers တွေကို မပေးတော့ပါဘူးတဲ့။
- အိုင်ဖုန်းကို ဂျာမနီမှာ T-Mobile နှင့် ပြင်သစ်မှာ Orange ဆိုပြီး အတည်ပြုပြီးပါပြီတဲ့။
- အိုင်ဖုန်း/အိုင်ပေါ့ တပ်ခ်ျ SDK ကို ဖေဖော်ဝါရီမှာ ထုတ်ပါမယ်တဲ့။ အိုင်ဖုန်းမှာ မြန်မာလို ရေးလို့ ရအောင် လုပ်ရမယ်!!!!
- အိုင်ဖုန်း ကြော်ငြာအသစ်တွေလည်း အားရင်သွားကြည့်လိုက်ပါဦး။
- တစ်ချို့ စာအုပ်ဆိုင်တွေမှာ ကျောင်းသားတွေအတွက် Leopard အထူးလျှော့ဈေး ရှိတယ်ပြောပါတယ်။ စင်္ကာပူမှာတော့ မသေချာပါဘူး။
- Gartner ရဲ့ အဆိုအရ ပန်းသီး မားကတ်ရှယ်က ၈.၁ရာခိုင်နှုန်းတိုးသွားပြီး ကွန်ပျူတာဈေးကွက်မှာ တတိယနေရာကို Dell, HP တို့နောက်ကနေ လိုက်နေပါတယ်။
- 4th Quarter of Fiscal Year Earnings ကို အောက်တိုဘာ ၂၂၊ တင်္နလာနေ့မှာ ကြေညာမှာဖြစ်ပါတယ်။ ဘယ်လောက်တက်လာမလဲ ကြည့်ကြတာပေါ့ဗျာ။


Rgds,
WaiPK

Thursday, October 18, 2007

I'm not a Mac-news-reporter :|


Cupertino Company ကတော့ တော်တော်အလှုပ်ရှုပ်နေပုံပဲ။ ကျွန်တော်လည်း မနက်အလုပ်ရောက်ရင် အချိန်ရတာနှင့် သတင်းတွေဖတ်ဖြစ်တယ်။ သတင်းဆိုလို့ ဒီစာရေးမိတာဗျာ။ တစ်ခါကကျွန်တော် Blog ဆွေးနွေးပွဲလေး၁ခုသွားတော့ ကျွန်တော့် အသိတွေက ကျွန်တော့်ကို မိတ်ဆက်ပေးတယ်။ သူက မက်ခ်သတင်းတွေရေးတယ်လေတဲ့။ အမှန်အတိုင်းပြောရရင် ကျွန်တော် သတင်းရေးတာကို ၀ါသနာပါရယ်လို့ဟုတ်ပါဘူး။ ဘာသာပြန်ပြီးရေးနေမယ့်အစား ကျွန်တော်ကလူတိုင်းကို အင်္ဂလိပ်လိုဖတ်လိုက်စေချင်တယ်ဗျာ။ ကျွန်တော်က ဘာသတင်းထောက်မှ မဟုတ်သလို၊ ကျွန်တော့်ဘလော့ခ်က သတင်းတွေလည်း တခြားမှာရှိတဲ့ဟာတွေပဲ။ မြန်မာလိုဖြစ်နေတာ၁ခုပဲကွာတာ။ နိုင်ငံခြားဆိုက်က ဟာတွေက အမှန်အကန် အပ်တူဒိတ်တွေ။

ဒါကို သူငယ်ချင်းတစ်ယောက်ကပြောတယ်၊ မက်ခ်သတင်းတော့ လူတွေက အင်္ဂလိပ်လိုသိပ်မဖတ်တော့၊ စိတ်ဝင်စားမှုလည်းနည်းတော့ ဘာသာပြန်ပြီးရေးတာကောင်းပါတယ်တဲ့။ သူပြောတာလည်း မမှားပါဘူး။ တချို့လူတွေ အကျိုးရှိတဲ့အတွက်ဝမ်းသာပါတယ်။ ဘာပဲဖြစ်ဖြစ်ဗျာ၊ ကျွန်တော်က ဆောင်းပါးတွေ၊ အမြင်တွေရေးရတာကိုပဲ ပိုကြိုက်ပါတယ်။ ကျွန်တော့် ပညာရေး၊ လူမှုဘ၀နှင့် သက်ဆိုင်တဲ့ သတင်းတွေကို ဒီ personal blog မှာ ရေးတာကတော့ သင့်တော်ပါတယ်လို့လည်း ယူဆပါသည်။ အဲ့တော့ မက်ခ်သတင်းရေးတဲ့လူလို့ ခေါ်ဝေါ်သမုတ်ကြလျှင် ကျွန်တော့်မှာ စိတ်ထဲတွင် ကလိကလိဖြစ်ရပါသည်။ အတင်းကာရော မက်ခ်တွေရေးမိတဲ့ အကြောင်းကြောင့်လို့ လက်ညှိုးထိုးရင်လည်း မမှားပါ။

အဲ့တော့ အဓိကပွိုင့်က သတင်းရေးတော့ရေးပါမည်။ စိတ်ဝင်စားတာလေးတွေရှိရင် ၊ အရမ်းကိုဟော့နေတာတွေ၊ ရှိရင်ပါ။ ဒါပေမယ့် အဲ့ဒါကလည်း ကျွန်တော် အခြားသတင်းဆိုက်၁ခုမှာ စမရေးခင် အချိန်အတွင်းသာဖြစ်မယ်ထင်ပါတယ်။ နောင်ဆိုရင် ဒီ Personal Blog ကတော့ ကျွန်တော့် Personal တွေ့ရှိမှုတွေ၊ ကြုံတွေ့မှုတွေသာ ပိုများလာပါလိမ့်မယ်ထင်ပါသည်။

