Site Relocation

Moved to waiphyok.com

Wednesday, October 25, 2006

EOT & ကျွန်တော်

သူငယ်ချင်းတစ်ယောက်က ပြောတယ်။ EOT ( Embedded Open Type ) ပြန်သုံးပါတဲ့။ ကျောင်းမှာ ဖတ်ချင်လို့တဲ့။ ကျွန်တော်အမှန်အတိုင်းပြောတာပါ။ EOT လုပ်ဖို့ အတွက်အချိန်ကသိပ်မလိုပါဘူး။ ဒါပေမယ့် WEFT ကို ပြန်သွင်းဖို့ Window မှာ တကူးတကလုပ်ရမယ်။ ဘာရယ်ညာရယ်နှင့်။ နည်းနည်းလက်ပေါက်ကပ်လို့ဗျာ။ ဒါနှင့် ကျွန်တော်ရဲ့ EOT ပုံပြင်လေးလည်း စိတ်ဝင်စားရင်နားထောင်ပါဦး။

ကျွန်တော်လွန်ခဲ့တဲ့ ၁ နှစ်သာသာခန့်က ကျောင်း Website အတွက် မြန်မာ Font သုံးဖို့ ကြိုးစားတယ်။ ကျောင်းမှာ Font မရှိတော့ မပေါ်ဘူးဗျ။ လူကသိပ်လည်းမလည်၊ မတတ်သေးတော့ သိပ်စိတ်ညစ်ဖို့ကောင်းတယ်။ နောက်တော့ အကြံပေးတဲ့လူတွေက နားစွန်နားဖျားပြောတယ်။ Embedded Font ဆိုတာရှိတယ်တဲ့။ Server ပေါ်မှာတင်ထားပြီး သိမ်းရုံပဲတဲ့။ အဲ့တာနှင့် ထုံးစံအတိုင်းGoogle ပေါ့။ တွေ့ပါတယ်ဆိုက်ဆိုက်မြိုက်မြိုက်ပဲ။ WEFT ( Web Embedding Font Tools ) ဆိုပဲ။ လူလည်းပျော်သွားသပေါ့။ ဒါနှင့်စမ်းတယ်၊ စမ်းတယ် စမ်းတယ်။ အင်း နောက်ဆုံးတော့လည်း မဆိုးပါဘူး အဲ့ဒါလေးကို လယ်လယ်ဝယ်ဝယ်ရှိသွားတယ်။ ဒါပေမယ့် ကောင်းကောင်းမွန်မွန် EOT ၁ခုမှ ထွက်မလာဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် Subsetting ကို နားမလည်ခဲ့ဘူးဗျာ။ အဲ့လို၊ အဲ့လိုနှင့် နောက်တော့လည်း သဘောပေါက်သွားပါတယ်။ ဒါပေမယ့် ထပ်လုပ်ရမှာ မလုပ်ချင်ဘဲပျင်းနေတယ်။ ဟိုတလောက သူငယ်ချင်း တစ်ယောက်က လုပ်ပေးလို့ Template အဟောင်းမှာ ၃လလောက်သုံးနေလိုက်သေးတယ်။

အဲ့ ဇာတ်လမ်းက အဲ့မှာ မဆုံးဘူး။ အခု Mac လည်းသုံးရော ကျွန်တော် Embedded Font 1 ခု လုပ်ရမယ့် အခြေအနေရောက်လာပြီ။ ဒါပေမယ့် Windows မှာပဲ WEFT ရှိပြီး Mac မှာ မရှိဘူးဗျ။ ကျွန်တော်သုံးချင်ရင် Bitstream ရဲ့ Truedoc ကိုသုံးရမယ်။ Truedoc ကအားလုံးကောင်းတယ်။ EOT ထက် အားသာတဲ့အချက်တွေအများကြီးပဲ။ အောက်ကအချက်လေးတွေကြည့်ပြီးလေ့လာနိုင်ပါတယ်။
- More secure : ဒီကောင်က Actual Font ဖိုင်ကို Send တာ မဟုတ်တဲ့အတွက် တခြား Users တွေက EOT မှာလို ဒေါင်းလုပ်လုပ်ပြီး Font Regenerate လုပ်လို့ မရပါဘူး။
- Truetype, Opentype, Postscript Type1 သုံးမျိုးစလုံး Support လုပ်ပါတယ်။
- .pfr ( Truedoc file ) တစ်ခုထဲမှာ Font ၂ခု၊ ၃ခုထည့်ထားလို့ရတယ်တဲ့။ Server နှင့် Client ကြားက Conection ကိုလျော့နည်းစေပါတယ်။ Load သိပ်မရှိတော့ပါဘူး။
- Cross Browser Support - လက်ရှိဈေးကွက်ထဲမှာရှိတဲ့ ဘရောက်ဇာ တော်တော်များများကိုလည်း Support လုပ်ပါတယ်။ Firefox မှာတော့ဘယ်လိုလဲ ကျွန်တော် သေချာ မသိသေးပါ။

ထိုထို အချက်တွေကြောင့် နည်းပညာအားဖြင့် သာလွန်တဲ့ TrueDoc ကို သုံးမယ်လည်းလုပ်ရော၊ ဒီကောင်က ကျွန်တော်တို့ စက်ထဲမှာ Active X သွင်းရမယ်တဲ့။ အဲ့ဒီ Font ပေါ်ချင်ရင်။ နောက်ပြီး embedded ဖွန့်ကို Create လုပ်ဖို့ Tools တွေကလည်း Free မဟုတ်ဘူးဗျ။ အင်းကျွန်တော်ကတော့ လောလောဆယ်၊ ဒီအတိုင်းပဲဆက်ထားဦးမယ်။ ဘလော့ခ် theme ကိုလည်း XHTML Compliant ကောင်းကောင်း ၁ ခု ဖြစ်အောင် ပြန်ချိန်းရဦးမယ်ဆိုတော့ EOT ကတော့ တော်တော်နှင့် ပြန်လုပ်ဖြစ်ဦးမယ် မဟုတ်ပါဘူး။

Regards,
Wai Phyo Kyaw @ edwardwitten

p/s ကျွန်တော် မအားတုံးကရေးမယ်ဆိုပြီးအားခဲထားတဲ့ ပို့စ်တွေပါ။ အခုမှ အားရပါးရပြန်တင်ရတာပါ။ =P