Site Relocation

Moved to waiphyok.com

Saturday, October 14, 2006

Final & Third Post : Widget Testing

တတိယမြောက် နှင့် နောက်ဆုံး အချောသတ် ပို့စ်ဖြစ်ပါတယ်။ 
ဒုတိယ ပို့စ်ကိုတင်ပြီးတဲ့ အချိန်မှာ ကျွန်တော် Safari * မှာ ကြည့်လိုက်ပါတယ်။ ကြောက်စရာကောင်းလောက်အောင်ပဲ Fonts တွေက စုတ်ပြတ်နေပါတယ်။ Widget ရဲ့ Javascript/JS တွေ အလုပ်မလုပ်ဘူးလားတောင် ထင်သွားပါသေးတယ်။ နောက်တော့မှ ကျွန်တော် သတိရတယ်။ ပို့စ်တွေ မှာ Style:font-family ပိတ်ပြီး ရေးရမဲ့ ကိစ္စပါ။ အတော်ခေါင်းစားစရာပါ။ ကျွန်တော့် Widget က HTML ရေးမရပါဘူးဆိုမှ။ ဒါနှင့် ခဏနားသော်အကြံပေါ်ဆိုတဲ့ လမ်းစဉ်လေးအတိုင်းလိုက်၊ Honey လေးကို ဖုန်းကောက်ဆက်ပြီးတဲ့ သကာလ မှာတော့ ကျွန်တော်မေ့နေတဲ့ အင်မတန်လွယ်တဲ့ နည်းကို သွားသတိရတယ်။ အဲ့ဒါကတော့ Blog Template မှာ Blog Post Body Tag အတွင်းမှာ Paragraph (
) Element  ၁ ခုရှိပါတယ်။ ဒီကောင်က Blog ရဲ့ ပို့စ် ၁ခုလုံးကိုခြုံထားတဲ့ Tagပါ။ ဒါနှင့် အဲ့မှာ လွယ်လွယ်လေးပဲ နောက်ထပ် Division (< div >) ၁ခုထပ်အုပ်၊ Style="font-family:Zawgyi-One;" ကောက်ထည့်လိုက်ပြီး Safari မှာပြန်စမ်းကြည့်လိုက်တော့ ထခုန်မတတ်ပါပဲ။ ယခင်ပို့စ်တွေလို ဂွတ်ရှယ်ပါပဲ။ 

( ကျွန်တော် အရင် ပို့စ်တွေတုံး ကလည်း အဲ့လို  Hard code ကြီးထည့် ထည့်သုံးခဲ့တာပါ။ စဉ်းစားကြည့်ရင် ရှက်စရာပဲ။ ကိုယ့်ကိုကိုယ်တောင်ပြောမိတယ် အခုမှဒီ Logic ကို သတိရရလားလို့  ... =D ) 

|NB| * Safari နှင့် ဘာကြောင့် Standard ထားပြီး စမ်းရလဲဆိုတော့ ဒီကောင်က မြန်မာ Unicode fonts တွေကို Render လုပ်ပေးတဲ့နေရာမှာ ပိုပြီး Accurate ဖြစ်ပါတယ်။ Firefox က တော့ တတွန့်တွန့် နှင့် စာလုံးတွေ ပျက်နေတာ အင်မတန်ဆိုးရွာလှပါတယ်။ သူတို့ရဲ့ U2000 Unicode Engine ကိုဘယ်တော့များ ကောင်းကောင်းမွန်မွန် ပြန်လုပ်ပေးမလဲဆိုတာ ဘယ်သူများသိနိုင်မလဲခင်ဗျာ။

Regards,
Wai Phyo