ဆိုတော့ ... ကွန်ပျူတာ အကြောင်းရေးသူလို့သာ ပြောင်းလဲ သမုတ်ကြပေကုန်။ မက်ခ်တင်မက ၊ ဂျားကော၊ ခွက်ပါ လေ့လာလိုက်စားကြောင်းလည်း အငြားသိဇေရန် ထုတ်ဖော်အပ်ပါသည်။

Rgds,
WaiPK

Wednesday, October 17, 2007

OS X Leopard Release Date = 26th Nov | Apple Starts Countdown



ကျွန်တော်က Golden Master ဘယ်နေရာမှာလဲ လိုက်ရှာတုံးရှိသေးတယ်။ Apple က Leopard ( OS x 10.5 ) ထွက်မဲ့ရက်ကို ကြေညာလိုက်ပါပြီ။ မနေ့က ညနေ အစောကြီး၊ ( အမေရိကန်မှာဆို မနက်စောစောပေါ့ ) ကတည်းက Down နေတဲ့ Apple Website ကို လူတွေ စိတ်ဝင်တစား စောင့်ရကျိုးနပ်ပါတယ်။ အာကာသပုံ နောက်ခံကြီးမှာ ဒစ်ဂျစ်တွေနှင့် Countdown Counter ကြီး ဟဲဗီးကြီးပေါ်လာပါတယ်။

ပြီးခဲ့တဲ့ Macworld က ခပ်ညံ့ညံ့ပြီးသွားခဲ့ပေမယ့် အခု အသစ်ပါလာမယ့် Features 300 + ကို တွေ့ရတော့ ချက်ခြင်းပြောင်းသုံးဖို့ စိတ်သန်လာပါတယ်။ တချို့ Features တွေကို ၀င်းဒိုးသမားတွေက ဝေဖန်ကောင်းဝေဖန်မှာပါ။ အဲ့ဒါတွေရှိပြီးသားလို့။ ဟုတ်ပါတယ်၊ တချို့ဟာတွေက Firefox မှာ နှစ်ချီပြီးရှိနေပါပြီ။ ဒါပေမယ့် Time Machine, Sandboxing, System Wide Digital Signing, Core Animation တွေကအစ မျက်မမြင်တွေကို ကောင်းကောင်း အထောက်အကူဖြစ်မဲ့ Braille System တွေကတော့ ထူးရှယ်တွေဆိုတာ ငြင်းစရာမရှိပါဘူး။ Application Memory Space ကို ကန့်သတ်ထိန်းချုပ်တဲ့ အရာတွေဟာ ဟက်ကာတွေကို ကောင်းကောင်းတားနိုင်ပါလိမ့်မယ် ဆိုတဲ့ အချက်ကတော့ စိန်ခေါ်မှုတစ်ရပ်လို့ထင်ပါတယ်။

ကျွန်တော့်အမြင်ကတော့ တဖြည်းပြီးတဖြည်းပိုကောင်းလာတဲ့ ဒီ OS ဟာ Revolution မဟုတ်ပေမယ့် လှပတဲ့ Evolution ၁ခုပါ။ 10.4 ကနေ 10.5 ပြောင်းသုံးတဲ့လူတွေအတွက် အရမ်းမတရား ပြောင်းသွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကွန်ပျူတာဟာ ပိုပြီးသုံးလို့ကောင်းလာမယ် ဆိုတာမလွဲပါဘူး။ စက်အစုတ်အဟောင်းတွကအစ Support လုပ်တဲ့ ဒီဝင်းဒိုးဟာ Mac တော်တော်များများကို Support လုပ်မှာဖြစ်ပြီး၊ ဒီအချက်ကို မိုက်ခရိုဆော့ဖ် က လေ့လာသင့်ပါတယ်။ 64bit, Multicore, Advanced RAM Handling တွေကို ဗားရှင်း၁ခုထဲရအောင် ထုတ်တာအင်မတန်ကောင်းတဲ့ အချက်၁ခုပါ။ အလကားပါလို့ သူများတွေကို လိုက်ဖဲ့နေမဲ့အစား စတိဗ် ဘောလ်မား နည်းနည်းပါးပါး ကြည့်ပြီးမှပြောသင့်ပါတယ်။



စင်္ကာပူမှာလည်း နောက်မကျပါဘူး။ ထွက်မဲ့နေ့ကတစ်ရက်တည်းပါ။ ကျွန်တော်တော့ သူငယ်ချင်းတွေနှင့် ညှိနေတယ်၊ ဘယ်လိုဝယ်ရင်အတန်ဆုံးဖြစ်မလဲဆိုတာ။ Preorder လုပ်ချင်ရင် Singapore Apple Store မှာ ရနေပါပြီဖြစ်ကြောင်း အတင်းကောင်း ပါးအပ်ပါဒည်။



Rgds,
WaiPK

Monday, October 15, 2007

15th October = Blog Action Day !



Bloggers Unite - Blog Action Day

Folks, what a coincidence! Few days ago, I wrote a post on Al Gore, Apple and my view on Environment. Shockingly, I found out today's international BLOG ACTION DAY on environment.

What could I say? Join them and post something about your beautiful healthy environment.

