Site Relocation

Moved to waiphyok.com

Wednesday, October 25, 2006

Firefox 2 is out =)

[ The award-winning Web browser from Mozilla is now faster, even more secure, and totally customizable to your online life. ]

မင်္ဂလာရှိတဲ့ နံနက်ခင်းပါပဲ။ ကျွန်တော်မိုးလင်းတော့ စက်ကို Boot တက်ပြီးတဲ့ အခါမှာ OS X ကမေးပါတယ်။ Mac Firefox 2 ကို ဒေါင်းလုပ်လုပ်မလားတဲ့။ ကျွန်တော်တို့ အကြာကြီးစောင့်စား နေခဲ့ရတဲ့ FF2 လာပါပြီ။ မနေ့ကလေးတင် ကြည့်တာ RC3 ပဲရှိပါသေးတယ်။ .... အင်းကျွန်တော်ပဲမျက်စိလျှမ်းတာနေမှာပါ။ ထားပါတော့။

FF2 မှာ Features အသစ်တွေ အများကြီးပါလာပါတယ်။

-Enhanced tabbed browsing
-ပိုကောင်းလာတဲ့ Tabs တွေပါ။ ကျွန်တော်တို့ မှားပြီးပိတ်လိုက်ရင်တောင် Recent Tab Lists ကိုခေါ်ပြီးပြန် Recall လုပ်လို့ ရပါတယ်။ Page အသစ်တွေကိုလည်း Tab အသစ်မှာပြမယ် ( Default ) ဆိုပါတယ်။

-Live Titles
-အွန်လိုင်းကနေပစ္စည်းဝယ်လေ့ရှိသူ၊ လေလံဆွဲတဲ့သူတွေအတွက်အသုံးဝင်မှာပါ။ ကျွန်တော်တို့ မှာထားတဲ့ ပစ္စည်းရဲ့ Delivery, Estimated Time စတာတွေကို Track လုပ်လို့ရပါတယ်။

-Session Saver
-အရင်တုံးကလို Extensions တွေ သုံးစရာမလိုတော့ပါဘူး။ Built-in ဖြစ်သွားပါပြီ။ သိမ်းချင်သလောက်သိမ်းဆိုပဲ။

-Phishing Protection
-Phishing/Phreaking တိုက်ခိုက်မှုတွေ၊ Website အတုအယောင်တွေကို FF2 ကစစ်ပေးပါမယ်တဲ့။ အိုင်အီးမှာပဲ ရတဲ့ Feature မဟုတ်တော့ကြောင်း ပြချင်လို့နေမှာပါ။

-Search Suggestion & Spell Checkers
-အွန်လိုင်းကနေ အချက်အလက်တွေရှာဖွေချိန်မှာ User တွေ ပိုမိုအဆင်ပြေအောင်ဆိုပြီး FF2 က Suggestions တွေပေးပါလိမ့်မယ်။ Built-in Spell Checker ကလည်း ကျွန်တော်တို့အတွက် စာလုံးပေါင်းစစ်ပေးပါမယ်တဲ့။ Opera ကို ဆော်ထားတာပဲ။

တခြားကျွန်တော်ရေးမပြတော့တဲ့ Features တွေ အများကြီးကျန်ပါသေးတယ်။ www.mozilla.com မှာ သွားရောက်လေ့လာနိုင်ပါတယ်။

Regards,
Wai Phyo Kyaw @ edwardwitten