Site Relocation

Moved to waiphyok.com

Wednesday, October 25, 2006

EOT & ကျွန်တော်

သူငယ်ချင်းတစ်ယောက်က ပြောတယ်။ EOT ( Embedded Open Type ) ပြန်သုံးပါတဲ့။ ကျောင်းမှာ ဖတ်ချင်လို့တဲ့။ ကျွန်တော်အမှန်အတိုင်းပြောတာပါ။ EOT လုပ်ဖို့ အတွက်အချိန်ကသိပ်မလိုပါဘူး။ ဒါပေမယ့် WEFT ကို ပြန်သွင်းဖို့ Window မှာ တကူးတကလုပ်ရမယ်။ ဘာရယ်ညာရယ်နှင့်။ နည်းနည်းလက်ပေါက်ကပ်လို့ဗျာ။ ဒါနှင့် ကျွန်တော်ရဲ့ EOT ပုံပြင်လေးလည်း စိတ်ဝင်စားရင်နားထောင်ပါဦး။

ကျွန်တော်လွန်ခဲ့တဲ့ ၁ နှစ်သာသာခန့်က ကျောင်း Website အတွက် မြန်မာ Font သုံးဖို့ ကြိုးစားတယ်။ ကျောင်းမှာ Font မရှိတော့ မပေါ်ဘူးဗျ။ လူကသိပ်လည်းမလည်၊ မတတ်သေးတော့ သိပ်စိတ်ညစ်ဖို့ကောင်းတယ်။ နောက်တော့ အကြံပေးတဲ့လူတွေက နားစွန်နားဖျားပြောတယ်။ Embedded Font ဆိုတာရှိတယ်တဲ့။ Server ပေါ်မှာတင်ထားပြီး သိမ်းရုံပဲတဲ့။ အဲ့တာနှင့် ထုံးစံအတိုင်းGoogle ပေါ့။ တွေ့ပါတယ်ဆိုက်ဆိုက်မြိုက်မြိုက်ပဲ။ WEFT ( Web Embedding Font Tools ) ဆိုပဲ။ လူလည်းပျော်သွားသပေါ့။ ဒါနှင့်စမ်းတယ်၊ စမ်းတယ် စမ်းတယ်။ အင်း နောက်ဆုံးတော့လည်း မဆိုးပါဘူး အဲ့ဒါလေးကို လယ်လယ်ဝယ်ဝယ်ရှိသွားတယ်။ ဒါပေမယ့် ကောင်းကောင်းမွန်မွန် EOT ၁ခုမှ ထွက်မလာဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် Subsetting ကို နားမလည်ခဲ့ဘူးဗျာ။ အဲ့လို၊ အဲ့လိုနှင့် နောက်တော့လည်း သဘောပေါက်သွားပါတယ်။ ဒါပေမယ့် ထပ်လုပ်ရမှာ မလုပ်ချင်ဘဲပျင်းနေတယ်။ ဟိုတလောက သူငယ်ချင်း တစ်ယောက်က လုပ်ပေးလို့ Template အဟောင်းမှာ ၃လလောက်သုံးနေလိုက်သေးတယ်။

အဲ့ ဇာတ်လမ်းက အဲ့မှာ မဆုံးဘူး။ အခု Mac လည်းသုံးရော ကျွန်တော် Embedded Font 1 ခု လုပ်ရမယ့် အခြေအနေရောက်လာပြီ။ ဒါပေမယ့် Windows မှာပဲ WEFT ရှိပြီး Mac မှာ မရှိဘူးဗျ။ ကျွန်တော်သုံးချင်ရင် Bitstream ရဲ့ Truedoc ကိုသုံးရမယ်။ Truedoc ကအားလုံးကောင်းတယ်။ EOT ထက် အားသာတဲ့အချက်တွေအများကြီးပဲ။ အောက်ကအချက်လေးတွေကြည့်ပြီးလေ့လာနိုင်ပါတယ်။
- More secure : ဒီကောင်က Actual Font ဖိုင်ကို Send တာ မဟုတ်တဲ့အတွက် တခြား Users တွေက EOT မှာလို ဒေါင်းလုပ်လုပ်ပြီး Font Regenerate လုပ်လို့ မရပါဘူး။
- Truetype, Opentype, Postscript Type1 သုံးမျိုးစလုံး Support လုပ်ပါတယ်။
- .pfr ( Truedoc file ) တစ်ခုထဲမှာ Font ၂ခု၊ ၃ခုထည့်ထားလို့ရတယ်တဲ့။ Server နှင့် Client ကြားက Conection ကိုလျော့နည်းစေပါတယ်။ Load သိပ်မရှိတော့ပါဘူး။
- Cross Browser Support - လက်ရှိဈေးကွက်ထဲမှာရှိတဲ့ ဘရောက်ဇာ တော်တော်များများကိုလည်း Support လုပ်ပါတယ်။ Firefox မှာတော့ဘယ်လိုလဲ ကျွန်တော် သေချာ မသိသေးပါ။