Rgds,
WaiPK

Sunday, October 14, 2007

Zawgyi Myanmar Keyboard for Mac OS X



zawgyi logo


Zawgyi Keyboard for Mac OS X ရပါပြီ။ ကျွန်တော် အချိန်အတော်လေး နောက်ကျနေခဲ့တာကို နားလည်စောင့်ဆိုင်းပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ဦးစွာ ပထမ ပြောကြားလိုပါတယ်။ ကျွန်တော် စမ်းသပ်သမျှ အ၀၀ကို ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း နားငြီးလို့နေပါပြီ။ ဒီဗားရှင်းကိုတော့ Beta Version လို့ ပဲ သတ်မှတ်ကြစေလိုပါတယ်။ အမှားပါက ခွင့်လွှတ်ရန် စကားချီးခံထားပါကြောင်း။

ဇော်ဂျီ လက်ကွက် - Mac OS X Installation Manual


ကျွန်တော့် ကီးဘုတ်/လက်ကွက် သွင်းဖို့အတွက် ပုံစံ နှစ်မျိုးလုပ်ထားပါတယ်။ Installation Package (.mpkg) ဖိုင် ၁မျိုး နှင့် DMG (disk image) ဖိုင် ၁မျိုးဆိုပြီး ရှိပါတယ်။

သတိပြုရန် အချက်များ

၁။ ဗာဟီရ မများချင်တဲ့၊ သက်တောင့်သက်သာ သွင်းချင်တဲ့၊ လူများက .mpkg ကို သွင်းသင့်ပါတယ်။ သတိပြုရန်မှာ Mac OS X 10.4 နှင့် အထက်လူများသာ အဲ့ဒီ mpkg version ကို သုံးလို့ရပါမယ်။ တခြား OS X ဗားရှင်း သမားများကတော့ အောက်က အချက်ကို ဖတ်ပါ။

၂။ ကျွန်တော့် installation package ကို မယုံသော၊ security paranoid များ အပြင် ဘယ် Mac Users မဆို .DMG Version ကို သုံးနိုင်ပါတယ်။

၃။ ဘယ်ဗားရှင်း မဆို သွင်းတဲ့ အခါ၊ Admin Access လိုပါတယ်။ ပြီးရင် Log-out တခါလုပ်ပြီး Log-in ပြန်ဝင်ရပါမယ်။

၎။ ဖွင့်ထားသော Application များကို ကြိုတင် ပိတ်ထားလျှင် အကောင်းဆုံး ဖြစ်မှာပါ။

၅။ လက်ကွက်သည် ၀င်းဒိုးဗားရှင်းနှင့်တူတူပဲဖြစ်ပါတယ်။ ပါတ်ဆင့်များကို Ctrl + Alt အစား Alt ၁ခုထဲသုံးပါ။ Ctrl + Alt + Shift အစား Alt + Shift သာ သုံးပါ။


စဉ်းစားပြီးသွားရင် အောက်မှာ ပြထားတဲ့ iCon ၂ ခုထဲက ကြိုက်တဲ့ ဗားရှင်းကို အရင် ဒေါင်းလုပ်လုပ်ကြပါ။ Primary Source နှင့် အတူ Mirror ၂ခုစီလည်း တင်ထားပေးပါတယ်။






Package Version


DMG Version






Package (.mpkg) Users များ လုပ်ဆောင်ရန်

Package ကို သွင်းတဲ့လူတွေအနေနှင့် ဒေါင်းလုပ်လုပ်ထားတဲ့ ဇစ်ဖိုင်ကို ဖြန့်ချလိုက်ပါ။ .mpkg နှင့် ဆုံးတဲ့ ဖိုင်လေး ၁ခု ထွက်လာပါလိမ့်မယ်။ Double click နှိပ်ပြီး ဖွင့်လိုက်ရင် အောက်မှာပြထားတဲ့ ပုံနှင့် ဆင်တူတဲ့ Wizard လေး ၁ခုပေါ်လာပါမယ်။ အဆင့်ဆင့်ကို Next , OK နှင့် ရွေးလိုက်ယုံပါပဲ။ Admin access ကို Authenticate လုပ်ခိုင်းရင် သင့်ရဲ့ Password ထည့်ပြီး ဆက်သွားပါ။ နောက်ဆုံး Finish လုပ်ပြီးရင် Log Out လုပ်ဖို့ ပြောပါမယ်။ Log Out လုပ်၊ ပြန်ဝင်ပြီးရင် အောက်က Final Flow ကို ဆက်ဖတ်ပါ။


zgInstallpkgsmall1

zgInstallpkgsmall2


Disk Image (.dmg) Users များ လုပ်ဆောင်ရန်

.dmg ဖိုင်ကို အရင် ဒေါင်းလုပ်လုပ်ပြီးရင် double-click နှိပ်ပြီး ဖွင့်လိုက်ပါ။ အောက်မှာပြထားတဲ့ ပုံနှင့် ဆင်တူတဲ့ ၀င်းဒိုး ၁ခု တက်လာပါမယ်။ သက်ဆိုင်ရာ ဖိုလ်ဒါတွေထဲ မျှားပြထားတဲ့အတိုင်း Drag & Drop ဆွဲထည့်လိုက်ပါ။ Admin Access Password တောင်းရင် သင့် Password ထည့်ပေးလိုက်ပါ။ နောက်ပြီးရင် Log Out လုပ်ပါ။ ပြီးရင် Log In ပြန်ဝင်ပြီး အောက်က Final Flow ကို ဆက်ဖတ်ပါ။


dmgInstallSmall



Final Flow - Final Steps for All Users

အခုလို Log In ပြန်ဝင်လာပြီးသွားရင် ကီးဘုတ်လေးအောက်နှင့် ဖွန့်က စက်ထဲကို ၀င်သွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ဝင်းဒိုးစ်မှာ သုံးသလို Language Bar လေးကနေပြောင်းပေးတာမျိုး၊ Short Keys လေး တွေ နှိပ်လိုက်တာနှင့် မြန်မာ ကနေ အင်္ဂလိပ် ပြောင်း သွားတာမျိုးတွေလုပ်ရပါဦးမယ်။ အောက်က အဆင့်တွေကို ဆက်သွားပေးပါ။

