Site Relocation

Moved to waiphyok.com

Friday, February 24, 2006

I, Myself, My Subjects

ကျွန်တော် ကိုယ့်ဘာသာကိုယ် အတော်လေး ခန်းခြောက်သွားတယ်လို့ထင်မိပါတယ်။ ကျောင်းစာတွေ၊ စာမေးပွဲတွေ၊ အလုပ်ကိစ္စတွေ၊ နှလုံးသားထိုးနှက်မှုတွေခံလိုက်ရပြီးသကာလမှာ လူလည်းအတော်ပြောင်းလဲသွားပါတယ်။ အဓိက ကတော့အဲဒီ ကောင်မလေးကြောင့်လို့ ပြောရင် မလွန်လောက်ပါဘူး။ ကျွန်တော် စကားတွေဆိတ်သုဉ်းသွားပါပြီ။ သူမကိုဖြစ်နိုင်ရင် ဘာမျှမထိခိုက်စေဘဲ ဥပေက္ခာထားလိုက်ချင်ပါပြီဗျာ။ ....

အိုး ၂ ရက်ပဲလိုတော့တာပဲ။ ကျွန်တော်တို့ရဲ့ အဓိက တောင်ကုန်းဘာသာရပ်ကြီး အိုပီအက်စ်ဝိုင်(OPSY) ၊ ကွန်ပြူတာ OS တွေရဲ့ အခြေခံ ... Managers တွေ Modules Structures တွေ .. . နည်းတာမှမဟုတ်ပဲ။ စိုင်းစိုင်းခမ်းလှိုင် သီချင်းလို သေပြီဆရာလို့ အော်လိုက်ချင်တယ် ။။ ပြောသာပြောရတာ ဒီတနေ့ထဲမှာပဲ ပို့စ် ၂ ခု တင်မိ လို့ ကိုယ့်ကိုယ်ကို တောင် အတော် အားယားနေပါလားဆိုပြီးရှက်မိပါတယ် ဗျာ။ ... OPSY ပြီးရင် တော့ NETF လို့ခေါ်တဲ့ ကွန်ယက်ဘာသာ ၁ခုပါ။ ဖတ်တော့ဖတ်နေတာပဲ။ အိုပီအက်စ်ဝိုင်ကိုတော့ အေ လောက်ရဖို့ ကျွန်တော်ရုန်းကန် ရအုံးမယ်။ နက်အက်ဖ် ကတော့ သြော် ဂုဏ်ထူးရယ် ငါ့ဖက်လှည့် ပါဦး ဆိုပြီးခေါ်ကြည့်ပါအုံးမယ်။ စာကတော့ကြည့်တုံး။ ရ မရ တော့ ဘုရား စူးပါပဲ။ အဟိ။

ကျွန်တော်ကျောင်းပိတ်ရက် ကိုမျှော်နေပါတယ်။ လုပ်စရာတွေ အများကြီးပါ။ ဖလက်ရှ် တွေက ခုမှ လေ့လာလို့ကောင်းတုံး၊ AJAX ကလည်း တစ်သက်လုံး မထိထားတာ ခုမှ သူများလုပ်မှလုပ်ချင်လာတယ်။ PHP ကလည်း မတတ်တခေါက် ASP ကနောက် Sem သင်ရမယ်ဆိုပြီး ခုထိဘာမှ မသိသေး ကြားတာတော့ VB.NEt လိုပါပဲတဲ့။ .. သြော် .... ဘ၀ ဘ၀. ကုန်းကုန်းပြီးအော်လိုက်ချင်တယ်။ ကျွန်တော် အတော်လေးနောက်ကျနေသေးတာပဲ။ ဒီရောက်မှ Broadband Internet တွေသုံးဖူးသကိုး။ google ကိုချစ်ရကောင်းမှန်းလည်း ခုမှသိတာ စိတ်ညစ်ပါပေ့ဗျာ။ ကျွန်တော်တို့ လူငယ်တွေ အသိခေါက်ခက် အ၀င်နက်နေ အောင် ဘာတွေက ပိတ်ခဲ့တာတုံး ဆိုတာကို ထိုင်စဉ်းစားနေမိသေးတယ် .. အင်း .. ကိုယ့်သူငယ်ချင်း တွေကိုယ့်ထက်သာ သွားတာကို ပျော်ပျော်ရွှင်ရွှင် ကြီး မျှော်လင့်နေပါတယ်ဗျာ။ မြန်မာပြည်က သူငယ်ချင်းတို့ ကြိုးစားပြုံးပျော်နိုင်ကြပါစေလို့ဆုတောင်းရင်းနှင့် ......... .