ထိုထို အချက်တွေကြောင့် နည်းပညာအားဖြင့် သာလွန်တဲ့ TrueDoc ကို သုံးမယ်လည်းလုပ်ရော၊ ဒီကောင်က ကျွန်တော်တို့ စက်ထဲမှာ Active X သွင်းရမယ်တဲ့။ အဲ့ဒီ Font ပေါ်ချင်ရင်။ နောက်ပြီး embedded ဖွန့်ကို Create လုပ်ဖို့ Tools တွေကလည်း Free မဟုတ်ဘူးဗျ။ အင်းကျွန်တော်ကတော့ လောလောဆယ်၊ ဒီအတိုင်းပဲဆက်ထားဦးမယ်။ ဘလော့ခ် theme ကိုလည်း XHTML Compliant ကောင်းကောင်း ၁ ခု ဖြစ်အောင် ပြန်ချိန်းရဦးမယ်ဆိုတော့ EOT ကတော့ တော်တော်နှင့် ပြန်လုပ်ဖြစ်ဦးမယ် မဟုတ်ပါဘူး။

Regards,
Wai Phyo Kyaw @ edwardwitten

p/s ကျွန်တော် မအားတုံးကရေးမယ်ဆိုပြီးအားခဲထားတဲ့ ပို့စ်တွေပါ။ အခုမှ အားရပါးရပြန်တင်ရတာပါ။ =P

Firefox 2 is out =)

[ The award-winning Web browser from Mozilla is now faster, even more secure, and totally customizable to your online life. ]

မင်္ဂလာရှိတဲ့ နံနက်ခင်းပါပဲ။ ကျွန်တော်မိုးလင်းတော့ စက်ကို Boot တက်ပြီးတဲ့ အခါမှာ OS X ကမေးပါတယ်။ Mac Firefox 2 ကို ဒေါင်းလုပ်လုပ်မလားတဲ့။ ကျွန်တော်တို့ အကြာကြီးစောင့်စား နေခဲ့ရတဲ့ FF2 လာပါပြီ။ မနေ့ကလေးတင် ကြည့်တာ RC3 ပဲရှိပါသေးတယ်။ .... အင်းကျွန်တော်ပဲမျက်စိလျှမ်းတာနေမှာပါ။ ထားပါတော့။

FF2 မှာ Features အသစ်တွေ အများကြီးပါလာပါတယ်။

-Enhanced tabbed browsing
-ပိုကောင်းလာတဲ့ Tabs တွေပါ။ ကျွန်တော်တို့ မှားပြီးပိတ်လိုက်ရင်တောင် Recent Tab Lists ကိုခေါ်ပြီးပြန် Recall လုပ်လို့ ရပါတယ်။ Page အသစ်တွေကိုလည်း Tab အသစ်မှာပြမယ် ( Default ) ဆိုပါတယ်။

-Live Titles
-အွန်လိုင်းကနေပစ္စည်းဝယ်လေ့ရှိသူ၊ လေလံဆွဲတဲ့သူတွေအတွက်အသုံးဝင်မှာပါ။ ကျွန်တော်တို့ မှာထားတဲ့ ပစ္စည်းရဲ့ Delivery, Estimated Time စတာတွေကို Track လုပ်လို့ရပါတယ်။