၁။ ပထမ International Preferences ( System Preferences အောက်က International ပါ။ ) ကို ဖွင့်ပါမယ်။ သွားရခက်တယ်ထင်တဲ့လူတွေက ဘာမှ ထွေထွေထူးထူးလုပ်မနေပဲ အောက်က Screenshot မှာ ပြထားသလို သင်တို့ OS X Screen ရဲ့ ညာဘက်အပေါ်ထောင့်က Spotlight ကို သာ သုံးလိုက်ပါ။ မှန်ဘီလူး ပုံလေးကို တစ်ချက်နှိပ်ပြီး၊ International လို့ ရိုက်ပြီး၊ ခဏစောင့်ပါ။ ပေါ်လာရင် ကလစ်နှိပ်လိုက်ပါ။


international1

international2



၂။ International Preferences တက်လာပါမယ်။ Languages ၊ Formats ၊ Input Menu ဆိုပြီး Tab သုံးမျိုးတွေ့ပါမယ်။ Input Menu ကို ကလစ်လိုက်ပါ။ ပြီးရင် ဒုတိယ Screenshot မှာ ပြထားတဲ့ အတိုင်း Input Menu List ကြီးတွေ့ပါလိမ့်မယ်။ ပုံထဲကအတိုင်း Zawgyi KB ကို ရှာပြီး အမှန်ခြစ်လေးခြစ်လိုက်ပါ။ Show Input Menu in Menu Bar ကိုလည်း အမှန်ခြစ်ခြစ်ပါ။ နောက် Allow a different input source for each document လည်း ရွေးထားလိုက်ပါ။


InputMenu1

InputMenu2



၃။ အဲ့ဒီအပေါ်က Screenshot မှာ Select Next Input Source in Menu ဆိုပြီး ကီးဘုတ် shortcuts နှင့် ပတ်သက်တဲ့ အပိုင်းကို ကျွန်တော် အနီရောင် ၀ိုင်းထားတာတွေ့ရပါမယ်။ အဲ့ဒါ ကီးဘုတ် ခလုတ်တွဲ ၁ခု နှိပ်တိုင်း Input Language ပြောင်းဖို့ပါ။ တချို့ ယူဆာတွေ က အဲ့ဒီနေရာမှာ Conflict ရှိတယ်လို့ ပြောကြပါတယ်။ Conflict ရှိနေရင် အ၀ါရောင် exclamation mark လေး ၁ခုတွေ့ ပါလိမ့်မယ်။ Select Previous Input Source ရဲ့ default key shortcut က Apple Key + Space ပါ။ Select Next Input Source ရဲ့ default shortcut က Apple Key + Alt Key + Space ပါ။ များသောအားဖြင့် Select Previous Input Source ဘေးမှာ Conflict icon လေး ပေါ်နေပါလိမ့်မယ်။ အဲ့ဒါဘာလို့လဲဆိုတော့ Spotlight ကိုခေါ်တဲ့ shortcut နှင့် သွားရှုပ်နေလို့ပါ။ အဲ့ဒီအချက်ကိုပြင်ဖို့ Keyboard Shortcuts ဆိုတဲ့ Button ကြီးကို နှိပ်လိုက်ပါ။


၎။ Keyboard & Mouse Preferences Pane ပေါ်လာပါလိမ့်မယ်။ Keyboard Shortcuts Tab ကို နှိပ်ပါ။ အောက်က Screenshot ကို တချက်ကြည့်ပေးပါ။ ပုံမှာ ပြထားတဲ့အတိုင်း Input Menu ကို တွေ့အောင်ရှာပါ။ ကျွန်တော်ကတော့ Select Next Input Source ၁ခုထဲကို ရွေးထားပါတယ်။ အဲ့ဒါပိုကောင်းပါတယ်၊ စမ်းသုံးကြည့်ပါ။ ကီး ချိန်းချင်ရင် အဲ့ဒီ ကီးပေါ်မှာ Double Click နှိပ်ပြီး ကြိုက်တဲ့ ကီးတွဲကို နှိပ်ထည့်ပါ။ နောက် ခုနက ပြဿနာတက်နေတဲ့ Spotlight ကိုလည်းတွေ့ပါလိမ့်မယ်။ သူ့ shortcut ကို သူ့ default ဖြစ်တဲ့ Apple Key + Space ပဲ ထားတာကောင်းပါတယ်။ ပြီးရင် Keyboard Pref ကို ထွက်လိုက်လို့ရပါပြီ။


KeyboardShortcuts



၅။ အားလုံးပြီးပါပြီ။ သင့်ရဲ့ Menu Bar မှာ အမေရိကန် အလံလေး ပေါ်လာပါလိမ့်မယ်။ သူ့ကိုနှိပ်လိုက်ရင် List လေးကျလာပြီး မြန်မာအလံကိုရွေးပြီး မြန်မာလိုစရိုက်လို့ရပါပြီ။ ကီးဘုတ် shortcut ကိုလည်း စမ်းကြည့်ပါဦး။


ChangeInputSource



Notes:
- Installation Environment Tested and Demoed was on Mac OS X 10.4 Tiger.
- Offline PDF version of this manual will be online tomorrow.

Future Fixes:
- Admin Access မလိုဘဲ သွင်းလို့ရအောင် ပြင်ရေးပေးပါ့မယ်။
- Zawgyi Font နောက်ဆုံးဗားရှင်း ဟုတ်မဟုတ်ကျွန်တော်လည်း မသေချာပါဘူး။ အသစ်ထွက်မယ်ဆိုထားတဲ့ ဗားရှင်းထွက်တာနှင့် ပြန်တင်ပေးပါ့မယ်။
- Automation Workflow ၁ရပ်အနေနှင့် အဆင့်တွေအများကြီးသက်သာသွားအောင် ကျွန်တော် ကြိုးစားကြည့်ပါမယ်။

Last words:
- ကျေးဇူးတင်ထိုက်သူ အားလုံးကို ထပ်မံ ကျေးဇူးအထူးတင်ပါကြောင်းနှင့် သုံးတဲ့လူအားလုံး အိုကေနိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။ အချိန်မရွေး ကျွန်တော့် အီးမေးလ်ကို ပို့ပြီး ဆက်သွယ် ဆဲဆို၊ ကြိမ်းမောင်းနိုင်ပါတယ်။ ခုတော့ မနက် ငါးနာရီထိုးတော့မယ်။ အိပ်တော့မယ်ဗျိုး။ ....


