Site Relocation

Moved to waiphyok.com

Wednesday, November 29, 2006

YourFreedom on OSX

ကျွန်တော်တို့ မြန်မာတွေ သိပြီးသားလည်း ဖြစ်လောက်မှာပါ။ ဒါပေမယ့် မနေနိုင်လို့ ရေးလိုက်တယ်။

YourFreedom ကို ကျွန်တော်လွန်ခဲ့တဲ့ ၄နှစ်လောက်က စသုံးပါတယ်။ သူ့ရဲ့ Features တွေကို အတော်လေး သဘောကျတယ်။ ပေးရတဲ့တန်ဖိုးနှင့် ရတဲ့ အကျိုးကလည်း တော်တော် တန်တယ် ( လို့ ထင်တယ် ) ။ ကဲပါထားပါတော့။

ကျွန်တော်က စင်္ကာပူ မှာဖြစ်ပြီး ဘာလို့ YF လိုလည်း ဆိုတော့ - ကျောင်းကြောင့်ပါ။ ကျောင်းက IM Clients တွေ ပေး မသုံးဘူးမဟုတ်ဘူး၊ ပေးသုံးပါတယ်။ ဒါပေမယ့် Mac OS X အတွက်တော့မဟုတ်ဘူး။ MSN က Widows XP ( via school proxy ) မှာ ရပြီး Official MSN Messenger for Mac OS X က တော့ သုံးမရဘူး။ ဒီ့ အပြင် iChat ကိုလည်း Port တွေ ပိတ်ထားသေးတယ်။ ဘယ့်နှယ့် လူနည်းစုသုံးတဲ့ Ports တွေကို ဘာလို့ ပိတ်ထားမှန်းနားကိုမလည်ဘူးဗျာ။ ခွဲခြား ခွဲခြား .... .... နှင့် .. !

အဲ့ဒါနှင့် ကျွန်တော်လည်း မနေ့ က မှ YF Site ကို ပြန်သွားပြီး ရှာကြည့်တော့ JRE Version ၊ Mac Version ရယ် ၂ခုတွေ့တယ်။ JRE ကို ပဲ ဒေါင်းလုပ်လုပ်ပြီး စမ်းသုံးကြည့်တယ်။ Zip File ကို Extract လုပ်လိုက်တာနှင့် freedom.jar ကို တွေ့လိုက်မယ်။ Run လိုက်တာနှင့် OS X ရဲ့ Java Emulator က Auto-Run သွားပါလိမ့်မယ်။ EMSGUI ဆိုတဲ့ ဆော့ဖ်ဝဲ ၀င်းဒိုးလေး Apple Task Bar မှာ ပေါ်လာပါလိမ့်မယ်။ နောက်ပိုင်း Steps တွေကတော့ ကျွန်တော်တို့ Windows မှာ လုပ်နေကျ အတိုင်းပဲ Wizard သုံးပြီး ဖြစ်ဖြစ် ၊ Manually Key in ပဲ ဖြစ်ဖြစ် Server Settings တွေ၊ Proxy တွေ ရိုက်ထည့် လိုက်ပါ။ ပြီးရင် Start Connection လုပ်ပြီးရင် သုံးလို့ရပါပြီ။ ...အဲ့ ၀င်းဒိုးကို မပိတ်ရပါ။ မျက်စိနောက်နေရင် Apple Key + H နှိပ်ပြီး Hide ထားလိုက်ပါ။ -)

ကျွန်တော်ပဲ ပိန်းတိန်းကျလို့လားတော့ မသိဘူး။ Google မှာ အချိန်အတော်ကြာ ပေးပြီး Anonymity Surfing Software တွေ ရှာလိုက်သေးတယ်။ YF မှာ ဒီလောက်လွယ်တဲ့ Version ရှိ တာကို ... =)

အချိန်ရရင် စမ်းကြည့်ပါ။ ဘာပဲပြောပြော ပျော်ဖို့ ကောင်းပါတယ်။ ... ဟီး....