-Session Saver
-အရင်တုံးကလို Extensions တွေ သုံးစရာမလိုတော့ပါဘူး။ Built-in ဖြစ်သွားပါပြီ။ သိမ်းချင်သလောက်သိမ်းဆိုပဲ။

-Phishing Protection
-Phishing/Phreaking တိုက်ခိုက်မှုတွေ၊ Website အတုအယောင်တွေကို FF2 ကစစ်ပေးပါမယ်တဲ့။ အိုင်အီးမှာပဲ ရတဲ့ Feature မဟုတ်တော့ကြောင်း ပြချင်လို့နေမှာပါ။

-Search Suggestion & Spell Checkers
-အွန်လိုင်းကနေ အချက်အလက်တွေရှာဖွေချိန်မှာ User တွေ ပိုမိုအဆင်ပြေအောင်ဆိုပြီး FF2 က Suggestions တွေပေးပါလိမ့်မယ်။ Built-in Spell Checker ကလည်း ကျွန်တော်တို့အတွက် စာလုံးပေါင်းစစ်ပေးပါမယ်တဲ့။ Opera ကို ဆော်ထားတာပဲ။

တခြားကျွန်တော်ရေးမပြတော့တဲ့ Features တွေ အများကြီးကျန်ပါသေးတယ်။ www.mozilla.com မှာ သွားရောက်လေ့လာနိုင်ပါတယ်။

Regards,
Wai Phyo Kyaw @ edwardwitten

Saturday, October 21, 2006

Netbeans 5.0 + Mobility Pack On Mac OS X

ကျွန်တော် ဒီနေ့မနက် JBuilder for OSX သွင်းဖို့ကြိုးစားတယ် မလွယ်ဘူးဗျာ။ Borland က ဘာ Support မှ မပေးထားဘူး။ ဒါနှင့် Netbeans ကိုပြောင်းလိုက်တယ်။ ကျောင်းမှာက JSP သင်နေတော့ Access နှင့် ODBC Driver ခံပြီးသုံးရတာ။ အဲ့ဒါနှင့် ကျွန်တော်လည်း ကြိုးစားကြည့်တာပေါ့။ Netbeans သွင်းလို့ရရင် JSP ကို OSX မှာ သုံးလို့ရမှာပဲဆိုပြီး။ အားလုံး Tomcat တွေ၊ Apache တွေ သွင်းပြီးမှ ဟ သောက်ကျိုးနဲ OSX အတွက် Microsoft Office Access မရှိတာ သတိရသွားတယ်။ သေပြီဆရာပေါ့။ ဒါနှင့် Mobile ဖက်လှည့်တယ်။ J2ME တော့ OSX နှင့် ကောင်းကောင်းလုပ်လို့ ရမှာပေါ့ဆိုပြီး ... တက်တက်စင်အောင်လွဲပါတယ်ဗျာ။ Mobility Pack ( netbeans ) က Mac OS အတွက် မရှိဘူးဗျ။ သိပ်စိတ်ညစ်ဖို့ကောင်းတယ်။ ရှိတဲ့ကောင်ကလည်း Version 6.0 ကြီး။ ဒါနှင့် စိတ်ပေါက်ပေါက်နှင့် Google လုပ်လိုက်တာ Steps ၁ ချို့ သွားတွေ့တယ်။ Netbeans 5.0 နှင့် Mobility Pack ( ဒီ Pack က Linux အတွက်ပေးထားတဲ့ဟာပါ။ ) အဲ့ဒါကို Recompile ပြန်လုပ်ပြီး NB IDE OS X version နှင့် Integrate လုပ်တာပါ။ ကဲထားပါတော့။ အောက်မှာ ကျွန်တော် ဘာသာပြန်ထားတဲ့ Steps တွေရှိပါတယ်။ စိတ်ဝင်စားသူ ကိုကိုမမ ညီငယ်ညီမငယ်များအတွက်ပါ =)