လေးစားစွာဖြင့်
WaiPhyoK


Saturday, October 13, 2007

Environment - Al Gore - Apple


Environmental Affairs ဟာ ဒီနေ့ ၂၁ရာစုရဲ့ ခေတ်အစားဆုံးတော့ပစ်တွေထဲမှာ ပါပါတယ်။ ကျွန်တော်တို့ အိုဇုန်းလွှာပေါက်တာ၊ ရေခဲပြင်တွေအရေပျော်တာ၊ မြစ်တွေ အဆိပ်သင့်တာ တွေ က အစ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ အမေရိကန်က ဟာရီကိန်း၊ အဲ့တာတွေ အားလုံးဟာ ပတ်ဝန်းကျင် မသန့်ရှင်းလို့ပဲ ဖြစ်ပါတယ်။ စက်ရုံတွေကထွက်တဲ့ မီးခိုးငွေ့တွေ ဟာ အင်မတန် ကြောက်ဖို့ကောင်းပါတယ်။ မိုးနှင့်အတူပြန်ရွာလိုက်ရင် အက်ဆစ်ဖြစ်တော့တာပါပဲ။ ဘယ်လိုမှ ပြေးမလွတ်တဲ့ အရတဲ့ ကပ်တွေထဲမှာ သူလည်းပါပါတယ်။

စင်္ကာပူလို သပ်ရပ်မှုကို ထိပ်ထားတဲ့ တိုင်းပြည်မှာတောင် ဘယ်တော့မှ ပေါ့ဆတယ် မရှိပါဘူး။ သူ့ရဲ့ကားတွေ မီးခိုးဘယ်လောက်ထွက်နေလဲ၊ သူတို့ရဲ့ ဈေး၊မားကတ်တွေ ပလတ်စတစ်ဘယ်လောက်သုံးနေလဲဆိုတာ အစဉ်တစိုက်စောင့်ကြည့်နေပါတယ်။ ကျွန်တော်တောင် အခုဆို Reusable အိတ် အစိမ်းကလေးတွေ သုံးတတ်တဲ့ အလေ့အကျင့်ရလာပါပြီ။ အလကားနေအလကားအဲ့အတိုင်းတည်ရှိနေပြီး ပြန် Recycle မလုပ်ရင် ဘယ်တော့မှ မပျက်တဲ့ အဲ့ဒီ ပလတ်စတစ်အိပ်တွေဟာ အမှိုက်တောင်ကုန်းကြီးတွေလောက်တောင် ဖြစ်သွားနိုင်တယ်ဆိုတာ Idiocracy ရုပ်ရှင်ကြည့်တုံးက မှတ်သားရပါတယ်။

Apple ဟာ အရင်တုံးက သူ့ရဲ့ ကွန်ပျူတာဖြူဖြူလေးတွေ ဟာ လူတွေကို ဒုက္ခပေးတယ်ဆိုတာကို လစ်လျူရှုထားခဲ့ပါတယ်။ ဒီကနေ့မှာ CSR လို့ခေါ်တဲ့ Corporate Social Responsibility ၊ ပတ်ဝန်းကျင်ထိမ်းသိန်းမှုကို လူတွေက အလေးထားလာတဲ့အချိန်မှာတော့ စတီးဂျော့ဗ်လည်း ခေါင်းမမာနိုင်တော့ပါဘူး။ အခုအသစ်ထွက်တဲ့ သူ့ရဲ့အိုင်တီပစ္စည်းအသစ်တွေမှာ မဂ္ဂနီဆီယမ် သိသိသာသာ လျော့ကျသွားပါတယ်။ အလူမီနီယမ်ကို ပိုပြီးသုံးလာတာကိုတော့တွေ့ရပါတယ်။ (ကျွန်တော် ပါဝင်မှုပမာဏတွေကိုတော့ တိတိကျကျမသိပါခင်ဗျား) နိုင်ငံတကာက သတ်မှတ်တဲ့ ဇယားတွေ ချတ်တွေမှာလည်း အိုင်တီကုမ္ဗဏီတွေကြားထဲမှာ သူကထိပ်ပိုင်းကို ပြန်တက်လာပါတယ်။ ဗဟုသုတအရပြောရရင် Starbucks ကလည်း အတော်မြင့်တဲ့ rank မှာရှိပါတယ်။

အဲ့တော့ ဒီတစ်ပတ်ရဲ့ လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ သတင်းက Albert Gore. Jr. ( အမေရိကန်ဒုသမ္မတဟောင်း အဲလ်ဂိုး ) ရဲ့ နိုဘယ်ဆုရတဲ့ သတင်းပါ။ သူဟာ Inconvenient Truth လို့ခေါ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဖြစ်ရပ်မှန် ရုပ်ရှင်နှင့် အော်စကာဆုရခဲ့သူပါ။ (ကျွန်တော့် Sidebar မှာ ထည့်ထားပါတယ်။ Badge လေး နှိပ်ကြည့်ကြပါ။ ) သူက သူ့ရဲ့ ဒေါ်လာ ၁.၅ သန်း ဆုငွေကို တစ်ဝက်လှူပစ်မယ်လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။ ဘာပဲဖြစ်ဖြစ်ဒီသတင်းဟာ Apple ကို ပိုပြီးဂုဏ်တက်စေပါတယ်။ အဲလ်ဂိုးဟာ ပန်းသီးကုမ္ဗဏီရဲ့ Board of Directors ထဲက တစ်ယောက်ပါ။ အဲ့ဒါကြောင့် ဒီကနေ့ Apple Website ကိုသွားကြည့်ရင် သူ့ကို ဂုဏ်ပြုထားတဲ့ စာမျက်နှာကို တွေ့ရမှာပါ။ အင်း .... နောက်ဆို iTunes ကြော်ငြာတွေ Environment Oriented တောင်ဖြစ်လာမလားမသိဘူး .. ဟီး..။

Apple says:
Al has put his heart and soul, and much of his life during the past several years, into altering and educating us all on the climate crisis. We are bursting with pride for Al and this historic recognition of his global contributions.