Valentine's Crushes

ယုံကြည်နေရင်းနှင့် အဝေး ဝေးပြီဟေ့။ ..... ကျွန်တော်ဘယ်ဆီကို ရောက်ရောက် အတွေးထဲ အမြဲဝင်နေတယ်။ ပတ်ဝန်းကျင်နှင့်ဘာမှ မဆိုင်တဲ့ ကျွန်တော့ အဖြစ်ကို ဘယ့်သူဘယ်သူမှပုံမချ ချင်ဘူး။ ဒီဘ၀ဒီမျှသာ ရှိပါစေတော့ဆိုပြီး ..... ကျွန်တော်လေ ရူးသွပ်တဲ့ညတိုင်း ...... အို လွမ်းနေအုံးမှာပဲ။

ကျွန်တော်ချစ်တယ်ဆိုတာ .. ခင်ဗျားပျော်ရွှင်စေဖို့ပါ မိန်းကလေး။ .. ယုံကြည်မှု လွန်ကဲတဲ့ ကိုယ့် ဘ၀ကိုယ် စိတ်ကုန်မိပြီ။ ခင်ဗျား ရဲ့ ညာချစ်၊ မျက်ရည်တု တွေကို ကျွန်တော် ခဏလောက်တော့ လစ်လျူရှု ချင်ပြီဗျာ။ .. သံယောဇဉ်ဆိုတာ မထားကောင်းဘူးဆိုတဲ့ သဘောတရားလေးကိုတောင် ကျွန်တော်နားမလည်ခဲ့တော့ . ... သြော် .. ခုတော့ တိမ်တိုက်တွေလည်း အရောင်ပြောင်း . အခြေအနေတွေလည်း သွေပြောင်းခဲ့ပြီ။ အဆုံးသတ်မှာ ရလဒ်ကတော့ အနှုတ်ဘက်ပါပဲ။ ..

ခင်ဗျားကို ဒေါသထွက်ချင်ပေမဲ့ ... နှလုံးသားကလက်မခံတော့ဘူး။ အပြစ်တင်ချင်ပေမဲ့ .. အင်အားကဘယ်မှာမို့လို့လဲ။ ဒေါင်ချာစိုင်းနေတဲ့ ခြေလှမ်းတွေကို ခင်ဗျားကိုပြရတာ ရှက်ဖို့ကောင်းပါလိမ့်မယ်။ ... နင့်ဘာသာနင် ရှည်တာ သေပေါ့။ ငါနှင့်ဘာမှဆိုင်ဘူး။ ဆိုပြီး ပျစ်ပျစ်နှစ်နှစ် စကားတွေကို ဘယ်သူမှ မပြောဘဲ မျှော်လင့်ထားပါတယ်။ .. စိတ်ဓါတ်က ကျဆင်းနေတာ မဟုတ်ဘူး။ နှလုံးသား တစ်စုံက အားခန်းသွားတာ။

ကျွန်တော်လုပ်စရာရှိတာတွေ အများကြီးပါ။ ... ကိုယ့်ဘ၀အတွက်၊ ကိုယ့်သူငယ်ချင်းတွေအတွက်၊ မိဘအတွက်၊ တိုင်းပြည်နှင့်လူမျိုးအတွက် သြော် ... နည်းနည်းလေးမဟုတ်ပါဘူး။ ( ခင်ဗျားအတွက် ဆိုတဲ့ အစိတ်အပိုင်းလေးကိုတော့ ကျွန်တော့ ဦးနှောက် ဆင်ဆာလေးနှင့် ခဏ ဖယ်ထားပါရစေ။ ) ... အချိန်ရဲ့ ကုစားမှုကြောင့် လုံးဝသတိမရတာတောင်မှ အသိဥာဏ်ဆိုတာရှိနေသေး သရွေ့ ဘယ်လိုမေ့နိုင်မှာလဲဗျာ။ Individual Amnesia ဆိုတာ ဖြစ်နိုင်မယ်ဆိုရင်တော့....

