Site Relocation

Moved to waiphyok.com

Saturday, December 16, 2006

Photoshop CS 3 Beta 

Adobe က တော့လုပ်ချလိုက်ပြီ။ ၁နှစ်ခွဲတောင်မကြာသေးဘူးထင်တယ်၊ CS2 ထုတ်တာ၊ ခု Ver အသစ်ထပ်ထုတ်လိုက်ပြန်ပြီ။

Adobe Photoshop CS 3 တဲ့၊ ကျန်တဲ့ Image Ready တွေ ဘာတွေ အကုန်လုံးပါ မပါတော့ မသေချာဘူး၊ သေချာတာတစ်ခုကတော့ Photoshop ကို အဓိကပြင်ပြီး Beta အနေနှင့် ထုတ်လိုက်တာပါ။ အရင်က Mac Users တွေ ၊ အထူးသဖြင့် Intel Mac အသုံးပြုသူတွေ အင်မတန် ဒုက္ခရောက်ရပါတယ်။ Photoshop CS2 က အရင် PowerPC တွေအတွက် အခြေခံပြီး ထုတ်ထားလို့ပါ။ Intel Macs တွေပေါ်မှာ အလုပ်လုပ်ရင် အရမ်းနှေးပါတယ်။

အခု နောက်ဆုံးထွက်တဲ့ CS 3 Photoshop ( PS ) က တော့ Universal Binary ဖြစ်သွားပါပြီ။ ဂရပ်ဖစ်သမားတွေ ကတော့ အဓိက ၀မ်းသာမယ်ထင်ပါတယ် ။ x) ကျွန်တော်ကတော့ တခါတလေမှ သုံးဖြစ်တာပါ။ ဒါပေမယ့် ဒီကောင်ကို ထွက်ထွက်ခြင်း Trial သုံးကြည့်လိုက်ပါတယ်။ ပေါ့လိုက်တာ အံ့ရောဗျာ။ အရင် CS တွေနှင့် ကွာပါ့။

အင်း လောလောဆယ်တော့ Beta လို့ပြောတာပဲ။ ဒါပေမယ့် စမ်းသုံးကြည့်ကြစမ်းပါ။ ၀င်းဒိုးအတွက်လည်း တချိန်ထဲ ထုတ်လိုက်တာပါ။ ၀င်းဒိုး Vista အတွက်တောင် ပါလိုက်သေးတယ်။ -)

Regards,
Wai Phyo K.