သြော်နောက်ဆုံး သတင်းလေး၁ခု၊ မိုက်ခရိုစုပ်ဖ် ရဲ့ Imagine Cup ကိုစိတ်ဝင်စားတဲ့ လူများ ဒီနှစ်ရဲ့ Theme ကလည်း Environment ပါပဲခင်ဗျာ။ မနှစ်က တော့ Education ပါ။ .. အိမ်မှာ အိမ်သုံး ပလတ်စတစ် Recycle လုပ်တဲ့ စက်တို့ဘာတို့ထွင်ပြီး ၀င်ပြိုင်ပေါ့ဗျာ။ ဆိုတော့ ၂၀၀၈ မှာ ပတ်ဝန်းကျင်ကိစ္စတွေ ပိုဟော့လာဦးမယ် လို့ ကျွန်တော်ထင်ပါတယ်။ (အင်း..တကယ်တော့ တစ်သက်လုံးဟော့နေမှာပါ။ )


Friday, October 12, 2007

Teens - Web 2.0 - Where are you?


နောက်ထပ် လူငယ်တွေနှင့် ပတ်သက်တဲ့ ပို့စ်၁ခုဆိုပါစို့။ ဆယ်ကျော်သက်တွေဟာ အခုဈေးကွက်မှာရှိနေတဲ့ အိုင်တီပစ္စည်းတွေရဲ့ ရောင်းအားကို ကောင်းကောင်းမောင်းနှင်နိုင်တာကို ကျွန်တော် ပြီးခဲ့တဲ့ပို့စ်မှာ ရေးခဲ့ပါတယ်။ အခုအဲ့ဒီလိုဖြစ်အောင် ဘာတွေက အထောက်အကူလုပ်သလဲဆိုတာကို ကြည့်ကြရအောင်။ ကိုစေတန်၁ခါ မေးဖူးတဲ့အကြောင်းအရာပါ။ ၀ဗ်၂.၀ လို့ဆိုရင် မမှားပါဘူး။

ကျွန်တော့်ကို အဲ့ဒီ ၀ဗ်၂.၀ ဆိုတာ ဘာအဓိပ္ပါယ်လဲမေးရင် တိတိကျကျ မသိပါဘူး။ Tim O'Reilly က သူ့ရဲ့  ၀ဗ်၂.၀ definition ကိုယ်၌မှာတောင် အဲ့ဒါဟာ စီးပွားရေးသမားတွေရဲ့  စကားလုံးလှလှတွေထဲက ၁ခုပါတဲ့။ လူတွေက ဒါပဲထပ်ခါထပ်ခါသုံးနေတော့ မျက်စိနောက်စရာ ဖြစ်လာတာပေါ့။ ဒီကြားထဲ ဂူဂယ် စီအီးအိုကြီးက ၀ဗ်၃.၀ လာတော့မယ်ဆိုတော့ ရုတ်ရုတ်သဲသဲတွေ ထပ်ဖြစ်သွားသေးတယ်။ ဒါပေမယ့် ဒီပို့စ်ရေးဖို့ကလည်း နည်းနည်းပါးပါး အဲ့ဒီကောင်ကို အဓိပ္ပါယ်ဖွင့်ဖို့ကလည်း လိုတာမို့ ကျွန်တော် နားလည်ထား သိထားသလောက် ပြောပါရစေ။

အဲ့ဒီ ၀ဗ် ၂ ပွိုင့် အိုး ( ကျွန်တော်က အဲ့လိုခေါ်ပါတယ် ) ကို ခြုံငုံပြီးပြောရမယ်ဆိုရင် သူဟာ ဆားဗစ်စ်၁ခုလည်းဟုတ်တယ်၊ ဒါပေမယ့် လူတွေ၊ နက်ဝက်ခ်တွေ၊ လူလူခြင်းချိတ်ဆက်မှုတွေကို အရမ်းအခြေခံပါတယ်။ သူ့ရဲ့  ဆားဗစ်က လူတွေရဲ့  ပါဝင်ပတ်သက်မှု၊ driving force ပေါ့လေ၊ အဲ့ဒါကို ပိုပြီး အားပြုပြီး ကောင်းသထက်ကောင်းတဲ့ ဆားဗစ်စ်၊ ကြီးသထက်ကြီးတဲ့ ဆားဗစ်စ် ၁ခုဖြစ်လာအောင်လုပ်တာပါ။ Communication က အသက် ဆိုပါစို့။ စစခြင်း သေးနေလည်း ကိစ္စမရှိဘူး၊ သူတို့က အချိန်နှင့် အမျှ၊ ပါဝင်တဲ့လူတွေများလာတာနှင့် အမျှ ပိုကောင်းလာတဲ့ ဆားဗစ်စ်၁မျိုးပါ။ Social Patterns တွေပေါ့ဗျာ။ အဲ့လိုပိုကောင်းလာအောင် အဲ့ဒီ ၀ဗ်၂.၀ စနစ်၁ခုက အဲ့ဒီအသုံးပြုနေတဲ့ ယူဆာတွေ၊ လူတွေ ဆီကနေ လိုအပ်တဲ့ သတင်းအချက်အလက်ကိုလည်း ကောင်းကောင်းမှန်မှန်ရယူနိုင်ရပါမယ်။ အဲ့ဒါတွေကို သုံးပြီးသူ့ရဲ့ ဆားဗစ်စ် ၀န်ဆောင်မှု ကို ပိုကောင်းအောင်လုပ်ရပါတယ်။ ဒါကို Data/Information Driven လို့ ဆိုကြပါတယ်။ နောက်ပြီး စတင်လုပ်တဲ့လူက အရာအားလုံးလိုက်လုပ်နေစရာလည်း မလိုတော့ပါဘူး။ User Accentric ဖြစ်သွားပါတယ်။ သူတို့လုပ်ပိုင်ခွင့်ကို ချဲ့  ပေးလိုက်တဲ့သဘောပါ။

