Site Relocation

Moved to waiphyok.com

Thursday, February 23, 2006

A Boy's Life

တစ်ခါတုံးကပေါ့ .... .
ကောင်လေး ၁ ယောက်ရှိသတဲ့။ ဟိုအရင်ပုံပြင်တွေလို ဗာရာဏသီက မဟုတ်ပါ။ သူက ရွှေမြန်မာပြည်က ပါပဲ။ အဋ္ဌရသ ၁၈ ပါးမတတ်ပေမဲ့ လူငယ်တို့တတ်အပ်တဲ့ အွန်လိုင်းဂိမ်းကစားခြင်း၊ ချတ်တင်းထိုင်ခြင်း၊ ဂျီတော့ခြင်း၊ ကျူကျူခြင်းများကို တဖတ်ကမ်းခတ်တတ်သည် ဟူသတည်း။ လူငယ်လေး ၁ရ နှစ်စွန်းစွန်း မှာ သူပညာသင်ကြားရာ တက္ကသိုးပြည်ကြီး အခြေအနေ မကောင်းသဖြင့် စင်္ကာပူရ ခေါ် ခြင်္သေ့တစ်ပိုင်း ... ဟိုဒင်းတစ်ပိုင်း ( မေ့သွားပြီ ဘာကောင်မှန်း ) သို့ ခရီးပြင်းနှင်ပါတယ်တဲ့။ လမ်းခရီးမှာ ဟိုရှေးရှေးတုံးကလို ကျား၊၀ံ။ဆင်၊ပြောင် မကိုက်ပါဘူး။ အားလုံး သစ်တောတွေကုန်လို့ ပြုန်းရှာပါပြီ။ ယဉ်ကျေးတဲ့ ဆင်ဖြူတွေပဲ ကျန်ပါတော့သည်။

အဲ ရှုပ်ကုန်ပြီ။ ကဲဒါနှင့် သူလည်း စင်္ကာပူရ ဆိုတာ သွားချင် သကိုး။ ဆိုတော့ လေပေါ်ရထား ဆိုတာကြီး ကိုလက်မှတ် ပေးဝယ်လိုက်လေတယ်။ ခုံတွေကတော့ သိပ်မကောင်း၊ ခါးပတ်သိပ်မမြဲ၊ သူ့ရွာကပေးလိုက်တဲ့ ပစ္စည်းတွေထည့်မဆံ့ ပေမယ့်လည်း အဲဒီလေပေါ်ရထားက ရှိသမျှလိုင်းတွေထဲမှာ ဖွတ်ကလိဒင်္ဂါး နည်းနည်းသာပေးရလေတော့ ရှုံ့ မဲ့ပြီး စီးတော့တာပေါ့ဗျာ။ ဒါပေမယ့် လူငယ်လေးသွားရကြိုး နပ်ပါပေတယ်။ ဘူတာကြီးက အင်မတန် ခမ်းနားဆိုပဲ။ သူစီးလာတဲ့ လေပေါ်ရထားနှင့်တောင်မတန် သပ။ အဲလိုနှင့် သူလည်း ၀ံ မင်္ဂလာဆောင် ဆိုလား အဲဒါကြီးက အင်မတန်ယဉ်ကျေးမြန်ဆန်တာကြောင့် ငါးမိနစ်နှင့် ဘူတာအပြင်ရှောရှောရှုရှူ ရောက်တယ် ဟူသတဲ့။

ဟဲဟဲရောက်တာနှင့် သူလည်းနွားလှည်း နှင့် ခပ်ဆင်ဆင် ခပ်ဝါ၀ါ ဆီသောက်ရထားကြီးတွေကို အများကြီးတွေ့တာနှင့် လှမ်းခေါ်တယ်ဆိုပဲ။ ဟန်ကျကျကောက်တက်ပြီး ဖလွတ်ရွှတ်လုပ်တာ ဟိုလူ မျက်နှာသစ်ပြီးသား ဖြစ်ရောတဲ့ဗျား။ အဲလေ လိုရင်းရောက်ပြီး ခရီးတွင် သွားတယ်တဲ့။

( .............. အဲ့ကောင်လေး ကျောင်းအပ်တာတွေ ကတော့ နောက်ကြုံမှထပ်ရေးတော့မယ်၊... ခု တခြားကိစ္စ ဆက်ရေးလိုက် အုံးမယ်..... )