အို.... သဗ္ဗေသတ္တာ ကမ္မသက္ကာ .... မိမိပြုခဲ့သမျှ အမှုတို့ သာလျှင် ကိုယ့်အခုဘ၀ အကြောင်းတွေပါပဲ။ ...

Thursday, February 23, 2006

A Boy's Life

တစ်ခါတုံးကပေါ့ .... .
ကောင်လေး ၁ ယောက်ရှိသတဲ့။ ဟိုအရင်ပုံပြင်တွေလို ဗာရာဏသီက မဟုတ်ပါ။ သူက ရွှေမြန်မာပြည်က ပါပဲ။ အဋ္ဌရသ ၁၈ ပါးမတတ်ပေမဲ့ လူငယ်တို့တတ်အပ်တဲ့ အွန်လိုင်းဂိမ်းကစားခြင်း၊ ချတ်တင်းထိုင်ခြင်း၊ ဂျီတော့ခြင်း၊ ကျူကျူခြင်းများကို တဖတ်ကမ်းခတ်တတ်သည် ဟူသတည်း။ လူငယ်လေး ၁ရ နှစ်စွန်းစွန်း မှာ သူပညာသင်ကြားရာ တက္ကသိုးပြည်ကြီး အခြေအနေ မကောင်းသဖြင့် စင်္ကာပူရ ခေါ် ခြင်္သေ့တစ်ပိုင်း ... ဟိုဒင်းတစ်ပိုင်း ( မေ့သွားပြီ ဘာကောင်မှန်း ) သို့ ခရီးပြင်းနှင်ပါတယ်တဲ့။ လမ်းခရီးမှာ ဟိုရှေးရှေးတုံးကလို ကျား၊၀ံ။ဆင်၊ပြောင် မကိုက်ပါဘူး။ အားလုံး သစ်တောတွေကုန်လို့ ပြုန်းရှာပါပြီ။ ယဉ်ကျေးတဲ့ ဆင်ဖြူတွေပဲ ကျန်ပါတော့သည်။

အဲ ရှုပ်ကုန်ပြီ။ ကဲဒါနှင့် သူလည်း စင်္ကာပူရ ဆိုတာ သွားချင် သကိုး။ ဆိုတော့ လေပေါ်ရထား ဆိုတာကြီး ကိုလက်မှတ် ပေးဝယ်လိုက်လေတယ်။ ခုံတွေကတော့ သိပ်မကောင်း၊ ခါးပတ်သိပ်မမြဲ၊ သူ့ရွာကပေးလိုက်တဲ့ ပစ္စည်းတွေထည့်မဆံ့ ပေမယ့်လည်း အဲဒီလေပေါ်ရထားက ရှိသမျှလိုင်းတွေထဲမှာ ဖွတ်ကလိဒင်္ဂါး နည်းနည်းသာပေးရလေတော့ ရှုံ့ မဲ့ပြီး စီးတော့တာပေါ့ဗျာ။ ဒါပေမယ့် လူငယ်လေးသွားရကြိုး နပ်ပါပေတယ်။ ဘူတာကြီးက အင်မတန် ခမ်းနားဆိုပဲ။ သူစီးလာတဲ့ လေပေါ်ရထားနှင့်တောင်မတန် သပ။ အဲလိုနှင့် သူလည်း ၀ံ မင်္ဂလာဆောင် ဆိုလား အဲဒါကြီးက အင်မတန်ယဉ်ကျေးမြန်ဆန်တာကြောင့် ငါးမိနစ်နှင့် ဘူတာအပြင်ရှောရှောရှုရှူ ရောက်တယ် ဟူသတဲ့။