ဒီအချက်ကို Facebook ကိုကြည့်ရင် သိနိုင်ပါတယ်။ Frendster ကိုကျော်တက်သွားတယ်ဆိုတဲ့နေရာမှာ Facebook က သူ့ရဲ့  API တွေ၊ ယူဆာတွေကို ကြိုက်သလို ပေးကလိပြီး ပိုပြီးကောင်းသထက်ကောင်းတဲ့ ပတ်ဝန်းကျင်၁ခုကို အသုံးပြုတဲ့သူတွေကို ဖန်တီးခွင့်ပေးလိုက်တာပါ။ Community Driven လို့ ခေါ်ကြပါတယ်။ နောက် Personalization လည်း အရေးကြီးပါတယ်။ အဲ့ကောင်ကဘာလည်းဆိုတော့ ဒီစနစ်ကို အသုံးပြုတဲ့လူတွေ ကိုယ်နှင့်လိုက်ဖက်တဲ့၊ ကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေ အဖြစ်ပြောင်းလဲပြီး အသုံးပြုစေပါတယ်။ Google ကလည်း အတော်ကောင်းတဲ့ ဥပမာ၁ခုလို့မြင်ပါတယ်။

အဲတော့ လူငယ်တွေနှင့် ဒီ ၀ဗ်၂.၀ အရာတွေ ဘယ်လိုပတ်သက်လဲဆိုတာ ကြည့်ရအောင်။ ဘလော့ခ်တွေ၊ social networking sites တွေဟာ ၀ဗ် ၂ ဒဿမ အိုး ရဲ့  ကနဦး ဆရာကြီးတွေထဲမှာပါပါတယ်။ လူငယ်တွေ၊ ဆယ်ကျော်သက်တွေဟာ လူမှုရေး၊ communications တွေကို သိပ်အလေးထားပါတယ်။ သူတို့ရဲ့  Peers တွေ ဘာလုပ်သလဲ၊ ဘယ်လိုနေလဲ က အစ နောက်ဆုံး အချက်အလက်ဖြန့်ချီရေးတွေ ကိုပါ သူတို့က သူတို့နှင့် ပုံစံတူတဲ့ သူငယ်ချင်းတွေ ရွယ်တူတွေကို အားကိုးကြပါတယ်။ သူတို့က သူတို့ရဲ့  အပေါင်းအသင်းဝင်ဆံ့မှုအပေါ် အရမ်းဂုဏ်ယူပါတယ်။ အမေရိကန်မှာဆိုရင် အထက်တန်းကျောင်းဟာ သူတို့အတွက် အပေါင်းအသင်းဖွဲ့ ၊ လူမှုဘ၀တွေ အပြိုင်အဆိုင်လုပ်တဲ့နေရာ၁ခုပါ။ သူငယ်ချင်းဘယ်လောက်ပေါသလဲဆိုတဲ့ ပေတံနှင့် အချင်းချင်းလိုက်တိုင်းလေ့ရှိပါတယ်။ ဒီနေရာမှာ MySpace လို အရာတွေဝင်လာပါတယ်။ အပြင်မှာ ဘော်ဒါတွေထားသလို၊ online မှာလည်း ၁ဦးနှင့်၁ဦး အချိတ်အဆက်လုပ်ကြပါတယ်။ သူတို့ကို လူကြီးတွေက သိပ်ဂရုမစိုက်နိုင်တဲ့အခါမှာ ဒီသူငယ်ချင်းတွေနှင့်အချိန်ကုန်ကြပါတယ်။ အဲ့ဒါကြောင့် Friendster, FaceBook, MySpace စတာတွေ နာမည်ကြီးလာပါတယ်။ ကွန်ယက်တွေကျယ်ပြန့်လာပါတယ်။

နောက် ၀ါသနာဆိုတဲ့ အရာဟာလည်း သိပ်အရေးကြီးပါတယ်။ အဖေက ဆရာဝန်၊ သားကတော့ ပန့်ခ်အဆိုတော် ၁ယောက်ဖြစ်ချင်တယ်ဆိုရင် ဒီနှစ်ယောက် စကားတော်တော်ထိုင်ပြောလို့ မလွယ်ပါဘူး။ အဲ့ဒါကြောင့်ဆယ်ကျော်သက်တွေဟာ သူတို့ဝါသနာတူခြင်းလည်း အွန်လိုင်းပေါ်မှာစုမိကြပါတယ်။ ၀ဗ်၂.၀ရဲ့  ထုံးစံအရ အသုံးပြုသူတွေရဲ့  ဒေတာ တွေကို အခြေခံထားတာဖြစ်တဲ့အတွက် အချင်းချင်းဖလှယ်စရာရှိဖလှယ်လို့လည်းရတဲ့ အဲ့ဒီနေရာတွေဟာ သူတို့အတွက် တော်တော်ကောင်းတဲ့ဌာနေတွေလို့ သမုတ်ကြပါတယ်။ နောက် ဘလော့ခ်တွေဆိုလည်း ထိုနည်းအတိုင်းပါပဲ၊ ကိုယ် သိတဲ့အရာ၁ခု၊ မသိတဲ့အရာ၁ခု၊ ထင်မြင်ချက်လေး၁ခု၊ ဘာပဲဖြစ်ဖြစ် ထုတ်ဖော်ပြောကြွားချင်ပါတယ်။ လွတ်လပ်စွာ ပြောဆိုလိုက်ချင်ပါတယ်။ လူကြီးတွေ နားမထောင်ရင် နေပါစေ၊ ငါဒီနေ့ဘာလုပ်လဲ တလောကလုံးသိအောင် ဆိုပြီး MySpace တို့ Blogger တို့မှာ စာတက်ရေးပါကြပါတယ်။