Regards,
Wai Phyo Kyaw

Thursday, November 16, 2006

MST Just Finished

ဟူးရေး.
MST ( Mid Sem Test ) ပြီးသွားပြီ။ လူလည်းအတော်မူးသွားတယ်။ မေးခွန်းတွေကလည်း ပထမဆုံး ၁ ဘာသာပဲလွယ်တယ်။ ( JSP - Java Servlets ). ဒုတိယဘာသာ Mobile J2ME Programming လည်း မဆိုးပါ။ တတိယဘာသာ System Dev Techniques ( UMLs ) မှာစပြီး မူးလာတယ်။ အမှတ်ကောင်းကောင်းရပါ့မလားမသိ။ နောက်ဆုံးဘာသာဖြစ်တဲ့ DSAL ( Data Structures & Algorithms - Java ) မှာ ဆရာက သတ်တော့တာပဲ။ Class ခုနှစ်ခု လောက်ကို ပေးပြီး ၂နာရီအတွင်း ရေးခိုင်းတာ ကံကောင်းလို့ပေါ့ဗျာ၊ ညက အိပ်ရေး၀၀ အိပ်ထားတာမှန်သွားတယ်။ ရင်တထိတ်ထိတ်နှင့် Run သွားပေလို့ပဲ။ =) Overall ပြန်ကြည့်လိုက်ရင် သုံးဘာသာလောက်တော့ အေးအေးဆေးဆေးဖြစ်ခဲ့ပါတယ်။ ဘုရားသိကြားသာ မ ပေတော့ဗျို့။

အဲ့ ဒီနေ့ စာမေးပွဲပြီးတော့ စမ်းထားတဲ့ Apps တွေတော့ရှိတယ်။ နောက်မှဆက်ရေးဦးမယ်။ -)

Regards,
Wai Phyo k

Friday, November 03, 2006

JBuilder on OS X - Help me!

လုပ်ကြပါဦးဗျာ။ JBuilder သွင်းလို့လည်းမရဘူး။ ပြောတော့ Multi-Platform Support တဲ့ ခပ်တည်တည်နှင့် ဒေါင်းလုပ်တွေလည်း ပေးထားသေးတယ်၊ ပြီးတော့ Install လုပ်ရတာလည်း ရတဲ့ အခါမှရ၊ သွင်းပြီးရင်လည်း သုံးမရနှင့် ဒုက္ခအမျိုးမျိုးပေးနေပြီဗျ။ အွန်လိုင်းမှာ ရှာကြည့်တော့ Apple Scripts လိုလို၊ Unix Shell Commands တွေလိုလို အရာတွေတော့ တွေ့ပါတယ်။ ပြောတဲ့ အတိုင်း Run ကြည့်တော့လည်း မရ၊ နဂိုကတည်းကရတဲ့လူက ခပ်နည်းနည်းရယ်နှင့်။ အရေးထဲ ကျွန်တော်က J2SE 5.0 Update 9.0 သွင်းထားတော့ Apple ရဲ့ JDK 1.4.2 နှင့် လည်း Clash ဖြစ်ချင်သလိုလိုလုပ်နေလို့ မနည်းရုန်းလိုက်ရတယ်။ နာရီ အနည်းငယ်ကြာအောင်လုပ်ပြီးတဲ့အခါမှာလည်းဘာမှ မအောင်မြင်လိုက်ပါဘူး။ အဲ့ဒါနှင့် နှစ်ရက်လောက်ကြာတော့လည်း ထပ်စမ်းတယ်။ လင့်ခ်အသစ်ကလေးတွေတွေ့လို့ ရဘူးဗျာ။ တကယ်လို့ အောင်မြင်ထားတဲ့လူရှိရင်ပြောစမ်းပါ။ ကျောင်းက JBuilder သုံးတော့ ကျွန်တော်က တခြား IDE သုံးရင် လာရစ်နေမှာစိုးလို့။ Eclipse IDE ဆိုတာလည်း ရှိပေမယ့် မသုံးရဲဘူးဗျ။ ရှိထားတဲ့ Files လေးတွေ ပျက်သွားမစိုးလို့ဗျာ။

....sigh..... *x*

Wai Phyo Kyaw _ \n
@ eddie