မှတ်ချက်၊ ကျွန်တော့် Steps များသည် Mr.FlorianBeer Blog မှ တဆင့် ဘာသာပြန်ကာ ဆီလျော်အောင်ရေးထားခြင်းဖြစ်ပါသည်။
|Nota Bene| I won't Hotlink anything to his effort ( even Compiled Files, Sources ). Deep hotlinking to other people's files/blogs/internal links can be Regarded as Copyright Infrigment, can conflict with criminal Act. Any files u need to download for this Tutorial can be downloaded Directly from his blog: =)

Prerequisites ( ကြိုတင်သွင်းထားရမည့် Software များ )

၁။ သေချာတာပေါ့ဗျာ။ Netbeans IDE 5.0 တော့ သွင်းထားရမပေါ့။ Java SDK 1.4.2 နှင့်ပဲ အဆင်ပြေပါတယ်။ 1.5.2 ရှိရင် တော့ လုပ်ရတာ နည်နည်း လက်ပေါက်ကပ်ပါလိမ့်မယ်။

Steps !

၂။ ဒုတိယ အဆင့်အနေနှင့် ကျွန်တော် Mobility Pack ကို ဒေါင်းလုပ်လုပ်ရပါတယ်။ စောစောက ပြောသလိုပဲ Linux အတွက်ပဲ SourceCode ရှိပြီး OSX အတွက် မရှိတော့ Florian က သူ့ဖာသာ Compile လုပ်ပေးထားပါတယ်။ ကျွန်တော် Florianရဲ့ အသင့်ပေးထားတဲ့ Zip File ကို ဒေါင်းလုပ်လုပ်ပါတယ်။ သူ့ ဘလော့ခ်ရဲ့ Step 2 မှာရှိပါတယ်။ နောက် Extract လုပ်ပါတယ်။ ထွက်လာတဲ့ Folder ကို Desktop ပေါ်မှာဖြစ်ဖြစ် ခဏထားလိုက်ပါတယ်။ နောက်တော့ သက်ဆိုင်ရာ Directory ကိုသွား၊ Netbeans Application ကို Right click ထောက်ပြီး Show Package Contents လုပ်လိုက်ရင် Window လေး ၁ခု ပေါ်လာပါမယ်။ Netbeans အောက်မှာမြုပ်ထားတဲ့ Files တွေပါ။ ခုနက ဒေါင်းလုပ်လုပ်၊ Extract လုပ်ထားတဲ့ Folder ( Default name က mobility7.2 ပါ။ ) ကို Copy ကူးပြီး ခုနက ပေါ်လာတဲ့ Windows ထဲမှာ Contents ဆိုတဲ့ Folder ကို ရှာ၊ သူ့ အောက်က Resources > Netbeans ဆိုတဲ့ ဖိုလ်ဒါ အောက်ကို သွားထားပေးရပါမယ်။
# ပြီးရင် Netbeans IDE ကိုဖွင့်. Create new Project ကို နှိပ်ရင် ကျွန်တော်တို့ Mobile Application ဆို တာကြီးပေါ်လာပါပြီ။ စပြီး Mobile Projects တွေဆောက်လို့ရပါမယ်။

၃။ ပြဿနာ က မရပ်သေးဘူးဗျ။ ကျွန်တော်တို့ Windows မှာက Sony Ericsson နှင့် ခပ်ဆင်ဆင်တူတဲ့ Mobile Emulator ၁ ခု ရှိတယ်။ ဒီနေရာမှခွကျတာပဲ။ OSX အတွက် Netbeans က default emulator မထားပေးဘူးဗျ။ အဲ့တော့ ကျွန်တော်တို့ နောက်ထပ် Opensource Emulator ၁ခုကို Download လုပ်ရပါမယ်။ နာမည်က MPowerPlayer ပါ။ အဲ့ဒီကောင်က .... hmm.. tar.gz ဖိုင်လ်အနေနှင့် များသောအားဖြင့် ဒေါင်းလုပ်ပေးပါတယ်။ ယူလိုက်ပါ။ ပြီးရင် Extract လုပ်ပါ။