သို့သော်ငြားလည်း ဘယ်နည်းပညာသစ်ပဲဖြစ်ဖြစ် အန္တရာယ်လည်းပါလာစမြဲပါ။ Cyber Predators လို့ခေါ်တဲ့ စားမယ်ဖြဲမယ် တကဲကဲကောင်တွေကြောင့်လည်း တော်တော်ဒုက္ခရောက်ပါတယ်။ နောက်လူငယ်တွေဟာ စွဲလန်းလွန်တဲ့နေရာမှာလည်း အားသန်ပါတယ်။ အလကား အားအားရှိထိုင်ပြီး Facebook သွားလိုက်၊ Friendster သွားလိုက်၊ ဓါတ်ပုံလေးတင်လိုက်၊ ဂိမ်းလေးတွေရှယ်လိုက်နှင့် အချိန်ကို အလဟဿဖြုန်းပစ်နေတဲ့လူငယ်တွေလည်းများလာပါတယ်။ ဒါကတော့ လုံးဝမကောင်းတဲ့အချက်ပါ။ နောက်အဲ့ဒီလိုနေရာတွေမှာ တင်ဖို့ဆိုပြီး ဓါတ်ပုံ၊ ဗီဒီယို၊ သီချင်း စတာတွေကို လိုက်လံစုဆောင်းကြတာလည်း တရားမ၀င်တဲ့နည်းလမ်းတွေကို အသုံးများလာကြပါတယ်။ ဒါဟာ ဥပဒေနှင့်ငြိစွမ်းပြီး တော်တော်ဒုက္ခရောက်မဲ့ကိန်းတွေပါပဲ။ ဘလော့ခ်မှာ သူများဓါတ်ပုံယူတင်တာတောင် ထောင်နှစ်ချီပြီးကြနိုင်ပါတယ်။ IP Laws တွေဆိုတာကို မေ့လျော့လာခြင်းတွေပေါ့ဗျာ။

အဲ့တော့ MySpace လို အရာတွေကို ပိတ်ပစ်ရတော့မှာလားဆိုတော့လဲ မဟုတ်ပါဘူး။ နည်းပညာကို ပိတ်ပင်ခြင်းဟာ သူတို့ကို နည်းပညာကို လုံလုံခြုံခြုံ သုံးနည်းသင်ပေးတာ မဟုတ်ပါဘူး။ ဘယ်လိုဆိုက်တွေကိုသာ ၀င်ကြည့်ရမယ်လို့ နီတိအရရော၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်းအရရော သင်ပေးလိုက်တာမဟုတ်ပါဘူး။ အထူးသဖြင့် အမေရိကန်က ကျောင်းတွေမှာ အဲ့လို Facebook လိုဆိုက်တွေကို ပိတ်ဖို့စဉ်းစားတာဟာ ပိုက်ဆံမတတ်နိုင်တဲ့ကလေးတွေ၊ ကွန်ပျူတာမရှိတဲ့ ကလေးတွေအတွက် ကျောင်းပြင်ပ၊ အိမ်မှာဆိုရင် peers တွေနှင့် အဆက်အသွယ်ဖြတ်ခံလိုက်ရ သလိုပါပဲ။ နောက်ပြီး အဲ့လို social sites တွေကို ပိတ်ပစ်ခြင်းအားဖြင့် Safe Sex တွေ၊ ဘာတွေ ဖြစ်လာမယ်ဆိုတာလည်း အကုန်မမှန်ပါဘူး။ R.E ကို ကျောင်းမှာသာကောင်းကောင်းသင်ပေးဖို့က အရေးကြီးပါတယ်။ နောက် လူငယ်တွေရဲ့  အတွေးအခေါ်ထုတ်ဖော်ခွင့်ကို ကျောင်းတွေက Blog တွေကို Ban ခြင်းအားဖြင့် ပိတ်တယ်ဆိုတာ တော်တော်လွန်ပါတယ်လို့ နည်းပညာ လေ့လာသူတွေက ပြောကြပါတယ်။

နောက်ဆုံးအနေနှင့် ကျွန်တော်တို့ကြည့်မယ်ဆိုရင် ဒီလို ၀ဗ်၂.၀၊ ဆိုရှယ်ဆိုက်တွေ ဟာ ဆယ်ကျော်သက်တွေကို Skills တွေ တော်တော်များများလည်း သင်ပေးပါသေးတယ်။ Photos, Videos Editing တွေ၊ Music Creationg တွေ၊ Web Layout တွေက အစ Widgets/Apps Developing တွေ၊ အင်တာနက်ကိုသုံးပြီး အချက်အလက်တွေကို နေ့စဉ်ဘ၀အတွက် မြန်မြန်ဘယ်လိုရှာမလဲဆိုတာတွေကိုပါ သင်ပေးတဲ့နေရာတွေဖြစ်နေတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ နောက်ပြီး ဘာပစ္စည်းသစ်ပဲထွက်ထွက် ၁ယောက်နှင့် ၁ယောက် လက်တို့ပြီး ၀ယ်ယူအားပေးနိုင်တဲ့ Marketplace ကြီးမို့လို့ စီးပွားရေးသမားတွေကလည်း မျက်စိကျကြပါတယ်။ ကောင်းကောင်းသုံး၊ ကျူးကျူးလွန်လွန်တွေ မဖြစ်ရင်၊ တန်ဆေးလွန်ဘေးဆိုတဲ့ စကားနှင့်အညီ ဆေးဝါးဖြစ်မဲ့ နေရာလေးတွေပါလို့ ဆိုချင်ပါတယ်။

ကျွန်တော်တို့ ၀ဗ် ၃ ပွိုင့် အိုး ဆိုတာကိုလည်း စောင့်ကြည့်ကြရအောင်ဗျာ။

Rgds,
WaiPK