ဟဲဟဲရောက်တာနှင့် သူလည်းနွားလှည်း နှင့် ခပ်ဆင်ဆင် ခပ်ဝါ၀ါ ဆီသောက်ရထားကြီးတွေကို အများကြီးတွေ့တာနှင့် လှမ်းခေါ်တယ်ဆိုပဲ။ ဟန်ကျကျကောက်တက်ပြီး ဖလွတ်ရွှတ်လုပ်တာ ဟိုလူ မျက်နှာသစ်ပြီးသား ဖြစ်ရောတဲ့ဗျား။ အဲလေ လိုရင်းရောက်ပြီး ခရီးတွင် သွားတယ်တဲ့။

( .............. အဲ့ကောင်လေး ကျောင်းအပ်တာတွေ ကတော့ နောက်ကြုံမှထပ်ရေးတော့မယ်၊... ခု တခြားကိစ္စ ဆက်ရေးလိုက် အုံးမယ်..... )

အဲလို အဲ့လို နှင့် သူလည်းကျောင်းတက်နေပြီ။ မြို့ကြီး တစ်ခုလုံးလည်း နှံ့နေပြီ။ .... မြင်သင့်တာတွေ၊ မမြင်သင့်တာတွေ၊ သင်ယူသင့်တာတွေလည်း ၁နှစ်လောက်သင်ပြီးပြီ။ စကားမစပ်၊ သူက သုံးနှစ်နေရမယ်ဆိုပဲ။ အရာအားလုံးကလည်း အဆင်ပြေပါတယ်တဲ့။ သူက ရွာမှာတုံးက သိုးဆောင်း စကားနည်းနည်းသင်လာသကိုး။ ခက်တာက အဲ့ ဒီခြင်္သေ့ပြည်ကလူတွေက ဂန္တရတိုင်းသားဘာသာစကားတွေကို လွှတ်ပြောဆိုပဲ။
အဲ့လိုနှင့်သူလည်းရုန်းကန်ရင်း နေလာတာကြာတော့ ညီးငွေ့လာတယ်ဗျ။ သူ့ သူငယ်ချင်းတွေလို ဆိုက်ကားဘ၀ ရောက်ချင်လာတယ် ၊ တစ်ကိုယ်တည်းနေရာကနေ။ အဲ့ဒါနှင့် သူလည်း Foxy ကျကျ မဒီလေးတွေလိုက်ငေးတော့တယ်ဆိုပဲ။ ရွှေတိုင်းသူ၊ ဂန္တရတိုင်းသူ၊ ခြင်္သေ့တိုင်းသူ၊ ရှိရှိသမျှ သုဝဏ္ဏဘုမ္မီ သူတွေကို လိုက် ဖွန်တယ်ဟူသတည်း။ ဇာတ်လမ်းက အဲ့မှာစတဲ့ ပုံပါပဲ။

မလှတပတွေရော၊ လှတပတတွေကော၊ ပုကွကွတွေရော၊ ဒန့်ဒလွန်စတိုင်တွေရာ အကုန်လေ့လာ ပြီးသကာလမှာ ကောင်လေးက ဂျီးများသကိုး။ သူနေတဲ့ကျောင်းမှာလည်း သူနှင့်သင်ကြားရာဘာသာရပ်တူတဲ့ မဒီချောချော ရွှေတိုင်းသူတွေ မရှိရှာပေတော့ သူ့ခမျာလည်းစိတ်ညစ်တယ်ပေါ့ဗျာ။ ဒီလိုနှင့်ချက်ကောင်းကို အပိုင်စောင့်နေရာကနေ ( သူကခြင်္သေ့တိုင်းကို လာသမျှ မ သတ္တ၀ါမှန်သမျှ လူဝက်ကြီးကို စူပါကော်ဖီတိုက်ပြီး အပိုင်မေးထားတယ်ဆိုပဲ ) တနေ့တော့ သူနှင့် ခပ်လှမ်းလှမ်း တခြားတက္ကသိုး တစ်ခုကို ကောင်မလေး ချောချောလေး အက်ဒ်မစ်ရှင်း ၀င်တယ်ဆိုတယ် ကြားတယ်တဲ့။

[.................. တိန်.... တိန်... တန်... တန်...... .. တူ .. နှယ် ... တန်း... .နန်.........]