# Then, ထွက်လာတဲ့ Folder ( default က mpp-sdk ) ကို ကော်ပီကူး၊ မြင်သာတဲ့နေရာ ၁ခုမှာ ထား၊ ဥပမာ Home အောက်မှာ Java ဆိုပြီး Folder ဆောက်၊ ပြီးရင် Paste ပေါ့ဗျာ။ It'll be: /Users/waiphyok/Java/mpp-sdk.
# ပြီးရင်၊ Utilities အောက်က Terminal.app ကို ဖွင့် ၊ Command လေးနည်းနည်း ရိုက်ရမယ်။ type: cd /Users/waiphyok/Java/mpp-sdk/osx/preverify ဆိုပြီးရိုက်၊ Preverify Folder ထဲရောက်သွားလိမ့်မယ်။
# Then, Permissions change ရမယ်။ chmod +x perverify . ဆိုပြီးရိုက်၊ ပြီးရင် Terminal ကို exit ရိုက်ပြီး ပြန်ထွက်လို့ရပါပြီ။ ဒီအဆင့်က နောက်ပို်င်း pReverifier ကို ခေါ်တဲ့အခါ Access Error မတက်အောင်ပါ။

၎။ အခုအားလုံးပြီးပြီဆိုတော့၊ ကျွန်တော်တို့ Netbeans IDE ကိုပြန်သွားရပါမယ်။ IDE Run ပြီးသွားရင် Menu Bar ပေါ်က၊ Tools ထဲက Java Platform Manager ကို နှိပ်၊ Add platform လုပ်၊ Custom Java Micro Edi Plat Emulator ကို ရွေးပြီး Next နှိပ်ပါ။
#PLATFORM HOME အတွက် ကျွန်တော်တို့ စောစော က mmp-sdk သွင်းထားတဲ့ path ကို ရွေးပေးပါ။
#PLATFORM DEVICE / NAME က ခင်ဗျားတို့ ကြိုက်တာပေးပါ။
# ပြီးရင် Preverify Commad ကို ..... {platformhome}{/}osx{/}preverify{/}preverify{classpath|-classpath {classpath}} -d {destdir} {srcdir}
# Execution Command ကို.. ..... java -jar {platformhome}{/}player.jar {jadurl}
# Debugger Command ကို .. .....
java-Xdebug-Xrunjdwp:transport={debugtransport}, server={debugserver},suspend={debugsuspend},
address={debugaddress} -jar {platformhome}{/}player.jar {jadurl}

ပြောင်းထည့်လိုက်ပါ။

၅။ နောက်ဆုံးအနေနှင့် Bootstrap Libraries အတွက်၊ /System/Library/Frameworks/JavaVM.Framework/Classes/classes.jar ကိုရွေးပြီးထည့်လိုက်ပါ။ JDk 1.5 သုံးသူတွေအနေနှင့် JDK 1.4 ရဲ့ Classes API ကိုထည့်ရမှာပါ။ အထက်ပါနည်းအတိုင်း မရပါဘူး။ /System/Library/Frameworks/JavaVM.Framework/Versions/1.4/Classes/classes.jar ကိုရွေးရမှာဖြစ်ပါတယ်။

အားလုံးပြီးရင်တော့ Finish လုပ်၊ Project အသစ် ဆောက်ပြီး Run လို့ ရပါပြီ။ စမ်းကြည့်ပါ။ Mpowerplayer emu: ကြီးတက်လာပါလိမ့်မယ်။ စမ်းကြည့်ပါ။ -) Have fun!.

Any thing not clear, u can refer to Florian Beer main blog or comment here, i will try to address.

My Great Credits go to : Florian Beer, Lukas and other J2ME Buddies ( Geeks ) =D. My visual Guidances.

Regards,
Wai Phyo Kyaw

Picked up a busy life !