အဲလို အဲ့လို နှင့် သူလည်းကျောင်းတက်နေပြီ။ မြို့ကြီး တစ်ခုလုံးလည်း နှံ့နေပြီ။ .... မြင်သင့်တာတွေ၊ မမြင်သင့်တာတွေ၊ သင်ယူသင့်တာတွေလည်း ၁နှစ်လောက်သင်ပြီးပြီ။ စကားမစပ်၊ သူက သုံးနှစ်နေရမယ်ဆိုပဲ။ အရာအားလုံးကလည်း အဆင်ပြေပါတယ်တဲ့။ သူက ရွာမှာတုံးက သိုးဆောင်း စကားနည်းနည်းသင်လာသကိုး။ ခက်တာက အဲ့ ဒီခြင်္သေ့ပြည်ကလူတွေက ဂန္တရတိုင်းသားဘာသာစကားတွေကို လွှတ်ပြောဆိုပဲ။
အဲ့လိုနှင့်သူလည်းရုန်းကန်ရင်း နေလာတာကြာတော့ ညီးငွေ့လာတယ်ဗျ။ သူ့ သူငယ်ချင်းတွေလို ဆိုက်ကားဘ၀ ရောက်ချင်လာတယ် ၊ တစ်ကိုယ်တည်းနေရာကနေ။ အဲ့ဒါနှင့် သူလည်း Foxy ကျကျ မဒီလေးတွေလိုက်ငေးတော့တယ်ဆိုပဲ။ ရွှေတိုင်းသူ၊ ဂန္တရတိုင်းသူ၊ ခြင်္သေ့တိုင်းသူ၊ ရှိရှိသမျှ သုဝဏ္ဏဘုမ္မီ သူတွေကို လိုက် ဖွန်တယ်ဟူသတည်း။ ဇာတ်လမ်းက အဲ့မှာစတဲ့ ပုံပါပဲ။

မလှတပတွေရော၊ လှတပတတွေကော၊ ပုကွကွတွေရော၊ ဒန့်ဒလွန်စတိုင်တွေရာ အကုန်လေ့လာ ပြီးသကာလမှာ ကောင်လေးက ဂျီးများသကိုး။ သူနေတဲ့ကျောင်းမှာလည်း သူနှင့်သင်ကြားရာဘာသာရပ်တူတဲ့ မဒီချောချော ရွှေတိုင်းသူတွေ မရှိရှာပေတော့ သူ့ခမျာလည်းစိတ်ညစ်တယ်ပေါ့ဗျာ။ ဒီလိုနှင့်ချက်ကောင်းကို အပိုင်စောင့်နေရာကနေ ( သူကခြင်္သေ့တိုင်းကို လာသမျှ မ သတ္တ၀ါမှန်သမျှ လူဝက်ကြီးကို စူပါကော်ဖီတိုက်ပြီး အပိုင်မေးထားတယ်ဆိုပဲ ) တနေ့တော့ သူနှင့် ခပ်လှမ်းလှမ်း တခြားတက္ကသိုး တစ်ခုကို ကောင်မလေး ချောချောလေး အက်ဒ်မစ်ရှင်း ၀င်တယ်ဆိုတယ် ကြားတယ်တဲ့။

[.................. တိန်.... တိန်... တန်... တန်...... .. တူ .. နှယ် ... တန်း... .နန်.........]

အဲ့မှာ ဆရာသမားက ပညာစွမ်းပြချင်ပြီပေါ့။ ဘယ့်နှယ်သူ့သူငယ်ချင်းတွေက ဆိုက်ကားဆရာဖြစ်နေပြီးသူက စက်ဘီးပဲနင်းနေရတာ ဘယ်ကျေနပ်မလဲ။ အဲ့မှာ သူလည်းသူတတ်တဲ့ ပညာကုန်ထုတ်တယ်ပေါ့။ စကားမစပ် သူက အိုင်ထီ ဆိုလား ကွန်ခြာဆိုလား လာတတ်တာတဲ့၊ သူ့ရွာမှာက လျှပ်စီးဗို့အားမကောင်းဘူးလေ၊ ဒါကြောင့်။ သူ့ရဲ့နည်းပညာတွေက နည်းနည်းများတယ်ခင်ဗျ။ နောက်နေ့မှ ကျွန်တော် ထပ်ပြောပါအုံးမယ်။

လန်ထွက်ပြန်တက်ခြံခတ်ထားရတဲ့ တက်ခနစ် ကြက်ပစ်တွေ သုံးထားတော့ အချိန်ရမှ ထပ်ရေးပမယ်။ ခုတော့ ပေါ့စ် ပေါ့။

အကိုတို့ အမတို့ ဖတ်ပြီးလို့ ဆဲချင်ရင် ဟိုဖတ်မှာ အော်တဲ့သေတ္တာ ပုံးလေး ရှိတယ်။ အဲ့မှာသွားပြောနော်။