အဲ့မှာ ဆရာသမားက ပညာစွမ်းပြချင်ပြီပေါ့။ ဘယ့်နှယ်သူ့သူငယ်ချင်းတွေက ဆိုက်ကားဆရာဖြစ်နေပြီးသူက စက်ဘီးပဲနင်းနေရတာ ဘယ်ကျေနပ်မလဲ။ အဲ့မှာ သူလည်းသူတတ်တဲ့ ပညာကုန်ထုတ်တယ်ပေါ့။ စကားမစပ် သူက အိုင်ထီ ဆိုလား ကွန်ခြာဆိုလား လာတတ်တာတဲ့၊ သူ့ရွာမှာက လျှပ်စီးဗို့အားမကောင်းဘူးလေ၊ ဒါကြောင့်။ သူ့ရဲ့နည်းပညာတွေက နည်းနည်းများတယ်ခင်ဗျ။ နောက်နေ့မှ ကျွန်တော် ထပ်ပြောပါအုံးမယ်။

လန်ထွက်ပြန်တက်ခြံခတ်ထားရတဲ့ တက်ခနစ် ကြက်ပစ်တွေ သုံးထားတော့ အချိန်ရမှ ထပ်ရေးပမယ်။ ခုတော့ ပေါ့စ် ပေါ့။

အကိုတို့ အမတို့ ဖတ်ပြီးလို့ ဆဲချင်ရင် ဟိုဖတ်မှာ အော်တဲ့သေတ္တာ ပုံးလေး ရှိတယ်။ အဲ့မှာသွားပြောနော်။

Friday, February 17, 2006

16th Feb - Day of Craps

Phew .... Yay ... I wanna forget everthings but I couldn't. Yesterday was a day of desperate. That's my mistake to get that place. I shouldn't have gone there and felt like a shit there. I was totally lost and upset. It's a dry place for me at that time. Normally, the place is interesting but yesterday was . I don't wanna blame to others, that's my fault, too. Finally, what i can grasp is the hatred of BEDOK. I will feel sour if i have to go there again. And that's unforgettable Night for me ( at Singapore )........ So STUPID I AM.

I don't wanna put these craps on her.... May be i am too generous to bottle up all these feelings. and I won't vent out or Angry at any one. Hmm.. That's what I am. I feel that things will get crammed and if they reach Bottleneck, I am worried I will be pissed off.

Okay, Enough for Yesterday.

[ Give me a drop of liquid! What liquid ? Poison ? Liquer ? No No No. I want Individual amnesia. Wanna forget her and the portions we stayed together. So give me That Chemicals now! ]

Thursday, February 16, 2006

Miserable Time For Me.

I don't know what happened to me, today. A lot of things are done in unpleasant stage. PCT written test make me like a chump. A lot of crappy mistakes i did. I couldn't even recall the Purpose of System Configuration Files : C:\Windows\System32\Config . ? :( . Moreover, I am accused that I communicated in ILLEGAL Ways with my friends in exam room? How? I am totally desperate.

And one more thing, I had some problem with my Friend... I got some nagging things with Her. I got upset and I stop speaking with her. :/ Am i totally wierd and a kinda of easily-burst person ? I'd say Sorry if you think so... that's End Of File. Your syntax will be totally wrong. Hm, I wanna apologize her to show that I am not that bad :D ... Finally, I wanna sleep now and I hope things will past through in great pleasure if i fall asleep. Hope so .. hope so. .hope so....

မင်္ဂလာပါ။

[ who says I'm interested in her ? who says i care her ? it's more than that. You Dump.. I love her! ]

Monday, February 13, 2006


Hmm, one more shot! :)  Posted by Picasa


I am Instructing ppl there ! Lolz...  Posted by Picasa


Candid Shot ! , Funny Dudes !  Posted by Picasa


Oops, My Eyes closed .... :(  Posted by Picasa


My Group Photo ..... @ school today. Can u spot me ? Posted by Picasa


Coolz Right? Admit it, galz :P  Posted by Picasa