အလုပ်တွေသိပ်ရှုပ်နေတယ်ဗျာ။ Assignments တွေလည်း မပြီးသေးဘူး။ Macbook ပြန်ရကတည်းက ကိစ္စတွေနှင့် လုံးနေရတယ်။ Blog အသစ်ကိုလည်း သေချာပြီးအောင် မဆောက်ရသေးဘူး။ server/hosting ၁ခု ကောင်းကောင်း ၀ယ်ပြီး မှပဲ ဆက်လုပ်ရင်ကောင်းမယ်ထင်တယ်ဗျာ။ Wordpress ကို Theme Change၊ Code အသစ်ထည့်၊ Flash banner, ဘာညာ လုပ်ရမှာ အချိန်ကို မရှိဘူး။ ... စာကတော့ ရေးမြဲ ရေးဆဲပါ။ မတင်ထားရသေးတဲ့ ပို့စ်တွေလည်း အများကြီး ဖြစ်ကုန်ပြီ။ ဟိုနေ့က ဖြစ်ပျက်တဲ့ ကိစ္စကြီးတောင် ၀င်မပွားလိုက်ရဘူး။ ဖတ်ပဲဖတ်ပြီး ဖာသိဖာသာဘဲနေလိုက်တယ်။ အင်း ငါပြောလည်း ဘာတတ်နိုင်မှာလဲလို့။ လူတိုင်းသာကျုပ်ပြောတဲ့စကားနားထောင်မယ်ဆိုရင်။ ဟိးဟိး ..... ပြီးနေဦးမယ်။ ကိစ္စတွေက။ အဲ့ စကားစပ်လို့ ပြောရဦးမယ်။

ကျွန်တော် ကံကောင်းသွားသဗျ။ နို့မို့ဆို Debate ကြီးထဲပါသွားဦးမယ်။ အဲ့ဒီ ကိစ္စ မတိုင်ခင် ဆိုက်ကို အရောင်ချိန်းထား ပေလို့ပဲ။ အင်း ကျွန်တော်က အနက်ရောင်ကို 2004 ဆိုက် စထောင်ကတည်းက သုံးတာ၊ Cbox၊ ဘာဘောက်စ် ညာဘောက်စ်တွေ ဆိုတာလည်း ထွက်ထွက်ခြင်းလားတောင် မသိ၊ စမ်းသုံးလေ့ရှိတဲ့သူပါခင်ဗျာ။ ကျွန်တော့် ဆိုက်ကိုတော့ ချမ်းသာပေးကြပါ။ အပြောခံလိုက်ရတဲ့ ကျွန်တော့် သူငယ်ချင်းတွေ ကိုလည်း စိတ်မကောင်းပါ။ ရန်မဖြစ်ကြပါနှင့်လို့ ။ Odeo ဆိုတာလည်း ကျုပ်က Oreo Chocoloate လောက်တောင် ဂရုမစိုက်ပါဘူး။ ဘယ်သူဘာပြောပြော Ignorance ကိုကောင်းကောင်းထားပေးလိုက်တယ်။ သူငယ်ချင်းတစ်ယောက်က ဆွပေးတယ်၊ ဟေ့ကောင် မင်းလဲဝင်ဖဲ့လေတဲ့။ ဟားဟား၊ အင်းအင်းလို့ပြောပြီး ကျွန်တော် မအားတာနှင့် ဘာမှမရေးလိုက်ရဘူး။ Inner Dialogue ကဘာပြောမလဲစောင့်နေတာနှင့်ပဲ။ နောက်ကျသွားသဗျို့။ =P ...... Hmm... ကျွန်တော့်ဘလော့ခ်လေးပဲ ကျွန်တော်ရေးပြီ၊ သူများကို ဝေဖန်ဖို့ အချိန်လေးများ မရှိပါ။ ပိုရင်ရောင်းပေးကြပါ။ ဦးဦးဒေါ်ဒေါ်၊ ကိုကိုမမတို့ရယ်။

အင်းနောက်တော့လည်း ကြားပါတယ်။ ကျီစားကြတာပါတဲ့။ အတော်ဆိုး တဲ့လူတွေပဲ။ ဒေါသ၊ မောဟ၊ မီးလေးတွေနှင့် ကစားကြတာ ပျောဖို့ကောင်းတယ် ထင်သဗျ။ -) အိမ်ကကောင်တွေကတော့ အခုထက်ထိ အခဲမကြေသေးဘူးဆိုပဲ။ ဥုံဖွဥုံဖွ ဟိုအစ်မကြီးက ကလိကလိဖြစ်အောင် စတာပါတဲ့။ ရှိတ်မရှိုးပါနှင့်တဲ့။ စိတ်လျှော့၊ သူငယ်ချင်း စိတ်လျှော့ .........

အဲ့ ...... ဒီနေ့တော့ဒီလောက်ပဲ၊တော်ပြီဗျာ။ ကောင်မလေး MRTမှာမျှော်နေလောက်ပြီ။ နောက်နေ့ မှပဲ ဆက်ဖောတော့မယ်။

သဗ္ဗေသတ္တာ ကမ္မသကာ
ဝေဖြိုးကျော် @ Edwardwitten =P

Saturday, October 14, 2006

Final & Third Post : Widget Testing

တတိယမြောက် နှင့် နောက်ဆုံး အချောသတ် ပို့စ်ဖြစ်ပါတယ်။ 
ဒုတိယ ပို့စ်ကိုတင်ပြီးတဲ့ အချိန်မှာ ကျွန်တော် Safari * မှာ ကြည့်လိုက်ပါတယ်။ ကြောက်စရာကောင်းလောက်အောင်ပဲ Fonts တွေက စုတ်ပြတ်နေပါတယ်။ Widget ရဲ့ Javascript/JS တွေ အလုပ်မလုပ်ဘူးလားတောင် ထင်သွားပါသေးတယ်။ နောက်တော့မှ ကျွန်တော် သတိရတယ်။ ပို့စ်တွေ မှာ Style:font-family ပိတ်ပြီး ရေးရမဲ့ ကိစ္စပါ။ အတော်ခေါင်းစားစရာပါ။ ကျွန်တော့် Widget က HTML ရေးမရပါဘူးဆိုမှ။ ဒါနှင့် ခဏနားသော်အကြံပေါ်ဆိုတဲ့ လမ်းစဉ်လေးအတိုင်းလိုက်၊ Honey လေးကို ဖုန်းကောက်ဆက်ပြီးတဲ့ သကာလ မှာတော့ ကျွန်တော်မေ့နေတဲ့ အင်မတန်လွယ်တဲ့ နည်းကို သွားသတိရတယ်။ အဲ့ဒါကတော့ Blog Template မှာ Blog Post Body Tag အတွင်းမှာ Paragraph (
) Element  ၁ ခုရှိပါတယ်။ ဒီကောင်က Blog ရဲ့ ပို့စ် ၁ခုလုံးကိုခြုံထားတဲ့ Tagပါ။ ဒါနှင့် အဲ့မှာ လွယ်လွယ်လေးပဲ နောက်ထပ် Division (< div >) ၁ခုထပ်အုပ်၊ Style="font-family:Zawgyi-One;" ကောက်ထည့်လိုက်ပြီး Safari မှာပြန်စမ်းကြည့်လိုက်တော့ ထခုန်မတတ်ပါပဲ။ ယခင်ပို့စ်တွေလို ဂွတ်ရှယ်ပါပဲ။ 

( ကျွန်တော် အရင် ပို့စ်တွေတုံး ကလည်း အဲ့လို  Hard code ကြီးထည့် ထည့်သုံးခဲ့တာပါ။ စဉ်းစားကြည့်ရင် ရှက်စရာပဲ။ ကိုယ့်ကိုကိုယ်တောင်ပြောမိတယ် အခုမှဒီ Logic ကို သတိရရလားလို့  ... =D ) 

|NB| * Safari နှင့် ဘာကြောင့် Standard ထားပြီး စမ်းရလဲဆိုတော့ ဒီကောင်က မြန်မာ Unicode fonts တွေကို Render လုပ်ပေးတဲ့နေရာမှာ ပိုပြီး Accurate ဖြစ်ပါတယ်။ Firefox က တော့ တတွန့်တွန့် နှင့် စာလုံးတွေ ပျက်နေတာ အင်မတန်ဆိုးရွာလှပါတယ်။ သူတို့ရဲ့ U2000 Unicode Engine ကိုဘယ်တော့များ ကောင်းကောင်းမွန်မွန် ပြန်လုပ်ပေးမလဲဆိုတာ ဘယ်သူများသိနိုင်မလဲခင်ဗျာ။

Regards,
Wai Phyo

2nd Post - Widget Testing

အဟမ်း၊
နောက် ၁ ပို့စ်လာပြန်ပြီ။ -) စမ်းသပ်ဆဲ ပို့စ်လေးတွေ။ ကျွန်တော့် Widget က မနေ့ကစမ်းတော့ မြန်မာလိုကောင်းကောင်းမပေါ်ဘူးဗျ။ ဆိုလိုတာက Widget ရဲ့ TextPane က Verdana Font သုံးထားတာကိုး။ အဲ့ဒါနှင့် ခုနကမှ Google မှာရှာတာတွေ့သွားတယ်။ User Home/Library/Widgets/ ထဲကနေ ကိုပြင်ချင်တဲ့ Widget  ကိုသွားပြီး View Package Contents လုပ်၊ CSS,JS Files တွေပေါ်လာရင် CSS File ကို Edit လုပ်လိုက်ရုံပါပဲ။ 

အဲ အခုတော့ ကောင်းကောင်းပေါ် ပြီးကောင်းကောင်းရိုက်လို့ရပါပြီ။ Poster ပဲ ဖြစ်ပြီး၊ Editor မဟုတ်တာကြောင့် ကျွန်တော် HTML တွေပြင်လို့ မရပါဘူး။ အဲ့တော့ တစ်ချို့ စက်တွေမှာ ပေါ်မယ်မထင်ပါဘူး။ များသောအားဖြင့် ဒီ Widget က English Post တွေပဲ   ကောင်းမယ်ထင်ပါတယ်။ ..... Sort of Despair ပါပဲဗျာ။

Regards, 
Wai Phyo

Testing Blogger Widget 4 Mac 

Well,

This is just a tiny testing post from my OS X. Pretty small and wonderful widget for desktop. 
မြန်မာလိုလည်း စမ်ုးကည့်တာရမလားလိုႛ။ .....

ဝါး.... အိပ်တော့မယ်ဗျာ။ 

Sunday, October 08, 2006

Just changes - Aiming to Beta

Weeze,

I just did a swoop for my template, hoping that all the messy stuff are cleared out and Blogger will make me eligible to jump into Beta Accounts. It was really complicated though, and my big fault was to request Catur Admin to place my CSS and EOT on Spmyanmar server. My blog became weird when someone is watching from Myanmar, due to suspension of Spmyanmar site in MM.

Finally, all the clouds are gone. New look and feel, new Designs and new Life (in Blog). Moreover, just recently, I browsed around Blogger Help and saw the conditions where they wouldn't give users chances to upgrade into Beta Version. It's as follows:

A blog publishing via FTP to a non-BlogSpot server.
A blog with a Plus upgrade (we stopped offering this upgrade a couple years ago, so this will not affect many people).
A team blog.
A very large blog. (More than a couple thousand posts + comments.)


But I am wondering, which part of the rules was my Blog conflicted with. =?

Oh btw, Latest PSI is 36 @ 8:00 pm. Guyz, relax and have fun.

Regards,
Wai Phyo Kyaw

Wednesday, October 04, 2006

Blog Operations Back-into-Life

Hola guyz,

This is my first post since 26th Sep. I stopped all the blog posting things and miscellaneous site maintaining stuff for a couple of weeks. Cuz I went back to Myanmar and was pretty busy with other thingies, too. Weeze, obviously I can't live outside this Techno World and have, now, surely back into all those goodies.

[sorry, can't type in Burmese @ School =) ]

Currently Struggling Challenges ( which deter me from Blog-postings )


- Macbook: under operation cuz of RSS
( Random Shutdown Syndrome )

- Desktop PC Wireless Adapter's Driver's driving me Crazy.

- Working on constructing another blog which would come in much more pro-look.

- Most Calendar Dayz, which r after school, are occupied by Work
(due to temp: shortage of staff in Company )

- Trying to pull my School GPA Back to the Respectful Level/Grades

- And last, maintaining gd relationship with my, '.......', Eats Time, huh?


Hmm, i think that's all. Be back soon.

Waie Poeh